ယခုရာသီ ပထမဆုံးဟက်ထရစ်သွင်းယူပြီး ၂၉ ဂိုးဖြင့် မေဂျာလိဂ်ရွှေဖိနပ်ဆု ရရှိလာတဲ့ လီယွန်နယ်မက်ဆီ
===================

လီယွန်နယ်မက်ဆီဟာ နက်ရှ်ဗီလီအား အင်တာမိုင်ယာမီတို့ ၅-၂ ဂိုးဖြင့် အနိုင်ရတဲ့ ပုံမှန်မေဂျာလိဂ်ရာသီသိမ်းပွဲတွင် ယခုရာသီ ပထမဆုံးဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ၂၉ ဂိုးဖြင့် ရွှေဖိနပ်ဆု ဆွတ်ခူးလာပါတယ်။

အာဂျင်တီးနားနှင့် အင်တာမိုင်ယာမီအသင်းခေါင်းဆောင်ဟာ ၂၀၂၅ ခုနှစ်အတွင်း အကောင်းဆုံးခြေစွမ်းဖြင့် ကစားနိုင်ခဲ့တာ ဖြစ်ပြီး ၂၈ ပွဲတွင် ၂၉ ဂိုးသွင်းပြီး ၁၆ ကြိမ် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

မက်ဆီဟာ ယခု ၂၀၂၅ ခုနှစ် မေဂျာလိဂ်တွင် ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဂိုးသွင်းဘုရင်ဖြစ်လာမှုနှင့်အတူ မေဂျာလိဂ်တန်ဖိုးအရှိဆုံးကစားသမားဆု ရရှိရန်အတွက် အလာအလားအကောင်းဆုံး ဖြစ်နေပြီလည်း ဖြစ်ပါတယ်။
တကယ်လို့များ လီယွန်နယ်မက်ဆီဟာ မေဂျာလိဂ်တန်ဖိုးအရှိဆုံးကစားသမားဆုအား ထပ်မံ ဆွတ်ခူးနိုင်မည်ဆိုပါက ဒီဆုကို နှစ်နှစ်ဆက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါမယ်။

ဒါ့အပြင် သူဟာ ပရီဒရစ်ရာဒိုဆာဗီဗစ် နောက်ပိုင်းတွင် ဒီဆုကို ၂ ကြိမ် ရရှိတဲ့ ပထမဆုံးကစားသမားလည်း ဖြစ်ပါတယ်။ ပရီဒရစ်ရာဒိုဆာဗီဒစ်ဟာ ဒီဆုကို ၁၉၉၇ နှင့် ၂၀၀၃ ခုနှစ်တို့တွင် ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီဟာ ယခုမေဂျာလိဂ်ရာသီတွင် ဂိုးနှင့် ဖန်တီးမှု စုစုပေါင်း ၄၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပြီး ဟောက်စတန်ဒိုင်နမို(သွင်းဂိုး ၄၃)၊ ကိုလိုရာဒိုရာပစ်(သွင်းဂိုး ၄၂ ဂိုး)၊ စိန့်လူးဝစ်စီးတီး(သွင်းဂိုး ၄၂ ဂိုး)၊ နယူးအင်္ဂလန်ရီဗော်လူးရှင်း (သွင်းဂိုး ၄၂ ဂိုး)၊ ပေါ့လန်းတမ်ဘား (သွင်းဂိုး ၄၁ ဂိုး)၊ အတ္တလန္တာယူနိုက်တက်(သွင်းဂိုး ၃၇ ဂိုး)၊ ရီးရဲလ်ဆဲလိတ် (သွင်းဂိုး ၃၆ ဂိုး)၊ မွန်ထရီရယ်(သွင်းဂိုး ၃၄ ဂိုး)၊ တိုရွန်တို(သွင်းဂိုး ၃၃ ဂိုး)၊ ဒီစီယူနိုက်တက်(သွင်းဂိုး ၂၉ ဂိုး) တို့ထက် သာလွန်နေပါတယ်။

ဒါ့အပြင် လီယွန်နယ်မက်ဆီရဲ့ ဂိုးနှင့် ဖန်တီးမှု စွမ်းဆောင်ရည်မှာ အယ်လ်အေဂလက်ဆီ တစ်သင်းလုံးရဲ့ သွင်းဂိုးနှင့်လည်း တူညီနေပါတယ်။

image

မန်စီးတီးတွင် မြင်တွေ့လိုတဲ့ ကစားသမားဟောင်းကို ပက်ဂွါဒီယိုလာ ဖွင့်ဟလာ
=======================

ပက်ဂွါဒီယိုလာက မန်စီးတီးတွင် ဆက်လက် မြင်တွေ့လိုတဲ့ ကစားသမားဟောင်းတစ်ဦးရဲ့ အမည်ကို ဖွင့်ဟလာပါတယ်။
မန်စီးတီးဟာ အသင်းတွင် ဆက်မကစားလိုတော့တဲ့ ကစားသမားများကို ရောင်းချလာခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။ မန်စီးတီးရောင်းချခဲ့တဲ့သူများတွင် ၂၀၂၀ ခုနှစ်တုန်းက ဘိုင်ယန်မြူးနစ်သို့ ရောင်းချခဲ့တဲ့ လီရွိုင်းဆာနေးက ထိပ်ဆုံးမှ ပါဝင်ပါတယ်။
ဒါပေမယ့် မန်စီးတီးတွင် ဂွါဒီယိုလာ ဆက်လက် မြင်တွေ့လိုတဲ့ ကစားသမားဟောင်းတစ်ဦးက ရှိနေပါတယ်။

ယင်းကစားသမားက ဂျူလီယန်အယ်ဗာရက်ဇ် ဖြစ်ပါတယ်။

ဂျူလီယန်အယ်ဗာရက်ဇ်ဟာ ပရီးမီးယားလိဂ်တွင် ပုံမှန်ကစားခွင့် မရရှိမှုကြောင့် မန်စီးတီးကို စွန့်ခွာပြီး အက်သလက်တီကိုသို့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ မန်စီးတီးတွင် ကစားတဲ့ နောက်ဆုံးပရီးမီးယားလိဂ်ရာသီတွင် ၃၁ ပွဲအထိ ပွဲထွက်ကစားခွင့်ရခဲ့တယ်ဆိုပေမယ့် အာလင်းဟာလန်းနှင့် ကီဗင်ဒီဘရိုင်းတို့ ဒဏ်ရာကြောင့် အနားယူနေရမှုနှင့်အတူ ယင်းအထိ ပွဲထွက်ကစားခွင့်ရခဲ့တာပါ။

ဒါပေမယ့် အယ်လ်ဗာရက်ဇ်ဟာ ယင်းကစားသမား ၂ ဦး ကြံ့ခိုင်မှု ပြည့်ဝလာချိန်တွင် အရန်ခုံသို့ ပြန်အပို့ခံခဲ့ရပါတယ်။ သူဟာ ၂၀၂၃-၂၄ ရာသီတွင် ၁၁ ဂိုးသွင်းပြီး ၉ ကြိမ် ဖန်တီးပေးခဲ့ပြီးနောက် အက်သလက်တီကိုသို့ ပြောင်းသွားခဲ့ပါတယ်။

ဂွါဒီယိုလာက "ဂျူလီယန်ဟာ အာလင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတယ်။ ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့အရာပါ။ ဂျူလီယန်အယ်လ်ဗာရက်ဇ်က ထိပ်တန်းကစားသမားပါ။ ဒါကြောင့်လည်း ကမ္ဘာ့အကောင်းဆုံးကလပ်တွေထဲက တစ်ခု ဖြစ်တဲ့ ထိပ်တန်းနည်းပြ၊ ထိပ်တန်းကစားသမားတွေ၊ မယုံနိုင်စရာထိပ်တန်းခြေစွမ်းရှိတဲ့ အက်သလက်တီကိုမှာ ကစားနေရတာပေါ့။ သူ့ကို ဒီမှာ ရှိစေချင်တယ်။ ဒါပေမယ့် ဘာလို့ သူ ထွက်သွားလဲ နားလည်ပါတယ်"လို့ ပြောကြားသွားပါတယ်။

ဂွါဒီယိုလာရဲ့ လက်အောက်မှာ နေရာမရလို့ ထွက်ခွာသွားတာ အယ်လ်ဗာရက်ဇ်တစ်ဦးတည်း မဟုတ်ပါဘူး။ အေမီရစ်လာပေါ်တေးဟာလည်း ၂၀၂၃ ခုနှစ်တွင် Al Nassr သို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက "ဖလားသုံးလုံးရတဲ့နှစ်တုန်းက ကျွန်တော် အရန်ခုံမှာ ထားခဲ့တဲ့ ကစားသမားတွေကို မှတ်မိလား။ အေမီရစ်လာပေါ်တေး တကယ့်ကို ကောင်းမွန်တဲ့ ခံစစ်သမားပါ။ လက်ရွေးစင်အသင်းမှာ ပုံမှန်ကစားနေရတဲ့သူ။ အခုအချိန်မှာ ဂျူလီယန်နဲ့ အခြားသူတွေကို ဒီမှာ ရှိစေချင်တယ်။ ဒါပေမယ့် သူတို့ ပွဲပိုကစားချင်လို့ ထွက်သွားကြတယ်"လို့ ပြောကြားသွားပါတယ်။

လာလီဂါပွဲအား မိုင်ယာမီတွင် ကစားမှုကို ဆန့်ကျင်သပိတ်မှောက်မှု ဆက်လက်ပြုလုပ်လာတဲ့လာလီဂါ
=====================

စနေနေ့ည လာလီဂါပွဲစဉ်များတွင် ကစားသမားများဟာ လာလီဂါပွဲစဉ်အား မိုင်ယာမီတွင် ကစားရန် ဆုံးဖြတ်ခဲ့မှုကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေဖြင့် ပွဲအစ ၁၅ စက္ကန့်အား မလှုပ်ရှားဘဲ ဆက်လက် သပိတ်မှောက်လာကြပါတဘ်။

ထိပ်သီးကလပ်များဖြစ်ကြတဲ့ ဘာစီလိုနာနှင့် အက်သလက်တီကိုတို့ရဲ့ ဂီရိုနာနှင့် အိုဆာဆူနာပွဲစဉ်များတွင်ပင် ယင်းလှုပ်ရှားမှုကို ဆက်လက် ပြုလုပ်ခဲ့ကြပါတယ်။

ပွဲအစ စက္ကန့် ၁၅ အား မလှုပ်ရှားဘဲ သပိတ်မှောက်မှုကို သောကြာနေ့ည အိုဗီဒိုနှင့် အက်စ်ပန်ညိုပွဲစဉ်တွင် စတင် လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းသပိတ်မှောက်မှုအား ဆီဗီလာနှင့် မာယော့ကာပွဲ၊ ဗီလာရီးရဲလ်နှင့် ဘက်တစ်ပွဲတို့တွင်လည်း ဆက်လက် ပြုလုပ်ခဲ့ပါတယ်။
အိုဗီဒိုနှင့် အက်စ်ပန်ညိုပွဲစဉ်တွင် ကစားသမားများရဲ့ သပိတ်မှောက်မှုကို ရုပ်သံကုမ္ပဏီက ဆင်ဆာဖြတ်ပြီး ထုတ်လွှင့်ခဲ့ပါတယ်။
ဒါပေမယ့် စနေနေ့ညပွဲစဉ်များမှာတော့ ရုပ်သံက ကင်မရာဟာ ကစားသမားများကို မြင်ကွင်းကျယ်ဖြင့် မပြသဘဲ အပေါ်စီးမှ ကွင်းလယ်စက်ဝိုင်းကို ရိုက်ကူးထုတ်လွှင့်မှုသာ ပြုလုပ်ခဲ့ပါတယ်။

ဩဂုတ်လတုန်းက စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့ ဗီလာရီးရဲလ်နှင့် ဘာစီလိုနာတို့ရဲ့ လာလီဂါပွဲစဉ်များအား မိုင်ယာမီရှိ Hard Rock Stadium တွင် ကစားရန် ဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကြောင့် စပိန်တွင် အငြင်းပွားစရာများ ဖြစ်လာနေပါတယ်။

စပိန်ဘောလုံးသမားများသမဂ္ဂဟာ လာလီဂါကလပ်များမှ အသင်းခေါင်းဆောင်များနှင့် ပူးပေါင်းကာ ပြည်တွင်းလိဂ်ပွဲအား နိုင်ငံခြားတွင် ကစားရန် တကိုယ်ရေတကာယဆုံးဖြတ်ခဲ့မှုအပေါ် ဆန့်ကျင်တဲ့အနေဖြင့် လာလီဂါပွဲစဉ်များရဲ့ ပွဲအစ ၁၅ စက္ကန့်အား မလှုပ်ရှားဘဲ ဆန္ဒပြရန် နှိုးဆော်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗီလာရီးရဲလ်နှင့် ဘာစီလိုနာတို့မှ ကစားသမားတို့ဟာ ယင်းဆန္ဒပြမှုတွင် ပါဝင်ရန် တောင်းဆိုခြင်း မခံခဲ့ရပေမယ့်လည်း ယင်းဆန္ဒပြမှုတွင် ကူညီပေးခဲ့ကြပါတယ်။

ပွဲအစ ၁၅ စက္ကန့်အား မလှုပ်ရှားဘဲ ဆန့်ကျင်သပိတ်မှောက်မှုကို ယနေ့ည လာလီဂါပွဲစဉ်များတွင်လည်း ဆက်လက်လှုပ်ရှားလာပါဦးမယ်။

ယနေ့ည ရီးရဲလ်မက်ဒရစ်နှင့် ဂီတာဖေးပွဲစဉ်တွင်လည်း ပွဲအစ ၁၅ စက္ကန့်အား မလှုပ်ရှားဘဲ သပိတ်မှောက်လာပါဦးမယ်။
ရီးရဲလ်မက်ဒရစ်ဟာ ပြည်တွင်းလာလီဂါပွဲကို ပြည်ပတွင် ကစားမှုအား ထိပ်ဆုံးမှ ဆန့်ကျင်တဲ့အသင်းလည်း ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးသို့ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ခရီးသွား (၁)သန်းကျော်ဝင်ရောက် လည်ပတ်ခဲ့

ယခုနှစ်ခရီးသွားရာသီ သီတင်းကျွတ်ပိတ်ရက်ကာလ အပါအဝင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများဖြစ်သည့် ငွေဆောင်၊ ချောင်းသာနှင့် ရွှေသောင်ယံတို့သို့ ပြည်တွင်း/ ပြည်ပခရီးသွား (၁,၀၃၅,၄၄၈) ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

သီတင်းကျွတ်ပိတ်ရက်ဖြစ်သော အောက်တိုဘာ (၄) ရက်မှ (၇) ရက်အထိ (၄)ရက်တာ ကာလအတွင်း ပုသိမ်မြို့သို့ ပြည်တွင်း/ပြည်ပ ခရီးသွား (၄,၈၈၁) ဦး၊ ငွေဆောင်ကမ်းခြေသို့ (၁၆,၆၉၉) ဦး၊ ချောင်းသာကမ်းခြေသို့ (၁၅,၃၉၁) ဦးနှင့် ရွှေသောင်ယံကမ်းခြေသို့ (၆၈၀) ဖြင့် စုစုပေါင်းခရီးသွား (၃၇,၆၅၁)ဦး ဝင်ရောက်အပန်းဖြေလည်ပတ်ခဲ့ကြောင်း သိရသ ည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ (၁၅) ရက်အထိ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေသို့ (၂၄၇,၇၇၈) ဦး၊ ‌ချောင်းသာနှင့် ရွှေသောင်ယံသို့ (၂၀၀,၄၃၉) ဦးနှင့် ပုသိမ်မြို့သို့ ခရီးသွားများဝင်ရောက်ခဲ့ရာ ပြည်တွင်း/ပြည်ပခရီးသွား (၁,၀၃၅,၄၄၈) ဦး ဝင်ရောက်တည်းခိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ခရီးသွားများအနေဖြင့် သီတင်းကျွတ်ပိတ်ရက်ကာလ၌ ပုဂံယဉ်ကျေးမှုဒေသနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေများသို့ တဖွဲဖွဲဝင်ရောက်ခဲ့ကြပြီး ပွင့်လင်းခရီးသွားရာသီသို့ ဝင်ရောက်လာပြီဖြစ်ရာ နိုင်ငံခြားခ ရီးသွားများလည်း တရိပ်ရိပ်ဝင်ရောက်လာဖွယ်ရှိကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။