အမျိုးသား၊ အမျိုးသမီး တို့ ကျန်းမာရေးနှင့်
ဆီးလမ်းကြောင်း ပိုး၀င်ခြင်း အကြောင်း
သိကောင်းစရာ
Telegram group တွင်လဲ အမျိုးသားကျန်းမာရေးဗဟုသုတများ ၀င်ဖတ်နိူင်ပါသည်။
Telegram Link- https://t.me/DoctorforM



Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အမျိုးသား၊ အမျိုးသမီး တို့ ကျန်းမာရေးနှင့်
ဆီးလမ်းကြောင်း ပိုး၀င်ခြင်း အကြောင်း
သိကောင်းစရာ
Telegram group တွင်လဲ အမျိုးသားကျန်းမာရေးဗဟုသုတများ ၀င်ဖတ်နိူင်ပါသည်။
Telegram Link- https://t.me/DoctorforM



ယောဂဗဟုသုတဟင်းလေးအိုးအပိုင်း(၁) Hatha yoga(ဟတ္ထယောဂ)ဆိုတာဘာလဲ hathaဆိုတဲ့စကားလုံးက haနဲ့thaကိုပေါင်းပြီးရေးထားတာဖြစ်ပါတယ် haဆိုတာ နေကိုဆိုလိုတာဖြစ်ပြီး thaဆိုတာ လကိုကိုယ်စားပြုပါတယ် ဒါကြောင့်hatha yogaကိုနေလယောဂလို့လဲခေါ်ကြပါတယ် hatha yogaကျင့်စဥ်မှာ နေရဲ့အဓိပ္ပာယ်က အသက်ဓာတ်စွမ်းအင်prana(ပရာန)ဖြစ်ပြီးလကို စိတ်စွမ်းအင်မန(mana)လို့အဓိပ္ပာယ်ရပါတယ် အသက်ဓာတ်စွမ်းအင်လို့ခေါ်တဲ့ pranaကို မြန်မာလို ပရာန လို့ဖတ်ရပါတယ်hathayoga က အသက်ဓာတ်စွမ်းအင်နဲ့စိတ်စွမ်းအင်ကိုမျှတအောင်လုပ်ပေးတဲ့ကျင့်စဥ်ဖြစ်ပါတယ် ယောဂအယူအဆအရ အသက်ဓာတ်စွမ်းအင်(ပရာန)နဲ့စိတ်ဟာအချင်းချင်းဆက်စပ်မူရှိပါတယ် ပရာနကိုထိန်းချုပ်နိုင်ရင် စိတ်ကိုအလွယ်တကူတည်ငြိမ်အောင်လုပ်နိုင်ပါတယ် hatha yogaမှာကျင့်စဥ်ငါးရပ်ရှိပါတယ် အဲ့တာတွေကတော့shatkarma(ရှက်ကမ္မ) asana (အာဆန)pranayama(ပရာနာယာမ) mudra(မုဒြာ) bandha(ဗန္ဓ)ဖြစ်ပါတယ်shatkarmaဆိုတာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေသန့်ရှင်းပေးတဲ့ကျင့်စဥ်ဖြစ်ပါတယ် asanaဆိုတာ hatha yogaရဲ့ အခြေခံဖောင်ဒေးရှင်းဖြစ်ပါတယ် ရာဇယောဂကျင့်စဥ်မှာတော့ asanaကိုထိုင်တဲ့
positionအဖြစ်ပဲအသုံးပြုပါတယ် hatha yogaမှာတော့ asanaဆိုတာ ခန္ဓာကိုယ်ထဲက အသက်ဓာတ်စွမ်းအင်လမ်းကြောင်းနဲ့အဲ့လမ်းကြောင်းစုစည်းရာဖြစ်တဲ့chakraစွမ်းအင်စင်တာတေွကိုဖွင့်ပေးတဲ့ကျင့်စဥ်ဖြစ်တယ် နောက်ထပ်hatha yogaကျင့်စဥ်ထဲမှာပါတာက pranayamaဖြစ်ပါတယ် pranayamaဆိုတာ pranaနဲ့ayamaနှစ်မျိုးပေါင်းထားတဲ့စာလုံးဖြစ်ပါတယါpranaဆိုတာ အသက်ဓာတ်စွမ်းအင်ayama အလွှာကိုချဲ့ထွင်ခြင်းဖြစ်ပါတယ်pranayamaဆိုတာ အသက်ဓာတ်ကို ခန္ဓာကိုယ်မှာတိုးပွားလာအောင် ကျင့်ကြံရတဲ့ hatha yogaအသက်ရူကျင့်စဥ်တွေဖြစ်ပါတယ် hatha yogaရဲ့နောက်ထပ်ကျင့်စဥ်လေးကတော့ mudra(မုဒြာ)ဖြစ်ပါတယ် သက္ကတဘာသာစကားအရ mudraဆိုတာ သကေ်တ လို့အဓိပ္ပာယ်ရပါတယ် hatha yoga mudraက အသက်ဓာတ်စွမ်းအင်(ပရာန)ကို အလဟဿမဖြစ်အောင်ထိန်းသိမ်းနိုင်အောင်ကျင့်ရတဲ့ ကျင့်စဥ်ဖြစ်တယ် နောက်ထပ်တခုဖြစ်တဲ့bandha(ဗန္ဓ)ဆိုတာ ထိန်းချုပ်ခြင်း ချုပ်ကိုင်ခြင်းလို့အဓိပ္ပာယ်ရပါတယ် bandhaကို့လေ့ကျင့်ခြင်းဖြင့် အသက်ဓာတ်စွမ်းအင်(ပရာန)ကိုထိန်းချုပ်ပေးပါတယ် hatha yogaက ပရာန ကိုအသုံးချပြီးတော့စိတ်ကိုတည်ငြိမ်အောင်ကူညီပေးပါတယ် အပိုင်း(၂)ဆက်ရန်✍️✍️✍️✍️ ကိုးကားကျမ်းများ Swami Satyananda saraswati (Asana Pranayama mudra bandha) Swami Muktibodhananda(Hatha yoga pradipika) Swami Niranjanananda Saraswati(prana and pranayama)
ဟူစတန်မြို့က ၉၁၁ အရေးပေါ်ဖုန်းခေါ်ဆိုဌာနရဲ့ တာဝန်ခံဟောင်းတစ်ဦးဖြစ်သူ Crenshanda Williams ဟာ အရေးပေါ်ဖုန်းခေါ်ဆိုမှု ထောင်ပေါင်းများစွာကို တမင်ဖုန်းချခဲ့တဲ့အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ရပါတယ်
Crenshanda Williams ဟာ ဟူစတန်မြို့ ၉၁၁ စင်တာမှာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး ၂၀၁၄ အောက်တိုဘာကနေ ၂၀၁၆ ခုနှစ် မတ်လအတွင်းမှာ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံဖြေကြားခြင်းမပြုဘဲ တမင်ချခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ် စုံစမ်းစစ်ဆေးမှုတွေအရ သူမဟာ အဲဒီကာလအတွင်းမှာ အရေးပေါ်ဖုန်းခေါ်ဆိုမှုပေါင်း ၂,၀၀၀ ကျော်ကို ချခဲ့တယ်လို့ တွေ့ရှိခဲ့ပါတယ်
ဒီအဖြစ်အပျက်တွေထဲမှာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေလည်း ပါဝင်ပါတယ် အဲ့ဒီထဲမှာ ဓားပြတိုက်ခံရတဲ့ စတိုးဆိုင်မန်နေဂျာတစ်ဦးက ဖုန်းခေါ်ဆိုခဲ့ပေမယ့် သူမက ဖုန်းချခဲ့ပါတယ် နောက်ပြီးကားကို ဓားပြတိုက်ခံရတဲ့ အမျိုးသားတစ်ဦးက ဖုန်းခေါ်ဆိုတဲ့အခါ "စိတ်မပူပါနဲ့ တခြားနေရာတွေမှာ အရေးပေါ်အခြေအနေတွေရှိနေပါတယ်" လို့ ပြောပြီး ဖုန်းချခဲ့ပါတယ် ဒါတင်မကသေးဘဲ အလွန်အရေးကြီးတဲ့ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတွေနဲ့ ပတ်သက်တဲ့ ဖုန်းခေါ်ဆိုမှုတွေကိုလည်း ချခဲ့တယ်လို့ သိရပါတယ်
တရားရုံးမှာတော့ Williams က ဒီလိုလုပ်ရတာဟာ အလုပ်လုပ်ရတာ စိတ်မပါလို့ ပင်ပန်းလို့ နဲ့ စောစောအလုပ်သိမ်းချင်လို့ လုပ်ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်
ဒီလုပ်ရပ်တွေကြောင့် လူမှုအသိုင်းအဝိုင်းက အလွန်အမင်း တုန်လှုပ်ခဲ့ရပြီး အရေးပေါ်စနစ်အပေါ် ယုံကြည်မှုလည်း ကျဆင်းခဲ့ပါတယ် ၂၀၁၇ ခုနှစ်မှာ အများပြည်သူဆိုင်ရာဝန်ဆောင်မှုကို အကျိုးမဲ့အသုံးချမှုနဲ့ ပြစ်မှုထင်ရှားပြီး Williams ကို ထောင်ဒဏ် ၁၀ ရက် ချမှတ်ခံခဲ့ရပါတယ် ဒါ့အပြင် စောင့်ကြည့်မှုအောက်မှာ အသက် ၅၄ နှစ်အထိ နေထိုင်ရမယ်လို့လည်း အမိန့်ချမှတ်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
ပြန်ကြည့်တိုင်း အမြဲတမ်း မျက်ရည်နဲ့မျက်ခွက်ဖြစ်စေတယ့်Animeကားကောင်းလေး😭
#fblink Grave of the fireflies [1988]
ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့အချိန်ဂျပန်နိုင်ငံလည်းနေရာအနှံ့ဗုံးကျဲခံရလို့…ထွက်ပြေးကြရ-ဗုံးကျင်းတွေခိုကြရတဲ့အချိန်မှာ…..ဆဲတိုနဲ့ဆဲဆု တို့မောင်နှမ နဲ့သူတို့အမေလည်း ဗုံးခိုကြရရင်း..သူတို့အမေသေဆုံးသွားခဲ့ပါတယ်…အဖေကလည်းတိုက်ပွဲမှာတိုက်ခိုက်နေရတဲ့အတွက်အဆက်အသွယ်ကလည်းမရဖြစ်နေပြန်တော့ခိုကိုးရာမဲ့မောင်နှမနှစ်ယောက်လည်းအမေ့ညီမ တစ်ဝမ်းကွဲ အဒေါ်အိမ်ကိုမှီခိုဖို့ရောက်လာခဲ့ကြပါတယ်ရောက်ခါစကတော့ မောင်နှမနှစ်ယောက်ဆီကပါလာတဲ့အစားအသောက်တွေမျက်နှာကြောင့်ကြည်ကြည်ဖြူဖြူဖြစ်ပေမယ့်အားလုံးကုန်သွားတဲ့အခါမှာတော့ ညိုငြင်စပြုလာပါတော့တယ်ကြံခိုင်တဲ့အကိုဖြစ်ဆဲတို က အပြောအဆိုမခံချင်တာနဲ့မောင်နှမလေးနှစ်ယောက်အမေချန်ထားခဲ့တဲ့ပိုက်ဆံလေးနဲ့လမ်းဘေးနေရာ တစ်ခုမှာ စားသောက်ခဲ့ကြတယ်ညမှောင်လာတဲ့အခါ ပိုးစုန်းကြူးလေးတွေဖမ်းပြီးအရင်ကမိသားစု စုံစုံလင်လင်ရှိချိန်တွေပြန်စဉ်းစားကြတယ်တဖြည်းဖြည်းနဲ့စားစရာတွေမရှိတော့တဲ့အချိန်မှာသူတို့မောင်နှမနှစ်ယောက်ဘာတွေဆက်ဖြစ်ကြမှာလဲသူတို့ရဲ့အဖေနဲ့ရော ပြန်လည်ဆုံတွေ့နိုင်မှာလား..
𝖥𝖺𝖼𝖾𝖻𝗈𝗈𝗄 𝖫𝗂𝗇𝗄✅️
https://m.facebook.com/groups/....754927043854909/perm