ပခုက္ကူ၊ မြိုင်နဲ့ ရေစကြိုမှာ ကျေးရွာ ၁၁ ရွာထက်မနည်း စစ်ဘေး တိမ်းရှောင်နေရ

စက်တင်ဘာ ၂၄

မကွေးတိုင်းအတွင်းက ပခုက္ကူ၊ မြိုင်နဲ့ ရေစကြိုမြို့နယ်တွေမှာ နလအတပ်တွေရဲ့ စစ်ကြောင်းထိုးတာကြောင့် ကျေးရွာ ၁၁ ရွာထက်မနည်း စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

ပခုက္ကူ တပ်မ (၁၀၁) ကတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့၊ မနက်ပိုင်းမှ စတင်ကာ အဲဒီ မြို့နယ်တွေအစပ်က ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ပခုက္ကူမြို့နယ်က မြောက်လူးကန်၊ မကြီးကန်၊ ကိုင်းရွာ၊ မြိုင်မြို့နယ်က ကျောက်ဖူး၊ ဝက်ကျ၊ နှောပင်၊ ကင်းရွာနဲ့ ရေစကြိုမြို့နယ်က ကွမ်းသီးကန်၊ ကျောက်ထပ်ရွာတွေ အပါအဝင် ကျေးရွာ ၁၁ ရွာထက်မနည်းက ဒေသခံ ၈၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“လက်နက်ကြီး ပစ်ခတ်တာတွေလည်း ရှိနေတယ်။ နောက်တချက် လေကြောင်းရန်ကလည်း စိတ်မချရတဲ့ အခြေအနေ။ ဒါကြောင့် ဒေသခံတွေ မနေရဲကြတာ။ တချို့ကတော့ စက်တင်ဘာ ၂၂ ရက်နေ့၊ မနက်ပိုင်းကတည်းက ရှောင်သွားကြတာ။ တချို့ကတော့ အဲဒီနေ့ ညဘက်နဲ့ နောက်တနေ့ စက်တင်ဘာ ၂၃ ရက်၊ မနက်ပိုင်းမှာ ရှောင်ကြတယ်။ ရှောင်ကြတာကတော့ နီးစပ်ရာ တောတောင်တွေထဲကိုပါ” လို့ ကူညီ‌ပေးနေသူက ပြောပါတယ်။

မနေ့ စက်တင်ဘာ ၂၃ ရက်၊ မွန်းလွဲ ၃ နာရီကျော်ဝန်းကျင်ကလည်း မြိုင်မြို့နယ် အရှေ့တောင်ခြမ်း၊ နှောပင်ရွာရဲ့ အရှေ့တောင်ဘက် တောဘုန်းကြီးကျောင်း အနီးမှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။

“ပခုက္ကူ တပ်မ (၁၀၁) ကနေ Paramotor နှစ်စီးနဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။ မွန်းလွဲ ၃ နာရီ၊ ၁၁ မိနစ်လောက်မှာ တကြိမ်၊ ၃ နာရီ ၁၅ မိနစ်လောက်မှာ တကြိမ်ပါ။ လူအထိအခိုက်တော့ မရှိပါဘူး” လို့ သူက ပြောပါတယ်။

ဒါအပြင် ဒီကနေ့ စက်တင်ဘာ ၂၄ ရက်၊ မနက်အစောပိုင်း ၁၂ နာရီ ၅၂ မိနစ်ဝန်းကျင်မှာလည်း ပခုက္ကူမြို့နယ်၊ အင်ပင်ရွာမှာ ရောက်ရှိနေတဲ့ နလအစစ်ကြောင်းဟာ အဲဒီရွာကနေ အနောက်ဘက်ကို ဆက်လက် ထွက်ခွာလျက်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ရေးတင်းမာနေမှု အခြေအနေတွေအရ မြိုင်မြို့နယ်၊ ကင်းရွာ - ပခုက္ကူလမ်းပိုင်းကို ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက မနေ့ စက်တင်ဘာ ၂၃ ရက်မှ စတင်ကာ ရက်အကန့်အသတ်မရှိ ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်တယ်လို့ ကြေညာထားပြီး ပြည်သူတွေအနေနဲ့ အကြောင်းမကြားဘဲ၊ ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်း သွားလာခြင်းတွေကို မပြုလုပ်ကြဖို့ အသိပေးထားပါတယ်။

ဒါအပြင် မကွေးတိုင်းအတွင်းက ငဖဲမြို့နယ်မှာလည်း နလအတပ်နဲ့ AA တပ်တွေကြား တိုက်ပွဲဖြစ်ပွားနေပြီး မနေ့ စက်တင်ဘာ ၂၃ ရက်၊ မနက် ၁၁ နာရီဝန်းကျင်မှာ အဲဒီမြို့နယ်ရှိ နတ်ရေကန် တောင်ကြောတဝိုက်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“တိုက်လေယာဥ် တစီး၊ Y-12 လေယာဥ် တစီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ လူထိခိုက်၊ ဒဏ်ရာရအခြေ‌အနေကတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပါ။ နတ်ရေကန်တောင်မှာ နလအတပ်ရဲ့ ဗျူဟာစခန်းကြီးရှိတယ်လေ။ ဒါကို AA က ထိုးစစ်ဆင်နေတဲ့အတွက် နလအဘက်က လေကြောင်းကရော၊ မြေပြင်ကပါ ခုခံကာကွယ်နေတာ” လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီ နတ်ရေကန်စခန်းဟာ ရခိုင်နဲ့ မကွေးကို ချိတ်ဆက်ထားတဲ့ အမ်း - မင်းဘူး လမ်းပေါ်မှာတည်ရှိပြီး နှစ်ဖက်လုံးအတွက် စစ်ရေးအရ အရေးပါတဲ့နေရာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ရေး အခြေအနေတွေကြောင့် ငဖဲမြို့နယ်က ဘုံးဘော၊ စရံ၊ ပဘွေး၊ စွန်တက်၊ လင်းဒဲ၊ ဝက်စားကျင်း၊ ပဇီ၊ လိုင်ရွာ၊ နောင်ရွာ၊ တင်ပြင်း၊ ပဘဲ၊ ဝန်ရွာ၊ ဇင်ပြွန်း၊ မကျီးကုန်း စတဲ့ ကျေးရွာတွေက ဒေသခံ သုံးထောင်နီးပါး စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒါအပြင် အဲဒီ မကွေးတိုင်းအတွင်းမှာပဲ အထက်မင်းလှမြို့နယ်နဲ့ ပုသိမ် - မုံရွာ လမ်းပိုင်းမှာ နလအတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲ ဖြစ်ပွားနေပြီး ထိခိုက်သေဆုံးမှုတွေ များပြားလျက်ရှိတယ်လို့ သိရပါတယ်။

အထက်မင်းလှမြို့နယ်ဟာ နတ်ရေကန်တောင်ရဲ့ အောက်ဘက်မှာ တည်ရှိတာဖြစ်ပြီး ငဖဲမြို့နယ်ကတော့ နတ်ရေကန်တောင်ရဲ့ အပေါ်ဘက်မှာ တည်ရှိတာကြောင့် တိုက်ပွဲတွေ ဆက်စပ် ဖြစ်ပွားနေတာလို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

နလအတပ်ဟာ နတ်ရေကန်ဗျူဟာ၊ အမ်း - ပဒါန်းလမ်း အပါအဝင် ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီ၊ မကွေး၊ ပဲခူး စတဲ့ နယ်စပ်ဒေသတွေကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းပန်အခြေစိုက် စစ်‌ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၁၇) လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခြေမြန်တပ်ရင်း (ခမရ - ၅၂၀၊ ၅၆၉၊ ၅၇၄၊ ၅၇၅၊ ၅၇၇) နဲ့ ခြေလျင်တပ်ရင်း (ခလရ - ၂၉၅) တပ်ရင်းတွေကို အသုံးပြုပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Photo - CJ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image

◾️အာဖဂန်ကလေးတစ်ဦးနယူးဒေလီသို့လေယာဉ်ဘီးခန်းအတွင်းပုန်းအောင်းလိုက်ပါခဲ့
အသက် ၁၃ နှစ်အရွယ် အာဖဂန်ကလေးတစ်ဦးသည် Kam Air လေကြောင်းလိုင်း လေယာဉ်တစ်စီး၏ ဘီးခန်းအတွင်း ပုန်းအောင်းလိုက်ပါပြီး အာဂဖန်နစ္စတန်မြို့တော် ကဘူးလ်မြို့မှ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီသို့ လိုက်ပါခဲ့ကြောင်း သိရသည်။
ယမန်နေ့က ဒေလီနိုင်ငံတကာလေဆိပ်တွင် လေယာဉ်ဆင်းသက်ပြီးနောက် ၎င်းအား လေဆိပ်အတွင်း လျှောက်သွားနေသည်ကို တွေ့ရှိခဲ့ရကြောင်းအရာရှိများက ပြောကြားကြသည်။
လေယာဉ်ကွင်းအတွင်း တစ်ဦးတည်း ဦးတည်ရာမဲ့ လျှောက်သွားနေခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ၎င်းအား ခေါ်ယူစစ်ဆေးခဲ့သည်။
စူးစမ်းလေ့လာလိုသော စိတ်ကြောင့် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက အာဏာပိုင်များကို ပြောကြားခဲ့သည်။
ခရီးသည်တင်လေယာဉ်၏ အဆင်းဂီယာထားရှိသော အခန်းလေးထဲတွင် ပုန်းအောင်း၍လိုက်ပါခဲ့သည်ဟု ယင်းကလေးက အာဏာပိုင်များအား ပြောကြားခဲ့သည်ဟု ဆိုသည်။
လုံခြုံရေးအရ စစ်ဆေးချိန်တွင်လည်း အဆင်းဂီယာထားရှိသော အခန်းအတွင်းမှ အနီရောင် စပီကာငယ်လေးတစ်လုံးကို ဝန်ထမ်းများက တွေ့ရှိခဲ့သည်။
၎င်းက အီရန်သို့ သွားရောက်ချင်ခဲ့ကြောင်း နှင့်လိုက်ပါခဲ့သော လေယာဉ်မှာ နယူးဒေလီသို့ သွားရောက်မည်ကို မသိရှိခဲ့ကြောင်း အိန္ဒိယအိတ်စပရက်စ် သတင်းစာက ဆိုသည်။
၎င်းက ကဘူးလ်လေဆိပ်ထဲသို့ ခိုးဝင်ပြီး ခရီးသည်များနှင့်အတူ ရောယောင်လိုက်ပါခဲ့ကာ လေယာဉ်အဆင်းဂီယာ( ဘီး ထားရှိသည့်)အခန်းငယ်ထဲသို့ ဝင်ရောက်ပုန်းအောင်းနေခဲ့ပြီး ၎င်းနှင့်အတူ အနီ‌ရောင်စပီကာလေးသာ ပါရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါသတင်းစာက ဆိုသည်။
၎င်းအား အိန္ဒိယလုံခြုံရေး အရာရှိများက ထိန်းသိမ်းခဲ့ကာ နာရီပေါင်းများစွာ မေးမြန်းစစ်ဆေးပြီးနောက် အဆိုပါ လေယာဉ်ခရီးစဉ်ဖြင့်ပင် ကဘူးလ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြသည်။
ထိုကဲ့သို့ လေယာဉ်အဆင်းဂီယာခန်းအတွင်း ခိုးကြောင်ခိုးဝှက်လိုက်ပါ၍ ဥရောပနှင့် အမေရိကန်သို့ လိုက်ပါခဲ့မှုများ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော်လည်း အသက်ရှင်ကျန်ရစ်သူ အလွန်နည်းပါးကြောင်း သိရသည်။
ထိုကဲ့သို့ လေယာဉ်ခရီးစဉ်များကို အသက်ရှင်လျက် လိုက်ပါနိုင်ခဲ့ပါကလည်း ၎င်းတို့မှာ သတိမေ့မြောနေတတ်ပြီး လေယာဉ်က အဆင်းဂီယာကို ချလိုက်ချိန်၌ ပြုတ်ကျပြီးသေဆုံးနိုင်သည့် အန္တရာယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားကြသည်။
၂၀၂၂ ခုနှစ်ကလည်း လေယာဉ်အဆင်းဂီယာခန်းအတွင်း လိုက်ပါခဲ့သည့် အသက် ၂၂ နှစ်အရွယ် ကင်ညာအမျိုးသားတစ်ဦးအား အမ်စတာဒမ်လေဆိပ်၌ အသက်ရှင်လျက်တွေ့ရှိခဲ့ကြသည်။
သတင်း-ရဲမင်း
ကိုးကား-BBC
#နိုင်ငံတကာသတင်း

image
17 ပတ် - ဘာသာပြန်ပါ။

◾️အမျိုးသမီးငယ်များကိုတရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ရန် ပစ်မှတ်ထားစည်းရုံးသိမ်းသွင်းမှုများရှိလာ
တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ရန် အသက်မပြည့်သေးသည့်အမျိုးသမီးငယ်များကို ပစ်မှတ်ထား စည်းရုံးသိမ်းသွင်းမှုများရှိလာကြောင်း ယခုနှစ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် သတင်းများအရသိရသည်။
အသက်မပြည့်သေးသည့်အမျိုးသမီးငယ်များကို ၎င်းတို့နှင့်နီးစပ်သူများမှ တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကြေးအမြောက်အမြားရမည်ဟုစည်းရုံးကာ လူကုန်ကူးရန်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနက် အငယ်ဆုံးမှာ အသက်(၁၃) နှစ်ဖြစ်ပြီး အကြီးဆုံးမှာအသက်(၂၀)အရွယ် မိန်းက‌လေးများ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီလိုမျိုးဖမ်းမိတဲ့သတင်းတွေခဏခဏဖတ်ရသလို လူမသိလိုက်ဘဲရောင်းစားခံရတဲ့မိန်းကလေးတွေ လည်း အများကြီးရှိမှာပါပဲ။ ဒီလိုဖြစ်ရပ်တွေ ထပ်မဖြစ်ရအောင် ကလေးတွေကိုနားလည်အောင်ရှင်းပြ ပြောပြသင့်သလို သက်ဆိုင်ရာကလည်း ဒီထက်ပိုထိထိရောက်ရောက်အရေးယူနိုင်ရင် အကောင်းဆုံး ပေါ့ ” ဟု ရန်ကုန်မြို့မှကလေးမိဘတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ယမန်နေ့(စက်တင်ဘာ ၂၂ ရက်) ထုတ်နိုင်ငံပိုင်သတင်းစာတွင်လည်း ကျောက်တံတားမြို့နယ်နေ အသက်(၂၀)နှစ်ရှိအမျိုးသမီးအား တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ပါက ငွေကျပ် သိန်း ၅၀ ရမည်ဖြစ်ပြီး စရိတ်ကုန်ကျခံ၍ ပို့ဆောင်ပေးမည်ဟု မခင်လှရီ (ခ) မရှည်ကစည်းရုံးပြောဆို ကာ မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် နေထိုင်စေခဲ့ကြောင်းဖော်ပြထားသည်။
လှိုင်သာယာမြို့နယ်၊ ရွှေဥက္ကံရပ်ကွက်နေမသဲအိကျော်(ခ) သဲသဲသည် တစ်ရပ်ကွက်တည်း နေထိုင်သူ အသက် (၁၇)နှစ်အရွယ်ရှိအမျိုးသမီးအား တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ရန် စည်းရုံးပြောဆိုပြီး တည်းခိုခန်းသို့လာရောက်ပို့ဆောင်ခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။
အဆိုပါအမျိုးသမီးငယ်နှစ်ဦးကို တရုတ်နိုင်ငံသို့ပို့ဆောင်ရန်ခေါ်ဆောင်လာစဉ် မန္တလေးမြို့၌ဖမ်းဆီးရမိ ပြီး လူကုန်ကူးရန်စီစဉ်သူ မခင်လှရီနှင့်အမျိုးသားတစ်ဦးအား အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ချမှတ် လိုက်ကြောင်းသိရသည်။
တရုတ်ဇနီးမယားအဖြစ်ရောင်းစား၍ လူကုန်ကူးရန်ကြံစည်ဆောင်ရွက်သူများထဲတွင်လည်း အသက် မပြည့်သေးသူများပါဝင်နေပြီး ၎င်းတို့အား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၈၈ (ဂ) အရ အမှုတစ်မှုချင်းစီအတွက် အလုပ်မဲ့ထောင်ဒဏ်သုံးနှစ်စီချမှတ်ထားပြီး ကျန်တရားခံများ အား လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေ ပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရအလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ စီချမှတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်စာရင်းများအရသိရသည်။
ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က မြန်မာနိုင်ငံမှအမျိုးသမီးများအား ဇနီးမယားအဖြစ်တရုတ် နိုင်ငံသို့ လူကုန်ကူးရောင်းစားခံရမှုသည် စိုးရိမ်စရာအခြေအနေရှိနေကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်ကထုတ်ပြန်သည့် Sold To China အမည်ရှိအစီရင်ခံစာတွင် ဖော်ပြထားသည်။
ပုံစာ - ယခုနှစ်မေလအတွင်းလူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည့် ဒလမြို့နယ်ရှိ အသက်(၁၃)နှစ်နှင့် အသက်(၁၆) နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးကို တရုတ်အမျိုးသားနှင့်လက်ထပ်ပါက ရွှေထည်ပစ္စည်းများဆင်ပေးပြီး ငွေကြေးဖြင့်တင်တောင်းမည်ဟု ပြောဆိုစည်းရုံးသည့်ရုပ်သံဖိုင်မှ ။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း

image
17 ပတ် - ဘာသာပြန်ပါ။

◾️ဦးနုဒေါ်မြရီဖောင်ဒေးရှင်း၌ ခြေတုလက်တုတပ်ဆင်ရန် စာရင်းပေးသွင်းသူ ၃၀၀ ဦးကျော်ရှိ
ဦးနုဒေါ်မြရီဖောင်ဒေးရှင်း၏ စတုတ္တအကြိမ်မြောက် ခြေတုလက်တုအခမဲ့တပ်ဆင်မည့်အစီအစဉ်တွင် စာရင်းပေးသွင်းသူ ၃၀၀ ကျော်ရှိပြီဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းထံမှသိရသည်။
ခြေတုလက်တုအခမဲ့တပ်ဆင်မည့်အစီအစဉ်အား နှစ်စဉ်ပြုလုပ်လျက်ရှိသည့် အောက်တိုဘာ ၂ ရက်၊ နံနက် ၁၀ နာရီတွင်ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ "ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက်” ၌ပြုလုပ်မည်ဖြစ်ကြောင်း၊ ဖွင့်ပွဲပြုလုပ်သည့်နေ့မှ စတင်ကာ တစ်ရက်လျှင် ၁၂ ဦးနှုန်းဖြင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
"သတ်မှတ်ထားတာကတော့ လူဦးရေ ၃၀၀ ပေါ့။ ဒါပေမယ့် စာရင်းအရဆို ၃၀၀ ကျော်သွားပြီ။ နောက်ပိုင်းလူတွေက break လုပ်ရတာပေါ့။ စိတ်တော့မရှိပါနဲ့ မလာတဲ့လူရှိရင် လူစားထိုးလို့ရ ထိုးပေးပါ့မယ်လို့ပြောထားရတယ် " ဟု ဦးနုဒေါ်မြရီဖောင်ဒေးရှင်းမှ အတွင်းရေးမှူးဦးစိုးလွင်က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
၎င်းတို့အနက် ခြေတုလက်တုလာရောက်တပ်ဆင်သူ လူနာအသစ်များသာမက ယခင်တပ်ဆင်ဖူးပြီး အရွယ်အစားပြင်ဆင်လိုသူများ၊ ခြေတုလက်တုပျက်စီးသူများလည်းပါဝင်ကြောင်းသိရသည်။
စာရင်းပေးသွင်းသူများထဲတွင် အများဆုံးမှာ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှဖြစ်ကြောင်း၊ အသက်အရွယ်အပိုင်းအခြားအနေဖြင့် ၄၀ ကျော်မှစ၍ ၇၀ ကျော်အထိ အများဆုံးလာရောက်ပြသပြီး ယခုစတုတ္တအကြိမ်တွင် အသက်အငယ်ဆုံးအဖြစ် ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးလည်းပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
နယ်ဝေးမှလာရောက်သူလူနာများအတွက်လည်း ရန်ကုန်မြို့တွင် တည်းခိုရန်နေရာမရှိပါက အဆိုပါ "ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်” တွင်နေထိုင်တည်းခိုရန်သာမက မနက်စာနှင့်ညနေစာပါအခမဲ့ တာဝန်ယူပေးထားကြောင်းသိရသည်။
"ဆရာတော်ကြီးကသုံးထပ်အဆောင်မှာ မွေ့ယာ၊ခေါင်းအုံးကအစ လူ ၂၀ စာ အသစ်ဝယ်ပေးထား တယ်။ ကျွန်တော်တို့ကနယ်ကလူတွေကိုတည်းစရာရှိလားမေးတယ်။ မရှိတဲ့လူကများပါတယ်။ မနက်ဖြန်လိုတပ်ရမယ်ဆို တစ်ရက်ကြိုလာနေဖို့ရော စားဖို့ရော ဘာမှမပူနဲ့။ ကျွန်တော်တို့တာဝန်ယူ တယ်။ ရောက်တာနဲ့လူနာတင်မကဘူး။ လူနာနဲ့ပါတဲ့လူတွေကိုပါ မနက်စာ ထမင်းကျွေးတယ်။‌ နေ့လယ်ဆို ကော်ဖီနဲ့မုန့်ကျွေးတယ်။ ညအိပ်တဲ့လူတွေကိုလည်း ညစာထမင်းကျွေးတယ်။ သူကဒူးအောက်ကလူဆို နေ့ချင်းပြီးတယ်လေ။ ခြေထောက်စွပ်တာ လေ့ကျင့်ခန်းလုပ်တာပြီးပြီဆို ရန်ကုန်ကလူကတော့ပြန်ပေါ့လေ။ နယ်ကလူကတော့ကျန်ခဲ့တာပေါ့။ ပေါင်သမားကျ ချက်ချင်းလမ်း လျှောက်လို့မရဘူး‌" ဟုဦးစိုးလွင်ကဆိုသည်။
အခမဲ့ခြေတုလက်တုတပ်ဆင်ခြင်းကို အိန္ဒိယနိုင်ငံအစိုးရ၏ကူညီမှုဖြင့်အိန္ဒိယနိုင်ငံရှိ BMVSS (JAIPUR FOOT) မှပညာရှင်များနှင့် ဦးနုဒေါ်မြရီဖောင်ဒေးရှင်းတို့မှပူးပေါင်းကာ ၂၀၁၇ ခုနှစ်မှစတင်၍ ၂၀၁၉ ခုနှစ်အထိနှစ်စဉ်အခမဲ့တပ်ဆင်ပေးခဲ့ကြောင်း၊ ကိုဗစ်စတင်ဖြစ်ပွားချိန်တွင် ရပ်နားခဲ့ရာမှ ယခုနှစ်တွင် စတုတ္တအကြိမ်အဖြစ်ပြန်လည်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ- U Nu Daw Mya Yi Foundation
#ပြည်တွင်းသတင်း

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရောဂါသုံးမျိုး တိုက်ဖျက်ရေး ကမ္ဘာ့ရန်ပုံငွေအတွက် ဒေါ်လာတစ်ဘီလီယံနီးပါး ဘီလ်ဂိတ်စ် လှူဒါန်းမည်
အမေရိကန်ပြည်ထောင်စု အခြေစိုက် ဂိတ်စ်ဖောင်ဒေးရှင်းသည် အေအိုင်ဒီအက်စ်၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက် ရေးဆိုင်ရာ ကမ္ဘာ့ရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါး ထည့်ဝင်လှူဒါန်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
ဂိတ်စ်ဖောင်ဒေးရှင်းအနေဖြင့် အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ် ငန်းများဆိုင်ရာ ကမ္ဘာ့ရန်ပုံငွေ အတွက် အမေရိကန်ဒေါ်လာ ၉၁၂ သန်း ထည့်ဝင်လှူဒါန်းမည်ဖြစ် ကြောင်း အမေရိကန်ပရဟိတသမား မိုက်ခရိုဆော့ဖ်ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်က စက်တင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။
ယင်းအပြင် နိုင်ငံတကာကျန်းမာရေးရန်ပုံငွေများ လျှော့ချဖြတ် တောက်မှုများကို ရပ်တန့်ကြရန်လည်း ဘီလ်ဂိတ်က ကမ္ဘာ့အစိုးရများကို တိုက်တွန်းထားသည်။
ကျန်းမာရေးရန်ပုံငွေများ သိသိသာသာကျဆင်းခဲ့မည်ဆိုလျှင် ကမ္ဘာတစ်ဝန်းရှိ ကလေးသန်းပေါင်းများစွာတို့ သေခြင်းတရားနှင့် ဆောလျင်စွာ ရင်ဆိုင်ရနိုင်ကြောင်း ဘီလ်ဂိတ်က သတိပေးခဲ့သည်။
ဘီလ်ဂိတ်၏ အဆိုအရ နိုင်ဂျီး ရီးယားမြောက်ပိုင်းတွင် မွေးဖွားလာ သည့် ကလေးများမှာ အသက် ငါးနှစ် မပြည့်မီ အသက်ဆုံးပါးနိုင်ခြေ ၁၅ ရာ ခိုင်နှုန်းထိမြင့်တက်နေခဲ့ကြောင်း သိရသည်။
အမေရိကန်ဘီလီယံနာ သူကြွယ်ကြီး ဘီလ်ဂိတ်သည် ၎င်း၏ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာဘီလီယံ ၂ဝဝ နီးပါးစလုံးကို ၂ဝ၄၅ ခုနှစ် အရောက်အထိ နိုင်ငံတကာပရဟိတလုပ်ငန်းများအတွက် အပြီးအပြတ်လှူဒါန်းမည်ဖြစ်ကြောင်း ယခုအစပိုင်း တွင် ကတိပေးထားသည်။
နိုင်ငံတကာသုတေသနအဖွဲ့အစည်းများ၏ အဆိုအရ၂ဝ၂၄ ခုနှစ် နှင့် ၂ဝ၂၅ ခုနှစ် အကြားတွင် နိုင်ငံတကာ ဖွံ့ဖြိုးရေးရန်ပုံငွေ ပမာဏမှာ ၁၅ နှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့ရကြောင်း သိရသည်။
ရိုက်တာ

image
17 ပတ် - ဘာသာပြန်ပါ။

Mama Tom Yum သုတ်
Credit..#

image
17 ပတ် - ဘာသာပြန်ပါ။

Mama Tom Yum သုတ်
Credit..#

image
17 ပတ် - ဘာသာပြန်ပါ။

Mama Tom Yum သုတ်
Credit..#

image
17 ပတ် - ဘာသာပြန်ပါ။

Mama Tom Yum သုတ်
Credit..#

image
17 ပတ် - ဘာသာပြန်ပါ။

Mama Tom Yum သုတ်
Credit..#

image