23 ပတ် - ဘာသာပြန်ပါ။

မုန့်တီသုပ် အနစ် ချက်နည်း -
ပုဇွန် ငရုပ်သီးငပိချက်နဲ့ မုန့်ဖက်သုပ် အနစ်
စပ်တာ မီးပွင့်သွားတယ် 🫨🙂‍↔️🤯🙉🥱🥵
- ချက်နည်း -
ချက်နည်းက ပုဇွန်ကို လှော်ပြီး အဲဒီအိုးထဲ ဆီ ဖင်ကပ်လေး ထည့် ကြက်သွန်နီ ဖြူ ကြမ်းကြမ်းလေး စင်းထည့် နဲနဲ့ မွှေ
👉မွှေးတဲ့အထိ ဆီမသပ် နဲ့နော် ထည့်မွေရုံလေး
ပဲ ငပိကို အရည်ဖျော်ပြီးထည့် ငရုပ်သီး ပြုတ်ပြီး
ချေထားတာထည့် ဆား အချိုမှုန့်ထည့်
ငါး အသားလေး တစ်ခုခု ကို ချေထည့် ( မထည့်
လဲရ)
ဆူပွတ်နေစဉ် နန္နင်း အနည်းငယ်ထည့် ok ပါပြီ။
🤤🤤🤤

imageimage

ဝမ် ၁၄.၂ ဘီလီယျံတန် ဇိမ်ခံအိမ်တစ်လုံး ဝယ်လိုက်တဲ့ BTS အဖွဲ့ဝင် V

စက်တင်ဘာ ၂၆

တောင်ကိုရီးယား အမျိုးသား K Pop အဖွဲ့ BTS ရဲ့အဖွဲ့ဝင် V (အမည်ရင်း ကင်ထယ်ဟွမ်) ဟာ တောင်ကိုရီးယား၊ ဆိုးလ်မြို့၊ ဂန်းနမ်းမှာ ဝမ် ၁၄.၂ ဘီလီလျံတန် ဇိမ်ခံအိမ်တစ်လုံးကို ငွေသားလက်ငင်း ပေးချေ ကာ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြံမြေမှတ်ပုံတင်အရ စက်တင်ဘာ ၁၇ ရက်က ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခန်းရဲ့ သီးသန့်ဧရိယာဟာ ၂၇၃.၉၆㎡ (ခန့်မှန်းခြေ၂,၉၅၁ စတုရန်းပေ) ကျယ်ဝန်းပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၃ ခန်း ပါဝင်တယ်လို့ သိရပါတယ်။ ကနဦးရောင်းချမှုသဘောတူညီချက်ကို မေလအစောပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး စက်တင်ဘာ ၁၇ ရက်မှာ ငွေသားအပြည့်ပေးချေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီအိမ်ခြံမြေအဝန်းအဝိုင်းဟာ “The Penthouse Cheongdam" လို့ လူသိများပါတယ်။

အဲဒီအိမ်ခြံမြေအဝန်းအဝိုင်းမှာ သရုပ်ဆောင် ဂျန်ဒုန်ဂန်၊ ဂိုဆိုယောင်း၊ ဂေါက်ရိုက်အားကစားသမား ပက်ခ်အင်ဘီ၊ သရုပ်ဆောင် ဟွမ်ဝူဂျင်း တို့လို ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေ နေထိုင်ရာနေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image
23 ပတ် - ဘာသာပြန်ပါ။

UEC ရုံးခွဲများအတွက် ဒုဦးစီးမှူးရာထူးနေရာ (၄၀)ကျော် ခေါ်ယူ

စက်တင်ဘာ ၂၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး (UEC) ၏ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ ကော်မရှင်အဖွဲ့ခွဲ ရုံးများအတွက် ဒုတိယဦးစီးမှူးရာထူးနေရာ (၄၀) ကျော် ခေါ်ယူနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။

အထက်ပါကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယဦးစီးမှူးရာထူး (၄၂) နေရာအတွက် လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ကွန်ပျူတာကျွမ်းကျင်သူဖြစ်ရန် လိုအပ်ကာ နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

ထို့ပြင် လျှောက်ထားသူသည် လာမည့်စက်တင်ဘာလ (၃၀) ရက်တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရပြီး အခြားဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ကာ အနည်းဆုံး(၃)နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလျှောက်လွှာများကို ကော်မရှင်ရုံး၏ Website ၌ ရယူနိုင်သည့်အပြင် နီးစပ်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များတွင်ပါ ရယူနိုင်ပြီး လျှောက်လွှာများကို လာမည့် စက်တင်ဘာလ (၂၆) ရက်မှ စတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် လျှောက်လွှာများကို လာမည့် အောက်တိုဘာလ (၁ဝ)ရက်ကိုနောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၆-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

image

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၆-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

image

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၆-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

imageimage
23 ပတ် - ဘာသာပြန်ပါ။

ငှက်ပျောသီးပေါင်း
-------------------------
သင်္ကြန်ပိတ်ရက်မှာ လုပ်စားနိုင်ဖို့ ငှက်ပျောသီးပေါင်း ပြုလုပ်နည်းလေးပါ။ နှစ်တိုင်း အမေ့အိမ်မှာ သင်္ကြန်တွင်းဆိုရင် ငှက်ပျောသီးပေါင်းက မပါမဖြစ် လုပ်စားဖြစ်ကြတယ်။ ရခိုင်ငှက်ပျောသီးအမှည့်ကိုပဲ သုံးပြီး လုပ်လေ့ရှိတယ်။ ငှက်ပျောသီးက မမှည့်ရင် လုပ်စားလို့မကောင်းပါဘူး။ ဒါကြောင့် ရခိုင်ငှက်ပျောသီးမှည့်ကိုသာ သုံးပါ။
ပါဝင်ပစ္စည်းများ
• ရခိုင်ငှက်ပျောသီး - ၁ ဖီး (မှည့်ပြီးသား)
• အုန်းသီး - ၁ လုံး (အရည်ညှစ်ထားပါ)
• အုန်းနို့ခရင်မ် - ၂ဝဝ မီလီလီတာ
• သကြား - ၂ဝဝ ဂရမ်
• ဆား - လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
• သစ်ကြံပိုးခေါက် - ၂ ခု
• Pandan အရည် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (optional)
ပြုလုပ်နည်း
၁။ ဦးစွာ ဒယ်အိုးထဲ အုန်းနို့ခရင်မ်နှင့် အုန်းနို့ရည်ကိုထည့်ပြီး ဆူအောင် တည်ထားပါ။
၂။ ဆူလာလျှင် သကြား၊ သစ်ကြံပိုးခေါက်၊ ဆားနှင့် Pandan အရည်တို့ကို ထည့်ပြီး ရောမွှေပါ။
၃။ ပြီးလျှင် ရခိုင်ငှက်ပျောသီးများကို ထည့်ပြီး အရည်နည်းနည်းကျန်သည်အထိ တည်ပါ။
၄။ အရည်နည်းနည်းကျန်လျှင် မီးပိတ်လိုက်ပါ။
၅။ အရသာထူးခြားကောင်းမွန်တဲ့ ငှက်ပျောသီးပေါင်းကို သုံးဆောင်နိုင်ပါပြီ။
#credit

image
23 ပတ် - ဘာသာပြန်ပါ။

🪟 Windows Shortcut Key🪄

image
23 ပတ် - ဘာသာပြန်ပါ။

သံယောစဉ်ကို မာနနဲ့ဖြတ်လို့ရပေမဲ့

အစွန်းအထင်းတော့ကျန်ခဲ့မှာပဲ🥀





#?α?_?α?

23 ပတ် - ဘာသာပြန်ပါ။

🐟 #ငါးသလောက်ပေါင်း 🐟
***********************
ငါးသလောက် တစ်ကောင်ကို
အကြေးထိုး,အူဖောက် သန့်စင်ပီး
ဆား,သကြား,အရသာမှုန့်,နနွင်း,ရှောက်သီးတို့ဖြင့်နယ်၍
နာရီဝက်ခန့် နှပ်ထားပေးပါ။
ခရမ်းချဉ်သီး နှစ်ခြမ်းခြမ်းထားပါ။
ကြက်သွန်နီ နှစ်ခြမ်းခြမ်းထားပါ။
ကြက်သွန်ဖြူမွှာလေးများ မထူမပါး လှီးထားပါ။
_____________________________________________
🔺 ငါးသလောက် ပေါင်းပါတော့မယ်။ 🔺
***********************************
အိုးထဲဆီထည့်၍ ငရုတ်သီးအစိမ်းမှုန့် ထည့်မွှေပီးရင်
အပူပေးပီး မီးခဏပိတ်ပါ။
နှစ်ခြမ်းခြမ်းထားတဲ့
ကြက်သွန်နီ ,ခရမ်းချဉ်သီးကို
အောက်မှခံပြီး ခင်းပါမယ်။
ပီးရင် နှပ်ထားတဲ့ ငါးသလောက်များ တင်ပါမယ်။
ရေနွေးပူပူကို ငါးသလောက်မြုပ်အောင် ထည့်ပါမယ်။
မီးအားမပြင်းစေပဲ တည်ထားပါမယ်။
ရေခန်းရင် နောက်တစ်ရည် ထပ်ထည့်ရပါမယ်။
ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ပါမယ်။
ရေခန်းခါနီး, အိုးချခါနီး ၁၅ မိနစ် အလိုမှာ
ကြက်သွန်ဖြူခွဲခြမ်းလေးများ ထည့်ပေးပါ။
ဆီပျံလာရင် ငါးသလောက်ပေါင်းရပါပီ။
_____________________________________________
🔺 မှတ်ချက် 🔺
************
ကျမ ငါးသလောက်ပေါင်းရင်
ဂျင်း,စပါးလင် မထည့်ပါဘူး။
ရှောက်သီးက
အသားတင်းစေရန်နဲ့ အအီပြေစေရန် ထည့်ရပါတယ်။
ချိုမြမြ အရသာ ရရှိစေဖို့
ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ပေးရပါတယ်။
ကြက်သွန်ဖြူခွဲခြမ်းလေးတွေကတော့
ကြိုက်လို့ ထည့်တာပါ။
မထည့်ချင်ရင်လည်း ရပါတယ်။
ငါးသလောက် နူးချင်ဇောနဲ့ မီးပြင်း မတိုက်ရပါဘူး။
မီးအားအနေတော်နဲ့ ၆ နာရီခန့် ပေါင်းပေးရပါမယ်။
တနေကုန်ပေါင်းထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
အိုးချခါနီးရင် ရေကျန်နေချိန်မှာ အရသာမြည်းကြည့်ပီး
အချို,အငံ အရသာ ချိန်ဆပါ။
အီနေရင်တော့ ရှောက်သီး ထပ်ညှစ်ထည့်ပေးပါ။
ဟင်းအနှစ် အနည်း အများအတွက်
ကြက်သွန်နီနဲ့ ခရမ်းချဉ်သီး ကို
မိမိ လိုသလောက် ချိန်ဆထည့်ပါ။
💖 အရသာတွေ စိမ့်ဝင်နေတဲ့
💖 ခရမ်းချဉ်သီးဖပ် အိအိကြီးထွေးထွေးကြီးတွေ
💖 ကြက်သွန်ဖပ် ချိုချိုကြီးတွေကို
💖 ငါးသလောက်အသားနဲ့အတူ တွဲဖက်ပြီး
💖 ဝါးစားရတာ အရမ်းကို အရသာရှိလှပါတယ်။
တစ်ကယ်လို့ အနှစ်နဲ့ ငါးသလောက်
တစ်သားတည်း ကျနေစေချင်ရင်တော့
ကြက်သွန်နီ ,ခရမ်းချဉ်သီးကို နှစ်ခြမ်းခြမ်းမထည့်ပဲ
အကွင်းလေးများ ကွင်းထည့်ပေးပါ။
#crd_to_owner_with_respect

image