ဆူမတြားကျွန်းရေဘေးနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိလာ

အင်ဒိုနီးရှားနိုင်ငံ ဆူမတြာကျွန်း၌ မုန်တိုင်းမိုးရွာသွန်းမှုများနှင့်အတူ ပေါ်ပေါက်ခဲ့သော ရေကြီးမှု
နှင့် မြေပြိုမှုများကြောင့် သေဆုံးသူအရေအတွက်မှာနိုဝင်ဘာ ၂၉ ရက်တွင် ၃၀၃ ဦးအထိ ရှိလာပြီဖြစ်
ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံအပြင် မလေးရှားနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည်လည်း ဆိုင်ကလုန်းမုန်တိုင်းနောက်ဆက်တွဲ မိုးကြီးမှုကြောင့် သီတင်းတစ်ပတ်ကြာ ရေဘေးကြုံခဲ့ရသည်။
ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲ မိုးကြီးမှုကြောင့် ဖြစ်ပွားခဲ့သည့် ရေဘေးနှင့် မြေပြိုမှုများတွင်
လူပေါင်း ၃၀၃ ဦး သေဆုံးခဲ့ရပြီး အနည်းဆုံး ၂၇၉ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။
ယင်းအပြင် ဆူမတြားကျွန်းပေါ်ရှိ ပြည်နယ်သုံးခုတို့တွင်လည်း ရေဘေးကြောင့် ပြည်သူရာပေါင်း
များစွာ သောင်တင်ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။
မလက္ကာရေလက်ကြားဒေသ၌ ရှားရှားပါးပါးပေါ်ထွက်လာသော အပူပိုင်းမုန်တိုင်းကြောင့်ထိုင်းနိုင်ငံ တောင်ပိုင်းတွင်လည်း ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရာ နိုဝင်ဘာ ၂၉ ရက်တွင် သေဆုံးသူအရေအတွက် ၁၆၂ ဦးအထိ ရှိလာကြောင်းထိုင်းအစိုးရ တာဝန်ရှိသူများက ထုတ် ဖော်ပြောကြားထားသည်။
လက်ရှိအချိန်တွင် ရေဘေးသင့်ဒေသများ၌ရေများ ပြန်ကျနေပြီဖြစ်ရာ အင်ဒိုနီးရှားနှင့် ထိုင်းအာဏာပိုင် များက ရှာဖွေရှင်းလင်းရေး လုပ်ငန်းများ စတင်နေကြပြီဖြစ်သည်။

image