Tyrell Malacia အတွက် နိုင်ငံတကာပွဲစဉ်များအပြီးမှာ အပြောင်းအရွေ့အတွက် အဓိက စဉ်းစားနိုင်ဖို့ အခုလက်ရှိ Transfer market ဖွင့်လှစ်ထားတဲ့ နိုင်ငံများက ဆော်ဒီ နဲ့ တူရကီ လိဂ်များ ဖြစ်ကြောင်း သိရှိရပါတယ်။ Malacia က အယ်လ်ချီ အသင်း နဲ့ အပြောင်းအရွေ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်း ဆွေးနွေးမှုများ အဆင်မပြေခဲ့လို့ အပြောင်းအရွေ့ ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။
#mufc

image

လူအများစုဟာ သူတို့ရဲ့ သွေးကြောနံရံတွေမှာ အဆီတွေ တဖြည်းဖြည်းစုနေတာကို သတိမထားမိကြပါဘူး။ ဒါဟာ ရေပိုက်ထဲမှာ အမှိုက်တွေပိတ်နေသလိုပါပဲ။ တစ်ချိန်မှာ အဆီတွေများပြီး သွေးကြောပိတ်သွားတဲ့အခါ နှလုံးနဲ့ ဦးနှောက်သွေးကြောကျဉ်းရောဂါတွေကို ရုတ်တရက် ခံစားရနိုင်ပါတယ်။
ဒါပေမဲ့ စိတ်ပူစရာမလိုပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် သွေးကြောတွေကို သန့်ရှင်းအောင် ကူညီပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။
✅ သွေးကြောတွေကို သန့်စင်ပေးတဲ့ အစားအစာများ စားသုံးခြင်း
* ကြက်သွန်ဖြူ - ကိုလက်စထရောကို လျှော့ချပေးပြီး အဆီတွေ စုပုံတာကို ကာကွယ်ပေးပါတယ်။
* ခရမ်းချဉ်သီး - Lycopene ဓာတ်ပါဝင်လို့ သွေးကြောမာကျောတာကို တားဆီးပေးပါတယ်။
* ဘရိုကိုလီ - အမျှင်ဓာတ်များပြီး ခန္ဓာကိုယ်ထဲမှာ အဆီစုတာကို လျှော့ချပေးပါတယ်။
* ပန်းသီး - Pectin ဓာတ်က ကိုလက်စထရောကို ဖမ်းယူပြီး ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားပေးပါတယ်။
* လိမ္မော်သီး/ရှောက်သီး - ဗီတာမင် C ကြွယ်ဝလို့ ဓာတ်တိုးဆန့်ကျင်ပေးပြီး သွေးကြောရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။
* အမျိုးမျိုးသော ပဲအမျိုးအနွယ်ဝင်များ (ဗာဒံ၊ သစ်ကြားသီး) - နှလုံးအတွက် ကောင်းမွန်တဲ့ အဆီဓာတ်တွေ ပါဝင်ပါတယ်။
🚫 ရှောင်သင့်တဲ့ အစားအစာများ
ဒီအစားအစာတွေက သွေးကြောထဲကို "အမှိုက်အသစ်တွေ ထပ်ထည့်ပေးနေသလို" ဖြစ်စေပါတယ်။
* ဆီဟောင်း၊ အဆီများတဲ့ အကြော်အလှော်များ
* အဆီများတဲ့ အသားများ (ဝက်သုံးထပ်သား၊ ကြက်အရေခွံ)
* အသင့်စား အစားအစာများ၊ ကိတ်မုန့်၊ ခရင်မ်တွေ များတဲ့ မုန့်များ
* အချိုရည်များ၊ အရက်အလွန်အကျွံ သောက်သုံးခြင်း
🏃‍♀️ အားကစားလုပ်ခြင်း
* တစ်နေ့ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း/အပြေးလေ့ကျင့်ခြင်း - သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
* ရေကူးခြင်း/စက်ဘီးစီးခြင်း - နှလုံးနဲ့ အဆုတ်ကို သန်မာစေပါတယ်။
* ယောဂကျင့်ခြင်း/အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်း - စိတ်ဖိစီးမှုကို လျှော့ချပြီး သွေးကြောတွေကို ပိုမိုပြောင်းလွယ်ပြင်လွယ် ဖြစ်စေပါတယ်။
* ပေါ့ပါးတဲ့ အလေးမလေ့ကျင့်ခန်း - ကြွက်သားတွေကို သန်မာစေပြီး အဆီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။
💧 လွယ်ကူတဲ့ ဖြည့်စွက်နည်းလမ်းများ
* တစ်နေ့ကို ရေသန့် ၆-၈ ဖန်ခွက် သောက်သုံးခြင်း - သွေးကို မပျစ်စေပါဘူး။
* အိပ်ရေးဝအောင် အိပ်စက်ခြင်း - သွေးကြောတွေ ပြန်လည်ပြုပြင်ဖို့ အချိန်ပေးပါ။
* စိတ်ဖိစီးမှု လျှော့ချခြင်း - နာတာရှည် စိတ်ဖိစီးမှုဟာ နှလုံးရဲ့ အကြီးမားဆုံး ရန်သူပါ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေစားပြီး ရှောင်သင့်တာတွေကို ရှောင်မယ်၊ ပုံမှန် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် သွေးကြောထဲက အဆီတွေကို ရှင်းလင်းပေးမယ့် "အဖွဲ့ငယ်လေး" တစ်ဖွဲ့ရှိနေသလိုပါပဲ။ ဒါဟာ သင့်နှလုံးကို သန်မာစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့အတွက် နှလုံးနဲ့ သွေးကြောရောဂါတွေကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
#yoyocooking

image

ဗုဒ္ဓဘုရားရှင်၏ ဖြစ်စဉ်တော်များနှင့်တကွ သာဝကကြီး၊ သာဝကငယ် အသီးသီးတို့၏ အတ္ထုပ္ပတ္တိများ၊ သက်ဆိုင်သည့် အကြောင်းခြင်းရာများကို ညီတော်အာနန္ဒာက တစ်ဆင့် ပြောပြသော ပုံစံဖြင့် ဤစာအုပ်ကို
ရေးသားထားပါသည် ။
ဤသို့ ရေးသားရခြင်းမှာ ရတနာမြတ်သုံးပါးတို့ကို အနီးကပ် ဖူးမြင်၍ ကြည်ညိုနိုင်ကြရန် ဖြစ်ပါသည် ။ ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းဟု ဘောင်ခတ်ထားသည့်အတိုင်း ဤစာအုပ်တွင် ညီတော်အာနန္ဒာ၏ တစ်သက်တာ အတွေ့အကြုံများ ၊ ခံစားချက်များ နှင့်
ရှုမြင်သုံးသပ်ချက်များကို အဓိကထား၍ တင်ပြပါသည် ။
စာရှုသူတို့အား တစ်ခု အသိပေးလိုပါသည် ။ ဘုရားရှင်နှင့်တကွ သာဝကများ၏ ဖြစ်စဉ်များကို ဖော်ပြရာတွင် တရားသဘောများလည်း နေရာအနှံ့အပြားမှာ ပါဝင်နေကြပါသည် ။ ဘုရားရှင်နှင့်တကွ သာဝကကြီး အသီးသီးတို့ ဟောကြားခဲ့ ၊ ဆွေးနွေးခဲ့သော တရားသဘောများကို အကွက်ဆိုက်လျှင် ဆိုက်သလို ထည့်သွင်း၍ ရေးသားခဲ့ပါသည် ။ ထို့ကြောင့် တစ်သက်တာ မှတ်တမ်းသည် တစ်နည်းအားဖြင့် ဓမ္မမှတ်တမ်းလည်း ဖြစ်နေသည်ကို တွေ့ကြရပါလိမ့်မည် ။
စာရေးသူဘက်က တင်ပြရသော် ဤသို့ဖြစ်ရခြင်းမှာ သဘာဝကျသည်ဟု ဆိုရပါမည် ။ ဤကမ္ဘာ မြေပြင်၌ ဘုရားတစ်ဆူ ပွင့်တော်မူခြင်း ဟူသည်မှာ တရားသဘောများကို ဆရာမကူ ဉာဏ်တော်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းပင် ဖြစ်ပါသည် ။ ထို့နောက် လေးဆယ့်ငါးဝါတိုင်တိုင် သာသနာတော် ပြုတော်မူခဲ့ခြင်းမှာလည်း မိမိကိုယ်တိုင် သိမြင်ထားသော တရားသဘောတို့ကို ဆင့်ကူး ၊ ဆင့်ကမ်း ဉာဏ်လက်လှမ်း၍ ပေးတော်မူခြင်းသာ ဖြစ်ပါသည် ။ အရှင်သာရိပုတ္တရာ ၊ အရှင်မဟာမောဂ္ဂလာန် ၊ အရှင်မဟာကဿပ စသော သာဝကကြီးများသည် လှမ်းလင့်သော
ထိုလက်တော်ကို မိမိရရ ကိုင်ဆွဲကာ ဘုရားရှင်နှင့် အတူတကွ ခေမာသောင် တစ်ဖက်ကမ်းသို့ တက်လှမ်းတော်မူခဲ့ကြပါသည် ။
ဤသို့အားဖြင့် ဗုဒ္ဓသည် ဓမ္မနှင့် ဆက်စပ်နေပါသည် ။ ထို့အတူပင် သံဃာသည်လည်း ဓမ္မနှင့် မကင်းကွာပါ ။ ဓမ္မနှင့် မကင်းကွာသော သံဃာသည် ဗုဒ္ဓနှင့်လည်း အကြောင်းဆက်လျက်သာ ရှိပါသည် ။ အမှန်အားဖြင့် ဗုဒ္ဓ ၊ ဓမ္မ နှင့် သံဃာတို့သည် အတူတကွ တွဲဖက် သီကုံးထားသည့် ရတနာပုလဲလုံးများသာ ဖြစ်ကြပါသည် ။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ ၊ သံဃာတို့၏ ဖြစ်ရပ်ဇာတ်လမ်းများနှင့်အတူ တရားသဘောများ ပါဝင်နေခြင်း ဖြစ်ပါသည် ။
ဤသို့သော သဘောကို အခြေပြုကာ သံဃာတို့၏ ဖြစ်စဉ်များကိုလည်း ဗုဒ္ဓဖြစ်စဉ်တော်ထဲမှာ ဆိုင်ရာ ၊ ဆိုင်ရာက သွတ်သွင်း၍ ဆက်စပ်၍ ရေးသားလိုက်ပါသည် ။ ဗုဒ္ဓဖြစ်စဉ်တော်တည်းဟူသော ကျောရိုး နှင့် လိုက်လျောညီထွေ ဖြစ်စေရန် သံဃာ့ဖြစ်စဉ်များကို ရှေ့ပိုင်း ၊ နောက်ပိုင်း ခွဲခြား၍ နေရာချထားပေးပါသည် ။
သို့ရာတွင် အချို့ဖြစ်စဉ်များကို တစ်ခန်းတည်းနှင့် အပြည့်အစုံ ရေးသားရန် လိုအပ်သဖြင့် အချိန်ကာလ ခုန်ကျော်မှုများ ရှိလာရပါသည် ။
ဤမှတ်တမ်းကြီး၌ အခန်းပေါင်းများစွာ ဖွဲ့စည်းရာတွင် အချို့အခန်းများမှာ ပုဂ္ဂိုလ်တစ်ပါးချင်း၏ ဖြစ်စဉ်ကို အဓိကထားကာ ထိုဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဌာပနာသွင်း၍ ထားပါသည် ။
အချို့အခန်းများမှာမူ အကြောင်းအရာကို အဓိကထား၍ ထိုအကြောင်းအရာများထဲမှာ အကျုံးဝင်လာသော ပုဂ္ဂိုလ်များနှင့် ဖြစ်စဉ်များကို တစ်ပေါင်းတည်း စုစည်း၍ တင်ပြထားပါသည် ။
#ဝဏ္ဏသီရိ #ညီတော်အာနန္ဒာ၏တစ်သက်တာမှတ်တမ်း

image

သဗြူ သီးကို ထက်ခြမ်းခွဲပြီး အထဲမှ အဆံထုတ်ပါ
အပေါ်က ရင့်နေတဲ့ အစိမ်းရောင်အဖတ်ကို ဖယ်ပါ
အတွင်းသား ဖြူ နေတဲ့ အဖတ်ကလေးတွေကို
ပုံပါအတိုင် လေးစိတ်စိတ်ပြီးလျှင်
ငါးမိနှင့်ခန့် ရေထည့်ပြီးပြုတ်ပါ
ရေကို သွန်ပြီးလျှင် အဖတ်ကလေးတွေကို
ဇကာနှင့် စစ်ထားပါ
ပြီးလျှင် ငါး သို့/ ပုစွန်
ကြိုက်နှစ်သက်ရာ တစ်ခုခုကို
ငရုပ်သီးအနှစ် အနည်းငယ်နှင့် ရောပြီးဆီသတ်ပါ
ငရုပ်သီးညို လာလျှင် သဗြူ သီးပါ ရောပြီးဆီသတ်ပါ
ရေလိုသလောက်ထည့်ပြီး
သဗြူ သီးနူးပြီး အထဲမှ ငါးပုစွန်ကျက်လျှင်
ခံတွင်းကို ရှင်းစေသော သဗြူ သီးချဉ်ရေဟင်း
ရပါပြီရှင်။
#cty
Credit Cinthi Yar

image
6 w - Translate

NASA မှာ အရာဝတ္ထုတွေကို အနံ့ခံဖို့ သီးသန့်တာဝန်ယူထားတဲ့ ဝန်ထမ်းတစ်ဦး ရှိပါတယ် သူ့ကို တရားဝင်အားဖြင့် NASA Smell Specialist လို့ခေါ်ပြီး အာကာသထဲကို ပို့မယ့် ပစ္စည်းကိရိယာနဲ့ အရာဝတ္ထုတိုင်းကို အနံ့ခံ စစ်ဆေးရတာက သူ့ရဲ့ တာဝန်ဖြစ်ပါတယ်
ဘာကြောင့်လဲဆိုတော့ အာကာသယာဉ်လိုမျိုး ပိတ်ထားတဲ့နေရာမှာ ပြင်းထန်တဲ့ ဒါမှမဟုတ် မနှစ်မြို့ဖွယ် အနံ့အသက်တစ်ခုဟာ မခံမရပ်နိုင်အောင် ဖြစ်လာနိုင်ပြီး အန္တရာယ်တောင် ဖြစ်စေနိုင်လို့ပါ ပလတ်စတစ်ကနေ အထည်အလိပ်နဲ့ ကော်အမျိုးမျိုးအထိ အရာအားလုံးကို ကမ္ဘာမြေကနေ မထွက်ခွာခင်မှာ စစ်ဆေးမှုခံယူရပါတယ်
ဒီအလုပ်က ရယ်စရာကောင်းတယ်လို့ ထင်ရပေမဲ့ အင်မတန်မှ အရေးကြီးပါတယ် အာကာသယာဉ်မှူးတွေဟာ အချိန်အတော်ကြာအောင် ကျဉ်းမြောင်းတဲ့နေရာမှာ နေထိုင်ရတာဖြစ်လို့ အနံ့အသက်သေးသေးလေးတစ်ခုကတောင် သူတို့ရဲ့ သက်သောင့်သက်သာရှိမှု ဘေးကင်းလုံခြုံမှုနဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်
အနံ့စစ်ဆေးပြီးသား ပစ္စည်းတွေကိုသာ အာကာသယာဉ်ပေါ် တင်ဆောင်ခွင့်ပြုခြင်းအားဖြင့် NASA ဟာ အန္တရာယ်တွေကို လျှော့ချပေးပြီး အာကာသယာဉ်မှူးတွေဟာ သူတို့ရဲ့ မစ်ရှင်အပေါ် အာရုံစိုက်နိုင်အောင် ကူညီပေးပါတယ် ဒီလိုအလုပ်မျိုးဟာ လူအများစု သတိမထားမိဘဲ ထူးဆန်းပေမဲ့ အရေးပါတဲ့ အာကာသခရီးသွားလာမှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေထဲက တစ်ခုဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image
6 w - Translate

မမြဲခြင်းဆိုတာ တကယ်ရှိတယ်
အစရှိရင် အဆုံးဆိုတာ ရှိတယ် ။
ရှိခြင်းရှိရင် ပျက်ခြင်းရှိတယ် ။
ဘယ်အရာမှ မမြဲဘူးဆိုတဲ့ သဘောကို
အသိက လက်ခံပေးခဲ့ပေမယ့် ။
အရှိမှာတော့ မြဲမယ့်အထင်နဲ့
ခဏတာလေးပဲ ဖြစ်ဖြစ်ပေါ့... ။
ကြည်နူးချင်ခဲ့ ကြသလို
ပျော်ရွှင် နေတတ်ခဲ့ကြတယ် ။
အချိန်တွေဟာ...
မနေ့ကနဲ့ ဒီနေ့မတူတော့ပြန်ဘူး ။
ဒီလိုပါပဲ မနေ့ကနုပျိုခြင်းဟာ
ဒီနေ့ အိုမင်းခြင်းအတွက်ဖြစ်လာတယ် ။
မနေ့က ဆုံတွေ့မူ့ တွေဟာ
ဒီနေ့ ခွဲခွာရစေဖို့ အချိန်တွေနဲ့
ပိုပြီးတော့ နီးစပ်လာပြန်ခဲ့ပြီ... ။
ကိုယ့်ရဲ့ အသိစိတ်ကို
မသိစိတ်က အနိူင်ယူသွားတဲ့အခါ...
မမြဲခြင်းဆိုတာကို သတိမရတော့ဘူး ။
အရှိကို လက်မခံနိူင်ခြင်း ဟာလဲ
တကယ်တော့ လူ့ဘဝတစ်ခုရဲ့
အကြီးမားဆုံး နောင်တတစ်ခုပါပဲ ။
ဒါကြောင့်ပေါ့...
အရှိကို သတိကပ်
လွှင့်ပြန့်စိတ် အာရုံတွေကြားမှာ
သတိဖြင့် ဆင်ခြင်ပြီး ပဲ့ကိုထိန်း
ယိမ်းယိုင်သွားတဲ့ စိတ်အာရုံကြားမှာ
စက္ဏန့်တိုင်း အချိန်တိုင်းဟာ
ကိုယ့်အတွက် တန်ဖိုးအရှိဆုံး
အချိန်ရယ်လို့ ရင်တွင်းမှာထည့်မှတ်
ပျက်ခြင်း မကြုံခင်ကြားလေးမှာ
တန်ဖိုးရှိတဲ့ အရာတွေနဲ့ ကုန်ဆုံး
အော်... နောင်သံသရာ အထိ
အလှပဆုံး ဖြစ်တည်အောင်ပေါ့ ။
#မိုးမခ ( ဧရာ အနောက် )

image

image
6 w - Translate

ဒီတစ်ခါတော့ခံစားချက်ပေါင်းများစွာ ရစေမဲ့အဓိပ္ပါယ်အများကြီးရှိတဲ့
ဂျပန် Anime လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

Princess Mononoke (1997)


ဇာတ်လမ်းအကျဉ်းကတော့….
ရှေးပဝေဏသီ အတိတ်တစ်ခုတုန်းကသားရိုင်းတွေ သစ်တောဝိညာဉ် နတ်ဘုရားတွေသစ်တောထဲ နေခဲ့ကြတယ်။ သူတိုကို စောင့်ရှောက်တဲ့
သားရိုင်းကြီးတွေနဲ့ လူတွေလည်း အတူသဟာဇာတ ဖြစ်ဖြစ် ရှိခဲ့ကြတယ်။
သစ်တောကို ရှင်းလင်းပြီး အမျိူးသမီးတစ်ယောက်ကပြည့်တန်ဆာနဲ့ နူနာသည်လို လူ့လောက အပယ်ခံတွေအတွက် မြိုတစ်မြို တည်ဆောက်တဲ့အချိန်သစ်တောရဲ့ မူလနေထိုင်သူတွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အပြင်သံသတ္တုပေါများတဲ့ ဒေသ့ဖြစ်တာကြောင့် ဧကရာဇ်ရဲ့ မျက်စိကျ ခံရပြီးတိုက်ခိုက်ခံရတဲ့ ဒေသလည်း ဖြစ်ခဲ့တယ်။
သစ်တောဝိညာဉ်နတ်ဘုရားရဲ့ ခေါင်းကထာဝရအသက်ကို ပေးနိုင်တယ်လို ယုံကြည်သွားတဲ့ဘုရင်တစ်ပါးက ခေါင်းရဖို ကြိုးစားလာတဲ့အခါ…..။
ဇာတ်အိမ်ခိုင်လွန်းပြီးDialouge တွေပါ အသေးစိတ်လေးတွေအထိအနုစိတ်ထားတဲ့မို လုံးဝလက်မလွတ်သင့်ကြောင်းပါ။


➡️ ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လိုရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️

https://t.me/+nqhhs6tGKeRjZjA1

➡️ ဇာတ်ကားကြည့်ရန်လင့်⬇️

https://t.me/c/2088510221/2998

image

ညကောင်းကင် ရဲ့ စိတ်ဝင်စားစရာ ကြယ်တာရာ အရာဝတ္တု အမျိူးအစားတွေထဲက တစ်ခုကတော့ Star cluster လို့ခေါ်တဲ့ ကြယ်အစုအဝေးတွေဖြစ်ကြပါတယ်။
"Star cluster" ဆိုတာ တစ်နေရာတည်းမှာ ကြယ်တာရာ အရေအတွက်ပေါင်းသန်းချီခန့်ဟာ အချင်းချင်း Gravity အားအပြန်အလှန်သက်ရောက်မှုကြောင့် အတူတကွစုဝေးတည် ရှိနေကြတာမျိူးဖြစ်ပါတယ်။
ဒီထဲက အာကာသသိပ္ပံပညာရှင်တွေ တွေ့ရှိလေ့လာထားပြီးသမျှ ထဲမှာ အကြီးဆုံး star cluster ကတော့" Omega Centauri " ပဲဖြစ်ပါတယ်။
ကမ္ဘာနဲ့ အလင်းနှစ် ၁၇၀၀၀ ခန့်အကွာမှာတည်ရှိပြီး တောင်ကမ္ဘာခြမ်းဒေသတွေက ကြည့်ရူမယ်ဆိုရင် သာမန်မျက်စိနဲ့ မြင်ရနိုင်တဲ့ ကြယ်တာရာအစုအဝေးတစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့ နေထိုင်ရာ နေအဖွဲ့အစည်းနဲ့ အနီးဆုံး Globular star cluster လို့ခေါ်တဲ့ စက်လုံးပုံစံရှိနေတဲ့ အကြီးမားဆုံးကြယ်တာရာအစုအဝေးကြီးဖြစ်ပြီး သူ့ရဲ့အချင်းဟာ အလင်းနှစ် ၁၅၀ ခန့်ရှိမယ်လို့ တွက်ချက်ထားပါတယ်။ပါဝင်တဲ့ကြယ်တာရာတွေကတော့ သက်တမ်းစုံ အမျိုးအစားစုံ ရှိနေပြီး ဒီအစုအဝေးကြီး စတင်ဖြစ်ပေါ်လာတဲ့ သက်တမ်းဟာနှစ်ပေါင်း ၁၂ ဘီလီယံ ခန့်ရှိနေခဲ့ပါပြီ။
သိပ္ပံပညာရှင်တွေက Omega Centauri ဟာ ကျွန်တော်တို့ နဂါးငွေ့တန်း ဂလက်ဆီ ကြီးနဲ့ ပေါင်းစပ်သွားခဲ့တဲ့ Dwarf galaxy (ဂလက်ဆီသိမ်) တစ်ခုရဲ့ အလယ်အူတိုင် (core) ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
ဒီသီအိုရီကို ထောက်ခံတဲ့ အချက်ကတော့ Omega Centauri ထဲမှာ ကြယ်တွေဟာ သက်တမ်းနဲ့ ဓာတုဗေဒဖွဲ့စည်းမှု မတူညီတဲ့ အုပ်စုများစွာ ပါဝင်နေလို့ပါပဲ။ ပုံမှန်အားဖြင့် globular cluster တွေထဲက ကြယ်တွေဟာ သက်တမ်း အတူတူ / ဖွဲ့စည်းပါဝင်နေတဲ့ ဒြပ်စင်တွေ အတူတူရှိတတ်ကြပါတယ်။
"Omega Centauri" ထဲက ကြယ်တာရာတွေ ကတော့ အမျိုးအစားစုံသက်တမ်းစုံရှိနေတာပါ။ စုစုပေါင်း ကြယ်အလုံးပေါင်း ၁၀ သန်းခန့် စုစည်းနေတာမို့ ဂလက်ဆီ အသေးစားလေးတစ်ခုသဖွယ်ဖြစ်တည်နေပါတယ်။ပျှမ်းမျှအားဖြင့် အလင်းနှစ် ၀.၁ နှစ် အကွာအဝေးတိုင်းမှာကြယ်တစ်လုံးရှိနေတာမျိူးပါ။
ဒီကြယ်စင်စု အစုအဝေးရဲ့အလယ်ဗဟိုမှာလည်း အလယ်အလတ် အရွယ်အစား ရှိတဲ့ တွင်းနက်(IMBH)တစ်လုံးလည်း ရှိနေပြီး နေပေါင်း အလုံး ၈၂၀၀ ခန့်ပေါင်းစပ်ထားတဲ့ ဒြပ်ထုအလေးချိန် ရှိနေတယ်လို့ Hubble နဲ့ Gemini တယ်လီစကုတ်တွေရဲ့ လေ့လာချက်တွေအရ သိရှိထားပြီးဖြစ်ပါတယ်။
Omega Centauri ရဲ့ ကြယ်စင်တွေ စုဝေးတည်ရှိနေမှုဟာ များပြားလွန်းတာကြောင့် တစ်ခြားအမျိုးအစားတူ Globular star cluster (စက်လုံးပုံကြယ်စင်အစုအဝေး) တွေထက်တောင် ဆယ်ဆခန့်ကြီးမားနေပါသေးတယ်။
ပုံမှာပါရှိတဲ့ အစက်လေးတစ်စက်ချင်းဆီဟာ ကျွန်တော်တို့ ရဲ့ နေမင်းကြီးလိုမျိုးကြယ်စင်တွေဖြစ်ကြပြီး ဒီထဲကတစ်ချို့ရဲ့သက်တမ်းဟာ နေအဖွဲ့အစည်းရဲ့ ဖြစ်တည်မှုထက်တောင်ကြီးနေပါသေးတယ်။

image
6 w - Translate

ခရီးဆောင်အိတ်မဲထဲက အလောင်းက ဘယ်သူလဲဆိုတာ ရှာနေကြတယ်။ ၃ရက်နေ့ မနက် 6:30လောက်ကသတင်း တတ်လာခဲ့တာပါတွေ့တဲ့နေရာက ချွန်ပူလီမြို့၊ လှေလော် လေ့ကျင့်တဲ့ အားကစားရေပြင်ထဲမှာ ဆရာတွေ အသင်းသားတွေ ၂၀ဦးလောက်က လှေလော် လေ့ကျင့်နေကြတယ်။ ခရီးဆောင် အိတ်တလုံး မျောလာတာ တွေ့တော့ အနားသွားကြည့်ကြတယ် အိတ်အပြင်ဘက်က သံကြိုးနဲ့ တုတ်ထားပါတယ်။ နောက်ပီး အိတ်ထဲက ၊အပုပ်နဲ့တွေနဲ့အတူ သွေးတွေ၊ အရည်တွေ စီးကျနေပါတယ် ရဲတွေ ရောက်လာခဲ့ကြပီး အိတ်ကိုဖွင့်လိုက်တော့၊အထဲမှာ အမျိုးသမီးအလောင်းကို သွားတွေ့တယ်။ ပုပ်ပွနေပီး ခန့်မှန်းအသက်က 30လောက်ရှိပီလို့ ပြောပြတယ်။ သူမမည်သူမည်ဝါလဲ?ဘာလူမျိုးလဲ ဆိုတာကို မသိရသေးဘူး။ အလောင်းကို ဆေးရုံပို့ထားပီး ဘယ်သူလဲဆိုတာ သိရဖို့ အသေးစိတ်စစ်ဆေးနေပါတယ်ဗျ

image