Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
1 ရက်
·
ဒီသဘာဝဆေးနည်းက မျက်စိညောင်းညာတာ၊ မျက်စိခြောက်တာ၊ အမြင်မကြည်လင်တာ၊ အိပ်မပျော်တာ၊ စိတ်ဖိစီးမှုများတာနဲ့ ဝမ်းဗိုက်ထဲ လေပွတာမျိုးအတွက် အထူးကောင်းမွန်ပါတယ်။
လိုအပ်တဲ့ပစ္စည်းများ
* သံပရာသီး (သို့မဟုတ်) ရှောက်သီး ၂ လုံး (အကွင်းလိုက် ပါးပါးလှီးပါ)
* ကန်စွန်းနီ တစ်စည်း
* ရေသန့် ၂ လီတာ
ပြုလုပ်နည်း
၁။ သံပရာသီး (သို့မဟုတ်) ရှောက်သီးနဲ့ ကန်စွန်းနီကို ရေစင်အောင်ဆေးပါ။
၂။ အားလုံးကို အိုးထဲထည့်ပြီး ရေ ၂ လီတာ ထည့်ကာ မီးဖိုပေါ်တင်ပါ။
၃။ ရေဆူပွက်လာပြီဆိုရင် မီးကိုလျှော့ပြီး ၁၀ မိနစ်လောက် ဆက်တည်ထားပါ။
၄။ ရေကိုစစ်ပြီး နွေးသွားအောင် အအေးခံထားပါ။
သောက်သုံးနည်း
* မနက်အိပ်ရာထပြီး ဗိုက်ထဲမှာ အစာမရှိသေးတဲ့အချိန်နဲ့ ညအိပ်ခါနီးအချိန်တွေမှာ တစ်ခွက်စီ သောက်ပေးပါ။
* ၃ ရက်ကနေ ၅ ရက် ဆက်တိုက်သောက်ပြီး ၂ ရက်လောက်နားပါ။ ပြီးရင်မှ ပြန်စသောက်ပါ။
* အချိုကြိုက်တယ်ဆိုရင် ပျားရည်စစ်စစ် အနည်းငယ်ထည့်သောက်နိုင်ပါတယ်။ သကြားလုံးဝ မထည့်ပါနဲ့။
ဒီရိုးရှင်းတဲ့ဆေးနည်းက သွေးလည်ပတ်မှုကောင်းစေပြီး မျက်စိညောင်းတာကို သက်သာစေပါတယ်။ ဒါ့အပြင် ရေရှည်မှာ မျက်စိအတွင်းတိမ်လိုမျိုး ပြဿနာတွေကိုလည်း လျှော့ချပေးနိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်လည်း ကူညီပေးနိုင်ပါတယ်။
ဗိုလ်တထောင် ကမ်းနား Viewနဲ့ ...
🔥 #မြစ်ကမ်း နေဝင်ချိန် ခံစားဖို့ ...
🚢 " ဝင်ကြေး free - ရေပေါ်စားသောက်ဆိုင် "
ဒီဆိုင်ရဲ့ အားနည်းချက်လို့ပြောစမလား ?
ဗိုလ်တထောင် ကမ်းနားဘက်ကို ရောက်တဲ့အခါ ဒီဆိုင်ထိုင်ဖို့ဆိုရင် ~
❌️ အပျော်စီး သင်္ဘော လိုလို / ဝင်ကြေး ပေးရသလိုလို နဲ့ ဝင်ထိုင်ဖို့ ရှိန်နေကြတယ် ။
တကယ်တမ်းတော့ ဒီနေရာက ~
🚢 ဗိုလ်တထောင်ကမ်းနားက သင်္ဘောကြီးပေါ်မှာ ဖွင့်ထားတဲ့ ...
" ☀️ view လှတဲ့ ရေပေါ် စားသောက်ဆိုင်ကြီးပါ " !
ဒီဆိုင်မှာဆိုရင် ~
❌️ အခုချိန်မှာ အပန်းဖြေ ခရီးမသွားဖြစ်သေးပေမယ့် relax လုပ်ချင်တဲ့ မိသားစုတွေ / စုံတွဲတွေ ... ရန်ကုန်မြစ်ကြီးကို ငေးကြည့်ရင်း / စားသောက်ဆိုင်ထိုင်ရင်း Date ဖို့ လုံးဝ အိုကေတယ် ။
( တစ်ခုရှိတာ - သင်္ဘောက ရပ်ထားတာ ဆိုပေမယ့် လှိုင်းပုတ်ရင်တော့ နည်းနည်းလေး မူးတတ်တယ်ဗျ )
#အားသာချက်အနေနဲ့
မြင်ရတဲ့ View ကတော့ လုံးဝ လှပြီး ~
ဆိုင်ဖွင့်ထားတဲ့ သင်္ဘောက ( ၃ ) ထပ်တောင် ရှိတဲ့အပြင် 🥰 admin ကတော့ Sunset အလှတွေ / မြစ်ကြောင်းအလှတွေ အဓိက မြင်ရတဲ့ အပေါ်ဆုံးထပ်ကို အကြိုက်ဆုံးပဲ !
နောက်တစ်ချက်က
ဒီဆိုင် ထိုင်မယ်ဆိုရင် 🥰 ဟင်းလျာတွေနဲ့ Fresh Juice တွေ / ဘီယာတွေ အစုံ တစ်ပွဲချင်း မှာစားလို့ရတယ် ...
စျေးကတော့ အပြင်ဆိုင်တွေထက် အနည်းငယ် ပိုတာပေါ့နော် !
View လေး ကြည့်ရင်း စားဖို့ လိုက်ဖက်တာဆိုရင်
♨️ ကြက်လယ်သမား ဟင်းရည် ( ၈၀၀၀ ကျပ် )
♨️ တီလားဗီးယားငါးကင် ( ၁၅၀၀၀ ကျပ် )
♨️ ပင်လယ်စာ မာလာရှမ်းကော ( ၁၈၀၀၀ ကျပ် ) ♨️ ပင်လယ်စာ ထိုင်းစတိုင် လင်ဗန်း ( ၂၅၀၀၀ ကျပ် ) စတဲ့ ဟင်းပွဲတွေ ရွေးစရာ စုံတယ်ဗျ ...
တခြား သိထားသင့်တာဆိုရင်
နေရာက ဆန်းသစ်ပြီး View လှလို့ မွေးနေ့ပွဲ နဲ့ Private event တွေ လုပ်မယ်ဆိုရင်လည်း ...
🥃 ဖေဖော်ဝါရီ တစ်လလုံး မွေးနေ့ event လာလုပ်တဲ့ အဖွဲ့တိုင်းအတွက် ကြိုက်တဲ့ ပုလင်း တစ်လုံး free လက်ဆောင် ဖောက်ပေးတဲ့ Promotion လည်း ရှိတော့ ကွက်တိပဲ !
ပြီးတော့ နေ့တိုင်း Unplugged Full Band လည်း ရှိတော့ သီချင်းလည်း နားထောင်ရင်း ထိုင်လို့ရတယ်နော်
သွားမယ်ဆိုရင်
🏡 ဆိုင်နာမည် - The Love Boat
📍 လိပ်စာ - Jetty အမှတ် (၅) ၊ ဗိုလ်တထောင်ဆိပ်ကမ်း ၊ ရန်ကုန်
📱 ဖုန်းနံပါတ် - 09773399500 ဖြစ်ပြီး
⏰ဆိုင်ဖွင့်ချိန် - 20 PM to 100 PM ဖြစ်ပါတယ်။
ကျနော့်အထင် နေ့လည်ခင်းက အနည်းငယ် နေရှိန်တာမို့ ညနေစောင်းသွားတာတော့ ပိုလှတယ်ဗျ !
Google Map မှာလည်း The Love Boat လို့ ရှာသွားလို့ရတယ်နော် !
#foodinyangon
( စားသောက်ဆိုင်လမ်းညွှန် )
#floating #restaurant #foodie #view #date