YBS ပေါ်တွင် အဘွားတစ်ဦး ရုတ်တရက် လဲကျသေဆုံး
------------------------------------------
YBS ၈၄ ကားပေါ်မှာ ဒီဇင်ဘာ ၁၆ ရက်က အသက် (၇၁)နှစ်အရွယ် အဘွားတစ်ယောက် ရုတ်တရက်လဲကျသေဆုံးသွားတယ်လို ဖြစ်စဉ်ကို သွားရောက်ကူညီတဲ့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်ဟာ တောင်ဥက္ကလာပမြိုနယ်၊ ဥက္ကလာပဘုရားမှတ်တိုင်မှာ ဖြစ်ပွားခဲ့တာလို ဆိုပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသင်းကို အကူအညီတောင်း ခံတဲ့အတွက် သေဆုံးသူရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံကို ပိုဆောင်ပေးခဲ့တယ်လို သိရပါတယ်။