တရုတ်ကဂါဇာအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း၁၀၀ ပေးမည်

တရုတ်နိုင်ငံသည် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို သက်သာလျော့ပါးစေရန်နှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် ပါလက်စတိုင်းများကို ဒေါ်လာသန်း ၁၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
ရှီသည် ပေကျင်းတွင် ပြင်သစ်သမ္မတ အီမန်နျူဝယ်လ် မေခရွန်နှင့် တွေ့ဆုံဆွေးနွေးခဲ့အပြီး၌ ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် ဂါဇာတွင် ငြိမ်းချမ်းရေးကို မြှင့်တင်ရန် သန္နိဋ္ဌာန်ချထားဆဲဖြစ်ကြောင်း ရှီက မေခရွန်ကို ပြောကြားခဲ့သည်။ မေခရွန်၏ခရီးစဉ်အတွင်း ပါလက်စတိုင်းများအတွက် ဒေါ်လာသန်း ၁၀၀ ထပ်မံထောက်ပံ့ပေးသွားမည်ဟု တရုတ်နိုင်ငံက ကြေညာခဲ့သော်လည်း ဧပြီလတွင် အီးယူက လာမည့်သုံးနှစ်အတွက် ကတိပြုထားသည့် ယူရို ၁ ဒဿမ ၆ ဘီလျံ(ဒေါ်လာ ၁ ဒဿမ ၈၇ ဘီလျံ) နှင့် နှိုင်းယှဉ်ပါမူ များစွာနည်းနေသေးသည်။

image