Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အရိုးကျိုးသွားရင် စတီးချောင်းထည့်စရာမလိုတော့ဘူး၊ ကော်နဲ့ဆက်လို့ရမယ့်ခေတ် ရောက်ပြီ
====================================================
အရိုးကျိုးသွားရင် စတီးချောင်းတွေ၊ ဝက်အူတွေနဲ့ ခွဲစိတ်ပြီး ပြန်ဆက်ရတာ အားလုံးအသိပါပဲ။ တချို့ဆိုရင် အဲဒီ စတီးချောင်းတွေကို ပြန်ထုတ်ဖို့ နောက်တစ်ခါ ခွဲစိတ်ရတာမျိုးတောင် ရှိပါတယ်။ ဒါပေမဲ့ အဲဒီဒုက္ခတွေ မကြာခင်မှာ ကင်းဝေးသွားနိုင်တော့မှာပါ။ တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ ကျိုးသွားတဲ့အရိုးတွေကို မိနစ်ပိုင်းအတွင်းမှာတင် ပြန်ဆက်ပေးနိုင်တဲ့ အစွမ်းထက် ဆေးဘက်ဆိုင်ရာကော်တစ်မျိုးကို တီထွင်လိုက်ပါပြီ။
ဒီကော်ကို ဘယ်ကနေ စိတ်ကူးရခဲ့လဲဆိုရင် အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ သုတေသီတွေက ရေစိုနေတဲ့ ကျောက်ဆောင်တွေပေါ်မှာ ခိုင်ခိုင်မြဲမြဲကပ်နေတဲ့ ကမာကောင်တွေကို ကြည့်ပြီး အိုင်ဒီယာရခဲ့တာပါ။ ဒါကြောင့် သူတို့တီထွင်လိုက်တဲ့ "Bone-02" ကော်ဟာ သွေးတွေရွှဲနေတဲ့ ခွဲစိတ်ခန်းထဲမှာတောင် ကောင်းကောင်းကပ်နိုင်တဲ့ အစွမ်းရှိပါတယ်။
ဒီကော်ရဲ့ အကောင်းဆုံးအချက်ကတော့ စတီးချောင်းတွေလို ခွဲစိတ်ပြီး ပြန်ထုတ်စရာမလိုတာပါပဲ။ အရိုးပြန်ဆက်ပြီး ကျက်သွားတဲ့အခါမှာ ခန္ဓာကိုယ်က အဲဒီကော်ကို သူ့အလိုလို တဖြည်းဖြည်း စုပ်ယူပျောက်ကွယ်သွားစေမှာ ဖြစ်လို့ လူနာအတွက် ဒုတိယအကြိမ် နာကျင်ခံစားရမှာ မဟုတ်တော့ပါဘူး။
သုတေသီတွေက ဒီကော်ကို လူနာ ၁၅၀ ကျော်မှာ စမ်းသပ်ခဲ့ပြီးဖြစ်ကာ အရမ်းခိုင်မာတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ လက်ရှိမှာတော့ ပိုကျယ်ပြန့်တဲ့ စမ်းသပ်မှုတွေ လုပ်ဖို့လိုနေသေးပေမဲ့ ဒီ "အရိုးဆက်ကော်" ဟာ အရိုးကျိုးတဲ့လူနာတွေအတွက် ပိုမြန်၊ ပိုလုံခြုံပြီး ခွဲစိတ်ရာလည်း သက်သာစေမယ့် ဆေးပညာလောကရဲ့ ကြီးမားတဲ့အောင်မြင်မှု ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားကြပါတယ်။
ငမိုးရိပ်ချောင်းဘေးကတဲအိမ်သာသာမှာသာနေဖူးတဲ့စက်ဝိုင်း၊မွေးစားမိဘတွေနဲ့နေသော်ငြားမိဘမဲ့သဖွယ်ဖြစ်နေတဲ့စက်ဝိုင်း၊တနေ့တော့မွေးစားမိဘတွေဒဏ်ကိုမခံနိုင်တော့ရန်ကုန်မြို့လယ်တောင်မရောက်ဖူးတဲ့စက်ဝိုင်းတစ်ယောက်ရဲတင်းပြီးထွက်လာခဲ့တော့တာပေါ့။ပုံမှန်နယ်ကတက်လာတဲ့သူတွေတောင်ဝေ့လည်လည်ဖြစ်တတ်တဲ့ရန်ကုန်မြို့လယ်ထဲစာမဖတ်တတ်၊အိပ်နေကျရုပ်ရှင်ရုံပလက်ဖောင်းတောင်မသိနားမလည်တဲ့အပျိုဖော်ဝင်ကောင်မလေးတစ်ယောက်.. ဘယ်လ်ိုတွေဖြစ်သွားမလဲ။စာအုပ်စဖတ်ဖတ်ချင်းစက်ဝိုင်းပြောပြနေပုံတွေ၊ဘဝအကြောင်းညည်းညူပုံတွေက ဆရာမြသန်းတင့်ဘာသာပြန်တဲ့ လေလွင့်သူထဲကဇာတ်ကောင်ကိုအမှတ်ရစေတာတော့အမှန်ပဲ။အဖြစ်အပျက်၊အခြေအနေကတော့သိပ်မတူဘူးပေါ့၊စာရေးသူကတော့အဲ့Vibeလေးအနည်းငယ်တော့ရမိတယ်။
ဒီလိုနဲ့စက်ဝိုင်းတစ်ယောက် သာတီးဒီတစ်ယောက်မဖြစ်ချင်ပဲဖြစ်ခဲ့ရတယ်။
ကျွန်တော်တို့တွေဒီဘက်ခေတ်မှာ အပြင်သွားတာဖြစ်ဖြစ်၊ရုပ်ရှင်ရုံသွားတာဖြစ်ဖြစ်၊Shopping centerတွေသွားရင်ပဲဖြစ်ဖြစ် သူဖုန်းစားတွေ၊အကြံအဖန်သမားတွေ၊နှစ်ဖက်ချွန်စီးပွားရေးသမားတွေကိုအမြဲတွေ့ရစမြဲပါ။ဒါကဘယ်ခေတ်ဖြစ်ဖြစ်ပေါ့။ဒီလိုလူတန်းစားတစ်ရပ်၊လောကတစ်ခုကပျက်သွားမှာလည်းမဟုတ်သလို အပြီးတိုင်ပျောက်သွားမဲ့အရာလည်းမဟုတ်ပါဘူး။ဒါပေမဲ့ ဘယ်လူတန်စားမှာမဆိုဘုံတူညီချက်တွေရှိစမြဲပါ။ကျွန်တော်တို့ဟာလူသားတွေပါ။ဘုရားဒကာ၊ကျောင်းဒကာမှကိုယ်ချင်းစာစိတ်တွေ၊စေတနာသဒ္ဒါတရားတွေရှိတာ၊ထက်သန်တာမဟုတ်ဘဲလူတိုင်းမှာဒီလိုစိတ်ခံစားချက်မျိူးတွေ၊လူသားဆန်မှုတွေရှိပါတယ်။အခြေအနေ၊အချိန်အခါတွေကြောင့်သာတစ်ယောက်နှင့်တစ်ယောက်စိတ်ကောင်းရှိမှန်း၊မရှိမှန်းချပြခွင့်တွေမရကြတာပါ။ဒီဘက်ခေတ်အနေနဲ့ဆိုရုပ်ဝတ္ထုတွေရဲ့လွှမ်းမိုးမှုကြောင့်ရောပေါ့။
ဒီစာအုပ်ထဲမှာတော့သာတီးဒီလောကကလူတွေရဲ့လူသားဆန်မှုတွေ၊လူတန်းစားအမျိုးမျိုးရဲ့အခွင့်အလမ်းကွာပြားမှုတွေ၊ပညာရဲ့တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်ပြီးတော့ဖြစ်စေ အရေးပါပုံတွေကိုမြင်တွေ့ရနိုင်ပါတယ်။ရန်ကုန်မြို့လယ်ခေါင်ရုပ်ရှင်ရုံပလက်ဖောင်းတွေမှာရရာစားကျင်လည်ခဲ့သူတွေ၊မြေနိမ့်ရာလှေစိုက်ကျတာတွေသာမက လူတန်းစားတစ်ရပ်နဲ့တစ်ရပ်ခေါင်းပုံဖြတ်တာတွေကဒီဝတ္ထုရဲ့အနှစ်သာရတွေပေါ့။မြို့စီမံချက်ဆိုပြီး ဖမ်းတယ်၊ပြီးရင်ဘာလုပ်လဲ ရက်လည်းနည်းနည်းကြာရင်ပြန်လွှတ်တယ်၊ဒါတွေကလည်းသာတီးဒီတွေကိုသွယ်ဝိုက်ပြီးရှင်သန်အောင်လုပ်ပေးနေတဲ့ပရဟိတအဖွဲ့အစည်းသာသာပါပဲ။တချို့ဆိုအပြင်မှာငတ်လို့သေကိန်းစိုက်ရင်တောင် ထမင်းဝအောင်ကျွေးတဲ့...ကျွန်တော်တို့ရဲ့မြို့စီမံချက်ကြီးကိုတမ်းတကြသေးတယ်မလား....။ထမင်းနပ်မှန်အောင်စားချင်ရင်၊ဆေးလိပ်မှန်မှန်သောက်ချင်ရင် သာတီးဒီတွေကငယ်ငယ်ကသင်ဖူးတဲ့အလီဘာဘာနဲ့ခိုးသားငါးရာထဲကလိုပဲစကားလိုပဲစကားအနည်းငယ်ပလ္လင်ခံပြောလိုက်ရုံပဲ။စီမံချက်ဆိုတဲ့ပရဟိတအဖွဲ့အစည်းမိရင်ပြောရမှာကလွယ်လွယ်လေး "အမှတ်မရှိ၊လမ်းမရှိ၊ကီလီဗောတံတား"တဲ့။နောက်ပြီးဒီစာအုပ်ဖတ်ပြီးကိုယ့်ကိုကိုယ်မေးခွန်းထုတ်ရမှာတစ်ခုရှိသေးတယ်၊နေ့စဉ်မပြတ်ကျွန်တော်တို့ရှာနေတဲ့ဟာပေါ့..."ပျော်ရွှင်မှု" ။အမြင်တွေမတူရင် ပျော်ရွှင်မှုဆိုတဲ့ဟာကလည်း ဘာမှဟုတ်မနေပြန်ဘူး။သာမန်ပွဲစျေးတန်းလေးလုပ်တာကိုကျွန်တော်တို့လိုလူတန်းစားတွေအတွက်ပျော်ချင်မှပျော်မယ်၊စက်ဝိုင်းတို့လိုရရာအလုပ်လုပ်စား၊တွေ့ရာပလက်ဖောင်းကောက်နေ၊အိပ်ချိန်အနည်းငယ်သာရှိတဲ့လူတန်းစားတစ်ရပ်အဖို့တော့မီးရောင်တွေထိန်ထိန်ညီးနေတဲ့ကျိုက္ကဆံကွင်းကြီးထဲကလူတွေ၊စျေးဆိုင်တွေကတော့မဟာအခွင့်အလှမ်းတစ်ခု၊ခွေးရူးတွေမြူးတဲ့ပေါက်ပန်းပွင့်ချိန်ကာလတစ်ခုလိုဖြစ်နေတာပေါ့။ဒါကြောင့်လည်း မင်းရဲ့သာမန်နေ့ကတခြားတစ်ယောက်ရဲ့နေ့ထူးနေ့မြတ်လေးဖြစ်နိုင်တယ်လို့ လိုင်းပေါ်မှာပြောနေကြတာမလား။စာဖတ်သူတို့လည်းအပြင်မှာ အမှတ်မရှိ၊လမ်းမရှိတဲ့သူတွေနဲ့တွေ့ရင်ဘယ်လ်ိုတုံ့ပြန်ကြလဲ၊ကျွန်တော်ကတော့ပျော်စရာတွေရှားလာတဲ့ခေတ်မှာသူတို့အတွက်ကိုယ်တတ်နိုင်သလောက်ပျော်စရာလေးတွေနည်းနည်းမျှပေးပါတယ်။စာအုပ်ဖတ်ပြီးတဲ့သူတွေလည်းဘယ်လိုအတွေးအခေါ်တွေရကြလဲ၊ဘယ်လိုခံစားကြလဲဆိုတာ ကိုယ်တတ်နိုင်တဲ့ဘက်ကဝင်ရောက်ဆွေးနွေးမျှဝေသွားနိုင်ပါတယ်။