ယာယီသမ္မတမှ မြန်မာ ယူ -၁၇ အသင်းကို ကျပ်သိန်းတစ်ထောင် ဂုဏ်ပြုချီးမြှင့်
-------------
အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ မြန်မာအမျိုးသားယူ-၁၇ အသင်းကို နိုင်ငံတော်ယာယီသမ္မတကဂုဏ်ပြုငွေ ကျပ်သိန်းတစ်ထောင် ချီးမြှင့်လိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီထုတ်ပြန်ချက်မှာမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က၂၀၂၆ ခုနှစ် အာရှဖလားခြေစစ် ပွဲ ယူ-၁၇ အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ အုပ်စု(G)မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ မြန်မာအမျိုးသား ယူ-၁၇ ဘောလုံးအသင်းကို ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း(၁,၀၀၀)ပေးအပ်တာဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာယူ-၁၇ အသင်းဟာ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းမှာကစားခဲ့တဲ့ ဆီးရီးယားအသင်းနဲ့ပွဲမှာ ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် အာရှဖလားခြေစစ်ပွဲကိုအောင်မြင်ခဲ့တာဖြစ်ပါတယ်။
အခုလိုခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ မြန်မာယူ-၁၇ အသင်းအနေနဲ့ လာမဲ့ ၂၀၂၆ခုနှစ် ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပမဲ့ အာရှ ယူ-၁၇ ဘောလုံးပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ခွင့်ရသွားပြီ ဖြစ်ပါတယ်။