၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ အာဆီယံစစ်တုရင် အမျိုးသမီးအသင်းလိုက်အမြန်ရွှေ့ပြိုင်ပွဲမှာ မြန်မာအသင်း ကြေးတံဆိပ်ရရှိ
၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာစစ်တုရင်အဖွဲ့ဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆီယံစစ်တုရင် အမျိုးသမီးအသင်းလိုက် အမြန်ရွှေ့ပြိုင်ပွဲမှာ ကြေးတံဆိပ်ရရှိခဲ့ကြောင်း သိရပါတယ်။
မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်အဖြစ် ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ ၃.၅ - ၀.၅ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဖိလစ်ပိုင်အသင်းနဲ့ ပူးတွဲကြေးတံဆိပ် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Photos: Pyone Play Sports