ယနေ့ ဖိလစ်ပိုင်အသင်းဖြင့် ယှဉ်ပြိုင်ကြမည့် မြန်မာလက်ရွေးစင်အမျိုးသား/သမီး ဘောလုံးအသင်း
ယနေ့ ဒီဇင်ဘာ (၅)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းတို့သည့် ဖိလစ်ပိုင်လက်ရွေးစင်အမျိုးသား/ အမျိုးသမီးအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲအတွင်း ပထမဆုံးယှဉ်ပြိုင်ကစားကြမည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ယနေ့ ညနေ (၃)နာရီခွဲအချိန်၌ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ဖိလစ်ပိုင်လက်ရွေးစင်အမျိုးသမီးအသင်းဖြင့် ယှဥ်ပြိုင်ကစားမည်ဖြစ်သည်။
အလားတူ မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းသည် ချင်းမိုင်မြို့ 700th Anniversary Stadium ၌ ဖိလစ်ပိုင်လက်ရွေးစင်အမျိုးသားအသင်းဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။
အဆိုပါ အမျိုးသား/သမီး ပွဲစဉ် နစ်ခုလုံးအား MRTV, MRTV4, HTV Sports, Channel 7 တို့တွင် တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။