မျက်မှန်တပ်ထားရသူများ၊ အထူးသဖြင့် အသက် ၃၀ ကျော်မှစ၍ မျက်စိမှုန်ဝါးလာသူများအတွက် အလွန်ကောင်းမွန်တဲ့ ရိုးရာဆေးတစ်လက်ကို ဝေမျှပေးချင်ပါတယ်။ မျက်မှန်ဖိုး သိန်းချီ ကုန်ကျနေတာ၊ မျက်မှန်မပါရင် ဘာမှမမြင်ရလို့ စိတ်ပျက်နေရတာတွေကို ဒီဆေးနည်းနဲ့ ဖြေရှင်းလိုက်ပါ။
ပါဝါအတက်သာရှိပြီး အကျမရှိတဲ့ မျက်မှန်ကို အပြီးတိုင် လွတ်မြောက်နိုင်မယ့် ဆေးနည်းကတော့...
🌿 လိုအပ်သော ဆေးဖက်ဝင် ပစ္စည်းများ (၄) မျိုး
1. ဆီးဖြူသီး (အမှုန့်): ဆီးဖြူသီးကို ထုထောင်းပြီး အစေ့ဖယ်ကာ နေလှန်း၊ အမှုန့်ပြုလုပ်ပါ။
2. ကြိတ်မှန်ရွက် (အမှုန့်): အရိပ်ထဲမှာ သဘာဝအတိုင်း အခြောက်ခံပြီး အမှုန့်ပြုလုပ်ပါ။
3. ကွမ်းရွက် (အမှုန့်): အခြောက်လှန်းပြီး အမှုန့်ပြုလုပ်ပါ။
4. ပျားရည်စစ်စစ်: သဘာဝပျားရည်စစ်စစ် လိုအပ်ပါသည်။
ညအိပ်ရာဝင်ခါနီးတိုင်း အောက်ပါဆေးသုံးပါးနှင့် ပျားရည်ကို ရောမွှေ၍ စားသုံးပေးရမည် ဖြစ်သည်-
• ဆီးဖြူသီးမှုန့်ကို လက်ဖက်စားဇွန်း (၁) ဇွန်း၊
• ကြိတ်မှန်ရွက်မှုန့်ကို လက်ဖက်စားဇွန်း (၁) ဇွန်း၊
• ကွမ်းရွက်ခြောက်မှုန့်ကို လက်ဖက်စားဇွန်း (၁) ဇွန်း၊
• ထိုဆေးသုံးပါးအား ပျားရည် လက်ဖက်စားဇွန်း (၃) ဇွန်း နှင့် ရောမွှေ၍ စားပေးပါ။
ဤဆေးနည်းအတိုင်း သုံးလတိတိ ပုံမှန်
မပျက်မကွက် စားပေးပါက မျက်စိကြည်လင်လာပြီး မျက်မှန်လွတ်သွားမှာ သေချာနေပါလိမ့်မည်။ ထိုမျှမက၊ ဤဆေးနည်းကြောင့် ကိုယ်ခန္ဓာရှိ အညောင်းအညာများပါ ပြေပျောက်သက်သာလာမည် ဖြစ်သည်။
မိမိကိုယ်ကိုယ် ချစ်ခင်တန်ဖိုးထားသလို၊ သင့်မိတ်ဆွေများကိုပါ ချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဤဆောင်းပါးကို ပြန်လည်မျှဝေပေးဖို့ မမေ့ပါနဲ့နော်။
