ရုရှားအတွက် စစ်မှုထမ်းမည့် နိုင်ငံသားလေးဦး တောင်အာဖရိက ဖမ်းဆီး
ယူကရိန်းစစ်မြေပြင်၌ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်ရန် လူသစ်စုဆောင်းခံထားရသူများအဖြစ် ယူဆရသည့် အမျိုးသားလေးဦးကို တောင်အာဖရိကရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း နိုဝင်ဘာ ၂၉ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
အဆိုပါ အမျိုးသားလေးဦးကိုဂျိုဟန်နက်စဘတ် လေဆိပ်၌ နိုဝင်ဘာ ၂၈ ရက်တွင် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း တောင်အာဖရိကရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၎င်းအမျိုးသား လေးဦးကိုတောင်အာဖရိကမှ ရုရှားနိုင်ငံသို့ထွက်ခွာရန် ပြင်ဆင်နေချိန်တွင်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်းတောင်အာဖရိက ရဲတပ်ဖွဲ့ကထုတ်ဖော်ပြောကြားထားသည်။
တောင်အာဖရိက နိုင်ငံ၏ဥပဒေများအရ တောင်အာဖရိကနိုင်ငံသားများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ ပြည်ပအစိုးရများကို စစ်ရေးအကူအညီပေးအပ်မှု၊ ပြည်ပနိုင်ငံများ၏ လက်နက်ကိုင်အဖွဲ့များ၌ ပါဝင်
အမှုထမ်းခွင့်တို့ မရှိပေ။
ပဏာမစစ်ဆေးစုံစမ်းမှု ရလဒ်များအရ ရုရှားစစ်ဘက်အတွက် အမှုထမ်းမည့် တောင်အာဖရိကနိုင်ငံသားလေးဦးတို့၏ ရုရှားခရီးစဉ်ကို တောင်အာဖရိကအမျိုးသမီးတစ်ဦးကပင် တာဝန်ယူစီစဉ်ပေးခဲ့ခြင်း ဖြစ်ကြောင်းရဲတပ်ဖွဲ့က ပြောကြားထားသည်။
ယူကရိန်းစစ်မြေပြင်၌ယူကရိန်းတပ်များနှင့်အတူတောင်အာဖရိကနိုင်ငံသား၁၇ဦးပါဝင်တိုက်ခိုက်နေ ကြောင်း သတင်းများပေါ်ထွက်လာခဲ့ပြီးနောက် ရုရှားစစ်ဘက်အတွက် အမှုထမ်းမည့် နိုင်ငံသားလေးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
ယူကရိန်း၌ ရှိနေသော တောင်အာဖရိကနိုင်ငံသား ၁၇ ဦးကို ပြန်လည်ခေါ်ယူရန် အစိုးရက ကြိုးပမ်း
လျက်ရှိသည်။