9 w - Translate - Youtube

PUBG Mobile Gameplay Highlight !!! Streamer Zero

9 w - Translate - Youtube

SAVAGE!! Build Lukas Insane 23 Kills!! - Build For Global Lukas ~ MLBB

9 w - Translate - Youtube

SAVAGE !! Build For Benedetta ~ MLBB

9 w - Translate - Youtube

Hayabusa SAVAGE with 28 Kills!! MLBB

9 w - Translate - Youtube

Aldous Gameplay High Dmg & Secrets Items MLBB

#ရွှေဖရုံသီး
(၁) ရွှေဖရုံသီးမှာ ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် အဆီများတဲ့ အစားအသောက်တွေနေရာမှာ အစားထိုးစားပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်မတက်စေဘဲ ဆာလောင်မှုကို လျော့ကျစေပါတယ်။
(၂) ရွှေဖရုံသီးမှာ မဂ္ဂနီဆီယမ်ပါဝင်ပြီး အစာကြေညက်စေတာကြောင့် အရံဟင်းလျာအဖြစ် စားပေးသင့်ပါတယ်။
(၃) ရွှေဖရုံသီးဟာ ခန္ဓာကိုယ်ကို အေးမြစေတာကြောင့် ပူတဲ့အချိန်တွေမှာ စားသင့်ပါတယ်။
(၄) ရွှေဖရုံသီးမှာ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်နေရင် ရောဂါအများစုမဖြစ်အောင် ကာကွယ်ထားနိုင်ပါတယ်။
(၅) ရွှေဖရုံသီးဟာ သွေးတိုးတာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါထတာတွေမဖြစ်အောင် လျှော့ချပေးနိုင်ပါတယ်။
(၆) ရွှေဖရုံသီးမှာ အမျှင်ဓာတ်အများအပြား၊ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ပါဝင်တာကြောင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပါတယ်။ ပါဝင်တဲ့ ဗီတာမင်တွေက ရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ရောဂါ (ဥပမာ- ရိုးဆစ်ရောင်ရမ်းနာ၊ အရိုးအဆစ်ရောင်တာနဲ့ ပန်းနာရင်ကျပ်ရောဂါ)တွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၇) ရွှေဖရုံသီးဟာ ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ကို လျော့ကျစေပါတယ်။ အကြောင်းကတော့ ပါဝင်တဲ့အမျှင်ဓာတ်တွေဟာ ခန္ဓာကိုယ်ထဲကအဆိပ်တွေကိုကင်းစေပြီး အူမကြီးမှာ အဆိပ်တွေစုပုံမှုမဖြစ်အောင် ကာကွယ်ပေးနိုင်လို့ပါ။ အူမကြီးထဲမှာ ကင်ဆာဖြစ်စေတဲ့ အဆိပ်တွေစုနေရင် ကင်ဆာရောဂါကိုဖြစ်လာစေနိုင်ပါတယ်။
(၈) ရွှေဖရုံသီးဟာ ဆီးကျိတ်ကြီးတဲ့ လက္ခဏာတွေကို လျော့ပါစေပါတယ်။ အမျိုးသားတွေမှာ ဆီးကျိတ်ကြီးတာကြောင့် ဖြစ်တတ်တဲ့ ဆီးသွားရခက်ခဲတာနဲ့ လိင်ဆက်ဆံမှုဆိုင်ရာ အခက်အခဲတွေကို လျော့ပါးစေပါတယ်။
(၉) ရွှေဖရုံသီးမှာ ဗီတာမင်စီနဲ့ လူတင်တို့ ပါဝင်တာကြောင့် မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၁၀) ရွှေဖရုံသီးမှာပါတဲ့ ဗီတာမင်အေက သွားပိုးစားမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အိုမင်းမှုကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျော့ကျစေပါတယ်။
(၁၁) ရွှေဖရုံသီးဟာ ဦးနှောက်ဆဲလ်တွေရဲ့ တည်ဆောက်မှုကို အားပေးတာကြောင့် မှတ်ဉာဏ်ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဆဲလ်တွေ ထိခိုက်မှုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
(၁၂) ရွှေဖရုံသီးမှာ ရေဓာတ်ပါဝင်မှုမြင့်မားတဲ့အပြင် ပိုတက်ဆီယမ်လည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။ ရွှေဖရုံသီးစားပေးရင် ရေများများမသောက်ရင်တောင် တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေစေပါတယ်။
(၁၃) ရွှေဖရုံသီးမှာ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီယမ်တို့ အလုံအလောက်ပါဝင်တာကြောင့် အရိုးတွေကို သန်စွမ်းစေပါတယ်။ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ အရိုးကြွပ်ဆတ်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၁၄) ရွှေဖရုံသီးရဲ့အရောင်က သူ့မှာ ဘယ်လောက် အာဟာရဓာတ်ပါဝင်နေသလဲဆိုတာ ဖော်ပြနေပါတယ်။ အစိမ်းရင့်ရောင်ရွှေဖရုံသီးဟာ အစိမ်းဖျော့ရောင် ရွှေဖရုံသီးထက် အာဟာရဓာတ်ပိုမိုပါဝင်ပါတယ်။ ရွှေဖရုံသီးကို စားမယ်ဆိုရင် အခွံကိုမခွာပါနဲ့။ အခွံမှာ ဘီတာကယ်ရိုတင်းလို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် ဆဲလ်တွေကို ကာကွယ်ပေးနိုင်လို့ပါ။ မချက်ပြုတ်ခင် ရေနဲ့သေချာ ဆေးကြောပေးသင့်ပါတယ်။
crd Healthy Life ဂျာနယ်

image

#ဆီးချိုကိုထိန်းညှိပေးနိုင်တဲ့ အပြင် ကျန်းမာရေး အကျိုးကျေးဇူး များတဲ့ #စောင်းလျားသီး
စောင်းလျားသီး မှာ ကယ်လိုရီပမာဏ အနည်းငယ်သာပါဝင်ပြီး အိုမင်းရင်းရော်မှုကို တားဆီးပေးနိုင်တဲ့ Antioxidant ဓါတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C ၊ ဗီတာမင် B နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်နေသေးလို့ ကျန်းမာရေးကိုလည်း များစွာအထောက်အကူပြုစေပါတယ်။
#ဆီးချို
စောင်းလျားသီး မှာ သကြားဓါတ် အနည်းငယ်ပဲပါဝင်တာကြောင့် ဆီးချို ကို ထိန်းညှိပေးနိုင်ပါတယ်။ အဲဒီ အသီးမှာ ပါဝင်တဲ့ အမျှင်ဓါတ်ကလည်း အူထဲကနေ ဂလူးဂိုစ် စုပ်ယူမှုကို တားဆီးပေးနိုင်ပြီး သွေးတွင်း သကြားဓါတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
#အမြင်အာရုံ
စောင်းလျားသီး မှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်တာကြောင့်လည်း မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။
အိပ်မပျော်ခြင်း စောင်းလျားသီး မှာ မဂ္ဂနီဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်တာကြောင့် ကောင်းမွန်စွာအိပ်စက်စေပါတယ်။ အိပ်မပျော်တာ ဒါမှမဟုတ် အိပ်ပျော်ဖို့ ခက်နေတဲ့အခါမျိုးမှာ စောင်းလျားသီးကို စားသုံးပေးနိုင်ပါတယ်။
#အသားအရေ
စောင်းလျားသီး မှာ Flavonoids ဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို ကျန်းမာ စိုပြေစေပါတယ်။ ဒါ့အပြင် သွပ် (Zinc) ဓါတ်ပမာဏ ကြွယ်ဝစွာပါဝင်တာကြောင့် ၀က်ခြံပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။
#သတိပြုရန်
စောင်းလျားသီးမှာ Oxalic Acid နဲ့ Andcaramboxin ဓါတ်ပါဝင်တာကြောင့် ကျောက်ကပ်ရောဂါရှိသူတွေကတော့ အထူးရှောင်ရှားသင့်ပါတယ်။ စားသုံးပေးရင် ပျို့အန်တာမျိုး ဖြစ်စေပါတယ်။
စတေတင် (Statin) ဆေး Opiates ဘိန်းပါတဲ့ဆေး Benzodiazepines (ဘင်ဇိုဒိုင်ယာပင်း) စတဲ့ဆေးတွေကို မှီဝဲနေသူတွေကတော့ ဒီအသီးကို မစားသင့်ပါဘူး။

image

- မိုးအေးအေးနဲ့စားကောင်းစေမယ့် ရခိုင်မုန့်တီသုပ် မုန့်နစ် ချက်နည်း -
ပုဇွန် ငရုပ်သီးငပိချက်နဲ့ ရခိုင်မုန့်ဖက်သုပ် အနစ်
စပ်တာ မီးပွင့်သွားတယ် 🫨🙂‍↔️🤯🙉🥱🥵
- ချက်နည်း -
ချက်နည်းက ပုဇွန်ကို လှော်ပြီး အဲဒီအိုးထဲ ဆီ ဖင်ကပ်လေး ထည့် ကြက်သွန်နီ ဖြူ ကြမ်းကြမ်းလေး စင်းထည့် နဲနဲ့ မွှေ
👉မွှေးတဲ့အထိ ဆီမသပ် နဲ့နော် ထည့်မွေရုံလေးပဲ
ငပိကို အရည်ဖျော်ပြီးထည့် ငရုပ်သီး ပြုတ်ပြီး ချေထားတာထည့် ဆား အချိုမှုန့်ထည့်
ငါး အသားလေး တစ်ခုခု ကို ချေထည့် ( မထည့်လဲရ)
ဆူပွတ်နေစဉ် နန္နင်း အနည်းငယ်ထည့် ok ပြီ

image

- မိုးအေးအေးနဲ့စားကောင်းစေမယ့် ရခိုင်မုန့်တီသုပ် မုန့်နစ် ချက်နည်း -
ပုဇွန် ငရုပ်သီးငပိချက်နဲ့ ရခိုင်မုန့်ဖက်သုပ် အနစ်
စပ်တာ မီးပွင့်သွားတယ် 🫨🙂‍↔️🤯🙉🥱🥵
- ချက်နည်း -
ချက်နည်းက ပုဇွန်ကို လှော်ပြီး အဲဒီအိုးထဲ ဆီ ဖင်ကပ်လေး ထည့် ကြက်သွန်နီ ဖြူ ကြမ်းကြမ်းလေး စင်းထည့် နဲနဲ့ မွှေ
👉မွှေးတဲ့အထိ ဆီမသပ် နဲ့နော် ထည့်မွေရုံလေးပဲ
ငပိကို အရည်ဖျော်ပြီးထည့် ငရုပ်သီး ပြုတ်ပြီး ချေထားတာထည့် ဆား အချိုမှုန့်ထည့်
ငါး အသားလေး တစ်ခုခု ကို ချေထည့် ( မထည့်လဲရ)
ဆူပွတ်နေစဉ် နန္နင်း အနည်းငယ်ထည့် ok ပြီ

image

- မိုးအေးအေးနဲ့စားကောင်းစေမယ့် ရခိုင်မုန့်တီသုပ် မုန့်နစ် ချက်နည်း -
ပုဇွန် ငရုပ်သီးငပိချက်နဲ့ ရခိုင်မုန့်ဖက်သုပ် အနစ်
စပ်တာ မီးပွင့်သွားတယ် 🫨🙂‍↔️🤯🙉🥱🥵
- ချက်နည်း -
ချက်နည်းက ပုဇွန်ကို လှော်ပြီး အဲဒီအိုးထဲ ဆီ ဖင်ကပ်လေး ထည့် ကြက်သွန်နီ ဖြူ ကြမ်းကြမ်းလေး စင်းထည့် နဲနဲ့ မွှေ
👉မွှေးတဲ့အထိ ဆီမသပ် နဲ့နော် ထည့်မွေရုံလေးပဲ
ငပိကို အရည်ဖျော်ပြီးထည့် ငရုပ်သီး ပြုတ်ပြီး ချေထားတာထည့် ဆား အချိုမှုန့်ထည့်
ငါး အသားလေး တစ်ခုခု ကို ချေထည့် ( မထည့်လဲရ)
ဆူပွတ်နေစဉ် နန္နင်း အနည်းငယ်ထည့် ok ပြီ

imageimage