33 w - Translate

An alleged child sexual assault fugitive has been taken into custody after more than four years on the run and a five-day manhunt in Colorado, according to officials.
The suspect was apprehended on Sunday in a multi-agency manhunt comprised of more than 70 people from multiple federal, state and municipal agencies in Colorado, according to the U.S. Marshals Service.
The suspect is wanted for felony sexual assault of a child and other charges, officials said. https://abcnews.visitlink.me/dZuvtb

image
33 w - Translate

၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးချိန်အမီ ရေငတ်ဒဏ်ခံ ယာစပါးမျိုးများ ဖြန့်ဝေပေးမည်

(ပြည်တွင်း) အောက်တိုဘာ ၁၄
စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေများစွာမလိုအပ်တဲ့ ရေငတ်ဒဏ်ခံ ယာစပါးမျိုးကို ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးချိန်အမီ တောင်သူများအား ဖြန့်ဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဗဟိုဌာနမှ သိရပါတယ်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံသုတေသနဗဟိုဌာနသည် မိုးရေရရှိမှုနည်းပါးသည့် မြေပြန့်ဒေသ များ၌ စိုက်ပျိုးနိုင်စေရန် ရေငတ်ဒဏ်ခံ ယာစပါးလေးမျိုးကို စမ်းသပ်စိုက်ပျိုးကာ သုတေသနပြုလုပ်လျက်ရှိပါတယ်။

အဆိုပါ စပါးလေးမျိုးအနက် တောင်သူများကိုယ်တိုင်ရွေးချယ်သော မျိုးစပါးကို ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးချိန်အမီ ဖြန့်ဝေပေးနိုင်ရန် ဌာနပိုင်ခြံများ၌ မျိုးပွားထုတ်လုပ်သွားမှာဖြစ်ပါတယ်။

ရေငတ်ဒဏ်ခံယာစပါးမျိုးများအား သုတေသနပြုလုပ်ခြင်းကို မြေပြန့်ဒေသများ၌ ဒေသဝမ်းစာဖူလုံရေး သာမက ရာသီဥတုကြောင့် မိုးခေါင်ခြင်း၊ အပူချိန်မြင့်တက်ခြင်းအပါအဝင် သဘာဝဘေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

လက်ရှိတွင် ရေငတ်ဒဏ်ခံယာစပါးမျိုးများကို သုတေသနပြုလုပ်မှုများဆောင်ရွက်ပြီးလျက်ရှိ၍ သက်ဆိုင်ရာ ၌ မှတ်ပုံတင်ခြင်း၊ မျိုးပွားထုတ်လုပ်ခြင်း၊ တောင်သူများအားစိုက်ပျိုးချိန်အမီဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်း အစရှိတဲ့ လုပ်ငန်းများ စိုက်ပျိုးရေးနှင့်သုသေတနဦးစီးဌာနမှ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်သွားပေးမည် ဖြစ်ကြောင်းသိရပါတယ်။

image

မက္ကဆီကို ရေဘေး ၆၄ ယောက်သေပြီး ၆၀ ကျော်ပျောက်ဆုံး
မက္ကဆီကိုစီးတီး၊ အောက်တိုဘာ-၁၄-၂၀၂၅
ရတီ(VOM)
မက္ကဆီကို အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၆၄ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် ၆၅ ယောက် ပျောက်ဆုံးနေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မက္ကဆီကိုပြည်နယ်အများအပြားမှာ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုများ ဖြစ်ပေါ်ကာ လမ်းတွေ၊ တံတားတွေနဲ့ နေအိမ်တွေ ပြိုကျပျက်စီးခဲ့သည်။
ရေကြီးပြီးနောက် တနင်္လာနေ့မှာ ဒါဇင်နဲ့ချီတဲ့ ကျေးရွားတွေဟာ ကုန်းလမ်းနဲ့ သွားလာ၍မရတော့ဘဲ ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ လိုအပ်တာတွေ ထောက်ပံ့ဖို့ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးနဲ့ လမ်းတွေကို ရှင်းလင်းခဲ့ပါတယ်။
ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေရဲ့ တစိတ်တပိုင်းအဖြစ် တပ်ဖွဲ့ဝင် တသောင်းကို စက်လှေတွေ၊ ရဟတ်ယာဉ်တွေနဲ့အတူ ဖြန့်ကျက်ချထားပြီး ပိတ်မိနေသူတွေအတွက် အရေးပေါ် အစားအစာနဲ့ သောက်သုံးရေတွေ ပို့ဆောင်ဖို့ မက္ကဆီကို သမ္မတက ညွှန်ကြားထားပါတယ်။
နေရပ်စွန့်ခွာသူတွေအတွက် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားပြီး ဆက်သွယ်ရေးတောက် နေသူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ရဟတ်ယာဉ်တွေနဲ့ ပို့ဆောင်ပေးနေပါတယ်။ “အစားအစာနဲ့ ရေအလုံအလောက် ပို့ဆောင်ဖို့ လေယာဉ်တွေနဲ့ပို့ဖို့ အများကြီး လိုအပ်တယ်” လို့ သမ္မတက ပြောပါတယ်။
မက္ကဆီကို အရပ်ဘက်ကာကွယ်ရေး အာဏာပိုင် အကြီးအကဲရဲ့ အဆိုအရ ဗီရာခရုဇ်၊ ဟီဒယ်လ်ဂိုနဲ့ ပူဘလာပြည်နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးတဲ့ဒဏ်ကို အဆိုးဆုံး ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဟီဒယ်လ်ဂိုပြည်နယ် တခုတည်းပင် လူ ၄၃ ယောက်ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၁၂ နာရီအတွင်း လူ ၄၇ ယောက်ထိ သေဆုံးခဲ့ပါတယ်။ မြို့တော် မက္ကဆီကိုစီးတီးမှာလည်း ယခုနှစ်အတွင်း စံချိန်တင်ရွာသွန်းခဲ့ပါတယ်။

image
33 w - Translate

Alec Baldwin crashed his car into a tree while driving in East Hampton on Monday, according to authorities.
The front of his SUV is dented but Baldwin is okay, authorities added.
"I just want to post a quick message," he said on Instagram. "I got all these inquiries about my car thing this morning -- I was in a car accident this morning. I'm fine."
Read more: https://abcnews.visitlink.me/VxtVtL

image

◾️သင်္ဘောများအပေါ်အမေရိကန် နှင့် တရုတ်အပြန်အလှန်ငွေကြေးကောက်ခံမည်
မနက်ဖြန်မှစ၍ အမေရိကန်ဆိပ်ကမ်းများသို့ ဝင်ရောက်ဆိုက်ကပ်သော တရုတ်သင်္ဘောများသည် အခကြေးငွေပေးဆောင်ရန်လိုအပ်တော့မည်ဖြစ်ရာ တရုတ်နှင့် အမေရိကန် ကြား ကုန်သွယ်ရေးစစ်ပွဲတွင် နောက်ထပ် စစ်မျက်နှာတစ်ခုဖြစ်လာခဲ့သည်။
အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ဌာန(USTR) က ဧပြီလတွင် ကြေညာခဲ့သော အစီအစဉ်ကို တရုတ်ကလည်း တစ်ထေရာတည်းလက်တုံ့ပြန်ခဲ့ကာ မနက်ဖြန်မှာပင် အမေရိကန်သင်္ဘောများအပေါ် အလားတူ အခကြေးငွေများ ကောက်ခံသွားမည်ဟု သောကြာနေ့တွင် ပြောကြားသည်။
မြေရှားသတ္တုများနိုင်ငံခြားတင်ပို့်မှုကို တရုတ်က ထိန်းချုပ်ခဲ့ခြင်းကို လက်တုံ့ပြန်၍ တရုတ်အပေါ် အခွန် ၁၀၀ ရာခိုင် နှုန်းတိုးမြှင့်သွားမည်၊ ရှီကျင့်ဖျင်နှင့်ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းသွားမည်ဟု ပြီးခဲ့သည့် သီတင်း ပတ်တွင် ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ခဲ့ပြီး တင်းမာမှုပိုဆိုးအောင် လုပ်ဆောင်ခဲ့သည်။
ကမ္ဘာ့သင်္ဘောလုပ်ငန်းကိုတရုတ်တို့ လွှမ်းမိုးထားခြင်းကို ကိုင်တွယ်ဖြေရှင်းရေး နှင့် အမေရိကန်နိုင်ငံတွင် သင်္ဘောများ ပိုမိုတည်ဆောက်လာစေရေးတို့မှာ အမေရိကန်ဆိပ် ကမ်း အခကြေးငွေကောက်ခံခြင်း၏ ရည်ရွယ်ချက်များအဖြစ် ဖော်ပြထားကြောင်း အေအက်ဖ်ပီသတင်းကဆိုသည်။
တရုတ်တို့၏ မျှတမှုမရှိသောစီးပွားရေးအလေ့အထများကြောင့် အ‌မေရိကန်သင်္ဘောတည်ဆောက်ရေးလုပ်ငန်း ပြန်လည်အားသစ်လောင်းမှုတွင် ကြီးမား သော အတား အဆီးတစ်ခုဖြစ်နေကြောင်း အမေရိကန်ဆောက်လုပ်ရေး မ ဟာမိတ်အဖွဲ့ အမေရိကန်သင်္ဘောလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးအတွက် အဆိုပြုထားသော ဥပဒေကြမ်းကို ထောက်ခံရင်းပြောကြားသည်။
တရုတ်သင်္ဘောများအား အမေရိကန်သို့ လာရောက်သည့် အကြိမ်တိုင်းအတွက် ဆိပ်ကမ်းခကို ကောက်ခံသွားမည်ဖြစ်ကာ တစ်နှစ်လျှင် အများဆုံး ငါးကြိမ်ကောက်ခံသွားနိုင်ကြောင်း အမေရိကန် ကုန်သွယ်ရေးရုံးက ပြောကြားသည်။
တရုတ်နိုင်ငံတွင် တည်ဆောက်ထားသော သင်္ဘောများက တစ်တန်လျှင် ၁၈ ဒေါ်လာ သို့မဟုတ် ကွန်တိန်နာတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁၂၀ ပေးဆောင်ရမည်ဖြစ်ကာ ရှေ့လာမည့် သုံးနှစ်တွင် တစ်နှစ်လျှင် ၅ ဒေါ်လာစီ တိုးမြှင့်သွားမည်ဖြစ်သည်။
ကမ္ဘာ့သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွင် အမေရိကန် ၏ပြည်တွင်းလုပ်ငန်းက သုည ဒသမ ၁ ရာခိုင် နှုန်းသာပါ ဝင်နေရာ ယင်းဝေစုတိုးတက်လာရေးကို အမေရိကန်က အလိုရှိနေခြင်းနှင့်အတူ ယင်းလုပ်ငန်းပြန်လည် ကြီးထွားလာရေးကို ရည်ရွယ်၍ သင်္ဘောတည်ဆောက်ရေးဆိုင်ရာ အိမ်ဖြူတော်ရုံးကို ဖွဲ့စည်းလိုက်ကြောင်း သမ္မတ ထရန့်က မတ်လတွင် ကြေညာခဲ့သည်။
အမေရိကန်တို့က ၎င်းတို့၏ သင်္ဘောများအပေါ် အခ ကြေး ငွေ ကောက်ခံမှုများကို တရုတ်အစိုးရက သောကြာနေ့တွင် တုံ့ပြန်ခဲ့ပြီး အမေရိကန်နိုင်ငံတွင်ထုတ်လုပ်သော သင်္ဘောများ သို့မဟုတ် အမေရိကန်ကုမ္ပဏီများနှင့် ဆက်စပ်သော သင်္ဘောများအပေါ် အထူးအခွန်များ ကောက်ခံသွားမည်ဟု ကြေညာခဲ့သည်။
အမေရိကန်သင်္ဘောများသည် တင်ဆောင်လာသော ကုန် ပစ္စည်းတစ်တန်လျှင် ယွမ်ငွေ ၄၀၀( အမေရိကန်‌‌ဒေါ်လာ ၅၆ ) ပေးဆောင်ရမည်ဖြစ်ကာ ၂၀၂၆ ဧပြီလတွင်ဒေါ်လာ ၉၀ အထိ တိုးမြှင့်ပေးဆောင်ရမည်ဟု တရုတ်အစိုးရ ကြေ ညာချက်က ဖော်ပြသည်။
“ ခင်ဗျား ထိန်းချုပ်မှုမရှိတဲ့ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကို မှီခိုနေရတယ်ဆိုရင် ပြဿနာရှိပါတယ်။ ဒါ‌ဟာ အမျိုး သားလုံခြုံ‌ရေး အန္တရာယ်တစ်ရပ်ဖြစ်ပါတယ်။” ဟုအမေရိကန်သင်္ဘောတည်ဆောက်ရေးကုမ္ပဏီပေါင်း ၁၅၀ ကျော်ကို ကိုယ်စားပြုသော အမေရိကန်သင်္ဘောတည်ဆောက်သူများကောင်စီ (SCA) ဥက္ကဌ မက်ပက်စ်တန် က ပြောကြားသည်။
“ကွန်မြူနစ်တွေ ထိန်းချုပ်ထားတဲ့ အစိုးရပိုင်လုပ်ငန်းတွေပေါ်ကို လုံးလုံးလျားလျား မှီခိုတာမျိုး မလုပ်ချင်ပါဘူး။” ဟု ၎င်းက တရုတ်အား ရည်ညွှန်း၍ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-AFP
#နိုင်ငံတကာသတင်း

image
33 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ခြေစစ်ပွဲအောင်မြင်ရေး ကြိုးစားသွားမည်ဟု မြန်မာအမျိုးသမီးအသင်းနည်းပြချုပ်ဆို
ဖိအားများရှိသော်လည်း ၂၀၂၆ အမျိုးသမီး ယူ-၁၇အာရှ ဖလားခြေစစ်ပွဲအောင်မြင်ရေး ကြိုးစားသွားမည် ဖြစ်ကြောင်း မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနည်းပြချုပ် Kumiko Tashiroက အောက်တိုဘာ ၁၂ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏကွင်း Press Conference ၌ပြုလုပ်ခဲ့သည့် အာရှဖလားခြေစစ်ပွဲစဉ် အတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
“အိမ်ရှင်အဖြစ် လက်ခံကစားရမှာဖြစ်လို့ကျေနပ်ပျော်ရွှင်မိပါတယ်။ ကစားသမားတွေကိုလည်း ပြင်းပြင်း ထန်ထန် ကြိုးစားဖို့နဲ့ ရည်မှန်းချက် ကိုယ်စီထားဖို့ ပြောထားပါတယ်။ ဖိအားရှိပေမယ့် ခြေစစ်ပွဲအောင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကိုင်တွယ်ခဲ့တဲ့ သုံးလတာ ကာလအတွင်း ကစားသမားတွေရဲ့ခြေစွမ်း၊ နည်းစနစ်ပိုင်း တိုးတက်လာဖို့ ပြုလုပ်ခဲ့ပါတယ်။ ကွင်းတွင်းသာမက ကွင်းပြင်ပမှာလည်းအရာရာကို ဆုံးဖြတ်နိုင်စွမ်းရှိအောင် သင်ကြားပေးခဲ့ပါတယ်။ အောင်မြင်မှုရဖို့ ပြင်းပြင်းထန်ထန်ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာ ယူ-၁၇အမျိုးသမီးအသင်းနည်းပြချုပ် Kumiko Tashiroကဆိုသည်။
“ကစားသမားတွေကို အချိန်ပေးရွေးခဲ့တာဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ဖြန့်ကြက် ရွေးချယ်ခဲ့တာပါ။ ကစားသမားတွေကိုပွဲများများကစားခွင့်ရဖို့ မျှော်လင့်ထားခဲ့ပေမယ့် မွန်ဂိုလီးယား အသင်းက နုတ်ထွက်သွားတာကြောင့် စိတ်ပျက်ခဲ့ရပါတယ်။ ခြေစစ်ပွဲအောင်ဖို့ထက် အမျိုးသမီးတွေ ဘောလုံးကို ကောင်းကောင်းကစားနိုင်ဖို့၊ခြေစွမ်းတိုးတက်လာဖို့ ပိုအလိုရှိပါတယ်” ဟု အင်ဒိုနီးရှား အမျိုးသမီးအသင်းနည်းပြ Timo က ဆိုသည်။
၂၀၂၆ အမျိုးသမီး ယူ-၁၇ အာရှဖလားခြေစစ်ပွဲတွင် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းအနေဖြင့် အောက်တိုဘာ ၁၅ ရက် မြန်မာစံတော်ချိန် ညနေ ၄နာရီတွင် မကာအိုအမျိုးသမီးအသင်းနှင့် လည်းကောင်း၊အောက်တိုဘာ ၁၇ ရက် မြန်မာစံတော်ချိန် ညနေ ၄နာရီတွင် အင်ဒိုနီးရှား အမျိုးသမီး အသင်းနှင့်လည်းကောင်းရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းတွင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-MFF

image
33 w - Translate

More than 2.5 million North Carolina residents are getting over $6.5 billion in medical debt eliminated through a state government effort that offered hospitals extra Medicaid funds from Washington if they gave patients the financial relief and implemented policies to discourage future liabilities.
Read more: https://abcnews.visitlink.me/lCelDS

image
33 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ထိုင်းရှိ ပိတ်စဆေးဆိုးပန်းရိုက် အလုပ်ရုံတစ်ရုံတွင် လုပ်ကိုင်နေသည့်မြန်မာ ၄၀ ခန့် အလုပ်ထုတ်ခံရ၍ နစ်နာကြေးရရှိရန် အမှုဖွင့် တိုင်ကြား
ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် အုန်းယိုင်ရှိ ပိတ်စဆေးဆိုးပန်းရိုက် အလုပ်ရုံတစ်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာ ၄၀ ခန့် အလုပ်ထုတ်ခံခဲ့ရကြောင်းMHAC မဟာမိတ်အဖွဲ့မှ သိရသည်။
အလုပ်ထုတ်ခံရသူများတွင်လုပ်သက် သုံးလကျော်မှ နှစ်ပေါင်း၂၀ကျော် အလုပ်သက်တမ်းရှိ မြန်မာ အလုပ်သမားများအပါအဝင် ၃၈ ဦးတို့အား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှ ထုတ်ပယ် လိုက်ကြောင်းကူညီမှုပေးနေသည့် MHAC မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
အလုပ်ရှင်မှ အလုပ်သမားများကို ဘတ် ၅၀၀၀ မှ ၁၀၀၀၀ ကြားပေးပြီး ဖြေရှင်းရန်ကြိုးပမ်းခဲ့သော်လည်း အလုပ်သမားများက လက်မခံသည့်အတွက် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး မြန်မာအလုပ်သမားများ နစ်နာကြေး ရရှိရန်အတွက် အောက်တိုဘာ ၆ ရက်တွင်နယ်မြေခံစဝါဒီကန်ရုံး (အလုပ်သမားရုံး)၌ အလုပ်သမားများ နှင့်အတူ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း MHAC အဖွဲ့မှသိရသည်။
ယခုဖြစ်စဉ်နှင့်အလားတူ ထိုင်းနိုင်ငံ ချာချင်ဆောင်ရှိ အလုပ်ရုံ တစ်ခုတွင် မြန်မာအလုပ်သမား ၃၂၀ တို့အား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လုပ်သက်လေးလမပြည့်ခင်စက်ရုံမှ အလုပ်ထုတ်ခဲ့ပြီး မြန်မာအလုပ်သမားများ၏ အကူအညီတောင်းချက်အရ အောက်တိုဘာ ၇ရက်တွင် နစ်နာကြေး ထိုင်း ဘတ်ငွေသုံးသန်းကျော် ပြန်လည်ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း MHAC အဖွဲ့မှသိရသည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️တောင်အာဖရိက၌ ခရီးသည်တင်ဘတ်စကား တိမ်းမှောက်၊ သေဆုံးသူ ၄၂ ဦးရှိ
တောင်အာဖရိကနိုင်ငံ မြောက်ပိုင်းတောင်ကုန်းဒေသတစ်ခု၌ ခရီးသည်တင်ဘတ်စကားတစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံးလူပေါင်း ၄၂ ဦး သေဆုံးခဲ့ရကြောင်း တောင်အာဖရိက တာဝန်ရှိသူများက အောက်တိုဘာ ၁၃ ရက်တွင်သတင်းထုတ်ပြန်ထားသည်။
အဆိုပါခရီးသည်တင် ဘတ်စကားတိမ်းမှောက်မှုသည် ပရီတိုးရီးယားမြို့တော်၏ မြောက်ဘက် ၂၄၈ မိုင်အကွာ အဝေးပြေးလမ်းပေါ်၌အောက်တိုဘာ ၁၂ ရက်တွင် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။
လူးဝစ်ထရွိုင်ချက်ဒ်အမည်ရှိ မြို့ငယ်အနီးဖြစ်ပွားခဲ့သော အထက်ပါ ယာဉ်မတော်တဆမှု၌သေဆုံးသူ ၄၂ ဦးရှိကြောင်း လက်ရှိတွင် အတည်ပြုထားသည်။
ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက်ဒဏ်ရာရရှိသူ အရေအတွက်ကို စိစစ်နိုင်ရေးအတွက်လည်း တောင်အာဖရိက တာဝန်ရှိသူများကကြိုးပမ်းနေဆဲဖြစ်သည်။
အဆိုပါ ခရီးသည်တင် ဘတ်စကားသည်တောင်ပေါ်လမ်းပေါ်၌ မောင်းနှင်နေစဉ် လမ်းချော်တိမ်းမှောက် ခဲ့ရခြင်းဖြစ်ကြောင်း တောင်အာဖရိကတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။
တောင်ကုန်းတောင်တန်း ထူထပ်သောတောင်အာဖရိကနိုင်ငံ ဒေသများ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်း၊ ယာဉ်များပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်း၊ လမ်းများ ကြမ်းတမ်းခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားတတ်သည်။
ကိုးကား-ရိုက်တာ

image

🍀 ပင်စိမ်းပင် ကိုင်းဖြတ်ပြီးစိုက်ပျိုးနည်း (အလယ်မှာ ဒီပစ္စည်းထည့်ရမယ်!) 🍀
🪴 လိုအပ်သော ပစ္စည်းများ:
- သဲကြမ်း (မြစ်သဲ) – ရေစီးဆင်းမှု ကောင်းစေပြီး အမြစ်မပုပ်အောင် ကာကွယ်ပေးသည်။
- မြေဆွေး – အဓိက အော်ဂဲနစ်မြေ ဖြစ်သည်။
- မြေဆွေးဟောင်း သို့မဟုတ် နွားချေးဟောင်း – အပင်အတွက် အာဟာရဓာတ် ဖြည့်ပေးသည်။
- အိုး (ရေဆင်းပေါက်ပါသော)
- ပင်စိမ်း (သို့မဟုတ်) ရေဟင်းရွက်ကိုင်းများ
🪴 အကြံပြုထားသော မြေဆွေးအချိုးအစား:
> မြေဆွေး : သဲကြမ်း : နွားချေးဟောင်း = ၂ : ၁ : ၁
>
- သဲများလွန်းပါက ရေစီးမြန်လွန်းမည်။ ပူသောရာသီတွင် မနက်-ည ရေလောင်းရန် လိုအပ်နိုင်သည်။
- တစ်နေကုန် နေရောင်ခြည် တိုက်ရိုက်ရသော နေရာတွင် စိုက်ပါက အုန်းမှုတ်ခွံ သို့မဟုတ် အုန်းဆံအမျှင်အနည်းငယ် ထည့်ခြင်းဖြင့် ရေထိန်းထားနိုင်သည်။
🌱 စိုက်ပျိုးနည်း:
- အိုးအောက်ခြေတွင် ကျောက်ခဲ သို့မဟုတ် အုတ်ကျိုးအပိုင်းအစ အနည်းငယ် ထည့်ပါ။ (ရေစီးဆင်းမှု ကောင်းစေရန်)
- မြေဆွေး၊ သဲကြမ်း၊ နွားချေးဟောင်း ရောထားသော အရောအနှောများကို ထည့်ပါ။
- ပင်စိမ်း (သို့မဟုတ်) ရေဟင်းရွက် ကိုင်းများကို လက်တစ်ထွာခန့် ဖြတ်ပြီး မြေထဲသို့ ၃-၅ စင်တီမီတာခန့် နက်အောင် စိုက်ပါ။
- ရေဝအောင် လောင်းပြီးနောက် နေရောင်ခြည်ကောင်းစွာရသော (တစ်နေ့လျှင် အနည်းဆုံး ၅-၆ နာရီ) နေရာတွင် ထားပါ။
- ပင်စည် ၂၀ စင်တီမီတာခန့် မြင့်လာလျှင် အပေါ်ဆုံးအရွက်ကို ချิดပေးပါ (သို့) ခေါင်းဖြတ်ပေးပါ၊ သို့မှသာ ဘေးဘက်သို့ အကိုင်းအခက်များ ဖြာထွက်ပြီး ပင်လုံးကျစ် သန်မာလာမည်။
🌿 ပြုစုစောင့်ရှောက်မှု:
- ရာသီဥတုအခြေအနေအရ တစ်နေ့လျှင် ၁-၂ ကြိမ် ရေလောင်းပါ။
- ၂ ပတ်တစ်ကြိမ် နွားချေးဟောင်းကို ပါးပါးလေး ထည့်ပေးပါ။
- အရွက်နုများ အမြဲထွက်နေစေရန် အပေါ်ဆုံးအရွက်ကို မကြာခဏ ချิดပေးပါ။
- သဲများများသုံး၍ စိုက်ထားပါက အရွက်များ ညှိုးလာခြင်း ရှိမရှိ စောင့်ကြည့်ပါ။ ညှိုးလာလျှင် မြေဆွေးအနည်းငယ် ထပ်ထည့်ပေးသင့်သည်။
✅ အကြံပြုချက်:
- ပင်စိမ်းသည် အရိပ်ထက် နေရောင်ခြည် တိုက်ရိုက်ရခြင်းကို ပိုနှစ်သက်သည်။
- အကယ်၍ သင်သည် ဆောက်လုပ်ရေးလုပ်ငန်းသုံး သဲနု ကို သုံးပါက အမြစ်များကို ပိတ်ဆို့နိုင်သောကြောင့် သဲကြမ်း သို့မဟုတ် မြစ်သဲ ကိုသာ အသုံးပြုသင့်ပါသည်။

image