23 w - Translate

flash light
🔦Light With Flexi Head & Magnetic Pick Up Tool🔧
စျေးနုန်း ၂၅၀၀၀ကျပ်။
🔹 Flexible neck – မီးမရောက်နိုင်တဲ့နေရာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။
🔹 Magnet head – သံလိုက်ပါဝင်လို့ သံပစ္စည်းတွေကို လွယ်လွယ်ကူကူ ရှာဖွေနိုင်ပါတယ်။
🔹 LED Light – မီးအလင်းပြင်းပြင်းနဲ့ မှောင်နေရာတွေကို သေချာမြင်နိုင်ပါတယ်။
🔹 Portable & Lightweight – ငယ်ရွယ်ပြီး အိတ်ထဲထည့်သယ်သွားလို့ရပါတယ်။
🔹 Durable Material – Military-grade aluminium alloy နဲ့ပြုလုပ်ထားလို့ ခိုင်မာပြီး ရေစိုမှု၊ သံချေးမတက်ပါ။
🔹 Battery Included – LR44 ဘက်ထရီ ၄လုံးပါဝင်ပါတယ်။

အသုံးပြုနိုင်သောနေရာများ
🔧 မော်တော်ယာဉ်ပြုပြင်ခြင်း
🏕️ အပြင်သွားခရီးများ (Camping, Fishing)
🏠 အိမ်တွင်းသုံး DIY
🔍 မှောင်နေရာများတွင် သံပစ္စည်းရှာဖွေရန်
📏 အရွယ်အစား

ပုံမှန်အရှည်: 17.5cm
ဆန့်ထုတ်နိုင်သောအရှည်: 56.5cm
LED မီး: 3 မီးခွက်
အရောင်: Black, Red, Blue, Silver
မီးခွက်အချင်း: 2cm

📦 Package Includes
1x Mini LED Pick Up Tool Flashlight
🔋 4x LR44 Batteries

📣 Order Now!
📍 သင့်အိတ်ထဲမှာရှိသင့်တဲ့ Tool တစ်ခုပါပဲ။
📲 Messenger မှာ Order တင်လို့ရပါတယ်။
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho

#ledtool #magneticpickup #flashlight #diytool #carrepair #campinggear #fishingtool #portableflashlight #flexiblelight #minitool #giftformen #toollover #မြန်မာအရောင်း

ငှက်ချစ်သူများ အားလုံး မင်္ဂလာပါ
အစာခွံ့ဖို့ ဟန်ပြင်နေတဲ့ Asian Glossy Starling လေးတွေကို ငှက်ချစ်သူတွေအတွက် မျှဝေပေးလိုက်ပါတယ် 🥰

image

မေဂျာလိဂ်ရာသီကုန်မှာ အနားယူမယ်လို့ ဘတ်စ်ကွက် ကြေညာ

စက်တင်ဘာ ၂၇

အင်တာမိုင်ယာမီအသင်း ကွင်းလယ်လူ ဘတ်စ်ကွက်က သူဟာ ၂၀၂၅ မေဂျာလိဂ်ပြိုင်ပွဲ ရာသီကုန်မှာ ကစား သမား ဘဝကနေ အနားယူမယ်လို့ ကြေညာခဲ့ပါတယ်။

ဘတ်စ်ကွက်က “ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ဦးအနေနဲ့ ကျနော့်ရဲ့ ကစားသမားဘဝကို နှုတ်ဆက်ရ မယ့် အချိန်ရောက်ပြီလို့ ခံစားရပါတယ်။ ကျနော် အမြဲအိပ်မက်မက်ခဲ့တဲ့ ဒီမယုံကြည်နိုင်စရာကောင်းတဲ့ ဇာတ် လမ်းကို ခံစားခဲ့ရတာ နှစ်ပေါင်း ၂၀ နီးပါးရှိပါပြီ။ ဘောလုံးက အကောင်းဆုံးခရီးသွားဖော်တွေနဲ့အတူ အံ့သြစရာ ကောင်းတဲ့ နေရာတွေမှာ ထူးခြားတဲ့ အတွေ့အကြုံတွေကို လက်ဆောင်ပေးခဲ့ပါတယ်။ ဘာစီလိုနာ၊ စပိန် လက်ရွေးစင်နဲ့ အင်တာမိုင်ယာမီအသင်းတို့ကို အလွန်ကျေးဇူးတင်ပါတယ်”လို့ Instagram မှာ ပြောခဲ့တာပါ။

အသက် ၃၇ နှစ်အရွယ်ရှိ ဘတ်စ်ကွက်စ်ဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၇၀၀ ကျော် ပါဝင်ကစားခဲ့ပြီး လာလီဂါဖလား ၉ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့ပါတယ်။

ဘတ်စ်ကွက်စ်ဟာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလား၊ ယူရိုချန်ပီယံ ဖလားတို့ကိုလည်း ရယူနိုင်ခဲ့တာ ပါ။

၂၀၂၃ ခုနှစ်မှာ မက်ဆီ၊ အယ်လ်ဘာတို့နဲ့အတူ အင်တာမိုင်ယာမီအသင်းကို ရောက်ရှိလာခဲ့တဲ့ ဘတ်စ်ကွက်စ်ဟာ မေဂျာလိဂ်ကလပ်နဲ့ လိဂ်ဖလား၊ Supporters' Shield တို့ကိုလည်း ရရှိခဲ့ပါတယ်။

ဘတ်စ်ကွက်စ်က သူ့ရဲ့အသင်းဖော်တွေ အပါအဝင် လှပပြီးမမေ့နိုင်တဲ့ အခိုက်အတန့်တွေကို မျှဝေပေးခဲ့ကြတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။

ဘတ်စ်ကွက်စ်နဲ့ အင်တာမိုင်ယာမီအသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာပါ။

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ပလေးအော့ဖ် ဝင်ခွင့်နေရာ ရရှိထားတာကြောင့် ဘတ်စ်ကွက်စ်ဟာ ဆုဖလားတစ်ခု ထပ်မံရယူပြီး ကစားသမားဘဝကို အဆုံးသတ်နိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

Source:ESPN

ပုံ - ဘတ်စ်ကွတ်စ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

ဘန်ကောက်မှာ ဒီမနက် တိုက်ခန်းတွဲတစ်ခု မီးလောင်၊ ယာဥ် ၃၅ စီး မီးလောင်ပျက်စီး

စက်တင်ဘာ ၂၇

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၊ ရတ်ဘူရာနာခရိုင်၊ ဘန်ပရောက်မြို့နယ်အတွင်း ဆပ်ခ်ဆာဝတ် လမ်းသွယ် ၁၇ ရှိ တိုက်ခန်းတွဲအဆောက်အအုံတစ်ခုမှာ စက်တင်ဘာလ ၂၇ ရက် နံနက်အစောပိုင်း ၁ နာရီခွဲလောက်က မီးလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ခဲ့ရာမှာ စုစုပေါင်း ယာဉ် ၃၅ စီး မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အဆောက်အအုံမှာနေထိုင်သူတွေကိုတော့ မီးသတ်တပ်ဖွဲ့ဝင်တွေက ဘေးအန္တရာယ်ကင်းစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး မီးကိုလည်း မိနစ် ၂၀ အတွင်း ကောင်းစွာထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးကြောင့် ကားနှစ်စီး၊ မော်တော်ဆိုင်ကယ် ၂၉ စီး၊ စက်ဘီး သုံးစီးနဲ့ ပစ်ကပ်ထရပ်ကားတစ်စီး စုစုပေါင်း ယာဉ် ၃၅ စီး ပျက်စီးခဲ့ရတယ်လို့လည်း မီးသတ်တပ်ဖွဲ့က ပြောခဲ့ပါတယ်။

ရတ်ဘူရာနာခရိုင် ရဲတပ်ဖွဲ့က ရုပ်မြင်သံကြားဗီဒီယိုတွေကို ပြန်လည်ကြည့်ရှုကာ ဖြစ်ပွားရာနေရာကိုလည်း ပြန်လည်စုံစမ်းစစ်ဆေးနေပါတယ်။ မီးလောင်ရခြင်းအကြောင်းရင်းကို မဆုံးဖြတ်ခင် မှုခင်းဆေးပညာအရာရှိတွေက အသေးစိတ် စစ်ဆေးမှုတစ်ရပ်ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

Ref- Khaosod

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

image
image
image
image

အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ဖို့ လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်

ကုသလဂ္ဂ၊ စက်တင်ဘာ ၂၇

အီရန်အပေါ် အရေးယူပိတ်ဆို့တွေ ပြန်လည်ချမှတ်ရေးကို နှောင့်နှေးဖို့ တရုတ်နဲ့ ရုရှားတို့ရဲ့ ကြိုးပမ်းမှု မအောင်မြင်ပြီးနောက် ပိတ်ဆို့မှုတွေကို စက်တင်ဘာ ၂၇ ရက်မှာ ပြန်လည်ချမှတ်ဖို့ စီစဉ်နေပါတယ်။

ဒီလို အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်တဲ့အတွက် နောက်ဆက်တွဲအကျိုးဆက်တွေကို အနောက်အင်အားကြီးနိုင်ငံတွေ ရင်ဆိုင်ရလိမ့်မယ်လို့ အီရန်က သတိပေးထားပါတယ်။

ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ချမှတ်ဖို့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အီရန်နဲ့တင်းမှုတွေ တိုးမြင့်လာဖွယ်ရှိပြီး ပြင်းထန်တဲ့တုံ့ပြန်မှုတရပ်ကြုံလာနိုင်ခြေရှိပါတယ်။ ပိတ်ဆို့အရေးယူမှုတွေ နှောင့်နှေးဖို့ ရုရှားနဲ့ တရုတ်တို့က တွန်းအားပေးခဲ့ပြီး အဖွဲ့ဝင် ၁၅ ဦးပါ ကောင်စီမှာ အရေးမယူဖို့ ထောက်ခံမဲ လေးမဲသာ ရရှိခဲ့ပြီး ကန့်ကွက်မဲ ၉ မဲနဲ့ ကြားနေမဲ ၂ မဲရှိခဲ့ပါတယ်။

“လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် ၂၂၃၁ မှာ ချမှတ်ထားတဲ့ ပြန်လည်အရေးယူရေး လုပ်ငန်းစဉ်ရဲ့ လိုအပ်တဲ့ အဆင့်တွေကို ပြည့်စုံစေတဲ့အတွက် ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဒီသီတင်းပတ်ကုန်မှာ ပြန်လည် ချမှတ်သွားမှာ ဖြစ်ပါတယ်” လို့ ဗြိတိန်သံတမန် ဘာဘရာ၀ုဒ်က မဲခွဲမှုအပြီးမှာပြောပါတယ်။

အီရန်အပေါ် ကုလသမဂ္ဂ ပိတ်ဆို့အရေးယူမှုအားလုံးဟာ စနေနေ့ (ဂရင်းနစ်စံတော်ချိန် 0000 GMT)မှာ ပြန်လည်သက်ဝင်မှာဖြစ်ပါတယ်။ ပိတ်ဆို့အရေးယူမှုတွေမှာ လက်နက်ပိတ်ဆို့မှု၊ ယူရေနီယံ သန့်စင်မှုနဲ့ ပြန်လည်လုပ်ဆောင်ခြင်းဆိုင်ရာ တားမြစ်ချက်၊ ပဲ့ထိန်းဒုံးကျည်လှုပ်ရှားမှုအပေါ် ကန့်သတ်ချက်များ၊ ကမ္ဘာလုံးဆိုင်ရာ ပိုင်ဆိုင်မှုကို ရပ်တန့်စေခြင်း၊ အီရန်လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ခရီးသွားလာခွင့် ပိတ်ပင်တာတွေ ပြန်လည်ချမှတ်မှာဖြစ်ပါတယ်။

Ref:CNA
Photo:Reuters

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
===========================
(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
--------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် တောင်ပိုင်းကမ်းလွန်-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်‌တောင်ပိုင်းကမ်းခြေအနီး)သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ စစ်တွေမြို့ (Sittwe)၏ အနောက်- အနောက်တောင်ဘက် ရေမိုင် ၄၂၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ အနောက် တောင်ဘက် ရေမိုင် ၃၅ မိုင်ခန့်၊ ဂိုလ်ပါပူမြို့(Gopalpur)၏ အရှေ့ဘက် ရေမိုင် ၃၅ မိုင်ခန့်နှင့် ကာလင်ဂါပတ္တနမ်မြို့ (Kalingapatnam)၏ အရှေ့မြောက်ဘက် ရေမိုင် ၁၀၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဖိလစ်ပိုင်ပင်လယ်ပြင်အနောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း“ဘူအလွိုင်”(BUALOI) သည် အနောက်- အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း တောင်တရုတ်ပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားကာ တိုင်ဖွန်းမုန်တိုင်းအဖြစ်အားကောင်းလာနိုင်ပြီး နောက် ၄၈ နာရီအတွင်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကမ်းခြေဒေသများကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
-----------------------------------------------------------------------
မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးမည်။
လှိုင်းအမြင့်။ ၁၀ ပေမှ ၁၂ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
--------------------------------------------------------------------------
မိုးလေ၀သအ‌ခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးမည်။
လှိုင်းအမြင့်။ ၁၀ ပေမှ ၁၂ ပေခန့်။

23 w - Translate

နှစ်သိမ့်ပေးသူ 🐾❤️
ခွေးတွေဟာ ကျွန်တော်တို့ရဲ့ စကားလုံးတွေကို နားမလည်ဘူးလို့ လူတွေက ပြောကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ အဲဒီထက် ပိုနက်နဲတဲ့အရာတစ်ခုကို နားလည်တယ်ဆိုတာ ကျွန်တော် သိခဲ့ရတယ်။
ကျွန်တော် စိတ်ထိခိုက်ပြီး ငိုခဲ့ရတဲ့ညမှာ ကျွန်တော် တစ်ယောက်တည်းလို့ ထင်ခဲ့တယ်။ ကျွန်တော့်ရဲ့ကမ္ဘာကြီးဟာ လေးလံနေပြီး၊ ရင်ဘတ်ကလည်း ရှင်းပြလို့မရတဲ့ ဝမ်းနည်းမှုတွေနဲ့ ကျပ်တည်းနေခဲ့တယ်။ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး မျက်နှာကို လက်နဲ့အုပ်ကာ တိတ်ဆိတ်မှုက ကျွန်တော့်ကို မျိုချသွားအောင် ခွင့်ပြုထားလိုက်တယ်။
အဲဒီအချိန်မှာ ကျွန်တော် ခံစားလိုက်ရတယ်။ ညင်သာတဲ့ တွန်းတိုက်မှုတစ်ခု။ ပြီးတော့ နူးညံ့တဲ့ ခြေထောက်အလေးချိန်တစ်ခုက ကျွန်တော့်ရဲ့ ခြေထောက်ပေါ်ကို ဖိထားလိုက်တယ်။ ကျွန်တော့်ခွေးလေးဟာ မဟောင်ခဲ့ဘူး၊ ထွက်လည်း မသွားခဲ့ဘူး—သူက ရှိနေရုံပါပဲ။ သူ့ခေါင်းကို ကျွန်တော့် ဒူးပေါ်မှာ ငြိမ်သက်စွာ တင်ထားပြီး၊ သူ့မျက်လုံးတွေက ကျွန်တော့်မျက်လုံးတွေကို စိုက်ကြည့်နေတယ်။ ပြောနေသယောင်ရှိတာကတော့ "ဟူးမန်း ဘာကြောင့် နာကျင်နေလဲဆိုတာ အာဝု သိဖို့မလိုဘူး။ ဟူးမန်းတစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သိဖို့ပဲ လိုတယ်" ဆိုတာပါပဲ။
အဲဒီအချိန်မှာ ကျွန်တော် အင်မတန် အစွမ်းထက်တဲ့ အရာတစ်ခုကို သိလိုက်ရတယ်။
ခွေးတွေဟာ ကျွန်တော်တို့ကို နှစ်သိမ့်ပေးရုံသက်သက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘယ်တော့မှ အပြည့်အဝ နားမလည်နိုင်တဲ့ နည်းလမ်းတွေနဲ့ သူတို့ဟာ ကျွန်တော်တို့ရဲ့ နာကျင်မှုအပိုင်းအစတွေကို သယ်ဆောင်ပေးပြီး ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးခဲ့တာပါ။
အဲဒီညမှာ သူ ကျွန်တော့်ဘေးကနေ တစ်ခါမှ မခွာခဲ့ဘူး။ သူ့မှာ စကားလုံးတွေ မလိုအပ်ခဲ့ဘူး။ သူ့ရဲ့ အချစ်ကပဲ လုံလောက်ခဲ့ပါတယ်။
🐕❤️ သင့်ခွေးလေးကလည်း သင် အလိုအပ်ဆုံးအချိန်မှာ နှစ်သိမ့်ပေးခဲ့ဖူးတယ်ဆိုရင် ဒီနှောင်ကြိုးကို စကားလုံးနဲ့ ရှင်းပြလို့မရဘူး—ခံစားရုံသက်သက်ပါပဲ ဆိုတာ သင် သိပါလိမ့်မယ်။

image
23 w - Translate

တောင်ပေါ်ဒေသ မှာသဘာဝအတိုင်းပွင့်နေတဲ့ စွယ်တော်ပန်းအလှ 🌸🤩

image
23 w - Translate

တောင်ပေါ်ဒေသ မှာသဘာဝအတိုင်းပွင့်နေတဲ့ စွယ်တော်ပန်းအလှ 🌸🤩

image
23 w - Translate

တောင်ပေါ်ဒေသ မှာသဘာဝအတိုင်းပွင့်နေတဲ့ စွယ်တော်ပန်းအလှ 🌸🤩

image