ယော​ဂဗဟုသုတဟင်းလေးအိုးအပိုင်း(၂) Hatha yogaနဲ့အသက်ဓာတ်စွမ်းအင်ပရာန hatha yoga(ဟတ္ထယောဂ)မှာ shatkarma(ရှက်ကမ္မ)asana(အာဆန)pranayama(ပရာနာယာမ)mudra(မုဒြာ)bandha(ဗန္ဓ)ဆိုပြီးကျင့်စဥ်ငါးခုရှိပါတယ် hatha yogaကျင့်စဥ်ငါးခုကိုကျင့်ရင် ခန္ဓာကိုယ်နဲ့စိတ်ကိုညီညွှတ်မျှတစေပြီး စိတ်ရောကိုယ်ပါ ကြည်လင်သန့်ရှင်းအေးချမ်းစေပါတယ် hatha yoga(ဟတ္ထယောဂ)က အဆင့်မြင့်တဲ့raja yoga(ရာဇယောဂ)ကျင့်စဥ်ကိုရောက်အောင်လမ်းခင်းပေးတဲ့ ယောဂဖြစ်ပါတယ် ဟတ္ထယောဂကျင့်စဥ်ခြောက်ခုကိုကျင့်ကြံထားတဲ့ hatha yogi(ဟတ္ထယောဂီ)က တရားအားထုတ်သမာဓိစူးစိုက်ရမှာလဲ စိတ်တည်ကြည်မူသမာဓိရလွယ်အောင်ထောက်ပံ​့ပေးပါတယ် ဒါအပြင် ဟတ္ထယောဂက kundalini yoga(ကုဏ္ဍလိနီယောဂ)kriya yoga(ကြိယာယောဂ)raja yoga(ရာဇယောဂ)စသည့်ယောဂကျင့်စဥ်တေ​ကိုအောင်မြင်အောင်ကူညီပေးတဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ် ဟတ္ထယောဂ က အသက်ဓာတ်စွမ်းအင်prana(ပရာန)ကို ခန္ဓာကိုယ်မှာ ပိုမိုစီးဆင်းပြီးအားကောင်းလာအောင်ဖန်တီးပေးပါတယ်ဒါပေမprana(ပရာန)ဆိုတာဘာလဲ ဟတ္ထယောဂကျင့်စဥ်တွေဟာ အသက်ဓာတ်စွမ်းအင်ပရာနာအကြောင်းသိနားလည်တဲ့ ယောဂီတွေက ပရာန ကိုအခြေခံပြီး ဟတ္ထယောဂကိုတီထွင်ခဲ့ပါတယ် အသက်ဓာတ်စွမ်းအင်ပရာနကို ယောဂီတွေမတွေ့ရှိခဲ့ရင် ဟတ္ထယောဂကျင့်စဥ်ပေါ်ပေါက်လာမှာမဟုတ်ပါဘူး prana(ပရာန)ဆိုတဲ့စာလုံးက ရှေးဟောင်းသက္ကတ ဘာသာစကားဖြစ်ပါတယ် praနဲ့naကိုပေါင်းထားတဲ့စကားလုံးဖြစ်ပါတယ်praဆိုတာအဆက်မပြတ် naဆိုတာ ရွှေ့လျားမူဖြစ်ပါတယ် ဒါကြောင့် pranaက အဆက်မပြတ်စီးဆင်းနေတဲ့ စွမ်းအင်လို့ အဓိပ္ပာယ်ရပါတယ် ယောဂအမြင်အရ ခန္ဓာကိုယ်ကြီးဟာ အသက်ဓာတ်စွမ်းအင်ပရာနကို သိုလှောင်တဲ့အိမ်တလုံးဖြစ်ပါတယ် သာမန်လူတယောက်က ခန္ဓာကိုယ်ကို အရိုး အသား အသွေးတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့အရာအဖြစ်မြင်ပါတယ် ဒါပေမဲ့ယောဂီတွေနဲ့သိပ္ပံပညာရှင်တွေကတော့ ရုပ်ခန္ဓာကြီးရဲ့နောက်ကွယ်မှာenergy(or)pranaရှိကြောင်းသိရှိကြပါတယ် သာမန်လူတွေကအရာအားလုံးကိုမမြင်နိုင်ပါဘူး ဥပမာ အရိုးတခုကို သာမန်မျက်စိနဲ့ကြည့်ရင်အရိုးလို့ပဲမြင်ပါလိမ့်မယ် သို့သော် အရမ်းအားကောင်းတဲ့မိုက်ခရိုစကုပ်နဲ့အရိုးကိုကြည့်ရင် ပထမဆုံးမြင်ရမှာက အသက်ရှင်နေတဲ့ဆဲလ်လေးတွေ,နောက်တော့မော်လီကျူး,အက်တမ်,နောက်ဆုံးမှာ အက်တမ်ရဲ့nucleusကိူမြင်ရမှာဖြစ်ပါတယ် ပရာနဆိုတာ အလင်းဓာတ်ရောင်ခြည်လဲဖြစ်ပါတယ် သိပ္ပံပညာရှင်တွေက ခနွာကိုယ်မှာauraလို့ခေါ်တဲ့ကိုယ်ရောင်ခြည်တွေရှိတာကို သိရှိခဲ့ပါတယ် ရှေးတုန်းက ရေးဆွဲခဲ့တဲ့ မြင့်မြတ်တဲ့သူတော်စင်တွေရဲ့ပန်းချီကားတွေ ဆာဒူးတွေနဲ့ဂုရုတွေရဲ့ ပန်းချီကားတွေမှာ သူတို့ရဲ့ဦးခေါင်းပေါ်သို့မဟုတ် လက်တွေမှာ ရောင်ခြည်အလင်းဓာတ်ထွက်နေတဲ့ပုံတွေရေးဆွဲထားတာ လူတိုင်းမြင်ဖူးကြပါတယ် ဗုဒ္ဓ,ရာမ,ခရစ်ရှနား,မိုဟာမက်စသည့်သူတော်စင်တွေရဲ့ပုံတော်တွေမှာမှာလဲရောင်ခြည်ကိုတွေ့ရမှာဖြစ်တယ် သိပ္ပံပညာအဆင့်မမြင့်ခင်တုန်းက ရောင်ခြည်တွေဟာပန်းချီဆရာစိတ်ကူးယဥ်ပြီးရေးဆွဲထင်တာလို့ထင်ခဲ့ကြပါတယ် kirlian(ကီအာလီယန်)ကင်မရာပေါ်လာတော့မှ ရောင်ခြည်ဓာတ်auraတွေဟာတကယ်ရှိမှန်းသိရှိခဲ့ကြပါတယ် အပိုင်း(၃)ဆက်ရန်🙏🙏🙏 ကိုးကားကျမ်းများ Swami Muktibodhananda(Swara yoga the tantric Science of brain breathing) Swami Muktibodhananda(Hathayoga pradipika)

image