နှာခေါင်းကွဲ အာခေါင်းကွဲလူနာများအတွက် မော်လမြိုင်ဆေးရုံကြီးတွင် အခမဲ့ကုသပေးမည်

နှာခေါင်းကွဲ၊ အာခေါင်းကွဲ လူနာများကို မော်လမြိုင်ဆေးရုံကြီး၌ ဒီဇင်ဘာ(၁၆)ရက်တွင် အခမဲ့ ကုသပေးမည်ဖြစ် ကြောင်း ကိုဘိုဘိုဝင်းက လူမှုကွန်ရက်တွင် ဖော်ပြရေးသားထားသည်။
သဲဖြူဆရာတော်ကြီးအား အမှူးထား၍ အလှူရှင်များက စုပေါင်းလှူဒါန်းခြင်းဖြစ်ကာ ခွဲစိတ်ကုသခံယူလိုသူများသည် မော်လမြိုင်ဆေးရုံအုပ်ကြီးရုံးတွင်လည်း စာရင်းပေးသွင်းနိုင်သည်။
ထိုနည်းတူ မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရုံး၌လည်း စာရင်းပေးသွင်းနိုင်ကြောင်း ကိုဘိုဘိုဝင်းက လူမှုကွန်ရက်တွင် မျှဝေထားသည်။

image