Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ချစ်မဝနိုင်ဘူးဆိုတဲ့ စကားလုံးလေးဟာ တကယ်ရှိတယ်။
လူတစ်ယောက်ကိုတကယ်ချစ်မိတဲ့အခါ
သူ့ကိုချစ်တဲ့အချစ်က ယုတ်လျော့သွားခြင်းမရှိဘူး။
တစ်ရက်ပြီးတစ်ရက်၊ တစ်နေ့ပြီးတစ်နေ့၊
အချိန်တွေကြာလာတာနဲ့အမျှ သူ့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာဟာ ပိုပိုတိုးလာတတ်တယ်။
အရင်က ချစ်ခဲ့တာထက် အခု ပိုချစ်တယ်။
အခုချစ်တာထက် နောင်ကျရင် ပိုချစ်မယ် ။ ဒီလိုမျိုးလေး။
သူ့အပေါ်ထားတဲ့ ချစ်တဲ့စိတ်ကလေး တစ်ဖြည်းဖြည်း တိုးပွါးလာလေလေ၊ ချစ်လို့မဝနိုင်လေလေပဲ ။ သူ့ရဲ့ အပြုအမူအသေးအဖွဲလေးတွေကအစ ... ဘာမှ သဘောကျစရာမရှိတဲ့အချက်တွေထိ.... ဘာမှမလုပ်ပဲနေရင်တောင် ကိုယ့်မျက်စိထဲ ဘာကိုချစ်လို့ ချစ်နေမိမှန်းမသိတဲ့ အခိုက်အတန့်လေးတွေ။
ချစ်နေရင်းနဲ့ကိုချစ်မဝနိုင်တာပါ။
ဘယ်လောက်ထိချစ်လည်းဆိုတာမပြောပြတတ်တဲ့ထိ....
ဘယ်လောက်ထိ ချစ်နေလည်းဆ်ိုတာ မဖော်ပြတတ်တဲ့ ချစ်လို့ကို မဝနိုင်တာပါ။
ကျွန်တော်တို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းမှာ ဒီလိုဖြစ်ခဲ့ရဖူးတဲ့ တစ်ယောက်ယောက်တော့ ရှိခဲ့ဖူးမှာ အသေအချာပဲ။
ဘဝရဲ့ ချစ်မဝလေး ပေါ့
တစ်ယောက်ယောက်က်ို မြင်ယောင်မိပြီဆိုရင်တော့ သေချာပါတယ်။ ခင်ဗျားတွေးနေတဲ့တစ်ယောက်ဟာ ခင်ဗျားရဲ့ ချစ်မဝလေးပါပဲ။
Oak
ကျောက်ချဉ်ရဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူး (၃၀)
၁။ ရေထဲမှာ ဖျော်ပြီး ပါးစပ်နံ့ဆိုးအတွက် ပလုတ်ကျင်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
၂။ ချိုင်းကြားက အနံ့ဆိုးတွေ ဖယ်ရှားဖို့အတွက် ချိုင်းကြားကို ကျောက်ချဉ်မှုန့်နဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။
၃။ ရေထဲမှာ ဖျော်ပြီး ရေ၀ါရောဂါကို ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်။
၄။ သွေးထွက်နေတဲ့ ဒဏ်ရာကို လျှင်မြန်စွာ သွေးတိတ်စေဖို့အတွက် လိမ်းပေးနိုင်ပါတယ်။
၅။ ရေနဲ့ရောပြီး လည်ချောင်းနာခြင်းကို ကုသဖို့အတွက် ပလုတ်ကျင်းနိုင်ပါတယ်။
၆။ ဖနောင့်ကွဲခြင်းကို ကုသဖို့အတွက် လိမ်းပေးနိုင်ပါတယ်။
၇။ ရေထဲမှာ ဖျော်ပြီး မိန်းမကိုယ်မှိုစွဲခြင်း (အပြင်ပိုင်း)ကို ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်။
၈။ အဖုအပိမ့်တွေကို ပိုမိုလျင်မြန်စွာ ခြောက်သွေ့စေဖို့အတွက် လိမ်းပေးနိုင်ပါတယ်။
၉။ ၀က်ခြံတွေကို ပျောက်ကင်းစေဖို့အတွက် လိမ်းပေးနိုင်ပါတယ်။
၁၀။ ရေထဲမှာ ဖျော်ပြီး ဗောက်ထခြင်းကို ကုသနိုင်ပါတယ်။
၁၁။ အင်းဆက်ပိုးမွှားကိုက်ခံရတဲ့ အနာရွတ်ကို ရောင်ရမ်းမှုလျှော့ချဖို့အတွက် လိမ်းပေးနိုင်ပါတယ်။
၁၂။ ကျောက်ချဉ်မှုန့်ကို သဘာဝကိုယ်သင်းနံ့ပျောက်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
၁၃။ ကြွက်နို့ကို ကျုံ့သွားစေဖို့အတွက် နေ့စဉ်လိမ်းပေးနိုင်ပါတယ်။
၁၄။ ရေထဲမှာ ဖျော်ပြီး နှာခေါင်းသွေးယိုခြင်းကို ရပ်တန့်စေဖို့ အသုံးပြုနိုင်ပါတယ်။
၁၅။ သံပုရာရည်နဲ့ ရောပြီး ၀က်ခြံကို ကုသနိုင်ပါတယ်။
၁၆။ နေလောင်ထားတဲ့ အသားအရေကို အေးမြစေဖို့အတွက် လိမ်းပေးနိုင်ပါတယ်။
၁၇။ ကျောက်ချဉ်မှုန့်ကို ပွေးရောဂါအတွက် ကုသရာမှာ အသုံးပြုနိုင်ပါတယ်။
၁၈။ အစက်အပြောက်တွေကို မှေးမှိန်စေဖို့ ပွတ်တိုက်ပေးနိုင်ပါတယ်။
၁၉။ ရေထဲမှာ ဖျော်ပြီး ခြေထောက်အနံ့ဆိုးတွေ ပျောက်ဖို့အတွက် ခြေထောက်စိမ်နိုင်ပါတယ်။
၂၀။ မီးလောင်ဒဏ်ရာ အသေးစားတွေကို ပိုမိုလျင်မြန်စွာ ပျောက်ကင်းစေဖို့အတွက် လိမ်းပေးနိုင်ပါတယ်။
၂၁။ အရေပြားကို ပွတ်တိုက်ပေးခြင်းဖြင့် အရေးအကြောင်းတွေကို လျှော့ချပေးနိုင်ပါတယ်။
၂၂။ ရေထဲမှာ ဖျော်ပြီး အဆီပြန်တဲ့ အသားအရေကို ချိန်ညှိဖို့အတွက် အသုံးပြုနိုင်ပါတယ်။
၂၃။ ယားယံတဲ့ အဖုအပိမ့်တွေကို လိမ်းပေးပြီး ယားယံမှု သက်သာစေနိုင်ပါတယ်။
၂၄။ ၀က်ခြံမထွက်စေဖို့အတွက် သဘာဝနှုတ်ခမ်းမွှေးရိတ်ပြီးနောက်လိမ်းတဲ့ ခရင်မ်အဖြစ် အသုံးပြုနိုင်ပါတယ်။
၂၅။ ရေထဲမှာ ဖျော်ပြီး သွားဖုံးကို သန်မာစေဖို့အတွက် ပလုတ်ကျင်းနိုင်ပါတယ်။
၂၆။ လိပ်ခေါင်းအပြင်ပိုင်းကို နာကျင်မှုလျှော့ချဖို့အတွက် လိမ်းပေးနိုင်ပါတယ်။
၂၇။ ခေါင်းခွံကို ရေနဲ့ လိမ်းပေးပြီး သန်းတွေကို ထိန်းချုပ်နိုင်ပါတယ်။
၂၈။ ရေထဲမှာ ဖျော်ပြီး ဆံပင်ကို တောက်ပစေတဲ့ ဆံပင်သန့်စင်ဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်။
၂၉။ ကျောက်ချဉ်မှုန့်ဖြူးပြီး တွဲကျနေတဲ့ အသားအရေကို တင်းရင်းစေနိုင်ပါတယ်။
၃၀။ ယေဘုယျသန့်ရှင်းရေးအတွက် ကျောက်ချဉ်ကို ပုံမှန်အသုံးပြုနိုင်ပါတယ်။
#ကျောက်ချဥ်
19/09/2025
ကားမတော်တဆမှုကြောင့်မြန်မာနိုင်ငံသားအလုပ်သမားတဦးဒဏ်ရာပျင်းထန်
ထိုင်းနိုင်ငံ အယုဒ္ဓယ ဘန်ဖားတွင်ရှိသော
အိမ်ဆောက်ပစ္စည်းဆိုင် တွင် အလုပ်လုပ်နေသော
ဘတ်သစ်ကိုင်ဆောင်ထားသော မြန်မာအလုပ်သမား
ကိုချစ်တိုးအောင်သည် ထိုအလုပ်တွင်လုပ်ကိုင်နေသည်မှာ
တစ်နှစ်ကျော်ရှိသည်ဟုဆိုသည်။
ထိုအလုပ်တွင် အလုပ်လုပ်နေစဥ်(25.8.2025)ရက်နေ့ ညနေ
(4အချိန်တွင်ကားပေါ်မှဆင်း၍ သူဌေး၏ဘောင်ချာအား
ဆင်းစောင့်နေချိန် သူဌေးကိုယ်တိုင်မောင်းနေသည့်ကားမှ
အပေါ်ကမှနောက်ဆို့ဆုတ်ရာ ကိုချစ်တိုးအောင်အား
ကားကြားညှပ်မိခဲ့သည်ဟုဆိုသည်။
အခင်းဖြစ်ဖြစ်ချင်း ည(7အချိန်တွင် ဘန်ဖိဆေးရုံတွင်
သွားခဲ့ပြီး လူနာ၏ဒဏ်ရာများကိုကုသရန် မနိုင်သောကြောင့်
အယုဒ္ဓယဆေးရုံသို့ ည(8အချိန်တွင် ပို့ဆောင်ခဲ့ပြီး
(9အချိန်တွင်ခွဲစိတ်ခန်းဝင်ရသည်ဟုဆိုသည်။
ကိုချစ်တိုးအောင်သည် ဘယ်ဘက်လက် လက်ကောက်ဝတ်
အက်သွားခဲ့ပြီး ဝမ်းဗိုက်တွင် အူတစ်ချောင်းပြန်ဆက်ရသည်။
အစာအိမ်ပေါက်ပြီး အသည်းအက်သွားသွားသဖြင့်
(35)ချက်ချုပ်ရသည်ဟုဆိုသည်။
ကိုချစ်တိုးအောင်၏ အကိုဖြစ်သူ ကိုချစ်ပြုံးအောင်မှ
ဆေးရုံတတ်နေသည့် ကာလတွင် ဆေးကုသမှု စရိတ်နှင့်
ထိခိုက်ဆုံးရှုံးသွားသည့် အပေါ်ထိုက်သင့်သည့်နစ်နာကြေး
ပြန်လည်ရရှိရန်အတွက် အကူညီတောင်းခံလာသောကြောင့်
(19.9.2025)ရက်နေ့တွင် အမှုလက်ခံခဲ့ပါသည်။
တခုတော့ပြောချင်ပါချစ်ရပါသောအလုပ်သမားအားလုံး
အလုပ်လုပ်တဲ့အခါဖြစ်စေ လမ်းသွားလမ်းလာဖြစ်စေ
အစစအရာရာဂရုစိုက်ကြဖို့သတိပေးလိုပါတယ်။
မတော်တဆဆိုတာကြိုတင်သိမထားတဲ့အတွက်ဖြစ်လာရင်
မိသားစုတွေစိတ်ဆင်းရဲဝမ်းနည်းကြရမည့်အဖြစ်မျိုးမကြုံစေချင်
အားလုံးကံကောင်းကြပါစေအန္တာရာယ်ကင်းဘေးကင်းကြပါစေ။
Book Review by YC Batch (14) member
Se Narbe
📒 ပျော်ရွှင်ခြင်းတံခါးပေါက်
Author - မာရင်ရင်
📌၂၀ ရာစုနောက်ပိုင်းမှာ လူအတော်များများက ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေ နောက်လိုက်ပြီး ကိုယ့်စိတ်တိုးတက်မှုဘက်ကိုမေ့နေကြတယ်။
📌လူတွေမှာ စိတ်အဆင်မပြေမှု၊ စိတ်ဓာတ်ကျမှု ၊ သေကြောင်းကြံမှုတွေ ပိုပြီးဖြစ်လာပါတယ်။
💁တကယ်တော့ ကိုယ့်ပျော်ရွှင်မှုကိုရယူဖို့ စိတ်ထားတတ်ဖို့ပဲလိုပါတယ်။
💁ဒီစာအုပ်လေးက ကိုယ့်ရဲ့လေးလံနေတဲ့၊ ဝန်ပိနေတဲ့စိတ်တွေကို အတိုင်းအတာတစ်ခုထိဖြေလျှော့ပေးနိုင်ပါတယ်။
ခဏခဏဖတ်မိရင်တော့ကိုယ့်ကိုအမြဲသတိပေးသလို ဒီစာအုပ်ထဲကတစ်ချို့အရာတွေဟာ ကိုယ့်ကိုပြောင်းလဲစေပါလိမ့်မယ်။
Credit