Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
❝တရုတ် ဒုတိယရေတပ်ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်❞
စက်တင်ဘာ ၂၂
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေတပ်)၊ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Cui Yuzhong ၏ဖိတ်ကြားချက်အရ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့တပ်မတော် (ရေ) နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စက်တင်ဘာလ ၁၄ ရက်တွင် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းများက စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၆ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) ဌာနချုပ်သို့ သွားရောက်ခဲ့ရာ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Cui Yuzhong နှင့်အဆင့်မြင့်အရာရှိကြီးများက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဒုတိယရေတပ်ဦးစီးချုပ်တို့သည် ရေတပ်ဂုဏ်ပြုတပ်ဖွဲ့၏ ကြိုဆိုအလေးပြုခြင်းကိုခံယူကာ ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး ဌာနချုပ်ခန်းမတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် အစည်းအဝေးခန်းမတွင် နှစ်နိုင်ငံ ရေတပ်နှစ်ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ညပိုင်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေတပ်)၊ ဒုတိယရေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ဆက်လက်၍ စက်တင်ဘာလ ၁၇ ရက်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့သည် ချင်းတောင်မြို့ North Sea Fleet ရှိ ဖျက်သင်္ဘော Xining သို့သွားရောက်လေ့လာခဲ့ရာ စစ်ရေယာဉ်မှူးက အလေးပြုကြိုဆိုကာ လိုက်လံရှင်းလင်းပြသခဲ့သည်။ ၎င်းနောက် North Sea Fleet ဌာနချုပ်သို့ သွားရောက်ခဲ့ရာ North Sea Fleet Commander နှင့် အရာရှိကြီးများက တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့အား North Sea Fleet ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုအလေးပြုခဲ့ပြီး North Sea Fleet ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၈ ရက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) ၏ Navy Submarine Academy သို့ သွားရောက်လေ့လာခဲ့ရာ Navy Submarine Academy ကျောင်းအုပ်ကြီးက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုအလေးပြုခဲ့သည်။
၎င်းနောက် Academy ၏ သမိုင်းကြောင်းနှင့် လေ့ကျင့်သင်ကြားမှုများကို ရှင်းလင်းတင်ပြပြီး ကျောင်းဝန်းအတွင်းရှိ စာကြည့်တိုက်၊ Simulator ၊ Trainer များကို လှည့်လှည်ကြည့်ရှုခဲ့သည်။ ထို့နောက်ရေတပ်ပြတိုက်သို့ သွားရောက်လေ့လာခဲ့သည်။ ထို့ပြင် စက်တင်ဘာလ ၁၉ ရက်တွင်လည်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့ရှိ Shanghai Hudong-Zhonghua သင်္ဘောကျင်းသို့ သွားရောက် လေ့လာခဲ့ရာ သင်္ဘောကျင်းတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်။
တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လင်ကွမ်းဘုရားကျောင်း၊ Great Wall အစရှိသည့် အထင်ကရနေရာများသို့ သွားရောက်လေ့လာကြည့်ရှုခဲ့သည်ဟု သိရပြီး စက်တင်ဘာလ ၂၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်ဟု သိရသည်။
ပြည်ထောင်စုအဆင့်ပါတီ မဲဆန္ဒနယ် လေးပုံတစ်ပုံသာ ဝင်ပြိုင်နိုင်
စက်တင်ဘာ ၂၂
ပြည်ထောင်စုတစ်ဝန်းလုံးတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ အနေဖြင့် မဲဆန္ဒနယ် အားလုံး၏ ထက်ဝက်၌ ရွေးကောက်ပွဲဝင်ရမည်ဆိုသော သတ်မှတ်ချက်အစား လေးပုံ တစ်ပုံသာ ဝင်ပြိုင်နိုင်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ်(၁)ကို အစားထိုးပြင်ဆင်ပြီးနောက် ယခုလို သတ်မှတ် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ပြင်ဆင်လိုက်သော အချက်မှာ “ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက အထွေထွေရွေးကောက် ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အပါအဝင်) မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံတွင် မိမိပါတီက ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း”ဆိုသော အချက်ဖြစ်သည်။
ထို့ကြောင့် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီသည် မြို့နယ် ၃၃၀ အနက် မဲဆန္ဒနယ် ၈၃၃ နယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ထက်ဝက်ဖြစ်သည့် ၄၁၇ ဦးကို တင်သွင်းစရာမလိုတော့ဘဲ လေးပုံတစ်ပုံ တင်သွင်းနိုင်လျှင်ပင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သလို ပါတီဖျက်သိမ်းခံရမည့် အခြေအနေကနေလည်း လွှတ်မြောက်မည်ဖြစ်သည်။
ယခင်က မဲဆန္ဒနယ် အားလုံး ၈၃၃ နယ်အတွက် ကိုယ်စားလှယ်လောင်း ၄၁၇ ဦး မတင်သွင်းနိုင်လျှင် သို့မဟုတ် မဲဆန္ဒနယ် ၄၁၇ နယ် ဝင်ရောက် မယှဉ်ပြိုင်နိုင်လျှင် ပါတီဖျက်သိမ်းခံရမည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
#centralnewsnaypyitaw
ပရီးမီးယားလိဂ်ရဲ့ ၅ ပွဲမြောက် ပွဲစဥ်မှာတော့ အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းကို အမ်းမရိတ်ကွင်းမှာ လက်ခံကစားခဲ့ပြီး ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
ပထမပိုင်း ၉ မိနစ်မှာပဲ မန်စီးတီးဟာ အားလင်း ဟာလန်းရဲ့ ဂိုးနဲ့ ဦးဆောင်ကစားခဲ့ပေမဲ့ အာဆင်နယ်ဘက်က လူစားထိုးဝင်လာတဲ့ မာတင်နယ်လီက ပွဲပြီးဖို့ မိနစ်ပိုင်းအလိုမှာပဲ အာဆင်နယ်အတွက် ချေပဂိုး သွင်းယူခဲ့ပါတယ်။
အာဆင်နယ်ဟာ နိုင်ပွဲမရတဲ့အတွက် အမှတ်လျော့ခဲ့ပြီး ၅ ပွဲကစားပြီးချိန်မှာ ဇယားထိပ်က လီဗာပူးလ်အသင်းနဲ့ ၅ မှတ်ပြတ်နေပါတယ်။
မနေ့ကစားတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးပွဲစဥ်မှာတော့ မန်ယူက အိုးထရပ်ဖို့ဒ်ကွင်းမှာ ချဲလ်ဆီးကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီး ဒီရာသီအတွက် ဒုတိယမြောက် နိုင်ပွဲ ဖြစ်ပါတယ်။
ဒီအပတ်ကစားခဲ့တဲ့ ပွဲစဥ်အားလုံးရလဒ်တွေကတော့
ဘွန်းမတ်သ် ၀ - ၀ နယူးကာဆယ်
ဆန်းဒါးလန်း ၁ - ၁ အက်စတန် ဗီလာ
အာဆင်နယ် ၁ - ၁ မန်စီးတီး
လီဗာပူးလ် ၂ - ၁ အယ်ဗာတန်
ဘရိုက်တန် ၂ - ၂ တော့တင်ဟမ် ဟော့စပါး
ဘန်လေ ၁- ၁ နော့တင်ဟမ် ဖောရက်စ်
၀က်စ်ဟမ်း ၁ - ၂ ခရစ္စတယ်လ် ပဲလေ့စ်
ဝုဗ်စ် ၁ - ၃ လိဒ်စ်
မန်ချက်စတာယူနိုက်တက် ၂ - ၁ ချဲလ်ဆီး
ဖူလ်ဟမ် ၃ - ၁ ဘရန့်ဖို့ဒ်
Credit - BBC Burmese
#ဘောလုံးသတင်းစုံ


+4
Excel မှာ Pivot Table ပြုလုပ်နည်း။
🛠️မပြုလုပ်ခင် ပြင်ဆင်ရမည့်အချက်များ
1. ဒေတာများ စနစ်တကျ ရှိရန် - ကော်လံခေါင်းစဉ် (Header) များ ထားပေးပါ။
2. ဗလာတန်းများ မရှိရန် - ဒေတာအကုန်လုံး ဆက်နေပါစေ
3. ကော်လံတိုင်းတွင် ဒေတာအမျိုးအစား တစ်မျိုးတည်းရှိရန် (ဥပမာ - ငွေကြေးအားလုံး number format, ရက်စွဲအားလုံး date format)
Pivot Table ဖန်တီးနည်း အဆင့်ဆင့်
အဆင့် ၁: ဒေတာရွေးချယ်ပါ။
- Pivot Table လုပ်မည့်ဒေတာအားလုံးကို select လုပ်ပါ (Ctrl+A နှိပ်နိုင်သည်)
အဆင့် ၂: Pivot Table စတင်ဖန်တီးပါ
1. Insert tab ကိုနှိပ်ပါ
2. PivotTable ခလုတ်ကိုနှိပ်ပါ
3. Create PivotTable dialog box ပေါ်လာပါမည်
4. Select a table or range ဆိုတာက auto ရွေးပြီးသားဖြစ်ပါမည်။
5. New Worksheet ကို ရွေးပါ (သို့မဟုတ်) Existing Worksheet တွင် ထည့်လိုပါက ထိုနေရာကိုရွေးပါ)
6. OK ကိုနှိပ်ပါ။
အဆင့် ၃: Pivot Table Field List ကိုသုံးပါ။
- PivotTable Fields pane ညာဘက်တွင် ပေါ်လာပါမည်
- အောက်ပါ areas များကို ကွက်လပ်အဖြစ်မြင်ရပါမည်:
- Filters
- Columns
- Rows
- Values
အဆင့် ၄: Fields များကို ဆွဲထည့်ပါ။
- သင့်ဒေတာရဲ့ field များကို လိုအပ်သလို areas များထဲသို့ ဆွဲထည့်ပါ:
ဥပမာ:
- Rows ထဲသို့: "Product Category" ကိုထည့်ပါ
- Values ထဲသို့: "Sales Amount" ကိုထည့်ပါ
အဆင့် ၅: Value Field Settings ပြင်ဆင်ပါ။
- Values area ထဲက field ကို right-click နှိပ်၍ Value Field Settings ကိုရွေးပါ
- လိုချင်သော calculation type ကိုရွေးပါ:
- Sum - စုစုပေါင်း
- Count - အရေအတွက်
- Average - ပျမ်းမျှ
- Max - အများဆုံး
- Min - အနည်းဆုံး
အဆင့် ၆: Design ပြင်ဆင်ပါ (Optional)
- PivotTable Analyze tab မှ Design များကိုပြောင်းနိုင်သည်။
- Layout, Style များကိုရွေးချယ်နိုင်သည်။
#ဥပမာအသုံးပြုနည်း
ဒေတာ:
- ကော်လံများ: Date, Product, Category, Sales, Region
Pivot Table Setup:
- Rows: Category
- Columns: Region
- Values: Sales (Sum)
ရလဒ်:
- Category အလိုက် Region အလိုက် စုစုပေါင်း Sales များကို ဇယားဖြင့်တွေ့ရမည်
အသုံးဝင်သော Tips များ
1. Refresh Data - မူရင်းဒေတာပြောင်းလျှင် PivotTable Analyze > Refresh ကိုနှိပ်ပါ။
2. Slicer ထည့်သုံးနည်း - Insert > Slicer မှ filter များကို လွယ်ကူစွာသုံးနိုင်သည်။
3. Timeline ထည့်သုံးနည်း - ရက်စွဲများကို filter လုပ်ရန် Insert > Timeline
4. Grouping - ရက်စွဲများကို လ/နှစ် အလိုက် group လုပ်နိုင်သည်။
🎬 Escape from Alcatraz (2025) | Official HD Feature
Morgan Freeman, Jason Statham, and Scarlett Johansson join forces in a fearless reimagining of the ultimate prison-break thriller. Within the oppressive walls of the world’s most notorious fortress, this electrifying drama fuses razor-sharp suspense with searing human emotion.
Jason Statham commands the screen as Jack Cole, a decorated soldier wrongfully accused and condemned to Alcatraz Island. There he meets Elias Ward (Morgan Freeman), a brilliant mind weathered by decades of regret. Together, they conceive an audacious plan of escape—one that demands absolute trust, flawless precision, and the courage to defy a system engineered to crush them.
ဖုမ္မသိမ်ရွက်ဟာ သွေးကြောမျှင်လေးတွေပေါက်ပြဲတာ၊ လေဖြတ်တာ၊ ခန္ဓာကိုယ်တစ်ခြမ်းသေတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ခွန်အားဖြည့်ပေးပြီး သွေးလည်ပတ်မှုကောင်းစေတဲ့အပြင် သွေးကိုလဲ မပျစ်စေပါဘူး။ ခန္ဓာကိုယ်ဖူးယောင်တာ၊ ဒဏ်ရာရောင်ရမ်းတာ၊ အရိုးနဲ့ အဆစ်အမြစ်နာတာတွေ၊ ခေါင်းကိုက်တာတွေကိုလည်း သက်သာစေပါတယ်။ ပန်းနာရင်ကျပ်သမားတွေနဲ့လည်း သင့်တော်ပါတယ်။
ဖုမ္မသိမ်ရွက်ကို ပါးပါးလှီးပြီး နေရိပ်ထဲမှာ အခြောက်ခံပါ။ မှိုမတက်အောင် သတိထားပါ။ ပြီးရင် လက်တစ်ဆုပ်စာကို ရေနွေးတစ်ခွက်စာနဲ့ ရောပြီး လက်ဖက်ရည်ကြမ်းလို ဖျော်သောက်ပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်သောက်ပေးပါ။ ခေါင်းမူး၊ ခေါင်းကိုက်ပြီး မျက်လုံးပြာတာမျိုးဖြစ်ရင်လည်း ရေနွေးနဲ့ဖျော်ပြီး ချက်ချင်းသောက်ပေးနိုင်ပါတယ်။
ဒါမှမဟုတ်ရင် ဖုမ္မသိမ်ရွက် ၁၀ ဂရမ်ကို ရေ ၁.၅ လီတာနဲ့ ၁၅ မိနစ်ကြာအောင် တည်ပြီး သောက်လို့လည်းရပါတယ်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။ လေဖြတ်ထားတဲ့သူတွေဆိုရင် ရက် ၃၀ ဆက်တိုက်သောက်ပြီး ၇ ရက်နားပေးရင် ရောဂါလက္ခဏာတွေ တဖြည်းဖြည်း သက်သာလာပါလိမ့်မယ်။