ourami Fish Male Vs Female ခွဲနည်းလေး ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ ပုလဲ ငါးလေးတွေအမွေးအစားဆုံးပေါ့....
*မူရင်းဖန်တီးသူအား Crd ပေးပါတယ်ခင်ဗျာ*

imageimage
+9

အောက်တိုဘာ ၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsmm

image

အောက်တိုဘာ ၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
22 w - Translate

အောက်တိုဘာ ၂ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#democracynowmm

image

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ
ခုံရုံးက အမှုထမ်း ၂၀ နေရာ အလုပ်ခေါ်စာ

#govjob

imageimage

မြန်မာဘက် သယ်မည့် လက်နက်များ ထိုင်းရဲ ဖမ်းဆီး

အောက်တိုဘာ ၂

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် အာရှလမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် အမျိုးသား ၂ဦး လိုက်ပါလာသည့် မစ်ဆူဘီရှီ ပါဂျဲရိုကားတဦးပေါ်မှ မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည်ဟု ယူဆရသည့် အိတ် ၄အိတ်ဖြင့် သယ်လာသော ၈၁ မမ၊ ၄၀ မမ မော်တာဗုံးသီးများကို ထိုင်းရဲတပ်ဖွဲ့နှင့် စစ်တပ်က ယနေ့ သိမ်းဆည်းရမိကြောင်း မဲဆောက် အခြေစိုက် AEC သတင်းက ဆိုသည်။

ကနဦး မေးမြန်းချက်အရ ၎င်းပစ္စည်းများကို မဲဆောက်သို့ပို့ရန် ဘတ် ၁သောင်းဖြင့် ငှားရမ်းသည့်အတွက် လိုက်လာခဲ့ကြောင်း၊ ယာဉ်မောင်းသူမှာ နွန်ထဘူရီပြည်နယ်မှဖြစ်ပြီး ကျန်တဦးမှာ ဘန်ကောက်မှဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုစစ်လက်နက်ပစ္စည်းများကို နယ်စပ်ဖြတ်၍ အိမ်နီးချင်းနိုင်ငံသို့ ဆက်လက်သယ်ဆောင်ပြီး ရောင်းချရန် ဖြစ်နိုင်သည်ဟု ထိုင်းအာဏာပိုင်တို့က ယူဆကြသည်။

ဓာတ်ပုံ-AEC News

#centralnewsnaypyitaw

image
image
image
image
image
22 w - Translate

လားရှိုးမြို့ရောက် ကျောက်မဲမြို့က စစ်ဘေးရှောင်များကို ဒုတိယအကြိမ် ဆန်လှူဒါန်းပေးပါသော ပြည်ထောင်စု သာသနာရေး ဒုဝန်ကြီး ဦးအေးထွန်းနှင့် မိသားစု ဦးဆောင်ကူညီ ဆောင်ရွက်ပေးပါသော ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ခိုင်ဖြိုး ပါတီ လားရှိုး ခရိုင်နှင့် မြို့နယ် ပါတီတို့အား စစ်ဘေးရှောင်များ ကိုယ်စား ကျေးဇူးတင်ရှိပါတယ်

image
image
image

ထိုင်းနိုင်ငံတွင် ယနေ့မနက်ဖြစ်ပွားသည့် တိုက်ခန်းမီးလောင်မှုအတွင်း ကလေးငယ်သုံးဦးအပါအဝင် မိသားစု၀င်ခုနစ်ဦးစလုံး သေဆုံး

အောက်တိုဘာ ၂

ယနေ့ ​အောက်တိုဘာလ ၂ ရက် နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ၊ ရယောင်းမြို့ရှိ တိုက်ခန်းတစ်ခန်းတွင် နေထိုင်နေသည့် မိသားစု နှစ်ခြိုက်စွာ အိပ်မောကျနေချိန် မီးလောင်မှုဖြစ်ပွားခဲ့ရာမှ အသက်သုံးနှစ်အောက် ကလေးငယ်သုံးဦးအပါအဝင် မိသားစု၀င်ခုနစ်ဦးစလုံး သေဆုံးခဲ့ရရှာသည်။

​မီးသတ်သမားများသည် မီးလောင်မှုဖြစ်ပွားရာ ရယောင်းမြို့၊ ဆွိုင်သန်ဖိုင်း ၂ လမ်းသို့ နံနက် ၂ နာရီခွဲအချိန် ရောက်ရှိသွားရာ မီးတောက်များသည် တိုက်ခန်းတစ်လုံးကို လွှမ်းခြုံထားပြီး အခြားသုံးလုံးသို့ပါ ကူးစက်နေသည်ကို တွေ့ရှိခဲ့ရသည်။

မီးသတ်သမားများ၏ ကြိုးစားမှုကြောင့် မိနစ် ၃၀ အတွင်း မီးကို ထိန်းချုပ်နိုင်ခဲ့သော်လည်း မီးစတင်လောင်ကျွမ်းသည့် တိုက်ခန်းမှာ လုံးဝပျက်စီးသွားခဲ့သလို ထိုတိုက်ခန်းတွင် နေထိုင်သူ မိသားစုခုနစ်ဦးစလုံးကို ၎င်းတို့အိပ်ပျော်နေသည့် ဒုတိယထပ်တွင် မီးလောင်ကျွမ်းကာ သေဆုံးလျက်သား တွေ့ရှိခဲ့ရသည်။

ထို့အတူ ​ဘေးချင်းကပ်တိုက်ခန်းများမှ နေထိုင်သူ သုံးဦးမှာ မီးခိုးငွေ့ ရှူမိသဖြင့် ရယောင်းဆေးရုံသို့ တင်ပို့ခဲ့ရသည်။

​မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်အရ နံနက် ၂ နာရီ ၇ မိနစ်ခန့်တွင် အော်သံများကြားခဲ့ရပြီးနောက် မီးတောက်များ တိုက်ခန်းကို လောင်ကျွမ်းနေသည်ကို မြင်တွေ့ခဲ့ရကြောင်း သိရသည်။ အရေးပေါ်အဖွဲ့များ မရောက်မီ အိမ်နီးနားချင်းများက မီးငြှိမ်းသတ်ရန် ကြိုးစားခဲ့ကြသည်။

​ရဲတပ်ဖွဲ့ကမူ လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်ကျွမ်းသည်ဟု သံသယရှိပြီး တိကျသော အကြောင်းရင်းကို ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးရေးမှူးများက အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးနေသည်ဟု သိရသည်။

Ref, Khaosod

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image

ဗဟိုဘဏ်ပြင်ပ ဒေါ်လာဈေး ကျပ် ၄၀၀၀ အောက် ကျဆင်းလာ

ရန်ကုန်၊ အောက်တိုဘာ ၂

ဗဟိုဘဏ်ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာငွေလဲနှုန်း ကျပ် ၄၀၀၀ အောက် ကျဆင်းလာကြောင်း ပြင်ပငွေလဲနှုန်းဖော်ပြချက်တွေအရ သိရပါတယ်။

ယခုသီတင်းပတ်အတွင်း နိုင်ငံခြားငွေဈေးတွေ ဆက်တိုက်ဆိုသလို ကျဆင်းလာနေပြီး ကန်ဒေါ်လာငွေလဲနှုန်း ၃၉၀၀ ကျပ်အထိ ကျဆင်းလာကာ ဘတ်ဈေးကလည်း ဝယ်/ရောင်းနှုန်းထားအဖြစ် ၁၂၁ ကျပ်မှ ၁၂၅ ဝန်းကျင် ရှိနေပါတယ်။

ရွှေဈေးနှုန်းကတော့ ကမ္ဘာ့ဈေးအတက်ကြောင့် အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၈၀ ဝန်းကျင်မှာ ဈေးတန်းမာနေဆဲလို့ သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ကတော့ FX Trading Platform မှာ တစ်ဒေါ်လာကို ၃၆၃၃ ကျပ် ဈေးသတ်မှတ်ထားပြီး ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကော်မတီက စံချိန်မီရွှေတစ်ကျပ်သားဈေး ၅,၉၉၀,၀၀၀ ကျပ် သတ်မှတ်ထုတ်ပြန်ထားပါတယ်။

Credit - BETV Business

#centralnewsnaypyitaw

image

ဘာစီလိုနာက PSG အဆင့်မှာ ရှိမနေခဲ့ဘူးလို့ ဟန်ဆီဖလစ် ဝန်ခံ

အောက်တိုဘာ ၂

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် League Phase ပွဲစဉ် ၂ အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ PSG အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က အသင်းဟာ PSG အသင်းအဆင့်မှာ ရှိမနေခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

ဟန်ဆီဖလစ်က “ကျနော်တို့ဟာ တူညီတဲ့အဆင့်မှာ ရှိနေတယ်လို့ ပြောစရာ မရှိဘူးဆိုတာ ဒီပွဲမှာ မြင်တွေ့နိုင်ပါ တယ်။ ဒါပေမယ့် ကျနော်ဟာ ကျနော့်အသင်းကို ယုံကြည်မှုရှိပါတယ်။ ဒီနေ့က ကျနော်တို့အတွက် အကောင်းဆုံး နေ့ မဟုတ်ခဲ့ပေမယ့် ဒီလိုအဆင့်မျိုး ရောက်ရှိအောင် ကျနော်တို့ ထပ်ပြီးကြိုးစားမှာပါ။ ကျနော်တို့လည်း PSG အသင်းလိုမျိုး ကစားနိုင်တယ်ဆိုတာ ရာနှုန်းပြည့် သေချာပြီး သူတို့ဆီကနေ သင်ယူကာ ပိုပြီးကောင်းအောင် လုပ်ရမယ်”လို့ ပြောခဲ့တာပါ။

ဒီပွဲမှာ ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ရဲ့ ဖန်တီးပေးမှုကနေ ဖာရန်တောရက်စ်က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ ပေမယ့် လက်ရှိချန်ပီယံ PSG အသင်းအတွက် မာယူလူက ချေပဂိုးသွင်းပြီး ဂွန်ကာလိုရာမို့စ်က မိနစ် ၉၀ မှာ အနိုင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီပြိုင်ပွဲစုံမှာ ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ပြီး PSG အသင်းကတော့ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲစလုံး အနိုင်ရရှိထားတာပါ။

PSG အသင်းဟာ ဒီပွဲစဉ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဒမ်ဘီလီ၊ ဒူအီ၊ ကာဗီချာနဲ့ မာကွင်ဟို့စ်တို့ ဒဏ်ရာ ကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းကို အကောင်းဆုံးကစားပြီး နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကလည်း ရာဖင်ညာ၊ ယိုအန်ဂါစီယာ၊ ဂါဗီနဲ့ဖာမင်လိုပက်ဇ်တို့ မပါဝင်ဘဲ PSG အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က PSG အသင်းကို နောက်ကျ အနိုင်ဂိုး ပေးခဲ့ရတဲ့အပေါ် စိတ်ပျက်ခဲ့ ပေမယ့် လာမယ့်ပွဲတွေမှာ ပိုပြီးကောင်းမွန်အောင် သင်ယူရမယ်လို့ ပြောခဲ့ပါတယ်။

ဒီပွဲမှာ PSG အသင်းအတွက် အနိုင်ဂိုးသွင်းခဲ့တဲ့ ဂွန်ကာလိုရာမို့စ်က သူတို့ဟာနိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပြီး ဘာစီလိုနာ အသင်းထက် ပိုပြီးကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒါအပြင် ဂွန်ကာလိုရာမို့စ်က သူတို့ဟာ ဒီရာသီမှာ အရာအားလုံးကို ထပ်ပြီး အနိုင်ယူချင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ ယှဉ်ပြိုင်နေစဉ်

#ဘောလုံးသတင်းစုံ

image