ငလျင်ဒဏ်သင့်နေအိမ်များ ပြန်လည်တည်ဆောက်ရာ၌ တရုတ် ပံ့ပိုးကူညီမည်
------------------------------------------------------------
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက သဘာဝဘေးဒဏ်သင့် မိသားစုတွေအတွက် နေအိမ်တွေ ပြန်လည် ထူထောင် တည်ဆောက်ရာမှာ ပံ့ပိုးကူညီပေးသွားမယ်လို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက သဘာဝဘေးဒဏ်သင့် မိသားစုတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း ဆက်လက်ပေးအပ်သွားမယ်လို ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်ခဲ့ပြီး အဲဒီအချိန်တုန်းကလည်း တရုတ်နိုင်ငံက Global Development and South-South Cooperation Fund ကတစ်ဆင့် WFP ထံ အမေရိကန်ဒေါ်လာ ၄ သန်း ထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီရန်ပုံငွေနဲ့ ဆန် ၅၁၂၆ တန်ဝယ်ယူနိုင်ခဲ့ပြီး ငလျင်ဘေးသင့်ဒေသတွေက ပြည်သူပေါင်း ၃၇၉,၀၀၀ ခန့်ကို ဖြန့်ဝေပေးခဲ့တယ်လို သိရပါတယ်။
လက်ရှိမှာလည်း ဆန်အများစုကို ဖြန့်ဝေပေးထားပြီး ကျန်ရှိတဲ့ဆန်တွေကို လာမဲ့ ဇန်နဝါရီလမှာ အစီအစဉ်အတိုင်း ဖြန့်ဝေပေးအပ်သွားမယ်လို သိရပါတယ်။