11 ပတ် - ဘာသာပြန်ပါ။

အလွယ်ဆုံး ဝါးပင် အကိုင်းကူး စိုက်ပျိုးနည်း
လိုအပ်သော ပစ္စည်းများ
ပလတ်စတစ်အကြည် (အကျယ်တစ်ထွာခန့်၊ အရှည်တစ်တောင်ခန့်)
မြေကြီးလက်တစ်ခုပ်စာ
ဓားထက်ထက်တစ်လက်
ပလတ်စတစ်ကြိုး
ရေအနည်းငယ်
ဝါးအကိုင်းကူးရာတွင် သတိထားရမည့်အချက်ကတော့ သက်တမ်းရင့် ဝါးပင်ကို ကိုင်းကူးလို့မရနိုင်ပါဘူး။ သက်တမ်းနှစ်နှစ်ထက်ကျော်တဲ့ ဝါးပင်ကို ကိုင်းကူးလို့ မရပါဘူး။ သက်တမ်း ၈လ မွ ၁နှစ်အတွင်းဝါးပင်ကို ကိုင်းကူးတာ အကောင်းဆုံး ဖြစ်မှာပါ။ ဝါးပင်ကိုကြည့်လိုက်ရင် ပင်စည်မှာ မွိုလို အဖြူရောင် အမှုန်လေးတွေကို မြင်ရရင် သက်တမ်းနှစ်နှစ်မကျော်သေး ဟု သတ်မှတ်နိုင်ပါတယ်။ ဝါးအဆစ္က အတက်တွေမှာ ကိုင်းတွေအများကြီးပေါက်ပေမယ့် အလယ္က အကြီးဆုံးကိုင်းကိုကူးရမှာဖြစ်ပါတယ်။
ကိုင်းကူးနည်း
-ဘေးကအတက်တွေရှိတဲ့အကိုင်းများကို အရင်ခုတ်ပစ်ပါ။
- ကိုင်းကူးမည့်အကိုင်းရင်းရှိ ဘုလုံးအပေါ် လက်နှစ်လုံးကနေပြီး ဝါးပင်အတွင်း
ပိုင်းသို့ ခုတ်ပါ။
- ဓားခုတ်ရာကြောင့် ဝါးပင်စည်အဖတ်ဟလာရင် လက္တစ္ဖက္က ဝါးကိုင်းကို
ကိုင်ပြီး အဆစ်အောက် လက်သုံးလုံးခန့်ရောက်အောင် ခွာပေးရပါမယ်။
- ဝါးပင်စည်မှ ဟပြီးတွဲလောင်းဖြစ်နေအောင် ထားရပါမယ်။ ဝါးကိုင်းကို ပင်စည်မှ
ရေမစုပ်ယူနိုင်စေရန်ဖြတ်လိုက်ခြင်းဖြစ်ပါတယ်။
- ဝါးကိုင်းအရင်းဘုတုံးကို ရေစွတ်ထားတဲ့မြေကြီးကို အပြည့်အုံလိုက်ပါ။
- ထို့နောက် ပလတ်စတစ်အကြည်သားအပိုင်းနဲ့ လုံအောင်စည်းလိုက်ပါ။
မြေကြီးထဲမှ ရေငွေ့များအပြင်သို့ထွက်မသွားစေရန်ဖြစ်ပါတယ်။
- ပြီးရင် ပလတ်စတစ်အိတ်အစနှစ်ဖက် ကိုကြိုးဖြင့်ခိုင်အောင်သေချာချည်ပါ။
- (၁၀)ရက် ခန့်ကြာရင် ပလတ်စတစ်အိတ်ထဲမှာ အမြစ်များထွက်လာတာမြင်ရမှာ ဖြစ်ပါတယ်။

image

◾️တရုတ်၏မြေရှားထိန်းချုပ်မှုများကြောင့် ဥရောပလုပ်ငန်းအများအပြား ပိတ်သိမ်းရဖွယ်ရှိ
ဥရောပသမဂ္ဂသို့ မြေရှားသတ္တုများတင်ပို့မှုကို မြန်ဆန်အောင် လုပ်ဆောင်ပေးသွားမည်ဟုသာ ဇူလိုင်လက သဘောတူညီချက်ရှိထားသော်လည်း မြေရှားများ နိုင်ငံခြားတင်ပို့မှုကို ပေကျင်းက တင်းကျပ်စွာ ဆက်လက် ထိန်းချုပ်ထားသဖြင့် ဥရောပကုမ္ပဏီအများအပြားသည် ပိတ်သိမ်းရန် သို့မဟုတ်လည်း ဆုံးရှုံးမှုများ ရင်ဆိုင်ရမည့်အခြေဆိုက်နေကြောင်း တရုတ်နိုင်ငံမှ အီးယူ ကုန်သည်ကြီးများအသင်းက ယမန်နေ့တွင် ပြောကြားသည်။
“ ဇူလိုင် ၂၄ ရက်က အီးယူ-တရုတ် ထိပ်သီးအစည်းအဝေးမှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေ နဲ့ ကတိကဝတ်တွေ ဘယ်လိုပဲရှိခဲ့သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေအတွက် တင်းကျပ်တဲ့ထိန်းချုပ်မှုတွေ ဆ က်လက်မြင်တွေ့နေရပါတယ်။” ဟု ကုန်သည်ကြီးများ အသင်းဥက္ကဌ ဂျန်းစ်အက်ကီလန်း က သတင်းထောက်များအား ပြောကြားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့် က အခွန်အကောက်များ ကြေညာခဲ့ပြီးချိန်တွင် အချို့သောမြေရှားသတ္တုများနှင့် ဆက်စပ်သံလိုက်များ ပြည်ပတင်ပို့မှုထိန်းချုပ်သည့် အစီအစဉ်များကို ပေကျင်းက မိတ်ဆက်ခဲ့ပြီးနောက် ဥရောပနှင့်အခြားနေရာများမှ ကားထုတ်လုပ်သူများသည် ထုတ်လုပ်မှုနောက်ကျခြင်း၊ လုပ်ငန်းပိတ်သိမ်းရမှုများနှင့် ရင်ဆိုင်နေရသည်။
တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သူများကလည်း သက်သာခွင့်ပေးရန် ပေကျင်းအား တောင်းဆိုထားသည်။
ကားကုမ္ပဏီများ၊ ကာကွယ်ရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းများတွင် လိုအပ်ချက်မြင့်မားနေသော မြေရှားသတ္တုအများစုကို တရုတ်နိုင်ငံက သန့်စင် ထုတ်လုပ်လျက်ရှိသည်။
၎င်းတို့၏ ပြည်ပတင်ပို့မှုထိန်းချုပ်မှုများမှာ ခွဲခြားဆက်ဆံခြင်းမရှိကြောင်း နှင့် မည်သည့်နိုင်ငံကိုမှလည်း ပစ်မှတ်ထားခြင်း မရှိကြောင်း ပေကျင်းက ကာကွယ်ပြောဆိုသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဥ‌ရောပကော်မရှင်ဥက္ကဌ အာဆူလာဗွန်ဒါလီယန်း တို့ကြား ဇူလိုင်လ ထိပ်သီးအစည်းအဝေးတွင် ဥရောပကုမ္ပဏီများအတွက် အရေးပါသောကုန်ကြမ်းပစ္စည်းများအတွက် လိုင်စင်ချထားပေးခြင်းကို မြန်ဆန်အောင် လုပ်ဆောင်ပေးသွားမည်ဟု တရုတ်က သဘောတူခဲ့သည်။
ကာလရှည်လိုင်စင်ချပေးရန် သို့မဟုတ် အီးယူသို့ တင်ပို့မှုများအတွက် လိုင်စင်လျှောက်ထားရခြင်း ဖျက်သိမ်းပေးရန် ဥရောပ၏တောင်းဆိုမှုကိုမူ ပေကျင်းက ခွင့်မပြုခဲ့ပေ။
ထိပ်သီးဆွေးနွေးပွဲပြီးနောက် နှစ်လအကြာမှာပင် လိုင်စင်အတည်ပြုပေးခြင်းများ နှေးကွေးသွားကြောင်း အီးယူကုန်သည်ကြီးများအသင်းက ပြောကြားပြီး ၎င်းတို့၏ အဖွဲ့ဝင်များထံမှ တိုင်တန်းမှုများ နှင့် အကူအညီတောင်းခံမှုများပိုများလာကြောင်း အသင်းဥက္ကဌ ဂျန်းစ်အက်ကီလန်းက ပြောသည်။
“ထိပ်သီး အစည်းအဝေးပွဲနောက်ပိုင်းမှာလည်း သိသာတဲ့ ပြောင်းလဲမှု မရှိဘူးလို့ ပြောနိုင်ပါတယ်။” ဟု ၎င်းက ဆိုသည်။
ယင်းနှင့်အတူ လုပ်ငန်းများ ရပ်ဆိုင်းထားရမည့် အဖွဲ့ဝင်ကုမ္ပဏီများ ပိုများလာမည်ဟု အသင်းက မျှော်လင့်ထားသည်။
တရုတ် အကောက်ခွန်ဌာအချက်အလက်များတွင်မှု အမေရိကန် ၊ဥရောပတို့နှင့် သဘောတူညီချက်များ ရရှိခဲ့သည့် ဇွန်လနောက်ပိုင်းတွင် ဥရောပ အပါအဝင် နိုင်ငံရပ်ခြားသို့ မြေရှားသတ္တုတင်ပို့မှုများ မြင့်တက်သွားကြောင်း ပြသနေသည်။
အီးယူကုန်သည်ကြီးများအသင်း ပါဝင်ပတ်သက်ပြီးလျှောက်ထားခဲ့သည့် ပို့ကုန်လိုင်စင် ၁၄၀ အနက် လေးပုံတစ်ပုံအောက်ကိုသာ တရုတ်အာဏာပိုင်များက ခွင့်ပြုပေးခဲ့သည်ဟု ဂျန်းစ်အက်ကီလန်းက ဆိုသည်။
“အဲဒီထိန်းချုပ်မှုတွေကြောင့် ဆုံးရှုံးမှုဖြစ်ပေါ်နေတဲ့ အဖွဲ့ဝင် အများအပြားရှိနေပါတယ်။” ဟု ၎င်းက ဆက်ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image
11 ပတ် - ဘာသာပြန်ပါ။

18h
·
◾️ငမိုးရိပ်တံတားပေါ်မှခုန်ချခဲ့သည့် အမျိုးသမီးရုပ်အလောင်းပြန်တွေ့
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်တံတားပေါ်မှခုန်ချခဲ့သည့် အသက် (၂၅) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းကို ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သုဝဏ္ဏပရဟိတ အသင်းထံမှသိရသည်။
သေဆုံးသူအမျိုးသမီး၏ယောက်ျားဖြစ်သူမှာ အဆိုပါတံတားပေါ်မှ စက်တင်ဘာ ၂ ရက်ကခုန်ချ၍သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာလည်း စက်တင်ဘာ ၁၃ ရက်နံနက်ပိုင်းတွင် တံတားပေါ်၌ဖုန်းနှင့်ဖိနပ်ချန်ထားရစ်ပြီး ခုန်ချသေဆုံးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ခုန်ချခဲ့ပြီးနောက် မိသားစုဝင်များ၏အကူညီတောင်းခံမှုအရ ရှာဖွေမှုများပြုလုပ်ခဲ့ရာ စက်တင်ဘာ ၁၅ ရက်၊ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် သေဆုံးသူ၏ ရုပ်အလောင်းကို အမှတ်(၁) ကမာကြည်တံတားအောက်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ ရုပ်အလောင်းအား သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
“ကျွန်တော်တို့ စံပြစျေးနဲ့ ပင်လုံဘက်ကိုဆက်ထားတဲ့တံတား။ သူ့ပြန်တွေ့တာက ကမာကြည်တံတား အမှတ်(၁)နားမှာပြန်တွေ့တာ။ အလောင်းပြန်တွေ့ တာတော့ နှစ်ရက်လောက်ရှိပြီ။ တနင်္လာနေ့ကတွေ့တာ။ အဲဒီတံတားနားကအဆင်မပြေလို့ တံတားအောက်ဘက် ကိုက် ၁၀၀ လောက်ပြန်ရွှေ့ခဲ့ရတယ်။ ကျွန်တော်တို့ ရှာတာတော့မနက် ၇ နာရီလောက် ကတည်းကရှာတာ။ ၁၁ နာရီခွဲလောက်မှာတွေ့တာ။ မိသားစုနဲ့လည်းအဆက်သွယ်ရပါတယ်။ သူ့မိသားစုကရှာခိုင်းလို့ရှာပေးတာပါ။ သူကဒဂုံကပါပဲ။ အတိအကျတော့မပြောတော့ဘူး” ဟု ၎င်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင်လည်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဘေလီတံတားပေါ်မှ အသက် (၂၀) ကျော်အရွယ်အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး လက်ချင်းကြိုးချည်၍ ခုန်ချသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ၎င်းတို့၏ရုပ်အလောင်းကိုစက်တင်ဘာ ၁၄ ရက်တွင် အဆိုပါတံတားအောက်၌ ပြန်လည် တွေ့ရှိခဲ့သည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း

image

မိတ္ထီလာ ကန်ဘောင်ဘေး ဓားဒဏ်ရာတွေနဲ့ စွန့်ပစ်သွားတဲ့ သေဆုံးသူကို သတ်တဲ့တရားခံနှစ်ဦးအား နှစ်ရက်အတွင်း ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့၊ ဂိမ်းကြွေးဆပ်ဖို့ ငွေလိုလို့ သတ်ဖြတ်ကြောင်း ပေါ်ပေါက်ဟုဆို

စက်တင်ဘာ ၁၈

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့မြောက်ကန်စပ်မှာ တွေ့ရှိခဲ့တဲ့ ကိုရီးယားဂွမ်းစောင်အနီနဲ့ပတ်ထားတဲ့အမျိုးသားအ‌လောင်းနဲ့ ပတ်သက်လို့ သတ်ဖြတ်စွန့်ပစ်သွားတဲ့ တရားခံတွေကို မိတ္ထီလာမြို့ အမှတ်(၂)နယ်မြေရဲစခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်နဲ့ တပ်ဖွဲ့တွေက အချိန်နဲ့ တစ်ပြေးညီ စုံစမ်းဖော်ထုတ်ကာ ကျူးလွန်သူနှစ်ဦးကို ဒီနေ့ စက်တင်ဘာ ၁၇ ရက်နေ့ မနက် ၈ နာရီခန့်မှာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာရှိ ၎င်းတို့ရဲ့နေအိမ်တွေမှာ ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်အတွင်း သတ်ဖြတ်ပြီး ရုပ်အလောင်းစွန့်ပစ်ခံရသူမှာ မကွေးတိုင်း၊ နတ်မောက်မြို့နေ ဇင်မင်းထက် အသက် ၃၀ နှစ်ဖြစ်ကြောင်းသိရှိရပြီး စက်တင်ဘာ ၁၄ ရက်နေ့ညက သတ်ဖြတ်ခံရတာဖြစ်ကြောင်း သိရပါတယ် ။ သေဆုံးသူဇင်မင်းထက်က အဲဒီနေ့မနက်ပိုင်းမှာ ဇော်လှိုင်းနဲ့ ဇာနည်အောင်ဆိုသူတို့ နှစ်ဦးနဲ့အတူ မန္တလေးမြို့ကို MDY 28,6Q/6131 CANDA အဖြူရောင်ကားနဲ့ ဝက်‌တွေတင်‌ဆောင်ကာ ရောင်းချရန်သွားရောက်ခဲ့ကြောင်း၊ ညနေ (၄)နာရီခန့်အချိန်မှာ မန္တလေးမြို့ကိုရောက်ရှိပြီး ဝက်တွေကို ဝက်ဒိုင်မှာ ချိန်တွယ်ကာ၊ ရရှိငွေ ကျပ်သိန်း(၄၇ဝ)ကို ဆာလာအိတ်နဲ့ထုတ်ကာ ယူဆောင်ပြီး ကားပေါ် တင်ကာ ၎င်းတို့(၃)ဦး အမြန်လမ်းမှတစ်ဆင့် ပြန်လာခဲ့ကြောင်း၊ ည(၈)နာရီခန့်အချိန်မှာ မိတ္ထီလာမြို့သို့ရောက်ရှိပြီး၊ သီးကုန်းဂိတ်အနီး DENKO ဆီဆိုင်မှာ ကားဆီထည့်ကာ မြို့တွင်းကို ကားမောင်းဝင်ခဲ့ကြောင်း၊ အောင်ဆန်းမြို့သစ်ရှိ တည်းခိုခန်းမှာ ဝင်ရောက်ပြီး အခန်းငှားရမ်းနေထိုင်ခဲ့ကြောင်း စသဖြင့် ဖမ်းမိတရားခံ နှစ်ဦးက ရဲဆီမှာ ထွက်ဆိုချက်ပေးခဲ့ပါတယ်။

သတ်ဖြတ်ရတဲ့ အကြောင်းအရင်းက တရားခံ နှစ်ဦးအနက် ဇော်လှိုင်းဆိုသူမှာ အွန်လိုင်းဂိမ်းကစားရင်း ငွေတွေရှုံးနိမ့်ခဲ့လို့ အကြွေးပြန်လည်ဆပ်ဖို့အတွက် ဇာနည်အောင်နဲ့ တိုင်ပင်ပြီး အဲဒီ ၁၄ ရက်နေ့ည (၂)နာရီခန့် အချိန်မှာ တစ်ခန်းတည်းအတူအိပ်ပျော်နေတဲ့ ဇင်မင်းထက်ကို ဇာနည်အောင်မှ ခေါင်းအုံးနဲ့မျက်နှာကို ဖိပြီး ဇော်လှိုင်းက သူ့ဆီမှာပါလာတဲ့ သတ္တုရိုးတပ်ထားပြီး အရိုးအသွား(၂၁)လက်မခန့်ရှိ ဒါးဦးချွန် ဒါးမြှောင်(၁)ချောင်းနဲ့ ဇင်းမင်းထက်ရဲ့ ဝမ်းဗိုက်ကို(၂)ချက်ထိုးလိုက်စဉ် ဇင်မင်းထက်က ဓားကို ဆုပ်ကိုင်လုယူလို့ လက်မှာ ဓားဒဏ်ရာ‌တွေရရှိခဲ့ကြောင်း၊ အဲ့ဒီနောက် ဇင်မင်းထက်မှာ ကုတင်ပေါ်မှလိမ့်ကျသွားစဉ် ဇာနည်အောင်မှ ဇော်လှိုင်ရဲ့ လက်ထဲက ဓားမြှောင်ကိုလုယူပြီး၊ ဇင်မင်းထက်ရဲ့ ကျောကုန်းကို ဓားနဲ့ဆက်တိုက်ထိုးခဲ့လို့ ဇင်မင်းထက် သေဆုံးခဲ့ရကြောင်း စစ်ဆေးပေါ်ပေါက်တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဇင်မင်းထက်ရဲ့ ရုပ်အလောင်းကို တည်းခိုခန်းကုတင်ပေါ်က အနီရောင် ကိုရီးယား‌ဂွမ်းစောင်နဲ့ပတ်ပြီး ငွေထုပ်ရော အလောင်းကိုပါ အတူပါလာတဲ့ ကားနဲ့ သယ်ဆောင်ကာ မြို့တွင်းဘက်ကိုမောင်းနှင်ဝင်ရောက်လာခဲ့ပြီး မိတ္ထီလာမြောက်ကန်ပေါ်ကို ကားမောင်းနှင်ကာ ဇင်မင်းထက်ရဲ့အလောင်းကို ကန်ဘောင်ပေါ်မှတစ်ဆင့် ရေစပ်သို့ ဆွဲချခဲ့ကြောင်း ထွက်ဆိုခဲ့ကြပြီး ငွေထုပ်ကိုယူကာ ရွာတော်ကျေးရွာဆီ မောင်းနှင်ပြန်ခဲ့‌ကာ ၎င်းတို့ လူသတ်ရာမှာ အသုံးပြုတဲ့ ဓားတွေကို ဒီးဒုတ်စံပြကျေးရွာကားလမ်းဘေးကို လွှင့်ပစ်ခဲ့‌ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
တရားခံတွေကို ဖမ်းဆီးကာ ၎င်းတို့ရဲ့ထွက်ဆိုအစစ်ခံချက်တွေအရ သက်သေခံပစ္စည်းများ သိမ်းဆည်းရန်အတွက် တာဝန်ရှိသူတွေက မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာရှိ တရားခံဇော်လှိုင်းရဲ့ နေအိမ်ကို သွားရောက်ရှာဖွေရာ အခင်းဖြစ်စဉ် ၎င်းတို့လုယူသွားတဲ့ ငွေသိန်း(၄၇ဝ)အနက် ငွေသိန်း(၃၅၀)ကျပ်ကို ရှာဖွေတွေ့ရှိတာကြောင့် သက်သေတွေရှေ့မှာ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး၊ သက်သေခံ ပစ္စည်း ဓားမြောင်ကိုလည်း ဒီးဒုတ်ကျေးရွာအနီးကားလမ်းဘေးမှာ တရားခံတွေက လိုက်လံပြလို့ ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

ဇင်မင်းထက်ကို သေဆုံးတဲ့အထိ ဓားမြောင်နဲ့ဝိုင်းဝန်းထိုးသတ်ခဲ့ပြီး ငွေတွေလုယူခဲ့သူ တရားခံဇော်လှိုင်းနဲ့ ဇာနည်အောင်တို့(၂)ဦးကို ရာဇသတ်ကြီးပုဒ်မ-၃ဝ၂/၃၉၄/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ တရားစွဲဆိုတင်ပို့နိုင်ရေး မိတ္ထီလာ မြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်းက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

imageimage

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တောင်တရုတ်ပင်လယ် အငြင်းပွားရေပြင်၌ တရုတ်နှင့်ဖိလစ်ပိုင်သင်္ဘောများ ဝင်တိုက်
တောင်တရုတ်ပင်လယ်ပိုင်ဆိုင်ခွင့် အငြင်းပွားရေပြင်ဒေသတစ်ခုဖြစ်သည့် စကားဘိုရိုရေမြုပ်သဲသောင်နယ်မြေ၌ ဖိလစ်ပိုင်သင်္ဘောတစ်စင်းက တရုတ်ကမ်းခြေစောင့်သင်္ဘောတစ်စင်းကိုစက်တင်ဘာ ၁၆ ရက်တွင် ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့ ကြောင်း တရုတ်ကမ်းခြေစောင့်တပ်က သတင်းထုတ်ပြန်ထားသည်။
သို့ရာတွင် တရုတ်ကမ်းခြေစောင့်တပ်၏ အထက်ပါစွပ်စွဲချက်ကို ဖိလစ်ပိုင်နိုင်ငံက ငြင်းဆိုထားပြီး တရုတ်ကမ်းခြေစောင့် သင်္ဘောများက ဖိလစ်ပိုင်သင်္ဘောတစ်စင်းကို အားကောင်းသည့် ရေအမြောက်များဖြင့် ရန်ပြုခဲ့ကြောင်း တုံ့ပြန်ပြောကြားထားသည်။
တရုတ်ကမ်းခြေစောင့် သင်္ဘောများ၏ ရေအမြောက်ဒဏ်ကြောင့် ဖိလစ်ပိုင်သင်္ဘော ထိခိုက်ပျက်စီးခဲ့ရပြီး သင်္ဘောသားတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာ ၁၆ ရက်တွင် ဖိလစ်ပိုင်အစိုးရသင်္ဘော ၁၀ စင်းတို့သည် စကားဘိုရိုနယ်မြေအတွင်းသို့ အရပ်မျက်နှာအသီးသီးမှ ဝင်ရောက်လာမှုကြောင့် ရေအမြောက်များဖြင့် တားဆီးခဲ့ခြင်း ဖြစ်ကြောင်း တရုတ်ကမ်းခြေစောင့်တပ်က ပြောကြားထားသည်။
ရိုက်တာ

image
11 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနယ်စပ်တွင် မြန်မာ ၁၁၃ ဦး ထပ်မံဖမ်းမိ
ထိုင်းနိုင်ငံ ကန်ချနဘူရီ ပြည်နယ် သောင်ဖာဖုမ်မြို့နယ်တွင် စက် တင်ဘာ ၁၆ ရက် နံနက်ပိုင်း၌ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁၃ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
သောင်ဖာဖုမ်ခရိုင် အူးလောင်းဘုန်းကြီးကျောင်းအနီး စစ်ဆေးရေး ဂိတ်အနီးတွင် သံသယဖြစ်ဖွယ် ဗင်ကားသုံးစီးကို တွေ့ရှိခဲ့ပြီးယင်းကားများသည် ဆန်ခလာဘူရီခရိုင်မှ ကန်ချနဘူရီမြို့သို့ မောင်းနှင်လာခြင်းဖြစ်ရာ ရပ်တန့်စစ်ဆေးရန် အချက်ပြခဲ့ သော်လည်း ထွက်ပြေးခဲ့ကြောင်း သိရသည်။
ဗင်ကားသုံးစီးအနက် ထိုင်းလူမျိုးယာဉ်မောင်းနှစ်စီးကိုဖမ်းမိခဲ့ပြီး တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ဗင်ကားသုံးစီးအတွင်း၌ မြန်မာနိုင်ငံသား ၁၁၃ ဦး(အမျိုးသား ၇၂ ဦးနှင့် အမျိုးသမီး ၄၁ ဦး) ကိုတွေ့ရှိခဲ့ပြီး ၎င်းတို့အားလုံးတွင် ခိုင်လုံသော ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်းများမပါရှိသည့်အတွက် ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသည့် ဗင်ကားသုံးစီး၊ ယာဉ်မောင်းနှစ်ဦးနှင့် မြန်မာနိုင်ငံသား ၁၁၃ ဦးအား သောင်ဖာဖုမ်ရဲစခန်းသို့ ဥပဒေအရ အရေးယူနိုင်ရန် လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
အဝေးပြေးလမ်းမရဲတပ်ဖွဲ့၏ စက်တင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်လာမွန်းမြို့နယ်ရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ပစ်ကပ်ကားတစ်စီး၏ အလုံပိတ်အခန်းတွင်း လိုက်ပါလာသည့် တရားမဝင် ဝင်ရောက်သော မြန်မာအလုပ်သမား ခုနစ်ဦးအား ဖမ်းမိခဲ့ကြောင်း သိရသည်။

image
11 ပတ် - ဘာသာပြန်ပါ။

MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူထောင်ထားသည့် မတည်ထောက်ပံ့ငွေကျပ် ၁၇၀ ဘီလီယံမှ ငွေကျပ် ၁၅၀ ဘီလီယံကို ချေးငွေထုတ်ချေးနိုင်ရန်လျာထား

စက်တင်ဘာ ၁၈

နိုင်ငံတော်မှ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ထောက်ပံ့ငွေကျပ် ၁၇၀ ဘီလီယံကို ထူထောင်ထားရှိပြီး ယင်းမတည်ထောက်ပံ့ငွေအနက် ငွေကျပ် ၁၅၀ ဘီလီယံကို ချေးငွေထုတ်ချေးနိုင်ရေးအတွက်လည်းကောင်း သုံးစွဲရန်လျာထားကြောင်း သိရသည်။

အလားတူ ကျန်ရှိသည့် ငွေကျပ် ၂၀ ဘီလီယံကိုလည်း MSME ဖွံ့ဖြိုးတိုးတက်ရေးအကူအညီအထောက်အပံ့အဖြစ် သုံးစွဲရန်လျာထားပြီး MSME လုပ်ငန်းရှင်များအနေဖြင့် အဆိုပါ ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များ အပြင် ပုဂ္ဂလိကဘဏ် ၁၆ ဘဏ်တွင် လျှောက်ထားနိုင်မည်ဖြစ်သည်။

ထို့ပြင် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအတွက် နိုင်ငံ့စီးပွား‌မြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ၅၀ ဘီလီယံကိုမတည်ပေးထားပြီး လက်ရှိအချိန်ထိ ချေးငွေစံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ဆီစက်လုပ်ငန်းရှင်များကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ကျစေရန်နှင့် ပြည်တွင်းစားသုံးဆီ ဖူလုံရေးကို အကောင်အထည်ဖော်ရန် ဆီစက်များတပ်ဆင်ထုတ်လုပ်နိုင်ရေးနှင့်လက်ရှိဆီစက်များ တိုးချဲ့အဆင့်မြှင့်တင်ရေးအတွက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။

#centralnewsnaypyitaw

image
11 ပတ် - ဘာသာပြန်ပါ။

စောစောစီးစီးကျေးဇူးတွေတင်နေရပြီ။

image