◾️ထိုင်း-ကမ္ဘောဒီးယားငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပွဲ ဒေါ်နယ်ထရန့်တက်မည်ဟု မလေးရှားပြော
ယခုလနှောင်းပိုင်းတွင် ကွာလာလမ်ပူမြို့၌ ကျင်းပမည့်အာဆီယံထိပ်သီး ဆွေးနွေးပွဲ၌ ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံကြား ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပွဲသို့ အမေရိကန် သမ္မတ‌ဒေါ်နယ်ထရန့် တက်ရောက်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြား‌ရေးဝန်ကြီးက ယနေ့ ပြောကြားသည်။
ထိုင်း-ကမ္ဘောဒီးယားငြိမ်းချမ်း‌ရေးလက်မှတ်ထိုးပွဲသို့ သက် သေအဖြစ် တက်ရောက်ရန် ဒေါ်နယ်ထရန့်က မျှော်လင့်စောင့်စားနေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန် က ကွာလာလမ်ပူမြို့ သတင်းစာရှင်း လင်းပွဲ၌ ပြောကြားသည်။
အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက် အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအ စည်းအဝေးတွင် နှစ်ဖက်ကြား သဘောတူညီမှုကို လက် မှတ်ရေးထိုးကြမည်ဟု မျှော်လင့်ကြောင်း ဟာဆန်က ဆက်ပြောသည်။
“ငြိမ်းချမ်းရေး နဲ့ တာရှည်ခံ အပစ်အခတ်ရပ်စဲမှု သေချာစေဖို့အတွက် အိမ်နီးချင်းနှစ်နိုင်ငံကြားမှာ ‘ကွာလာလမ်ပူသဘောတူညီချက်’ လို့ သိရှိလာမယ့် ကြေညာချက်ကို ထိပ် သီးဆွေးနွေးပွဲအတွင်းမှာ လက်မှတ်ရေးထိုးတာကို မြင်တွေ့ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟု မိုဟာမက်ဟာဆန်က မီဒီယာများအား ပြောသည်။
နယ်ခြားစည်းသတ်မှတ်မထားသော ၈၁၇ ကီလိုမီတာ နယ် စပ်မျဉ်းတစ်လျှောက် ထိုင်းနှင့် ကမ္ဘောဒီး ယားနှစ်နိုင်ငံကြား က တင်းမာမှုများသည် ဇူလိုင်လအတွင်း ငါးရက် ကြာ ပဋိပက္ခအဖြစ် ပေါက်ကွဲထွက်ခဲ့သည်။
ဆယ်နှစ်ကျော်ကာလအတွင်း နှစ်နိုင်ငံကြား အပြင်းထန်ဆုံး နယ်စပ်တိုက်ပွဲများကြောင့် အနည်းဆုံး လူ ၄၈ ဦး သေ ဆုံးခဲ့ကာ နှစ်ဖက်စလုံံးတွင် သိန်းနှင့်ချီသောလူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထို့နောက်တွင် တိုက်ပွဲများအဆုံးသတ်သွားခဲ့ခြင်းအတွက် သမ္မတထရန့်၏ တီထွင်ဆန်းသစ်သော သံတမန်ရေးကို ချီး ကျူးပြီးကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဒေါ်နယ်ထရန့်အား ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခဲ့သည်။
အိမ်နီးချင်းနှစ်နိုင်ငံကြား တင်းမာမှုများ ဖြေရှင်းလိုက်သည်ကို မြင်တွေ့လိုကြောင်း ပြောကြားထားသည့် အမေရိကန်သမ္မတ ထရန့် ထံ မှ စာတစ်‌စောင်ကို လက်ခံရရှိခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူးလ် က ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။
ကွာလာလမ်ပူမှ အာဆီယံထိပ်သီးအစည်းအဝေးများကို ဒေါ်နယ်ထရန့် တက်ရောက်မည်ဖြစ်ကြောင်း လက်ရှိအာဆီယံအဖွဲ့ဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင် က ပြောကြားသော်လည်း ဝါရှင်တန်ထံမှ တရားဝင် အတည်ပြုမှု မရှိသေး‌‌‌ပေ။
ငြိမ်းချမ်းရေးအတွက် အန်နဝါ၏‌တောက်လျှောက်တွန်း အားပေးမှု နှင့် နှစ်နိုင်ငံစလုံးမှ ခေါင်းဆောင်များထံ ဒေါ်နယ်ထရန့်၏ ဖုန်းခေါ်ဆိုမှု ရှိခဲ့ပြီးနောက်တွင် နှစ်ဖက်ကြား အပစ်ရပ်မှု ဖြစ်လာခဲ့သည့် ဇူလိုင် ၂၈ ရက် ကနဦးအပစ်အ ခတ်ရပ်စဲမှုကို မလေးရှားက ကြားဝင်စေ့စပ်ပေးခဲ့သည်။
ထိုင်းနှင့်ကမ္ဘောဒီးယားကြား ပိုမိုကျယ်ပြန့်သော အပစ်အ ခတ်ရပ်စဲမှုကို မ‌လေးရှား နှင့် အမေရိကန်တို့က ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ယင်းတွင် နှစ်ဖက်စလုံးက ၎င်းတို့နယ်စပ်ရှိ လက်နက်ကြီးများကိုရုပ်သိမ်းပြီး မိုင်းများကို ဖယ်ရှားရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး က ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ထိုင်းနှင့်ကမ္ဘောဒီးယား နိုင်ငံခြား‌ရေးဝန်ကြီးနှစ်ဦး မလေးရှားနိုင်ငံတွင် တွေ့ဆုံခဲ့ကြပြီး မလေးရှားနှင့် အမေရိကန်အရာရှိများလည်း ထိုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြောင်း ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ပြောကြားသည်။
အာဆီယံ ထိပ်သီးအစည်းအဝေးပွဲများတွင် အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံခေါင်းဆောင်များအပြင် တရုတ်၊ ဂျပန်၊ ရု ရှား၊ အမေရိကန်နိုင်ငံတို့မှ ခေါင်းဆောင်များလည်း တက်ရောက်ကြသည်။
သတင်း-ရဲမင်း
ကိုးကား-Agencies
#နိုင်ငံတကာသတင်း

image