28 w - Translate

တောင်ငူမှာ ရေကြီးလို့ အနိမ့်ပိုင်း ရပ်ကွက်တချို့ ရွှေ့ပြောင်းရပြန်
အောက်တိုဘာ ၃ - ၂၀၂၅

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်း ရပ်ကွက်တွေအတွင်း နေထိုင်သူတချို့ ကယ်ဆယ်‌ရေး စခန်းတွေဆီ ထပ်မံပြောင်းရွှေ့ နေထိုင်နေရတယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
တောင်ငူမြို့မှာ မနေ့ အောက်တိုဘာ ၂ ရက်၊ မနက်ပိုင်းကစပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာတာဖြစ်ပြီး လက်ရှိ ရေကြီးမှုဟာ ခြောက်ကြိမ်မြောက်အထိ ရှိလာနေပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ (၈) ရပ်ကွက်၊ (၉) ရပ်ကွက်နဲ့ (၁၀) ရပ်ကွက်အတွင်း နေထိုင်သူတွေအပြင် မြစ်ကမ်းနံဘေး အနိမ့်ပိုင်းဖြစ်တဲ့ ကမ်းနီရွာက အိမ်ထောင်စု ၃၀၀ ဝန်းကျင်ဟာ TTC ကျောင်းဟောင်းနဲ့ စကားဘုန်းကြီးကျောင်း စတဲ့ ရေဘေးစခန်းတွေမှာ ပြောင်းရွှေ့ နေထိုင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ရေနစ်တဲ့ ရပ်ကွက်က လူတွေအကုန်လုံး ပြောင်းရွှေ့ရတာပါ။ အိမ်ထောင်စု အတိအကျကတော့ ပြောလို့ မရသေးပါဘူး။ ကျွန်တော်တို့ စာရင်းကောက်နေတုန်း ဖြစ်တာကြောင့်ပါ။ အခုက တောင်ငူမှာ မိုးရွာလို့ ရေကြီးတာမဟုတ်ဘူး။ ဟိုး အထက်ဘက် ပေါင်းလောင်းတို့ဘာတို့၊ နေပြည်တော်ဘက်ကနေ ဆင်းလာတဲ့ တောင်ကျရေတွေကြောင့်ပါ။ အဲဒါကြောင့် ရေမြင့်တက်သွားတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
လက်ရှိ ရေကြီးမှု အခြေအနေဟာ (၁၀) ရပ်ကွက်က စက်ရုံဟောင်းလမ်းမှာ ဆိုပါက ရေအမြင့် ၁၀ ပေလောက်အထိ မြင့်တက်နေပြီး နေအိမ် အောက်ထပ်တွေ အကုန်နီးပါး ရေနစ်မြုပ်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အထက်ဘက်တွေမှာ မိုးလည်း ဆက်ကောင်းနေဦးမယ်။ ဒီမှာလည်း မိုးရွာမယ်၊ စစ်တောင်းမြစ်နေရ ထပ်တိုးနေဦးမယ် ဆိုရင်တော့ တောင်ငူမြို့ရဲ့ ရေကြီးမှု အခြေအနေက မနှစ်ကလိုမျိုး ဖြစ်သွားနိုင်တယ်။ အဲဒီလိုဆိုရင် ပြန်လည် ရွှေ့ပြောင်းခြင်းက လမ်းမပေါ်ကလူတွေပါ လုပ်ရမယ့်သဘော ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် စိုးရိမ်စရာတော့ မရှိပါဘူး။ တောင်ငူက ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေ အကုန်လုံး အသင့်အနေအထားနဲ့ စောင့်ကြည့်နေကြပါတယ်” လို့ ဒေသအခြေစိုက် ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။
ဒါအပြင် လက်ရှိ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်း နှစ်ခုအပြင် တောင်ငူမြို့ရဲ့ ဘုန်းကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်း ၂၂ နေရာကိုလည်း အသင့် ပြင်ဆင်ထားတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ တောင်ငူမြို့အတွင်းက သဖန်းပင်၊ ပြသောင်နဲ့ ဇီးဖြူပင်ရွာတို့မှာလည်း ရေဝင်ရောက်နေတယ်လို့ သိရပြီး အဲဒီရွာတွေက ဒေသခံတွေကတော့ ရွှေ့ပြောင်းဖို့ မလိုသေးတဲ့အတွက် အခြေအနေကို စောင့်ကြည့်နေကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။
“နှစ်စဉ် ဒီမြေနိမ့်ပိုင်းတွေက ရေကြီးရေလျှံမှု ဖြစ်တတ်လို့ ဒေသခံတွေကို ကြိုတင်ပြင်ထားကြဖို့ ပြောထားပြီးသားပါ။ အရေးကြီး စာရွက်စာတမ်း၊ အဓိကကျတဲ့ ပစ္စည်းတွေပေါ့။ အဆင်သင့် သယ်‌ယူ ရွှေ့ပြောင်းနိုင်ဖို့ ပြောထားပါတယ်။ တချို့တွေကကျတော့ သူတို့အိမ်မှာကျန်ခဲ့မယ့် ပစ္စည်းတွေ ပျောက်ရှမှာကိုလည်း စိုးရိမ်နေကြတာ ရှိတယ်။ အဲဒါကြောင့် အဲဒီလို ဒေသခံတွေကိုလည်း ရေဘေးမှာ ပူးပေါင်းပါဝင်ကြဖို့ ကျွန်တော်တို့ လိုက်လံ အသိပေးထားပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ ကယ်ဆယ်ရေးစခန်း ရောက်ရှိနေသူတွေ အတွက် စားရေးသောက်ရေး အခက်အခဲတွေ ရှိနေတယ်လို့ သိရပြီး အလှူရှင်တွေ နည်းပါးလာတာကြောင့် အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတယ်လို့ သူက ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ အောက်တိုဘာ ၃ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ၁ ပေခွဲခန့် ကျော်လွန်နေပြီး နောက်တရက်အတွင်း ၂ လက်မခန့် ကျဆင်းလာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် မဒေါက်မြို့မှာလည်း စစ်တောင်းမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ပေဝက်ခန့် ကျော်လွန်နေပြီး နောက်တရက်အတွင်း ၂ လက်မခန့် ကျဆင်းလာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် တောင်ငူမြို့နဲ့ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း ‌နေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာကို ရှောင်ရှားနိုင်ကြဖို့ မိုး/ဇလဌာနက သတိပေး နှိုးဆော်ထားပါတယ်။

image

imageimage

စဉ့်အုတ်စံကျောင်းတော်.....
ကုံလုံဆရာတော်ကြီး ရုပ်ကလာပ်တော်အား
ကိန်းဝပ်ပူဇော်ထားရှိ့ရာ စံကျောင်းတော်...

credit

image
28 w - Translate

၁၈၉၄ ခုနှစ် မတ်လမှာ နာမည်ကျော် စာရေးဆရာ မာ့ခ်တွိန်း (Mark Twain) ဟာ နယူးယောက်မြို့၊ ဟူစတန်လမ်း (Houston Street) မှာရှိတဲ့ နီကိုလာ တက်စ်လာ (Nikola Tesla) ရဲ့ ဓာတ်ခွဲခန်းကို သွားရောက်ခဲ့ပါတယ် တွိန်း နဲ့ တက်စ်လာတို့ဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ကြပြီး မကြာခဏဆိုသလို တွေ့ဆုံလေ့ရှိပါတယ် တွိန်းဟာ တက်စ်လာရဲ့ တီထွင်ဖန်တီးမှု နဲ့ စိတ်ကူးတွေကို အလွန်လေးစားသူဖြစ်ပါတယ်
တွိန်းဟာ တက်စ်လာရဲ့ ဓာတ်ခွဲခန်းကို လည်ပတ်စဉ်မှာ အဲဒီခေတ်အတွက် အလွန်ဆန်းသစ်တဲ့ စမ်းသပ်မှုတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ် အဓိကအနေနဲ့ တက်စ်လာဟာ သူတီထွင်ထားတဲ့ Tesla Coil လို့ခေါ်တဲ့ ကိရိယာကို အသုံးပြုပြီး လျှပ်စစ်ကို လေထဲကနေတစ်ဆင့် သွားလာစေဖို့ စမ်းသပ်နေတာကို တွိန်းက တွေ့မြင်ခဲ့ရပါတယ်
ဓာတ်ခွဲခန်းထဲမှာ ကြိုးမပါဘဲ လျှပ်စစ်ဓာတ်ကြောင့် မီးလင်းနေတဲ့ ဖန်ပြွန်ချောင်းတွေကို မြင်ခဲ့ရပါတယ် ဒါဟာ ခေတ်သစ် နီယွန်မီးချောင်းတွေရဲ့ ရှေ့ပြေးပုံစံလို့ ဆိုနိုင်ပါတယ်
ဒီတွေ့ဆုံမှုရဲ့ အထင်ရှားဆုံး မှတ်တမ်းကတော့ မာ့ခ်တွိန်း ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဓာတ်ပုံကြောင့်ဘဲဖြစ်ပါတယ် တွိန်း ဟာ မီးအိမ်တစ်ခုကို ကိုင်ထားပြီး အခြားဖန်ပြွန်မီးချောင်းတွေက ဘေးကနေ ဝန်းရံထားတဲ့ပုံကိုရိုက်ကူးခဲ့ပါတယ်
ဒီဓာတ်ပုံကဟာတီထွင်ဖန်တီးသူနဲ့ စာရေးဆရာတို့ရဲ့ ထူးခြားတဲ့ ဆက်သွယ်မှုကို ဖော်ညွှန်းနေပြီး နှစ်ဦးစလုံးဟာ မိမိတို့နယ်ပယ်မှာ ရှေ့ဆောင်လမ်းပြတွေအဖြစ် ရှိခဲ့ကြပါတယ် သူတို့ရဲ့ မတူညီတဲ့ စိတ်ကူးစိတ်သန်းတွေ ပေါင်းစပ်ခဲ့ပုံဟာ သမိုင်းရဲ့ အံ့ဩစရာကောင်းတဲ့ မှတ်တမ်းတစ်ခုအဖြစ် ကျန်ရှိနေခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image

လေပြေလေး တခုမျှသာ 😑

image
28 w - Translate

သဘာဝလွန် စိတ်ကူးယဥ် ဟာသလေးတွေကို နှစ်သက်တဲ့သူတွေအတွက် ကာတွန်းကားကောင်းလေး💜
O-h M-y Sch-ool! (2023) #fblink
ကျောင်းမှာ အဆိုးဆုံးအတန်းလို့နာမည်ကြီးတဲ့အတန်းကအဆိုးဆုံးကျောင်းသားလေးဝမ်ချန်… အမြဲတမ်းကျောင်းလစ်ပြီးအင်တာနက်ကဖေးမှာသူငယ်ချင်းတွေနဲ့ဂိမ်းသွားဆော့တတ်တဲ့ကောင်လေး….ဆရာမ ရှီးမြောင်နာ့ကတော့ စည်းကမ်းတင်းကြပ်လွန်းပြီးထူးချွန်ဆရာရွေးချယ်တဲ့ သရုပ်ပြသင်ကြားရေးအတန်းရဲ့ဆုကိုအရမ်းလိုချင်လို့ကြိုးစားနေသူဆရာမတစ်ယောက်…ဆိုးသွမ်းတဲ့ ဝမ်ချန်တို့အဖွဲ့နဲ့ ဆရာမရှီးကတော့အမြဲ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။
တစ်နေ့ သူတို့နှစ်ယောက်ကြားပဋိပက္ခဖြစ်ရင်း အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်ချင်းလဲလှယ်သွားခဲ့ရတယ်….ခန္ဓာကိုယ်လဲသွားခဲ့တဲ့ ဆရာမနဲ့ကျောင်းသား ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ…ဆန့်ကျင်ဘက်လူသားနှစ်ယောက်အချင်းချင်း နားလည်မှုတွေရသွားနိုင်မလား…ခန္ဓာကိုယ်လဲသွားလို့ဖြစ်လာတဲ့ပြသာနာတွေကိုရော ဘယ်လိုရင်ဆိုင်မလဲ…ခန္ဓာကိုယ်ရော ပြန်လဲနိုင်ပါ့မလား..ဆိုတာကိုတော့ ဇာတ်လမ်းကို ကြည့်ရှုခံစားပေးကြပါဦးနော်….

Credit to owner

image
28 w - Translate

အချစ်နဲ့စေတနာကို
လူမှားပေးမိတဲ့အဖြစ်က
ကိုယ့်သေတွင်းကိုယ်
တူးမိတာနဲ့
အတူတူပါပဲ
လူပဲ မသေခဲ့တာပါ
စိတ်တွေတော့ အကြိမ်ကြိမ်သေပါတယ်
#credit

28 w - Translate

မပျော်ဘူး အိမ်ထောင်ပြုချင်တယ် ..

image
28 w - Translate

တစ်ဖက်က စိတ်ခုအောင်လုပ်ရင်
ဘာမှဆက်မပြောတော့ပဲ
တိတ်ဆိတ်သွားတတ်တဲ့အကျင့်တစ်ခု ကျွန်မမှာရှိတယ်။

ဘဝမှာ မုန်းတဲ့လူရယ်လို သက်သက်မရှိပေမယ့်...
ဘဝမှာ မပတ်သက်ချင်တဲ့လူတွေတော့ ရှိတယ်။

တစ်ဖက်လူအပေါ်ဘယ်လောက်ပဲကောင်းပြနေပါစေ...
အကြောင်းတွေသိတော့
တချိုစိတ်ဓာတ်လေးတွေကို ရွံမုန်းမိတယ်။

သူတိုဆက်ဆံတဲ့အတိုင်း
ပြန်ဆက်ဆံတော့
ပြန်ပြုံးပြနိုင်သူက ရှားတယ်လေ။

ဒါကြောင့်
တချိုကိုစိတ်ရင်းနဲ့ပေါင်းတယ်။
တချိုကိုကျတော့ အပေါ်ယံပဲပေါင်းတော့တယ်။

image

တိမ်ပင်လယ်ကို လွမ်း​နေသူများအတွက် Cloudy Villa ​နောင်ချိုတိမ်ပင််လယ် သီတင်းကျွတ်လပြည့်နေ့ ၆-၁၀-၂၅ တွင် စတင်ဖွင့်လှစ်မယ် 🤗
တိမ်​တွေ​နေတဲ့ အရပ်ဆီကို သွားမည့်သူများအတွက် လက်ရှိ လမ်းခရီးအ​ခြေအ​နေ
လက်ရှိ အနေအထား အရ နောင်ချိုမြို့ဝန်းကျင်မှာတော့ တိုက်ပွဲအခြေအနေ အေးချမ်းသွားပြီ ဟု ဆိုရမလိုပါ။
လမ်း မှာတော့ ပြင်ဦးလွင် Xray ဂိတ် ၊ လွန်းကျော်ဂိတ် ၊ နောင်ချိုမြို့အဝင်များမှာတော့ စာရင်းပေး စစ်ဆေးမှုရှိပါတယ်။
လမ်းရွာတွေလည်း ပြန်လာကြပြီမို့ …
လာရှိုးလမ်းမကြီးဟာလည်း အသွားအလာများ မပြတ်ရှိပါတယ်။
သတိပြုသင့်တဲ့ အချက်
မြို့ဝင် မြို့ထွက် များသည် နောက်ဆုံးအချိန် ည(၆)နာရီထိသာ ဖြတ်သန်းသွားလာလို့ရတာမို့
နောင်ချိုတိမ်ပင်လယ် လာမယ်ဆိုရင် ပြင်ဦးလွင် မှ ညနေ (၄)နာရီ နောက်ဆုံးထားလာစေချင်ပါတယ်​။
နောင်ချိုတ်ိမ်ပင်လယ် ဖွင့်ခါနီးမှ တိမ်ပင်လယ်လာရာ လမ်းခရီးအခြေအနေများကို ရေးပေးမယ်လို့ သိရပါတယ်။
#သွားမယ်&တည်းမယ်
#myanmartravel

image