5 ရက် - ဘာသာပြန်ပါ။

ပြိန်းဥဟင်း - (မြန်မာအခေါ် - ပိန်းဥဟင်း)
ပါဝင်ပစ္စည်း
——————
၁-ပိန်းဥ
၂-ကြက်သွန်ဖြူ/နီ
၃-ဆား ဆနွင်း မျှင်ငပိ ဟင်းခပ်မှုန့်
၄-ပုဇွန်ခြောက်
၅-မန်ကျည်းမှည့်အနှစ်
၆-ပင်စိမ်း
၇-မျှစ်(ကြိုက်လျှင်ထည့်ချက်နိုင်ပါတယ်)
ချက်ပြုတ်နည်း
——————
၁-ပိန်းဥကို ပြုတ်ပေးပါ ။ ပိန်းဥနူးပြီဆိုရင် အခွံခွါပြီး အခြမ်းလေးတွေ ခြမ်းပေးပါ။
၂-ကြက်သွန် ဖြူ ၊ နီ ထောင်းထားတာကို ဆနွင်းမှုန့်လေးထည့် ဆီသပ်ပေးပါ။
၃-ငပိအနည်းငယ်ထည့်ပြီး ခြမ်းထားတဲ့ ပိန်းဥပြုတ်ကို ထည့်ပေးပါ ။(မျှစ်ကြိုက်လျှင် ထည့်ပါ)။ရေအနည်းငယ်နဲ့ ပုစွန်ခြောက်မှုန့် အနည်းငယ်ထည့်ပေးပါ ။အရသာမှုန့်နဲ့ ဆားအနည်းငယ်ထည့်ပါ ။
၄- ဟင်းအိုး ဆူပွက်ပြီး ပိန်းဥနူးညံ့သွားပြီဆိုပါက မကျည်းနှစ်လေး ရေဖျော်ထည့်ပါ။
၅-အနံ့လေးမွှေးပြီး ဟင်းရည်ဆူလာပြီဆိုရင် မိမိကြိုက်နှစ်သက်သလို အရသာ အချဉ် အငံမြည်းပြီး ပင်စိမ်းလေးခပ်ပါ ။
၆-အဖုံးအုပ် ခဏထားပြီးရင် ပင်စိမ်းနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ပိန်းဥဟင်း စီးစီးလေးရပါပြီ။
Credit :

image