Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အာဆီယံသပြေစိုက်ပျိုးနည်း 🌱📌
စိုက်ပျိုးချိန်
-----------
သပြေပင်ကို ရာသီမရွေး စိုက်ပျိုးနိုင်ပါတယ်။ ရေကြိုက်သည့် အပင်အမျိုးအစားဖြစ်သည့်အတွက် သပြေပင်စိုက်တော့မယ်ဆိုရင် ရေရရှိတဲ့ အရပ်ဒေသ၊ ရေသွယ်ယူလို့ လွယ်ကူတဲ့ နေရာမျိုးမှာ စိုက်ပျိုးရပါမယ်။ သပြေပင်သည် နှစ်ရှည်ပင်အမျိုးအစား ဖြစ်ပါသည်။
မြေအမျိုး အစား ရွေးချယ်ခြင်း
--------------------------
စိုက်ပျိုးမည့်မြေသည် မြေချဉ်ငံကိန်း (၅.၈ - ၈.၅) အတွင်းရှိပါက သပြေစိုက်ပျိုးရန် အကောင်းဆုံး အနေအထား ဖြစ်ပါသည်။ အာဆီယံသပြေမျိုးကို စီးပွားဖြစ်စိုက်ပျိုးပါက ပင်ရေစိပ်စိပ်နှင့် စိုက်ပျိုးကြပါသည်။ တန်းကြားကို လူ၀င်ထွက်လို့ရအောင်၊ သပြေညွှန့်ခူးလို့လွယ်အောင်(၂.၅ - ၃)ပေခန့် ထားပေးရပါမည်။ ပင်ကြားကိုတော့ (၁၈)လက်မလောက် ထားကြပါသည်။ အာဆီယံသပြေမျိုး သာမက သပြေငုတ်မျိုးကိုလည်း အပင်ရေကို ခပ်စိပ်စိပ်ပဲ ထား၍စိုက်ပျိုးရပါမည်။သပြေပျိုးပင်များကိုတော့အသင့်ပျိုးပြီးပျိုးပင်များ ဝယ်ယူစိုက်ပျိုးနိုင်ပါသည်။ သပြေငုတ်ကို တောင်စောင်းတွေမှာ အစိုက်များပြီး၊ ဓာတ်မြေသြဇာကို တစ်နှစ်မှာ (၂)ကြိမ်နှုန်းနှင့် ယူရီးယား ပုလဲမြေသြဇာ (သို့မဟုတ်) (၁၅)ပတ်လည် မြေသြဇာကို ကျွေးပေးရပါသည်။ သပြေပင်စိုက်ပျိုးရာတွင် အဓိက သတိထားရမည်မှာ မြေအောင်းပိုးဖြစ်ပါ။၎င်းမြေအောင်းပိုးများကိုကာကွယ်နိုင်ရန် “ဒီပါ (သို့) ဖစ်ပရို” မြေအောင်းပိုးသတ်ဆေးခဲ တစ်မျိုးမျိုးကို သပြေပင်များ အပင်ခြေအစိုဓာတ်ရှိနေချိန်တွင် ကြဲပက်ပေးရပါမည်။
သပြေပင်များ ရေသွင်းပေးခြင်း
---------------------------
သပြေပင်ကိုစီးပွားဖြစ် စိုက်ပျိုးပါက မနက် တစ်ရေ၊ ညနေ တစ်ရေ နှုန်းနှင့် တစ်နေ့ကို ရေ(၂)ကြိမ် ပေးသင့်ပါသည်။ သပြေပင်သည် အမြစ်ရှည်သည့်အပင်မျိုးဖြစ်ပြီး ရေကြိုက်သည့်အပင်ဖြစ်ပါသည်။
သပြေပင်များ ငုတ်တူးခြင်း နှင့် ရောင်းချခြင်း
--------------------------------------
သပြေငုတ်များကို စိုက်ပျိုးပြီး (၃ - ၅)နှစ်အကြာမှာ ငုတ်တူးပြီး စျေးကွက်ပို့နိုင်ပါသည်။ အာဆီယံသပြေကိုတော့ ပြုစုမှုကောင်းရင်ကောင်းသလို (၈)လကနေ တစ်နှစ်ခွဲကာလမှာ စျေးကွက် တင်ပို့နိုင်ပါသည်။ နောက်ပိုင်းမှာတော့ (၁၅)ရက်တစ်ခါ ဖြတ်ရောင်းနိုင်ပါသည်။
သပြေပင် အဓိကစိုက်ပျိုးသောဒေသများ
-----------------------------------
မြန်မာနိုင်ငံမှာ သပြေပင်စိုက်ပျိုးခြင်းကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ရွာငံဒေသတဝိုက်၊ ပဲခူးရိုးမအနီးရှိ ရေနီ၊ ရေတာရှည်၊ တောင်ငူ ဒေသများ မန္တလေးတိုင်းအတွင်း မန္တလေး၊ အမရပူရ၊ ဒဟပ်တော၊ ရေတံခွန်တောင်၊ ရန်ကုန်တိုင်း တိုက်ကြီး၊ မှော်ဘီ၊ ညောင်နှစ်ပင် စသည့်ဒေသများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ ပဲခူးနယ်ဘက်မှထွက်သော သပြေများကို နေပြည်တော်စျေးကွက်သို့ တင်ပို့ကြပြီး အာဆီယံသပြေ ကတော့ မြို့ကြိုက်သပြေဖြစ်သည်။ တာရှည်ခံတာကို ကြိုက်နှစ်သက်သူများက သပြေငုတ်ကို အဝယ်များကြပါသည်။ အာဆီယံသပြေမှာ လှပမှုရှိပြီး ရက်ရှည်အထားမခံဘဲ သုံးရက်လောက်ဆို နွမ်းပါသည်။
🔸ထို့ကြောင့် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး မြန်မာလူမျိုးတိုင်းလည်းကြိုက်နှစ်သက်ကြသည့် သပြေပင်လေးတွေ စိုက်ပျိုးရင်း စီးပွားဖြစ်ထွန်းနိုင်ကြပါစေ။
စက်တင်ဘာ ၃၀ ရက်နေ့ညက ဖိလစ်ပိုင်တွင် ငလျင်လှုပ်သဖြင့် ၆ ဦးထက်မနည်း သေဆုံးသည်ဟု ကနဦး သိရှိရကြောင်း AP သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ပြင်းအား ၆.၉ ရစ်တာစကေး ရှိသည့် ထိုငလျင်ကြောင့် နေအိမ်တိုက်တာများ ပြိုကျပြီး ထိုသို့ သေဆုံးကြခြင်းဖြစ်သည်၊ ဒဏ်ရာရသူ များပြားသည်ဟု သတင်းက ဆိုသည်။
Cebu ပြည်နယ်ရှိ လူဦးရေ ၉၀,၀၀၀ ခန့် နေထိုင်သည့် ကမ်းရိုးတမ်းမြို့ Bogo နှင့် ၁၀ မိုင်ခန့်အကွာကို ဗဟိုပြုသည့်ငလျင်ဖြစ်သည်။

ဘုရားရှင်၏ အမည်တော် (၈) ပါး
▪➖➖➖➖➖➖➖▪
───────────────
(၁) သမဏ (ငြိမ်းအေးသူ)
───────────────
ရဟန်းတို့ “သမဏ” ‘ ငြိမ်းအေးသူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက် မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
────────────────
(၂) ဗြာဟ္မဏ (မကောင်းမှုမျှောပြီးသူ)
────────────────
ရဟန်းတို့ “ဗြာဟ္မဏ” ‘မကောင်းမှုမျှောပြီးသူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို
ခံထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
────────────────
(၃) ဝေဒဂူ (အသိဉာဏ်သို့ရောက်သူ)
────────────────
ရဟန်းတို့ “ဝေဒဂူ” ‘အသိဉာဏ်သို့ ရောက်သူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို
ခံထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
───────────────
(၄) ဘိသက္က (သမားတော်)
───────────────
ရဟန်းတို့ “ဘိသက္က” ‘သမားတော်’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
────────────────
(၅) နိမ္မလ (အညစ်အကြေးမရှိသူ)
────────────────
ရဟန်းတို့ “နိမ္မလ” ‘အညစ်အကြေးမရှိသူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
────────────────
(၆) ဝိမလ (အညစ်အကြေးကင်းသူ)
────────────────
ရဟန်းတို့ “ဝိမလ” ‘အညစ်အကြေးကင်းသူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
────────────
(၇) ဥာဏီ (ဉာဏ်ရှိသူ)
────────────
ရဟန်းတို့ “ဉာဏီ” ‘ဉာဏ်ရှိသူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက် မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
────────────────
(၈) ဝိမုတ္တ (လွတ်မြောက်သူ)
────────────────
ရဟန်းတို့ “ဝိမုတ္တ” ‘လွတ်မြောက်သူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက် မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်းဟု (မိန့်တော်မူ၏)။
📚 ကျမ်းညွှန်း 📚
ပိဋကတ် သုံးပုံ တိပိဋက မြန်မာပြန်
လော်ရီဒါပြည်နယ်က အသက် ၅၀ အရွယ် Henry Betsey Jr. ဆိုသူဟာ အမျိုးသမီး သုံးဦးနဲ့ တစ်ပြိုင်နက်တည်း တရားဝင် လက်ထပ်ထားပြီး ပေါင်းသင်းနေတဲ့သူဖြစ်ပါတယ် ဒါပေမဲ့ ဇနီးသည်တွေကတော့ ဒါကို မသိပါဘူး သူတို့အားလုံးဟာ မတူညီတဲ့ Dating Apps ကနေတစ်ဆင့် တွေ့ဆုံခဲ့တာဖြစ်ပါတယ်
Betsey ဟာ ဇနီးတစ်ဦးစီကို မတူညီတဲ့ ခရိုင်တစ်ခုဆီ ခေါ်ဆောင်ပြီး လက်ထပ်ခဲ့တာဖြစ်လို့ ခရိုင်အသီးသီးက မှတ်တမ်းတွေမှာ မတူညီဘဲ အခုလိုလက်ထပ်နိုင်ခဲ့တာဖြစ်ပါတယ်
အဲ့လိုနဲ့ သူ့ရဲ့လိမ်လည်မှုဟာ ပထမဇနီးဖြစ်သူ Tonya ကြောင့် စတင် ပေါ်ပေါက်လာခဲ့ပါတယ် Tonya ဟာ သူ့ခင်ပွန်းရဲ့ အပြုအမူတွေမှာ မူမမှန်တာကို သတိထားမိလာပြီး စတင်စုံစမ်းခဲ့ပါတယ် သူဟာ ဖလော်ရီဒါရှိ ခရိုင်တရားရုံး မှတ်တမ်းတွေကို ဝင်ရောက်ကြည့်ရှုပြီး ခရိုင်တစ်ခုပြီးတစ်ခု Henry Betsey Jr. နာမည်နဲ့ ရှာဖွေခဲ့ပါတယ် ဒီလိုရှာဖွေရင်း Brandy နဲ့ Michele အမည်ရ တခြားအမျိုးတွေနဲ့ တရားဝင် လက်ထပ်ထားတဲ့ မှတ်တမ်းတွေကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်
Tonya ဟာ အွန်လိုင်းမှတစ်ဆင့် Michele ကို ရှာတွေ့ပြီး ဖြစ်ကြောင်းကုန်စင် ဖွင့်ဟပြောပြခဲ့ပါတယ် နောက်ဆုံးမှာတော့ Michele ဟာ ရဲကိုဆက်သွယ်ပြီး တိုင်ကြားခဲ့တဲ့အတွက် ၂၀၂၄ ခုနှစ်မှာ Betsey ကိုဖမ်းဆီးခဲ့ပါတယ်
ဇနီးသုံးဦးစလုံးဟာ ဒီသစ္စာဖောက်မှုကြောင့် အသည်းကွဲပြီး စိတ်ထိခိုက်ခဲ့ကြရပါတယ်ဇနီးတွေရဲ့ ပြောဆိုချက်အရ Henry Betsey Jr. ဟာ ငွေကြေးရည်ရွယ်ချက်ရှိခဲ့တယ်လို့ ယူဆကြပါတယ် ဒုတိယဇနီး Brandy က "သူနဲ့ လက်ထပ်တဲ့နေ့မှာဘဲဘဏ်အကောင့်ကို ပူးတွဲဖွင့်ဖို့တောင်းဆိုခဲ့တယ်" လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်
နောက်ဆုံးမှာတော့ Henry Betsey Jr. ဟာ ဇနီးသည်တွေရဲ့ စွဲချက်တွေအားလုံးကို ဝန်ခံခဲ့ပါတယ် အဲ့လိုနဲ့ သူ့ကို ထောင်ဒဏ်အစား ၂ နှစ် စောင့်ကြည့်ခံကာလ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်
ဒီအမှုဟာ ဖလော်ရီဒါပြည်နယ်ရဲ့ ခရိုင်တွေအကြား လက်ထပ်မှုမှတ်ပုံတင်စနစ် ချိတ်ဆက်မှု အားနည်းနေခြင်းကို ပြသခဲ့ပြီး ဥပဒေမှာ လစ်ဟာနေတဲ့ အရာတွေ ရှိနေတယ်လို့ ဇနီးသည်တွေက ပြစ်တင် ပြောဆိုခဲ့ကြပါတယ်
🙏ရွှေတိဂုံစေတီတော် ၏ ထူးခြားအံဖွယ်(၁၁)ပါး။🙏
🙏'လေးဆူဓာတ်ပုံ ရွှေတိဂုံ' 'စေတီအစ ရွှေတိဂုံက' လို့ဆိုကြတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ ရန်ကုန်မြို့ သိင်္ဂုတ္တရ ကုန်းတော်ပေါ်မှာ တည်ရှိပါတယ်။
ဗုဒ္ဓသာသနာမှာ ပထမဦးဆုံးစေတီဖြစ်သလို ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ခွင့်ရသော တဖုဿနှင့် ဘလ္လိက ဟူသော ကုန်သည် ညီနောင်နှစ်ယောက်ဟာလည်း 'ဂေါတမဘုရားရှင်' အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံတည်သူများ ဖြစ်ကြပါတယ်။
သမိုင်းကြီးမား တန်ခိုးတော်ကြီးမားလှသော 'ရွှေတိဂုံစေတီတော်' ၏ ထူးခြားအံဖွယ်(၁၁)ပါး ရှိပါတယ်။
၁။ပွင့်ပြီးခဲ့သော ဘုရားရှင်လေးဆူ တို့၏ ဓာတ်တော်များ ကိန်းအောင်းတည်ရှိခြင်း။
၂။ဘုရားအဆူဆူပွင့်၍
ရေမြေပြောင်းလဲသွားသော်လည်း စေတီတော်ရှိရာ
သိဂ်ုတ္တရကုန်းတော်မှာမပြောင်းလဲခြင်း။
၃။ဂေါတမ မြတ်စွာဘုရားရှင်၏
ပထမဆုံး ဆံတော်ကို ဌာပနာ တည်ထားခွင့်ရရှိခြင်း။
၄။ဘီလူးမင်းကြီးများက
နေ့ညမပြတ်စောင့်ရှောက်ခြင်း။
၅။စေတီတော်၏ ဌာပနာ တို့အား
မည်သူကမျှ မကောင်းကြံ ခိုးယူ လုယူလို့မရခြင်း။
၆။သမ္မာအာဇီဝကျသော ဆုတောင်းများ ပြည့်စုံခြင်း။
၇။ စေတီတော်ရင်ပြင်သို့
ဘုရားဖူးများ မည်မျှပင် များပြားစေကာမူ
ကြပ်သိပ်ခြင်းမရှိပဲ သွားလာနိူင်ခြင်း။
၈။နတ်ဒေဝါ ၊နဂါးများ ၊ဝိဇ္ဇာများ
အဆက်မပြတ်လာရောက်ဖူးမျော်ခြင်း။
၉။အရိမေတ္တယ ဘုရားရှင်၏ ဓာတ်တော်ကို
ထပ်မံထည့်သွင်းဌာပနာ ရဦးမည့် စေတီတော်ဖြစ်ခြင်း။
၁၀။ သာသနာပြုမင်း ပေါ်သောအခါတွင်လည်း
မင်းလေးပါးစုံ ဗိုလ်ပုံအလယ်၌
ရောင်ခြည်တော်ကွန့်မြူးဦးမည့် စေတီဖြစ်ခြင်း။
၁၁။ တစ်ရာ့တပါးလူမျိုးကြား၌
နေတဆူကဲ့သို့ ထင်ရှားလာဦးမည့်စေတီဖြစ်ခြင်း။
ဖိလစ်ပိုင်မှာ အင်အားပြင်းငလျင်ကြောင့် လူ ၂၇ ယောက်သေဆုံးပြီး ၁၄၀ ကျော်ဒဏ်ရာရ
မနီလာ၊ အောက်တိုဘာ -၁-၂၀၂၅
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ပြင်းအား ၆ ဒဿမ ၉ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်မှုကြောင့် လူ ၂၇ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ငလျင်ကြောင့် လူ ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးသမားတွေဟာ ပြိုကျနေတဲ့ အဆောက်အအုံတွေထဲမှာ ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး သူဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း ပြောပါတယ်။
အင်္ဂါနေ့ ည ၁၀ နာရီ မတိုင်မီ အလယ်ပိုင်း ဗီဇာရက်စ် ဒေသရှိ စီဘူး ပြည်နယ်ရှိ ဘိုဂိုမြို့ ကမ်းရိုးတန်းမှာ ငလျင် လှုပ်ခတ်ခဲ့ပြီး နှစ် ၁၀၀ ကျော် သက်တမ်းရှိ ဘုရားကျောင်း အပါအဝင် အဆောက်အအုံတွေ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ပါတယ်။ ထရန်စဖော်မာတချို့ ပြိုကျ ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင်ရဲ့ ရေပန်းအစားဆုံး ခရီးသွားနေရာတွေထဲမှ တခုဖြစ်သည့် စီဘူး ပြည်နယ်ဟာ လူဦးရေ ၃ ဒဿမ ၄ သန်း နေထိုင်ပါတယ်။ နိုင်ငံရဲ့ ဒုတိယအကြိးဆုံး Mactan-Cebu အပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့ လည်ပတ်ဆဲဖြစ်ပါတယ်။
စီဘူးနဲ့ အနီးနားရှိ အလယ်ပိုင်းကျွန်းတွေလျှောက် ဓာတ်အားလိုင်းတွေ ပြတ်တောက်သွားကြောင်း ဖိလစ်ပိုင် အမျိုးသား ဓါတ်အားပေးဌာနက ထုတ်ပြန်ထားပြီး ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို အကဲဖြတ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ငလျင်ဟာ ဆန်ရီမီဂျီယို အပါအဝင် စီဘူမြောက်ပိုင်းမှာ အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အစားအစာနဲ့ ရေအပြင် ရှာဖွေကယ်ဆယ်ရေးလုပ်သားတွေအတွက် အထောက်အကူဖြစ်စေဖို့ အကြီးစားစက်ကိရိယာတွေကို တောင်းဆိုထားကြောင်း ဆန်ရီမီဂျီယို ဒုတိယမြို့တော်ဝန်က ပြောပါတယ်။
"မိုးသည်းထန်စွာရွာနေပြီး လျှပ်စစ်မီးမရှိတာကြောင့် အကူအညီလိုအပ်နေပါတယ်၊ အထူးသဖြင့် ငလျင်ကြောင့် ထောက်ပံ့ရေးလိုင်းတွေ ပျက်စီးသွားတဲ့နောက် ရေရှားပါးလာတဲ့အတွက် မြောက်ပိုင်းမှာ အကူအညီလိုအပ်နေပါတယ်" လို့ သူက ဆိုပါတယ်။
ကမ်းရိုးတန်းစောင့်တပ်သား သုံးယောက် ၊ မီးသတ်သမားတယောက်နဲ့ ကလေးတစ်ဦးတို့ ပါဝင်တဲ့ လူငါးယောက်ဟာ ငလျင်လှုပ်ခတ်မှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးဖို့ ကြိုးပမ်းစဉ် နံရံပြိုကျမှုကြောင့် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ဆန်ရီမီဂျီယိုနဲ့ ဘိုဂိုမြို့တို့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး ပြိုကျအဆောက်အအုံတွေအောက်မှာ ပိတ်မိနေသူတွေရှိပြီး လူဘယ်လောက် ပျောက်ဆုံးနေလဲ အတိအကျမသိရသေးဘူးလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။