မိုဟာမက်ဆာလက်ရဲ့ ခြေစွမ်းအပေါ် ဆလော့ လုံးဝ မစိုးရိမ်
====================

လီဗာပူးနည်းပြအန်းဆလော့က မိုဟာမက်ဆာလက်ရဲ့ ခြေစွမ်းနှင့်ပတ်သက်ပြီး သူ စိုးရိမ်ရမယ့်အရာမှာ နောက်ဆုံး စိုးရိမ်ရမယ့်အရာသာ ဖြစ်ကြောင်း ပြောကြားလာပါယ်။

မိုဟာမက်ဆာလက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၂၉ ဂိုးသွင်းခဲ့တဲ့အပြင် ၁၈ ကြိမ် ဖန်တီးပြီး လီဗာပူးအား ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် အဓိကနေရာမှ ကူညီခဲ့ပါတယ်။

ဒါပေမယ့် အီဂျစ်စူပါစတားဟာ ယခုရာသီမှာတော့ ပရီးမီးယားလိဂ်ဂိုး ၃ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။

တဖက်တွင် လီဗာပူးဟာ နွေရာသီတုန်းက ပေါင် ၄၁၅ သန်း အသုံးပြုကာ တိုက်စစ်ကို အားဖြည့်ခဲ့ပေမယ့်လည်း ရုန်းကန်နေရပါတယ်။

၎င်းတို့ဟာ ပြိုင်ပွဲအရပ်ရပ် ၄ ပွဲဆက် အရှုံးနှင့် ကြုံရပြီးနောက် ကြားရက်တုန်းက ချန်ပီယံလိဂ်တွင် ဖရန့်ဖတ်အား ၅-၁ ဖြင့် အနိုင်ရရှိကာ နိုင်ပွဲလမ်းကြောင်းပေါ် ပြန်တက်ခဲ့ပါတယ်။

ဆလော့က "အဓိကအကြောင်းအရာက သူက လီဗာပူးအတွက် ဂိုးတွေ အများကြီး အမြဲတမ်း သွင်းလာခဲ့တာပါ။ မို ဂိုးထပ်သွင်းဖို့အရေးက ကျွန်တော် နောက်ဆုံးမှ စိုးရိမ်ရမယ့်အရာပါ။ သူ တစ်ဘဝလုံး လုပ်လာတဲ့အရာပါ။ လာမယ့် ရက်သတ္တပတ်တွေ လတွေမှာ ဂိုးတွေ ထပ်သွင်းလာဖို့ မျှော်လင့်တယ်"လို့ ပြောကြားသွားပါတယ်။

ဆာလက်ဟာ ကြားရက်တုန်းက ဖရန့်ဖတ်တွင် ဆာလက်ကို အရန်ခုံမှာ ထိုင်ခိုင်းပြီး အီကီတီကီ၊ အလက်ဇန္ဒားအီဆက်ခ်၊ ဖလိုရီယန်ဝါ့ဇ်တို့အား ပွဲထုတ်ခဲ့ပါတယ်။ ဒါပေမယ့် အလက်ဇန္ဒားအီဆက်ခ်မှာ ပေါင်ခြံဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပါတယ်။
ဒါကြောင့်လည်း ဆာလက်မှာ ယနေ့ည ဘရန့်ဖို့ဒ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးပွဲထွက်လူစာရင်းတွင် ပြန်လည်ပါဝင်လာဖို့ ရှိနေပါတယ်။

ဆာလက်ဟာ ပရီးမီးယားလိဂ် ၇ ပွဲဆက် ဂိုးပေါက်ပျောက် (ပင်နယ်တီမပါ)နေပြီး ၂၀၁၇ ခုနှစ်တွင် လီဗာပူးသို့ ပြောင်းလာပြီးနောက် အရှည်ကြာဆုံး ဂိုးပေါက်ပျောက်မှုနှင့် ကြုံနေရပါတယ်။

ဆက်လက်ပြီး ဆလော့က "ဘောလုံးမှာ ကစားသမားတွေ အခွင့်အရေး လွဲချော်တာ ပုံမှန်ပါ။ သူလည်း လူသားပါ။ သူ အခွင့်အရေး လွဲတာ ဘာလိုမှ မမြင်ပါဘူး"လို့ ပြောကြားသွားပါတယ်။

image

အသက် ၁၅ နှစ် အရွယ်ရှိ ဘယ်လင်ဂမ် လက်သစ်အား ယခုရာသီတွင် ပထမဆုံးပွဲကစားခွင့် ပေးလာမယ့် ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာ
==================

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာဟာ ယခုရာသီတွင် လူငယ်ပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဆယ်ကျော်သက် ပါရမီရှင်မာဒီနီကိုးလ်ဂျာဇူလီကို ပထမအသင်းတွင် ပွဲကစားခွင့်ပေးလာဖို့ ရှိနေကြောင် သိရပါတယ်။

အသက် ၁၅ နှစ်အရွယ်သာ ရှိသေးတဲ့ ဂျာဇူလီဟာ အကယ်ဒမီတွင် ခြေစွမ်းပြကစားနေမှုနှင့်အတူ ပြီးခဲ့တဲ့လများအတွင်းတွင် ဥရောပထိပ်သီးကလပ်များရဲ့ စောင့်ကြည့်ခြင်းခံလာရသူလည်း ဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြမှုအရ ချဲလ်ဆီးအသင်းတာဝန်ရှိသူများက ဂျာဇူလီကို သူ့သက်တမ်းအုပ်စုတွင် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ထားပြီး ရီးရဲလ်မက်ဒရစ်နှင့် အင်္ဂလန်ကွင်းလယ်ကစားသမားဂျူ့ဘယ်လင်ဂမ်နှင့် ကစားပုံတူကာ ဘယ်လင်ဂမ်လက်သစ်အဖြစ် သတ်မှတ်ထားကြပါတယ်။

ချဲလ်ဆီးနည်းပြမာရက်စ်ကာဟာ အေဂျက်စ်နှင့်ပွဲမတိုင်မီ ပထမအသင်းနှင့်အတူ ဂျာဇူလီကို လေ့ကျင့်ခန်းဆင်းခွင့်ပေးခဲ့ပြီး ဖြစ်ပါတယ်။

သူဟာ လာမယ့် ဇန်နဝါရီလတွင်မှ အသက် ၁၆ နှစ်ပြည့်လာမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြမာရက်စ်ကာဟာ ဂျာဇူလီသာ ယခုခြေစွမ်းအတိုင်း တိုးတက်နေမည်ဆိုပါက ရာသီမသိမ်းမီ ပထမအသင်းအတွက် ပထမဆုံးပွဲကစားခွင့်ပေးလာမှာ ဖြစ်ကြောင်း သိရပါတယ်။

သူဟာ အသက် ၁၅ နှစ်သာ ရှိသေးပေမယ့်လည်း အင်္ဂလန်ယူ-၁၇ အသင်းအတွက် ကစားခွင့်ရနေသူလည်း ဖြစ်ပါတယ်။
ယခုလအစောပိုင်းတုန်းက ဂျာဇူလီဟာ UEFA Youth League ပြိုင်ပွဲတွင် ပွဲထွက်ကစားကာ ချဲလ်ဆီးရဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့ပါတယ်။

ဂျာဇူလီဟာ နောက်ခံလူတစ်ဦးအဖြစ် ကစားသမားဘဝစတင်ခဲ့ပေမယ့်လည်း နောက်ပိုင်းတွင် အလယ်တန်းကစားသမားတစ်ဦးအဖြစ် ပြောင်းလဲကစားလာခဲ့တာပါ။

သူဟာ ဘောလုံးအမြင်ရှိမှု၊ တိကျတဲ့ ဘောလုံးပေးပို့မှု ပြုလုပ်နိုင်မှု၊ ဧရိယာအစပ်မှ ဂိုးကန်သွင်းနိုင်မှုသူ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ အကယ်ဒမီထွက်ကစားသမားများကို ပထမအသင်းတွင် နေရာပေးတဲ့ ကောင်းမွန်တဲ့ သမိုင်းကြောင်း ပိုင်ဆိုင်တဲ့အသင်းပါ။

လက်ရှိအသင်းတွင် ပုံမှန်ကစားခွင့်ရနေတဲ့ အသင်းခေါင်းဆောင်ရီစီဂျိမ်းစ်၊ ထရီဗိုချာလိုဘာတို့မှာ အကယ်ဒမီထွက်များ ဖြစ်ကြပါတယ်။

ဒါပေမယ့် မာရက်စ်ကာဟာ အေဂျက်စ်နှင့်ပွဲတွင် တိုင်ရီကေးဂျော့၊ ဂျို့စ်အေချီယမ်ပွန်အပါအဝင် အကယ်ဒမီထွက်များကို နေရာပေးခဲ့ပါသေးတယ်။

imageimage

အင်တာကို အနိုင်ယူပြီး စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးသို့ နာပိုလီတက်လှမ်းလာ
======================

နာပိုလီဟာ စကော့မက်တိုမီနေး၊ ကီဗင်ဒီဘရိုင်းတို့ရဲ့ သွင်းဂိုးတွေနဲ့ လက်ရှိ ချန်ပီယံ အင်တာမီလန်ကို အနိုင်ယူပြီး စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းလာပါတယ်။

Stadio Diego Armando Maradona မှာ ကစားတဲ့ပွဲစဉ်တွင် နာပိုလီဟာ ကီဗင်ဒီဘရိုင်းရဲ့ ပင်နယ်တီဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီးနောက် စကော့မက်တိုမီနေး၊ အန်ဂူဆာတို့ရဲ့ ဂိုးတွေနဲ့ အင်တာမီလန်ကို ၃-၁ ဖြင့် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

နာပိုလီဟာ တိုရီနို၊ ပီအက်စ်ဗွီတို့ကို ရှုံးနိမ့်ပြီးနောက် နောက်ဆုံး ၃ ပွဲတွင် ပထမဆုံးနိုင်ပွဲ ရရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နာပိုလီအတွက် စိုးရိမ်စရာကောင်းတာကတော့ ပင်နယ်တီကနေ ဂိုးသွင်းယူပြီးတဲ့နောက် ကီဗင်ဒီဘရိုင်း ဒဏ်ရာရရှိပြီး ကွင်းအတွင်းကနေ ထော့နင်းထော့နင်းဖြင့် ထွက်ခွာသွားခဲ့ရပါတယ်။ ကီဗင်ဒီဘရိုင်းဟာ နွေရာသီမှာ နာပိုလီသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာပြီးတဲ့နောက် ၈ ပွဲကစားထားရာမှာ ၄ ဂိုးသွင်းထားနိုင်ပါတယ်။

နာပိုလီဟာ စီးရီးအေ ၈ ပွဲတွင် ၇ ပွဲမြောက် နိုင်ပွဲ ရရှိလာတာ ဖြစ်ပြီး အေစီမီလန်ကို တစ်မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။

ယနေ့ညတွင် ဆက်စ်ဆူလိုနှင့် ရင်ဆိုင်ရမယ့် ရိုးမားဟာ ဒီပွဲ အနိုင်ရရှိရင် နာပိုလီနှင့်အတူ ရမှတ် ၁၈ မှတ်တူညီလာပါမယ်။

image

နွေရာသီတွင် ဥရောပထိပ်သီးကလပ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရေး ဂူဟီရဲ့ အေးဂျင့်အဖွဲ့ ဆွေးနွေးလာ
==========================

ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင်မာ့ခ်ဂူဟီရဲ့ အေးဂျင့်အဖွဲ့ဟာ လာမယ့်နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ရေး ဘိုင်ယန်မြူးနစ်အကြီးအကဲများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လာပါတယ်။

အင်္ဂလန်လက်ရွေးစင်ဗဟိုနောက်ခံလူဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တုန်းက လီဗာပူးသို့ ပြောင်းရေး ဆေးစစ်ဆေးမှု ခံယူခဲ့ပြီး ဖြစ်ပေမယ့် ပဲလေ့စ်ဘက်က အစားထိုးနိုင်မယ့် ကစားသမားရှာမတွေ့ခဲ့မှုနှင့်အတူ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဗဟိုနောက်ခံလူဟာ ယခုရာသီအကုန်အထိ ပဲလေ့စ်တွင် ဆက်ရှိနေမှာ ဖြစ်ပေမယ့်လည်း စာချုပ်သစ်ချုပ်ဆိုလာမှာ မဟုတ်ပါဘူး။

၂၀၂၅-၂၆ ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂူဟီကို ခေါ်ယူရန် ဥရောပထိပ်သီးကလပ်အမြောက်အမြားက စိတ်ဝင်စားနေပါတယ်။

ယနေ့တွင် Sky Sports Germany ရဲ့ ဖော်ပြလာမှုအရ ဘိုင်ယန်မြူးနစ်ဟာ ဂူဟီအား ခေါ်ယူရေး အေးဂျင့်များနှင့် ဆွေးနွေးမှု ပြုလုပ်လာကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လာမယ့် နွေရာသီတွင် ဒါယော့အူပါမီကာနို (သို့မဟုတ်) ကမ်မင်ဂျီ ထွက်ခွာနိုင်မှုနှင့်အတူ ခံစစ်မှူးတစ်ဦး ရှာဖွေနေတာပါ။

ဘိုင်ယန်မြူးနစ်ဟာ ဂူဟီကို ခေါ်ယူရေး မအောင်မြင်ပါက ဒေါ့မွန်မှ နီကိုချာလော့တာဘက်အား ခေါ်ယူရေး ကြိုးပမ်းလာနိုင်ပါတယ်။

ဒါ့အပြင် ဂူဟီကို ခေါ်ယူရေး ဘိုင်ယန်မြူးနစ်တစ်သင်းတည်း ကြိုးပမ်းနေတာ မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ကလည်း ဂူဟီကို ခေါ်ယူရေး စိတ်ဝင်စားလျက်ရှိကြပါတယ်။

image

အီတလီလူနေမှုဘဝတွင် အထိုင်မကျမှုနှင့်အတူ ပရီးမီးယားလိဂ်သို့ ပြန်လာဖို့ ရှိနေတဲ့ စကော့မက်တိုမီနေး
======================

စကော့မက်တိုမီနေးဟာ အီတလီတွင် ကွင်းပြင်ပ လူနေမှုဘဝတွင် အသားကျရန် ရုန်းကန်နေရမှုနှင့်အတူ ပရီးမီးယားလိဂ်သို့ တကျော့ပြန်လာဖို့ ရှိနေပါတယ်။

စကော့တလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက ယူနိုက်တက်မှာ နာပိုလီသို့ ပြောင်းရွှေ့ပြီးနောက် စီးရီးအေဖလား ဆွတ်ခူးနိုင်အောင် အဓိကနေရာမှ ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ပထမဆုံးရာသီတွင် ၁၂ ဂိုးအထိ သွင်းနိုင်ခဲ့ပြီး စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် Ballon d'Or စာရင်းတွင် အဆင့် ၁၈ နေရာမှာ ချိတ်ခဲ့ပါတယ်။

အသက် ၂၈ နှစ်ရှိ ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်းဟာ ယခုရာသီတွင်လည်း ၄ ဂိုးသွင်းယူထားကာ အကောင်းဆုံးပုံစံ ဆက်လက်ပြသနေပါတယ်။

စကော့မက်တိုမီနေးဟာ နာပိုလီပရိသတ်များရဲ့ ချစ်ခင်မြတ်နိုးမှု ရရှိပြီး နတ်ဘုရားတစ်ပါးလို ဆက်ဆံခြင်းခံရပေမယ့်လည်း အီတလီယဉ်ကျေးမှုနှင့် အသားကျရန် ရုန်းကန်နေရမှုနှင့်အတူ ပရီးမီးယားလိဂ်သို့ ပြန်လာကစားရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။

image

အေစီမီလန်ရဲ့ ပြိုင်ပွဲအရပ်ရပ် ၁၃ ပွဲဆက်တိုက်နိုင်ပွဲစံချိန်ကို လိုက်မီလာတဲ့ ဘိုင်ယန်မြူးနစ်
====================

ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားအောက်ဆုံးမှ မိုချင်ဂလက်ဘတ်ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး အေစီမီလန်ရဲ့ ၁၃ ပွဲဆက်နိုင်ပွဲစံချိန်ကို လိုက်မီလာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ် ၁၃ ပွဲလုံး အနိုင်ရရှိထားတာ ဖြစ်ပြီး ရာသီအစ ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားတာလည်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ ၁၉၉၂-၉၃ ရာသီတုန်းက အေစီမီလန်ရဲ့ ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုတွင် ပထမဆုံး ၁၃ ပွဲဆက် နိုင်ပွဲရရှိထားတဲ့ စံချိန်ကို လိုက်မီလာခဲ့တာလည်း ဖြစ်ပါတယ်။

မနေ့ညကပွဲတွင် ဘိုင်ယန်မြူးနစ်အတွက် တတိယဂိုးကို သွင်းခဲ့တဲ့ လူငယ်ကျော်သက်ကစားသမားလင်နတ်ကားလ်ဟာလည်း အသင်းအတွက် ၂ ပွဲဆက် ဂိုးသွင်းယူလာနိုင်ခဲ့ပါတယ်။

တောင်ပံကစားသမားဟာ ကြားရက်တုန်းက ကလပ်ဘရုဂျက်ကို ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ စီနီယာကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် အသက် ၁၇ နှစ်နှင့် ၂၄၂ ရက်ဖြင့် ဘိုင်ယန်မြူးနစ်သမိုင်းတွင် အသက်အငယ်ဆုံးချန်ပီယံလိဂ်ဂိုးသွင်းရှင်အဖြစ် သမိင်းမှတ်တိုင်စိုက်ထူခဲ့သူလည်း ဖြစ်ပါတယ်။

မနေ့ညက ပွဲမှာ ဘိုင်ယန်မြူးနစ်ဟာ ၁၉ မိနစ်မှာ ကက်စထရော့ပ် အနီကတ်ပြထုတ်ပယ်ခြင်းခံရပြီးနောက် မိနစ် ၇၀ ကျော် တစ်ယောက်အသာဖြင့် ကစားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

ဘိုင်ယန်အတွက် အနိုင်ဂိုးတွေကို ကမ်မစ်ချ်၊ ရာဖေးလ်ဂွာရဲရိုး၊ ကားလ်တို့က သွင်းယူခဲ့ကြတာပါ။

မနေ့ညက ပွဲတွင် ဟယ်ရီကိန်းဟာ ဂိုးသွင်းနိုင်ခြင်း၊ ဖန်တီးနိုင်ခြင်း ပြုလုပ်နိုင်ခဲ့ခြင်း မရှိတဲ့နောက် ယခုရာသီ ပထမဆုံးပွဲအဖြစ် ဂိုး(သို့မဟုတ်)ဖန်တီးမှု မပြုလုပ်နိုင်တဲ့ပွဲကြုံခဲ့ရပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ယခုရာသီ ဘိုင်ယန်မြူးနစ်အတွက် ၁၂ ပွဲကစားထားခဲ့ရာမှာ ဂိုး ၂၀ အထိ သွင်းထားနိုင်ပါတယ်။ သူဟာ မိုချင်ဂလက်ဘတ်ပွဲမတိုင်မီ ဘွန်ဒက်စ်လီဂါ ၅ ပွဲဆက် ဂိုးသွင်းထားသူလည်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဂျာမန်ပိုကယ်ဖလားဒုတိယအဆင့်ပွဲစဉ်အဖြစ် ကိုလုံးနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး စနေနေ့မှာ လေဗာကူဆင်အား အိမ်ကွင်းမှာ ဧည့်ခံကစားရပါမယ်။

image

ဂေါ်ဖီပန်းပွင့်မျိုးစေ့(1ထုပ်=300မျိုးစေ့ပျိုးနည်း
step 1 -compost 1: စပ်မြေ 2 ရောသမ မွှေပေးပါ
2- ကိုယ်စိုက်မယ့် ပန်းအိုး သို့မဟုတ် container တစ်ခုခု ထဲ ထည့်ပါ
3- ရေဆင်းပေါက်ရှိသော အိုး သို့မဟုတ် container ဖြစ်ဖို့ လိုပါတယ်
4- မြေဖြည့်ပြီးပါက ရေဝအောင် ရွှဲအောင် လောင်းပေးပါ
5- ရေစစ်သွားပြီဆို ရင် မျိုးစေ့လေးတွေ ခပ်ကျဲကျဲ ဖြူးလိုက်ပါ
6- ကျဲထားသော မျိုးစေ့ပေါ်သို့ ပထမပိုင်းက ရောထားတဲ့မြေခပ်ပါးပါးလေး ထပ်ဖြူးပေးပါ
7-(1-2) ရက်နေလို့ မြေသားမှာ ရေအစိုဓါတ် လိုနေရင် ရေဖွဖွ လေးလောင်းပေးပါရှင်
7ရက် မှ 10 ရက် အတွင်း
အပင်ပေါက်လာပါလိမ့်မယ်နော်
သတိပြုရန်မှာ
၁- မိုးရေ တိုက်ရိုက်ကျသောနေရာမှာ
မျိုးစေ့ ပျိုးပင် ပျိုးအိုးများထားခြင်းကို
ရှောင်ပေးပါ
၂- နေ ရိပ်လွန်းသော နေရာ/နေပူလွန်းသော နေရာ
များကို ရှောင်ပေးပါ
၃- ရေ လောင်းလွန်ခြင်း/ ရေလောင်းဖို့ လိုခြင်းကို
သတိပြုပေးပါ

image
51 w - Translate

Resort Wear Competition မှာ
မြင်တွေ့ရတဲ့ Miss Earth Myanmar 🇲🇲 2025
အလှမယ် ခင်ခင်လှိုင် 🌸
New face အနေနဲ့ Miss Earth လို ပွဲမှာ
Motto နဲ့အညီ လုပ်ပြနိုင်တာ မြင်ရတယ်💝
Aura က ထင်းခနဲဖြစ်တော့ international fan တွေကအစ သတိထားမိလာတာမို့ ဒီ့ထက်ပိုပြီး
များများတောက်ပပေးပါ
Communication တွေလုပ်ပါ
Public speaking တွေ ချပြပါ👑
Keep going , girl 👏🏻
#missearthmyanmar2025 #roadtomissearth2025

image