လားရှိုးကို အစိုးရက ပြန်ထိန်းချုပ်ပြီး​နောက် ပထမဆုံးအကြိမ် အမျိုးသမီးတဦး သေနတ်ပစ်ခတ်ခံရပြီး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ သိန္နီလမ်းပေါ်မှာ နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းအချိန်က အမျိုးသမီးတဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဒဏ်ရာရသွား တယ်လို့ လားရှိုးမြို့ခံတွေဆီကနေ သိရပါတယ်။
ဆိုင်ကယ်မောင်းနေတဲ့ အမျိုးသမီးကို သေနတ်နဲ့ သုံးချက် ပစ်ခတ်သွား တာဖြစ်ပြီး လက်မှာ ထိခိုက်သွားတယ်လို့ လားရှိုးမြို့ခံတယောက်က ပြောပါတယ်။
“ငါးနာရီလောက်က ဖြစ်တာ၊ ညနေပိုင်း မိုးတအားမချုပ်ခင် ဖြစ်တာ။ ငွေကြေးကိစ္စနဲ့ ဆက်စပ်တယ်လို့ ပြောတာပဲ။ သူ့ကိုပဲ ရွေးပစ်သွားတာ”
သေနတ်ပစ်ခတ်ခံရတဲ့ အမျိုးသမီးကို ပရဟိတအဖွဲ့အကူအညီနဲ့ လားရှိုးဆေးရုံကို ပို့ပေးခဲ့တယ်လို့ အခင်းဖြစ်နေရာအနီးမှာရှိခဲ့တဲ့ လားရှိုးမြို့ခံ တွေဆီကနေ သိရပါတယ်။
“ရဲတွေ ရောက်လာပြီး စစ်ဆေးတာတော့ တွေ့ရတယ်။ အန်တီကြီးက အသက် ၅၀ ကျော်လောက် ရှိပြီ” လို့ လားရှိုးမြို့ခံတယောက်က ပြောပါ တယ်။
အခုလ ၂၄ ရက်နေ့ ညပိုင်းကလည်း လားရှိုးမြို့ ရပ်ကွက် (၁) ထင်းရှုးတောင် မှာ သေနတ်ပစ်ခတ်သံတွေ ကြားရလို့ ထိတ်လန့်ခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့ကို အစိုးရက ပြန်အုပ်ချုပ်ပြီးနောက်ပိုင်း မြို့တွင်းမှာ ပစ်ခတ်မှုတွေ ဖြစ်တာ ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပေမယ့် လားရှိုးမြို့ပေါ်မှာတော့ ပုံမှန်အတိုင်း ရောင်းဝယ်၊ သွားလာမှုတွေ ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

image