ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မြစ်ကြီး - ရန်ကုန် လေယာဥ်လက်မှတ်ခ ၈ သိန်းကျော်အထိ ဖြစ်လာသလို မြစ်ကြီးနား - မန္တလေး လေယာဥ်လက်မှတ်ခလည်းမြင့်တက်လာ
စက်တင်ဘာ ၁၈
မြစ်ကြီးနား - ရန်ကုန် ၊ မြစ်ကြီးနား-မန္တလေး လေယာဥ်လက်မှတ်စျေးနူန်းတွေ အဆမတန်မြင့်တက်လာနေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၈ ရက်နောက်ပိုင်းကစပြီး မြစ်ကြီးနား - ရန်ကုန် လေယာဥ်လက်မှတ်ခနူန်းထားမှာ တကြောင်းစာအတွက် လေကြောင်းလိုင်းအမျိုးအစားအပေါ်လိုက်ပြီး အနိမ့်ဆုံး ၆၅၀၀၀၀ ကျပ်ကျော်ရှိပြီး အမြင့်ဆုံးက ၈၆၀၀၀၀ ကျပ်ကျော်ရှိလာတယ်လို့သိရပါတယ်။
စက်တင်ဘာ ၈ ရက်မတိုင်ခင်က မြစ်ကြီးနား - ရန်ကုန် လေယာဥ်လက်မှတ်ခနူန်းထားမှာ ၆ သိန်းကျပ်ကျော်သာ ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
" ဟုတ်ပါတယ် ။ ရန်ကုန် မြစ်ကြီးနာလေယာဥ်လက်မှတ်က ရှစ်သိန်းကျော်သွားပြီ ။ကိုယ်က ရက်အမြန်လိုလို့ ပွဲစားတွေနဲ့ ဝယ်မယ်ဆိုရင် ကိုးသိန်းကျော် ဆယ်သိန်းလောက်အထိပေးရတယ်။လေကြောင်းလိုင်းအပေါ်လိုက်ပြီးကွာတာပေါ့။ဘယ်လိုကြောင့် ဒီလောက်ထိတက်နေလဲ မသိပါဘူး။ ဘာကြောင့်တက်ရပါတယ်ဆိုတာမျိုးလည်းလေကြောင်းလိုင်းတွေက အသိပေးတာမရှိဘူး။ကိုယ်သွားချင်တဲ့ရက်နဲ့ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တွေဆီမှာရရင်တော့ ရောင်းစျေးအမှန်ရမှာပေါ့။ အဲဒါကလည်းသိပ်တော့မလွယ်ဘူး။ အကြောင်းကိစ္စရှိလို့သွားမယ်ဆိုရင်တောင် လေယာဥ်လက်မှတ်ခအရင်ရှာရမှာ။ကားလမ်းတွေအဆင်မပြေလို့ လေယာဥ်အားကိုးမယ်ဆိုတော့ စျေးကခေါင်ခိုက်နေတယ်။" လို့ ရန်ကုန် - မြစ်ကြီးနားကို လေယာဥ်ခရီးစဥ်နဲ့သွားရောက်ခဲ့သူ မြစ်ကြီးနားဒေသခံကပြောပါတယ်။
ရန်ကုန် - မြစ်ကြီးနား လေကြောင်း လက်မှတ်စျေးနူန်းတွေအဆမတန်မြင့်တက်မှုနဲ့အတူ မန္တလေး - မြစ်ကြီးနား လေယာဥ်လက်မှတ်စျေးနူန်းကလည်း သောင်းဂဏန်းလောက်မြင့်တက်လာတယ်လို့သိရပါတယ်။
မန္တလေး - မြစ်ကြီးနား လေယာဥ်လက်မှတ်ခနူန်းထားမှာ ၄၀၀၀၀၀ ကျပ်ကျော်မှ ၅၀၀၀၀၀ ကျော်အထိရှိနေတယ်လို့သိရပါတယ်။
" စျေးလေးနည်းနည်းတော့တက်လာတယ် ။သောင်းဂဏန်းပါဘဲ။ပွဲစားကတဆင့် ဝယ်သူကတော့ ပုံမှန်ထက်ပိုများတယ်။ လက်မှတ်ခက ရက်အလိုက် စျေးနူန်းကအပြောင်းအလဲလည်းရှိပါတယ်။ " လို့ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တယောက်ကပြောပါတယ်။
ရန်ကုန်မှ ဘန်ကောက်ကို လေယာဥ်လက်မှတ် တကြောင်းစာကိုမှ မြန်မာငွေ ၅၀၀၀၀၀ သိန်းကျော်သာရှိချိန်မှာ မြစ်ကြီးနား - ရန်ကုန် လေယာဥ်လက်မှတ်ခနူန်းထားက ၈၀၀၀၀၀ ကျော်အထိအဆမတန်မြင့်တက်လာတဲ့အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။
" ကိုယ့်ပြည်တွင်း သွားတာကို ဒီလောက်ကြီးတက်တာကျ လွန်သွားပြီ။ ကားတွေလို့ လမ်းမှာဂိတ်ကြေးပေးရတာလည်းမရှိဘဲ မကြာခဏတက်နေတာ။" လို့ မြစ်ကြီးနား ဒေသခံကပြောပါတယ်။
လက်ရှိမှာ မြစ်ကြီးနား - မန္တလေး - ရန်ကုန် လေကြောင်းခရီးစဥ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း ၊ မင်္ဂလာလေကြောင်းလိုင်း ၊ မန်းရတနာပုံလေကြောင်းလိုင်း တို့က လေယာဥ်ပြေးဆွဲပေးနေတာဖြစ်တယ်လို့သိရပါတယ်။
မြစ်ကြီး - မန္တလေး ကားလမ်းပိုင်းတလျှောက်မှာ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းမှာ ကားတွေ လနဲ့ချီပိတ်မိမှုတွေ ဖြစ်ပွားတာကြောင့် အရေးကြီးကိစ္စသွားလာဖို့လိုအပ်သူတွေဟာ လေကြောင်းခရီးစဥ်ကို သာအသုံးပြုနေကြရတာဖြစ်တယ်လို့သိရပါတယ်။
ကားလမ်းပိုင်းအခက်အခဲကြောင့် လေကြောင်းခရီးစဥ်ကို ပြောင်းလဲအသုံးပြုရသူများပြားလာမှုနဲ့အတူ လေယာဥ်လက်မှတ်ခနူန်းထားတွေကလည်း မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။
Credit - Voice of Myanmar
#သတင်းဟင်းလေးအိုးကြီး
သင်္ဘောပင်စိုက်ပြီး အသားထူထူ အစေ့နဲနဲ
ပြွတ်ခဲနေအောင်သီးစေသောနည်း
*************************************
အစေ့ကို တစ်ရက်နေလှန်းပြီး ပျိုးပင်ဖောက်ပါ။
အဲ့ဒီပျိုးပင်လေး (၇-ရက်)ပြည့်တဲ့အခါ
ခွဲစိုက်မယ့်နေရာကို....
(၁) တွင်းဝ တစ်ပေ၊ အနက်တစ်ပေခွဲတူးပြီး
တွင်းထဲကို သစ်ရွက်ခြောက်ဖြစ်စေ...
ကောက်ရိုးခြောက်ဖြစ်စေ ထည့်ပြီးမီးရှို့ပါ။
နှစ်ကြိမ်ပြုလုပ်ရန် လိုအပ်ပါသည်။
ပြာကျပြီးတာနဲ့ တွင်းထဲကို ရေအပြည့်လောင်းပြီး
တစ်ညထားပါ။
(၂) အပင်စိုက်မယ့်
တွင်းအောက်ခြေမှာ ထုံးမှုန့်ငါးဆယ်သားခန့်ဖြူးပြီး
ထုံးပေါ်မှာ မြေဆွေး လက်ငါးသစ်ခန့်ထည့်ပါ။
(၃) လ္ဘက်ရည်ဆိုင်တွေမှာ စွန့်ပစ်စုပုံထားကြတဲ့
နှပ်ပြီးသားအချိုခြောက်အဖတ်တွေကိုယူ
နွားချေးခြောက်နှင့်ဆတူ ရောသမမွှေပြီးတစ်နေလှန်းပါ။
ပြီးလျှင်
တွင်းထဲသို့ တစ်ထွာခန့်ထပ်ဖြည့်ပါ။
၄င်း အပေါ်မှထပ်မံ၍ မြေဆွေးအပြည့်ထည့်လိုက်ပြီး
ပျိုးပင်ကိုစိုက်ပျိုးပါ။
(၄) ပျိုးပင်(၂-ပေ)ခန့်ကြီးလာတဲ့အခါ
အပင်ရင်းပတ်လည်ကို မီးဖိုကရတဲ့
ပြာမှုန့်၊ မီးသွေးမှုန့်တွေကို အုံထားပေးပါ။
နံနက်စောစောနှင့် နေဝင်ပြီးချိန်၌
တစ်နေ့နှစ်ကြိမ် ရေမှန်မှန်လောင်းရပါမယ်။
မှတ်ချက်
***********
အဝါရောင်အသားရှိတဲ့သင်္ဘောသီးကို
အနီရောင်ဖြစ်စေချင်ရင်တော့
အောက်ခြေမှာဖြူးထားတဲ့ထုံးမှုန့်ကို
မီးသွေးအမှုန့်နဲ့ဆတူရောစပ်ပြီးစိုက်ပါ။
Credit#
ကွတ်တီယိုဖတ်ပြုတ်ပြီရေစစ်ထား
ပဲပင်ပေါက် ပြုတ် ရေစစ်ထား
ကန်စွန်းရွက်ကို ဆားထည့် ပြုတ်ပြီရေဆေးပြီ ရေအေးနဲ့ စိမ်ထားပါ
မြေပဲလှော်ထောင်း
ဆီချက်ဖတ်
ကြက်သားနွှင်
ဆော့စ်လုပ်ဖို့
ခရမ်းချဉ်သီးဆော့စ် 100ml
ငံပြာရည် 150ml
ခရုဆီ 50ml
ပဲငံပြာရည်အနောက် 50ml
သံပုရာရည် 50ml
ထန်းလျက်100g(အချိုမကြိုက်ရင်လျှော့ထည့်)
အချိုမှုန့် 2tsp
ရေ 100ml
မန်ကျီးသီးမှည့်ရည် 100ml
အရသာက ကိုယ်ကြိုက်သလိုပြင်နိုင်ပါတယ်
အချိုက အချိုပိုကြိုက်လို့ပါ
ချဥ်ငံစပ်လေးလည်း ကောင်းပါတယ်
ကွတ်တီယိုဖတ်ပြုတ်ပြီရေစစ်ထား
ပဲပင်ပေါက် ပြုတ် ရေစစ်ထား
ကန်စွန်းရွက်ကို ဆားထည့် ပြုတ်ပြီရေဆေးပြီ ရေအေးနဲ့ စိမ်ထားပါ
မြေပဲလှော်ထောင်း
ဆီချက်ဖတ်
ကြက်သားနွှင်
ဆော့စ်လုပ်ဖို့
ခရမ်းချဉ်သီးဆော့စ် 100ml
ငံပြာရည် 150ml
ခရုဆီ 50ml
ပဲငံပြာရည်အနောက် 50ml
သံပုရာရည် 50ml
ထန်းလျက်100g(အချိုမကြိုက်ရင်လျှော့ထည့်)
အချိုမှုန့် 2tsp
ရေ 100ml
မန်ကျီးသီးမှည့်ရည် 100ml
အရသာက ကိုယ်ကြိုက်သလိုပြင်နိုင်ပါတယ်
အချိုက အချိုပိုကြိုက်လို့ပါ
ချဥ်ငံစပ်လေးလည်း ကောင်းပါတယ်
ကွတ်တီယိုဖတ်ပြုတ်ပြီရေစစ်ထား
ပဲပင်ပေါက် ပြုတ် ရေစစ်ထား
ကန်စွန်းရွက်ကို ဆားထည့် ပြုတ်ပြီရေဆေးပြီ ရေအေးနဲ့ စိမ်ထားပါ
မြေပဲလှော်ထောင်း
ဆီချက်ဖတ်
ကြက်သားနွှင်
ဆော့စ်လုပ်ဖို့
ခရမ်းချဉ်သီးဆော့စ် 100ml
ငံပြာရည် 150ml
ခရုဆီ 50ml
ပဲငံပြာရည်အနောက် 50ml
သံပုရာရည် 50ml
ထန်းလျက်100g(အချိုမကြိုက်ရင်လျှော့ထည့်)
အချိုမှုန့် 2tsp
ရေ 100ml
မန်ကျီးသီးမှည့်ရည် 100ml
အရသာက ကိုယ်ကြိုက်သလိုပြင်နိုင်ပါတယ်
အချိုက အချိုပိုကြိုက်လို့ပါ
ချဥ်ငံစပ်လေးလည်း ကောင်းပါတယ်

လောကကြီးမှာ ဝေဖန်မစောမိဖို့ကလဲ အရေးကြီးပါတယ်။ အပြန်ပန်းကြည့်ရုံနဲ့ မသိနိုင်တဲ့ကိစ္စပါ။ ☺️
တခါခါမှာ ဗီလိန်လို့ ထင်ခဲ့တဲ့သူတွေက တကယ်အကူညီပေးတဲ့သူတွေ ဖြစ်နေပြီး၊ ကိုယ်က ကယ်တင်ရှင်လို့ ထင်ခဲ့သူတွေ/ ကိုယ်အထင်ကြီးမိခဲ့တဲ့သူတွေက ဗီလိန်တွေ ပြန်ဖြစ်နေတက်ပါတယ်။
စောစောစီးစီး ဗီလိန်ဆိုပြီး ဝေဖန်မိခဲ့လို့ တောင်းပန်ပါ ဦးလေး ထန်ပိုင်းလုံ (Chef Tang Bailong) 🤗🙏🏻
🟥Bichir Fish Care Guide🟥
Bichir Fish ( ငါးနဂါး )
ကျွန်တော်ရေးခဲ့တဲ့ monster fish type တော်တော်များက professional skill ရှိတဲ့ သူတွေသာအဓိကမွေးမြူသင့်တဲ့ငါးအမျိုးအစားများသာဖြစ်ပါတယ် ဒီလိုတွေပြောလို့လဲဝါသနာရှင်များက monster ဆိုတာ pro အတွက်ပဲလားလို့မေးထင်စရာ ဖြစ်နေပါဦးမယ် အမှန်တော့ monster type ထဲမှာကိုက basic / intermediate သမားတွေအတွက် ရွေးချယ်နိုင်တဲ့ငါးအမျိုးအစားများရှိပါသေးတယ်
ဒီနေ့ကျွန်တော်တင်ပြပေးမဲ့အရာကလဲ monster type ကိုမှ basic / intermediate သမားတွေမွေးမြူနိုင်တဲ့ ” Bichir Fish ” အကြောင်းပဲဖြစ်ပါတယ်
ဒီအောက်ဖော်ပြပါအချက်အလက်တွေကနေ ” Bichir Fish ” တွေကို ဘယ်လိုမွေးမြူဂရုစိုက်ရမလဲဆိုတာ လေ့လာကြည့်ကြရအောင်လားဗျာ
* မူလဇာတိ = Bichir ငါးတွေဟာ အကြမ်းခံကြပါတယ် သူတို့မှာ ရေမျက်နှာပြင်ပေါ်ကလေကိုရှုနိုင်သောအင်္ဂါများပါဝင်ပြီး ကန်ရေအပြင်ဖက်မှာ ခန္ဓာကိုယ်ကြေးခွံစိုစွတ်သမျှပါတ်လုံးအသက်ရှင်နိုင်ကြပါတယ်
Bichir ငါးတွေဟာ ရှေးလွန်ခဲ့သော နှစ်သန်းပေါင်း ၅၀ ခန့်ကထဲက တည်ရှိခဲ့သော ငါးမျိုးစိပ်ဖြစ်ပါတယ် ဘာကြောင့်ဒီလိုပြောနိုင်လဲဆိုတော့ သူရဲ့ထူးခြားသော ခန္ဓာကိုယ်တည်ဆောက်ပုံ ကြေးခွံအမျိုးအစားနဲ့ ကျောတောင်ဆူး ရေယက်စတာတွေကိုကြည့်ပြီး ခွဲခြားပြောနိုင်ခြင်းဖြစ်ပါတယ်
ဒီbichir ငါးတွေဟာ လက်ရှိအချိန်မှာတော့ အာဖရိကအပူပိုင်းမြစ်တွေနဲ့ နိုင်းမြစ်တလျှောက်မှာတွေ့မြင်ရပါတယ်
* ရေအမျိုးအစား = ပူနွေးသော ရေမစေးလွန်း မသွက်လွန်းတဲ့ ရေချိုအမျိုးအစားများကို နှစ်သက်ကြပါတယ်
* အပူချိန် / ph = 24°C – 28°C / 7
* ကန်အရွယ်အစား = အရွယ်အသေးဆုံးကနေစပျိုးမယ်ဆိုရင်တော့ ဂါလံ ၅၀ ဆန့် ကန်တွေနဲ့စတင်ပျိုးသင့်ပြီး အရွယ်ရောက်ပါက ဂါလံ ၁၈၀ဆန့်ကန်များကပိုသင့်တော်ပါတယ်
Bichir ငါးတွေဟာ ကန်အမြင့်ထက် ကျယ်ပြန့်သောကန်အနေအထားကိုပိုသဘောကျကြပါတယ်
* အကြီးဆုံးရောက်နိုင်သောဆိုဒ် = အကြီးဆုံးရောက်နိုင်မှုအရွယ်အစားဟာ မျိုးစိပ်ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ် အချို့မျိုးစိပ်များဟာ 8 လက်မထိ ကြီးနိုင်ပြီး အကြီးဆုံးမျိုးစိပ်ကတော့ ၃ပေခွဲနီးပါးအထိကြီးထွားနိုင်ပါတယ်
* သက်တမ်း = မှန်ကန်ထိရောက်သော အစားအစာရေအရည်အသွေး သဘာဝပါတ်ဝန်းကျင်နှင့်ပြုစုပျိုးထောင်ပေးပါက 15 – 20 yrs အထိ နေနိုင်ကြပါတယ်
* အုပ်စုဖွဲ့နေထိုင်မှုရှိမရှိ = ဒီနေရာမှာ မျိုးစိပ်ပေါ်မူတည်ပြီး ကွာခြားသွားပါတယ် Bichir ငါးများဟာ အမြင်အာရုံအားနည်းကြပါတယ် ဒါကြောင့် အနံ့နဲ့အာရုံခံလှုပ်ရှားပြီး သားကောင်များကိုဖမ်းယူစားကြပါတယ် ဒါကြောင့် အချို့မျိုးစိပ်များဟာ မျိုးတူငါးများကို သားကောင်အမှတ်နှင့် တိုက်ခိုက်ကြပါတယ်
ဒီလိုတိုက်ခိုက်ခြင်းကြောင့်အနာတရများဖြစ်ကာ သေနိုင်ကြပါတယိ အချို့သောမျိုးစိပ်များကတော့ မျိုးတူအချင်းချင်ူကိုရန်လိုခြင်းမရှိဘဲ အခြားငါးများကိုသာရန်လိုတတ်ကြပါတယ် ဒါပေမဲ့ ဒီလိုရန်လိုတိုက်ခိုက်တာကိုအမြဲလိုလိုမတွေ့မြင်နိုင်ပါဘူး သူတို့ဟာ သဘာဝမှာဆိုရင် ညအမှောင် သားကောင်များမလှုပ်ဘဲအိပ်နေတဲ့အချိန်မှာသာ တိုက်ခိုက်စားကြတာကြောင့် အချို့ငါးငယ်လေးများနေ့တွင်မြင်၍မတိုက်ခိုက်ခံရသေးခင် ပိုင်ရှင်များက ငါးအချင်းချင်းတည့်ပြီထင်နေတတ်ကြပါတယ် ညရောက်မှ အစားခံရပြီးမနက်မတွေ့ရှိကြတော့တာကိုလဲကြုံဖူးကြမှာပါ
* Tankmates = tankmate အနေနဲ့ရွေးချယ်မည်ဆိုပါက monster type ထဲက ရန်လိုမှုနည်း အကောင်ကြီးမားသောငါးမျိုးများကိုရွေးချယ်သင့်ပါတယ် e.g arrowana / silver dollar / stingray etc…
* ထိန်းသိမ်းဂရုစိုက်မှု = အသားငါးစိမ်းများကိုအဓိကထားကျွေးပါက အစာအကြွင်းအကျန်များက ရေထဲတွင်မှိုတက်ကာ nitrogen စက်ဝန်းကိုထိခိုက်ကာ ရေကိုအဆိပ်သင့်စေနိုင်ပါတယ် ဒါကြောင့် ပုံမှန်အစာအကြွင်းအကျန်များကိုစုပ်ထုပ်ဖယ်ရှားခြင်းနှင့် အပါတ်စဉ် ရေ၅၀% လှဲလှယ်ပေးခြင်းကပိုအဆင်ပြေစေပါတယ်
* ကန်အပြင်အဆင် = Bichir ငါးတွေဟာ သဘာဝမှာဆိုရင် ရွံ့သဲမြေများထူထပ်သော ကန်အောက်ခြေကြမ်းပြင်မှာ ကျက်စားကြပါတယ် ဒါကြောင့် အလှမွေးကန်ထဲမွေးမည်ဆိုပါက ကန်အောက်ခြေတွင်သဲ မြေ များခင်းပေးထားနိုင်ပါတယ် ဒါ့အပြင် သစ်ဆွေးတုန်း ကျောက်စရစ်ငယ်များစသည်ဖြင့် အလှဆင်ထည့်ပေးနိုင်ပါသေးတယ် မီးအလင်ရောင်ကတော့ ခပ်မှိနိမှိန်သာထွန်းပေးသင့်ပါတယ်
* အထီးအမခွဲနိုင်ခြင်း = သာမန်အားဖြင့်တော့ bichir ငါးတွေကို အထီးအမခွဲခြားနိုင်ဖို့ရန်ခက်ခဲပါတယ် ဒါပေမဲ့အရွယ်ရောက်ပြီးငါးများမှာဆိုရင်တော့ ယျေဘုယျခွဲနိုင်ပါတယ် dorsal နဲ့ anal fins တွေဟာ ပိုပြန့်ပိုကားပြီး အရွယ်ကြီးမားသောငါးများဟာ အမများဖြစ်ပါတယ်
* အခြားအရောင်များ = အဖြူ / မီးခိုး / သစ်ရွက်ခြောက် / အဝါ etc…
* ဆောင်ရန်ရှောင်ရန် = ငါးကန်အမြင့်ထက်အကျယ်ကိုပိုသဘောကျကြပါတယ် bichir တွေဟာမခုန်တတ်ပါဘူးဒါပေမဲ့ အပြင်ကို မှန်ကန်နုံရံအတိုင်းကပ်ပြီး ထွက်နိုင်ပါတယ် ဒါကြောင့်အဖုံးအုပ်သင့်ပါတယ်
#မှတ်ချက် ။ ။ Monster type ဖြစ်လို့ အစာကျွေးရတာခက်ခဲတာကလွဲလို့ တခြားဂရုစိုက်မှုများက ပုံမှန်လုပ်ပေးယုံနဲ့အဆင်ပြေတာမလို့ beginner / intermediate သမားများမွေးမြူနိုင်ပါတယ်
*မူရင်းရေးသားသူအား Crd ပေးပါတယ်ခင်ဗျာ*