သန်းခေါင်စာရင်းသည် နိုင်ငံ၏အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခြေခံအုတ်မြစ်ဖြစ်

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ၌ကျင်းပရာ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တက်ရောက်ပြိးနောက် သန်းခေါင်စာရင်းသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုလမ်းကြောင်းကိုပြသနေသည့် သံလိုက်အိမ်မြှောင်ဟုတင်စားလိုသည့်အပြင် နိုင်ငံ၏အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်၍ ယုံကြည်အားထားရသည့် နိုင်ငံ ၏အသက်သွေးကြောဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် သန်းခေါင်စာရင်းကောက်ယူခြင်းမှာ အလွန်ကျယ်ပြန့်ပြီးလုပ်ငန်းပမာဏကြီးမားပြီး ငွေကြေးကုန်ကျမှုများလွန်းသော်လည်း နိုင်ငံတော်၏ လက်ရှိအခြေအနေနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိကျမှန်ကန်သည့် လူဦးရေဆိုင်ရာစာရင်းအင်းအချက်အလက်များရရှိရန်၊ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ သန်းခေါင်စာရင်းကို (၁၀)နှစ်တစ်ကြိမ်ကောက်ယူရန်လိုအပ်၍ အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှပင် မဖြစ်မနေကောက်ယူခဲ့ခြင်းဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့အတူ ပြည်ပရွှေ့ပြောင်းခြင်းသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးအခြေအနေ၊ နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းရှိအလုပ်အကိုင် အခွင့်အလမ်းများနှင့် အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုတို့အပေါ်တည်မှီနေသဖြင့် မြန်မာနိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်ထိန်းညှိနိုင်မည့် စီမံချက်များချမှတ်ဆောင်ရွက်ရမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

" မြန်မာနိုင်ငံရဲ့ လူငယ်တွေကြားမှာ ပြည်ပရွှေ့ပြောင်းသွားလာမှုတွေမြင့်မားနေပေမယ့်လူငယ်တွေကို အကျိုးရှိရှိရင်းနှီးမြှုပ်နှံပေးရင် အနာဂတ်မှာလူဦးရေဆုလာဘ်ရဲ့ ကောင်းကျိုးတွေကိုဖမ်းဆုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့လို မဟုတ်ဘဲလူငယ်တွေကို လျစ်လျူရှုထားရင် Demographic Burden နဲ့အတူ တည်ငြိမ် အေးချမ်းမှုလျော့နည်းလာနိုင်သလို အဆိုးဆုံးအခြေအနေအဖြစ် Demographic Disaster ဖြစ်သွားနိုင်ပါတယ်" ဟု ယာယီသမ္မတက ပြောသည်။

ထို့ပြင် ယာယီသမ္မတမှ လူငယ်လူရွယ်များ အရည်အသွေးမြင့်မားရေးအတွက် စီမံဆောင်ရွက်ပေးပြီး အခွင့်အလမ်းများ၊ မျှော်လင့်ချက်များဖန်တီးပေးရန်၊ ပညာရေးကို လုပ်သားဈေးကွက်လိုအပ်ချက်များနှင့် ချိန်ညှိပေးပြီး ခိုင်မာသည့်အသက်မွေးဝမ်းကျောင်းသင်တန်းများထူထောင်ပေးရန်၊ နည်းပညာနှင့် မောင်းနှင်သည့် အနာဂတ်ဖြစ်စေရေးအတွက် လုပ်သားအင်အားကို ပြင်ဆင်နိုင်အောင်ကြိုးစားရန်၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် ထိခိုက်လွယ်အုပ်စုများအတွက် လူ မှုကာကွယ်စောင့်ရှောက်ရေးစနစ်များတည်ထောင်ပေးရန်၊ နိုင်ငံတွင်း၌ ရေရှည်တည်တံ့ပြီး အရည်အသွေးရှိသည့် အလုပ်အကိုင်များဖန်တီးပေးခြင်းဖြင့် ရွှေ့ ပြောင်းခြင်းကိုအကျိုးရှိအောင်စီမံခန့်ခွဲရန်၊ မြန်မာနိုင် ငံ၏ လူဦးရေဖွဲ့စည်းမှုနှင့်အညီ မြေ၊ ရေနှင့် သဘာဝအရင်းအမြစ်များကို အကျိုးရှိရှိ မျှတစွာအသုံးပြုနိုင်အောင်စီမံပေးရန်၊ ယနေ့ ကျောင်းစာသင်ခန်းတွင်ရှိနေသည့် ကလေးတိုင်းသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပခုံးပြောင်းပုံဖော်မည့် အသိပညာရှင်၊ အတတ်ပညာ ရှင်များအဖြစ်မှတ်ယူပြီး ပညာရေးကိုမြှင့်တင်ရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။

image
image
image

实皆省 • 6月 • 2025

image

实皆省 • 6月 • 2025

image

实皆省 • 6月 • 2025

image

实皆省 • 6月 • 2025

image

实皆省 • 6月 • 2025

image

实皆省 • 6月 • 2025

image

实皆省 • 6月 • 2025

image

实皆省 • 6月 • 2025

image

实皆省 • 6月 • 2025

image