မက်ဆီအား ဂုဏ်ပြုကျင်းပမယ့် Messi Cup တွင် ချဲလ်ဆီးနှင့် မန်စီးတီး ပါဝင်ယှဉ်ပြိုင်မည်
=====================
ချဲလ်ဆီးနှင့် မန်စီးတီးတို့ဟာ လာမယ့် ဒီဇင်ဘာလတွင် မိုင်ယာမီမှာ လီယွန်နယ်မက်ဆီအား ဂုဏ်ပြုကျင်းပလာမယ့် လူငယ်ဘောလုံးပြိုင်ပွဲ Messi Cup တွင် ပါဝင်ယှဉ်ပြိုင်လာကြပါမယ်။
ချဲလ်ဆီးနှင့် မန်စီးတီးလူငယ်အသင်းတို့ဟာ Messi Cup ပြိုင်ပွဲတွင် အင်တာမိုင်ယာမီ၊ အက်သလက်တီကိုမက်ဒရစ်၊ ဘာစီလိုနာ၊ အင်တာမီလန်၊ ရေးဗားပလိတ်၊ နီဝဲလ်အိုးဘွိုင်းစ်တို့နှင့်အတူ ပါဝင်ယှဉ်ပြိုင်လာမှာလည်း ဖြစ်ပါတယ်။
ယခုပြိုင်ပွဲတွင် လီယွန်နယ်မက်ဆီ ကစားသမားဘဝအတွင်း ကျင်လည်ခဲ့တဲ့ အင်တာမိုင်ယာမီ၊ ဘာစီလိုနာနှင့် နီဝဲလ်အိုးဘွိုင်းစ်တို့ ပါဝင်ယှဉ်ပြိုင်လာမှာ ဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီကတော့ ပါဝင်ယှဉ်ပြိုင်လာမှာ မဟုတ်ပါဘူး။
ပရီးမီးယားလိဂ်ကလပ်နှစ်ခတို့ဟာ ယူ-၁၆ အသင်းအား စေလွှတ်ကာ ၆ ရက်ကြာ ယှဉ်ပြိုင်ကျင်းပမယ့် Messi Cup မှာ ပါဝင်ယှဉ်ပြိင်လာမှာလည်း ဖြစ်ပါတယ်။
Messi Cup ကို အင်တာမိုင်ယာမီရဲ့ Chase Stadium နှင့် လေ့ကျင့်ရေးကွင်းတို့မှာ ကျင်းပလာမှာလည်း ဖြစ်ပါတယ်။
ယခုပြိုင်ပွဲကို မက်ဆီပိုင် Messi’s 525 Rosario က ဦးစီးကျင်းပလာမှာလည်း ဖြစ်ပါတယ်။
မက်ဆီဟာ ယခု ပြိုင်ပွဲမှ လူငယ်ကစားသမားမျိုးဆက်များ ပေါ်ထွက်လာရေး ရည်မှန်းချက်ဖြင့် ကျင်းပလာတာလည်း ဖြစ်ပါတယ်။
Messi Cup ပြိုင်ပွဲတွင် ၁၈ ပွဲ ကစားလာမှာ ဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၄ ရက်အတွင်း ကျင်းပလာမှာလည်း ဖြစ်ပါတယ်။
