Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အမျိုးသားရေးလက္ခဏာများ ခိုင်ခိုင်မာမာ ဆက်လက်ရှင်သန်ဖွံဖြိုးစေရေးအတွက် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန် အနုပညာရှင်များကို ယာယီသမ္မတတိုက်တိုက်တွန်း
အောက်တိုဘာ ၈
မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေး လက္ခဏာများခိုင်ခိုင်မာမာ ဆက်လက်ရှင်သန်ဖွံဖြိုးစေရေးအတွက် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန် အနုပညာရှင်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။
အောက်တိုဘာ ၇ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ကျင်းပသော (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နှစ်ပေါင်းထောင်ချီပြီး ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာစစ်စစ်ကို မြတ်နိုးထိန်းသိမ်းရင်း မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်အစဉ်ထာဝရ နိုးကြားရှင်သန်နေရအောင် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန်လည်း ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုနယ်ပယ်တွင် အဆို၊ အက၊ အရေး၊ အတီး အနုပညာရပ်များသည် သီးခြားဂုဏ်ရည်၊ သီးသန့်မူဟန်များဖြင့် ဖြစ်ထွန်းနေခြင်းရှိသကဲ့သို့ အဆိုနှင့်အက၊ အကနှင့်အတီး၊ အတီးနှင့်အဆို၊ အဆိုနှင့်အရေးပညာရပ်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိပြီး အပြန်အလှန်ထိန်းကွပ်မှု၊ အပြန်အလှန်ပံ့ပိုးမှုများဖြင့် တင့်တင့်တယ်တယ် ဆက်စပ်ဖြစ်ထွန်းနေသည်ကိုလည်း တွေ့နိုင်မည်ဖြစ်ကြောင်း ပြေားကြားသည်။
အလားတူ ယခု (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် ယှဉ်ပြိုင်မှုသာမက ပြည်နယ်နှင့်တိုင်းဒေသကြီး အနှံ့အပြားတွင် နေထိုင်ကြသည့် ပြည်ထောင်စုသွေးချင်းများ ချစ်ကြည်ရင်းနှီးစွာ ဆုံစည်းနိုင်မှု၊ မိတ်ကောင်းဆွေကောင်းများ တိုးတက်ရရှိမှု၊ ယဉ်ကျေးမှုအနုပညာအသီးသီးကို နှီးနှောဖလှယ်မျှဝေနိုင်မှုစသည့် အကျိုးရလဒ်များမှတစ်ဆင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တိုးမြှင့်ဖော်ဆောင်နိုင်မည်လည်းဖြစ်ကြောင်း။
ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ၏ အောင်မြင်ဖြစ်ထွန်းမှု အရှိန်အဟုန်ကို ထပ်ဆင့်မြှင့်တင်နိုင်စေရန်နှင့် ယခုကျင်းပသည့် (၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ရည်မှန်းချက်များနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန် ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများ၊ ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများ၊ အကဲဖြတ်အဖွဲ့ဝင် အနုပညာရှင်ကြီးများ၊ ပြိုင်ပွဲဝင်အနုပညာရှင်များနှင့် အနုပညာမြတ်နိုးသူ ပရိသတ်များအားလုံးက တူညီသည့်စိတ်ထားနှင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမေတ္တာရပ်ခံလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍လည်း ယာယီသမ္မတက တိုင်းတစ်ပါးယဉ်ကျေးမှုများ လွှမ်းမိုးမှုမရှိစေရေးအပြင် မျိုးဆက်သစ်လူငယ်များကို ယဉ်ကျေးသိမ်မွေ့ပြီး အမျိုးသားရေးစိတ်ဓာတ်ကိုယ်ခံစွမ်းအားများ ပြည့်ဝခိုင်မာအောင် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန်နှင့် ယခုကျင်းပမယ့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကိုကျင်းပရသည့် ဦးတည်ချက် (၄)ရပ်နှင့်အညီ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ပြီး ယဉ်ကျေးမှုအမွေ မျှဝေပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။
#centralnewsnaypyitaw




ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
အောက်တိုဘာ ၈
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၁၂ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၁၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၈၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၇၆၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၀၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၀၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၆၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၆၄၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၀၈၅ ကျပ်
ဝယ်ဈေး - ၃၉၈၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၇၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၅၀ ကျပ်
ဝယ်ဈေး - ၄၆၃၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅.၇၉ ကျပ်
ဝယ်ဈေး - ၁၂၂.၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၆၇ ကျပ်
ဝယ်ဈေး - ၉၄၄ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၅ ကျပ်
ဝယ်ဈေး - ၅၆၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၇၉ ကျပ်
ဝယ်ဈေး - ၂၆.၁၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၀၁ ကျပ်
ဝယ်ဈေး - ၄၄.၈၈ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၈ ကျပ်
ဝယ်ဈေး - ၂.၈၁ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၄၇၅ ကျပ်
ဝယ်ဈေး - ၅၃၄၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၇၈ ကျပ်
ဝယ်ဈေး - ၂၆၁၂ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၂၀ ကျပ်
ဝယ်ဈေး - ၂၈၅၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၅ ကျပ်
ဝယ်ဈေး - ၅၁၂ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၁၂ ကျပ်
ဝယ်ဈေး - ၁၀၈၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး
ရင်ထဲမှာ သောကလေးတွေရောက်လာပြီဆိုရင်..ဆန်းစစ်ကြည့်လိုက်ပါ..။ နှလုံးသွင်းမမှန်တာကြောင့် သောကဖြစ်ရတာများပါတယ်..။ လူတစ်ယောက်က ကိုယ့်ကိုပြောလိုက်တဲ့ စကားတစ်ခွန်းအပေါ် ကိုယ်လက်ခံလိုက်တဲ့စိတ်..ကိုယ်မနှစ်သက်တဲ့အပြုအမူတစ်ခုကို တခြားသူတစ်ယောက်က လုပ်လိုက်တဲ့အခါ..စိတ်ထဲမှာ မကျေနပ်မပျော်ရွှင်နိုင်တဲ့စိတ်ကြောင့်..သောကဖိစီးရတာဖြစ်ပါတယ်..။
တကယ်တော့ကိုယ့်ကို အနှိပ်စက်နိုင်ဆုံးက ကိုယ်နှလုံးသွင်းခံယူလိုက်တဲ့ ကိုယ့်ရဲ့အတွေးတွေပဲဖြစ်ပါတယ်…။ ကိုယ့်စိတ်ကို သောကဖြစ်စေတဲ့အတွေးတွေကို ထိန်းချုပ်နိုင်ခြင်းဟာ..သောကဖြေဆေးပါပဲ…။ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးရဲ့ တရားတွေထဲက အတွေးကိုထိန်းချုပ်နည်းလေးတွေ မျှဝေပေးချင်ပါတယ်..။
အတွေးတွေကို ထိန်းချုပ်ဖို့ ပထမနည်းက အာရုံပြောင်းတဲ့နည်းဖြစ်ပါတယ်..။ ကိုယ့်ကိုလူတစ်ယောက်က မလိုမုန်းထားစကားတွေနဲ့ ထိုးနှက်တိုက်ခိုက်လာတယ် ဆိုပါတော့..။ ပထမဆုံး ကိုယ်တုံ့ပြန်မိတာက မကျေနပ်တဲ့အတွေးတွေ..ခံပြင်းမုန်းတီးတဲ့အတွေးတွေ..မခံချင်စိတ်ဒေါသအတွေးတွေ ဖြစ်ပါတယ်..။ သူ့ကို ဘယ်လိုဘယ်ပုံမျိုးနဲ့ ပြန်လည်တုံ့ပြန်တိုက်ခိုက်ရမလဲဆိုတာကို အပြန်ပြန်အလှန်လှန်တွေးနေမိပါလိမ့်မယ်..။ အဲ့ဒီအတွေးတွေကို ရုတ်တရက် ရပ်တန့်ပစ်လိုက်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး..။ ဒီအတွေးတွေကို ဆက်မတွေးမိအောင် အာရုံပြောင်းကြည့်ဖို့လိုပါတယ်..။ သူကိုယ့်ကို စော်ကားတိုက်ခိုက်လိုက်တဲ့စကားတွေကို ထပ်တလဲလဲပြန်မတွေးပါနဲ့..။ ကိုယ်ဒေါသဖြစ်နေတာ.. စိတ်ဆိုးနေတာကို သိနေဖို့လိုက်ပါ..။
ဟုတ်တယ်..သူ့ကြောင့် ငါဒေါသထွက်နေတယ်..။ ဘာကြောင့်ပဲဖြစ်ဖြစ်..ဒေါသဆိုတာ အကုသိုလ်ပဲ..ငါ အကုသိုလ်ဖြစ်နေပြီ..အဲ့ဒီတော့ ငါ အကုသိုလ်တွေဆက်မဖြစ်အောင်..ကုသိုလ်အာရုံလေးနဲ့ ပြောင်းကြည့်မယ်..လို့ တွေးလိုက်ပြီး..ကိုယ့်စိတ်ကို သက်သာအေးချမ်းစေမယ့်နေရာလေးတစ်ခုကို ရွေးလိုက်ပါ..။ ကျွန်မကတော့ ဘုရားခန်းကိုပဲ ရွေးခြယ်ပါတယ်..။ ပြီးရင် ကိုယ်ရွတ်ဆိုနေကျ..မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တစ်မျိုးမျိုးကို အခေါက်ပေါင်းများစွာ ထပ်တလဲလဲ ရွတ်ဆိုပူဇော်နေလိုက်ပါတယ်...။ ကျွန်မရဲ့ ကိုယ်တွေ့ကတော့..ချက်ချင်းလက်ငင်းကို စိတ်ကလေး တည်ငြိမ်အေးချမ်းလာပြီး…စိတ်တိုနေတာတွေ..ဒေါသထွက်နေတာတွေ အားလုံးမဟုတ်တောင် အတော်အသင့် လျော့ပါးကင်းစင်သွားစေပါတယ်..။🍀
#လွန်းထားထား
#သောကဖြေဆေး
Credit to owner