Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ပြည်တွင်းသတင်း
◼ကျောင်းသူများရန်ဖြစ်သည့်ဗီဒီယိုဖိုင် မြောင်းမြခရိုင်ပညာရေးမှူးစစ်ဆေးလျက်ရှိဟု နစကထုတ်ပြန်
ယခုရက်ပိုင်းအတွင်းလူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် ဧရာဝတီတိုင်း၊ မြောင်းမြမြို့၌ကျောင်းသူများရန်ဖြစ်နေသည့် ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ခရိုင်ပညာရေးမှူးမှဆက်လက်စစ်ဆေးလျက်ရှိကြောင်း နစက ကယမန်နေ့ (ဇွန် ၁၉ ရက်) ညက ထုတ်ပြန်သည်။
အဆိုပါ ဗီဒီယိုဖိုင်နှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်ဟုဆိုကာ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့်ထုတ်ပြန်ချက်မှာ တရားဝင်ထုတ်ပြန်ချက်မဟုတ်ကြောင်း၊ မြောင်းမြခရိုင်ပညာရေးမှူး ဦးဌေးဝင်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ဖြင့် ဖြစ်စဉ်အား ယမန်နေ့(ဇွန် ၁၉ ရက်)တွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။
ဖြစ်စဉ်မှာ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်၊ နိုဝင်ဘာ ၁၈ ရက်တွင် ကျောင်းချိန် ပြင်ပ၌ဖြစ်ပွားခဲ့သည့် ဗီဒီယိုဖိုင်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှရန်ဖြစ်သည့် ကျောင်းသူနှင့်အုပ်ထိန်းသူမိဘများကိုခေါ်ယူတွေ့ဆုံပြီး မေးမြန်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဗီဒီယိုဖိုင်တွင်အရိုက်ခံရသည့် Grade-6 ကျောင်းသူအား ရိုက်နှက်ခဲ့သည့် Grade-7 နှင့် Grade -9 ကျောင်းသူနှစ်ဦးတို့အား သေချာစွာစစ်ဆေးမေးမြန်းပြီး အရိုက်ခံရသည့်ကျောင်းသူမှာ နစ်နာသူဖြစ်၍ အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိပါကြောင်း၊ ရိုက်နှက်ခဲ့သည့် Grade-7 နှင့် Grade-9 ကျောင်းသူနှစ်ဦး နှင့် ဖြစ်စဉ်အားဗီဒီယိုရိုက်ပေးသော Grade-7 ကျောင်းသားတို့အား ကျောင်းစည်းကမ်းဖောက်ဖျက်ခြင်းကြောင့် ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အုပ်ထိန်းသူမိဘများထံပြန်လည်အပ်နှံခဲ့ကြောင်း၊ နောက်နောင်ယခုကဲ့သို့ကိစ္စမျိုး ထပ်မံမဖြစ်စေရန်လက်မှတ်ရေးထိုးစေခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စုံစမ်းဆဲ အမည်မသိအကောင့်(Account)တစ်ခုမှ ယခင်နှစ်ဗီဒီယိုဖိုင်အား ယခုဇွန်လ ၁၈ ရက်တွင် လူမှုကွန်ရက်ပေါ်သို့ထပ်မံတင်ပြခဲ့ခြင်းသာဖြစ်ကြောင်းနှင့် ယခုဖြစ်ပွားခဲ့သည့်ပြဿနာမျိုး ထပ်မံမဖြစ်ပွားစေရန် ကျောင်းစည်းကမ်းအတိုင်းဆောင်ရွက်လျက်ရှိကြောင်း နစက၏ ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း