းဂိမ်းစ်အမျိုးသားဖူဆယ်ပွဲမှာ ထိုင်းအသင်းကို မြန်မာ အရေးနိမ့်

၂၀၂၅ ဆီးဂိမ်စ်အမျိုးသားဖူဆယ်ပြိုင်ပွဲ ဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းဟာ လက်ရှိချန်ပီယံနဲ့ အိမ်ရှင် ထိုင်းအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး
ဝ-၃ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အဖွင့်ပွဲတုန်းကလည်း
အင်ဒိုနီးရှားအသင်းကို ၁-၅ ဂိုးနဲ့ အရေးနိမ့်ထား
ခဲ့တာဖြစ်တယ်။
ဆီးဂိမ်းစ်အမျိုးသားဖူဆယ်ပြိုင်ပွဲမှာ ထိုင်း၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်နဲ့ မလေးရှား ငါးသင်းသာ ပါဝင်ယှဉ်ပြိုင်တာဖြစ်လို့ ပတ်လည်ကစား
နေတာပါ။
ဇယားထိပ်ဆုံးရပ်တည်မှုရ ထိပ်ဆုံးသုံးသင်းကို ရွှေ၊ ငွေ၊ ကြေး ချီးမြှင့်မှာဖြစ်ပါတယ်။
ဆီးဂိမ်းစ်ဖူဆယ်ပြိုင်ပွဲ ပြီးခဲ့တဲ့ငါးကြိမ်မှာ ထိုင်းအသင်းက ငါးကြိမ်စလုံး ဗိုလ်စွဲထားခဲ့ပါတယ်။
မြန်မာအသင်းဟာ တတိယပွဲအဖြစ် ဒီဇင်ဘာလ ၁၇ ရက် ညနေ ၆ နာရီခွဲမှာ မလေးရှားအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

image