#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ငြိမ်းချမ်းရေးနိုဘယ်ဆုရလိုပါက ဂါဇာစစ်ပွဲကို ဒေါ်နယ်ထရန့် အဆုံးသတ်ပေးရန်လို
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆု ရယူလိုပါက ဂါဇာစစ်ပွဲကိုအဆုံးသတ်ပေးရန်လိုကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဂါဇာစစ်ပွဲကို အဆုံးသတ်ပေးရေးအတွက် အစ္စရေးနိုင်ငံကို ဖိအားပေးနိုင်သောသူမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တစ်ဦးတည်းသာရှိကြောင်း ပြင်သစ်အခြေစိုက်ရုပ်သံဌာနတစ်ခုနှင့်ပြု လုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်း၌ သမ္မတမက်ခရွန်က ထုတ်ဖော်ပြောကြားခဲ့သည်။
သမ္မတဒေါ်နယ်ထရန့်အနေဖြင့် ယခုနှစ်ငြိမ်းချမ်းရေး နိုဘယ်ဆုကိုရယူလိုပါက ဂါဇာစစ်ပွဲကိုအဆုံးသတ်ပေးနိုင်မှသာလျှင် ရယူနိုင်လိမ့်မည်ဖြစ်ကြောင်း သမ္မတမက်ခရွန်ကသုံးသပ်ထားသည်။
ကမ္ဘောဒီးယား၊ အစ္စရေးနှင့်ပါကစ္စတန်ကဲ့သို့ နိုင်ငံများသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့် ကိုယခုနှစ်ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် အမည်စာရင်းတင်သွင်းထားသည်။
၎င်းအနေဖြင့် ယခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုဖြင့် ထိုက်တန်သူဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ကလည်း ပြောကြားထားသည်။
ကုလသမဂ္ဂအထွေထွေညီလာခံ၌ စက်တင်ဘာ ၂၃ ရက်က မိန့်ခွန်းပြောကြားရာတွင် ဂါဇာစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်နိုင်ရေးအတွက် ကြိုးပမ်းရမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သော်လည်း ပါလက်စတိုင်းကို လွတ်လပ်သည့်နိုင်ငံအဖြစ် အနောက်အုပ်စုမဟာမိတ်များက အသိအမှတ်ပြုလာမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကမ္ဘောဒီးယားနှင့် ထိုင်းနယ်စပ် စစ်ရေးပဋိပက္ခအပါအဝင် နိုင်ငံတကာပဋိပက္ခအချို့ ပြီးဆုံးရေးအတွက် ယခုနှစ်အတွင်းကြားဝင်ညှိနှိုင်းပေးခဲ့ ဖူးသည်။
ရိုက်တာ

image

◼ အလုပ်သမားသမဂ္ဂများ အားကောင်းလာမှုကြောင့် အမေရိကန်စီးပွားရေးနှင့် နိုင်ငံခြားရေးမူဝါဒအပေါ် သက်ရောက်မှုရှိလာ
အလုပ်သမားသမဂ္ဂများ ပြန်လည်အားကောင်းလာမှုကြောင့် အမေရိကန်ပြည်ထောင်စု၏စီးပွားရေးနှင့် နိုင်ငံခြားရေးမူဝါဒတို့အပေါ် အကျိုးသက်ရောက်မှုများရှိလာနိုင်ကြောင်း အမေရိကန်ပြည်ပဆက်ဆံ ရေးကောင်စီ (စီအက်ဖ်အာရ်) က ထုတ်ပြန်သည့် အစီရင်ခံစာ၌ သုံးသပ်ထားသည်။
၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုသည် နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံး အလုပ်သမားဆန္ဒပြပွဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ အလုပ်သမားသမဂ္ဂများ၌ အဖွဲ့ဝင်အင်အားကာလရှည်ကျဆင်းခဲ့ပြီး လုပ်ခလစာဆိုင်ရာတောင်းဆို ချက်များ ကာလအတန်ကြာ ငြိမ်သက်နေခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စု၌ အလုပ်သမားသမဂ္ဂများ ပြန်လည်အင်အား ကောင်းလာခဲ့သည်။
ယင်းကဲ့သို့ အလုပ်သမားသမဂ္ဂများ၌လုပ်သားများအားကောင်းလာခြင်းသည် အလုပ်သမားတို့၏ ဩဇာပြန်လည်ဆင်းသက်လာမှု၏ လက္ခဏာဖြစ်ကြောင်း အချို့ပညာရှင်များက သုံးသပ်ထားသည်။
သို့ရာတွင် အလုပ်သမားသမဂ္ဂများဆန္ဒပြလှုပ်ရှားမှုများ မြင့်တက်လာမှုကြောင့် အမေရိကန်ပြည်ထောင်စု၏ ကုန်စည်စီးဆင်းမှု ကွင်းဆက်ခိုင်မာမှု စီးပွားရေးအရ ယှဉ်ပြိုင်နိုင်စွမ်းတို့ ထိခိုက်သွားနိုင်ကြောင်း အချို့စီးပွားပညာရှင်များက သတိပေးထားသည်။ အလားတူ အလုပ်သမားသမဂ္ဂများအား ကောင်းလာမှုသည် အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒအပေါ်တွင်လည်း ပိုမိုဩဇာညောင်းလာနိုင်ကြောင်း ပြည်ပဆက်ဆံရေးကောင်စီအစီရင်ခံစာ၌ ဖော်ပြထားသည်။
လူလတ်တန်းစားအခြေပြု နိုင်ငံခြားရေးမူဝါဒအရ သမ္မတဟောင်းဂျိုးဘိုင်ဒင်သည် ၂၀၂၃ ခုနှစ်အတွင်း ပစ္စဘတ်အခြေစိုက် အမေရိကန်သံမဏိစက်ရုံတစ်ရုံအား ဂျပန်အခြေစိုက် နီပွန်သံမဏိလုပ်ငန်းက ဝယ်ယူရေးအစီအစဉ်ကို အမေရိကန်သံမဏိလုပ်သားများသမဂ္ဂ၏ ကန့်ကွက်မှုကြောင့် ပယ်ဖျက်ပေးခဲ့ရသည်ကို သာဓကအဖြစ်ကျွမ်းကျင်သူများက ထောက်ပြထားသည်။
အလုပ်သမားသမဂ္ဂများ အင်အားကောင်းလာမှုကြောင့် သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်၌ အလုပ်သမားများကို ဦးစားပေးခဲ့သလို လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်တွင်လည်း အလုပ်သမားများကို ဆက်လက်ဦးစားပေးနေဆဲဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။ အလုပ်သမားသမဂ္ဂများ ကြောင့် အဖွဲ့ဝင်အလုပ်သမားများ အကျိုးကျေးဇူးရှိသော်လည်းစားသုံးသူများ နစ်နာနိုင်ကြောင်း ငြင်းချက် ထုတ်မှုများရှိနေသည့်တိုင် လက်ရှိ အချိန်တွင် အမေရိကန်ပြည်သူများကလည်း အလုပ်သမားများကို မျက်နှာသာ ပိုပေးလာကြောင်း သိရသည်။
ကိုးကား - စီအက်ဖ်အာရ်
ရေး - ကြည်လှ
#နိုင်ငံတကာသတင်း

image
23 w - Translate

◼ BKFC လက်ဝှေ့ပြိုင်ပွဲများ ကျင်းပနိုင်ရေး ရိုးရာလက်ဝှေ့လောကသားများ ဆွေးနွေး
BKFC-လက်ဝှေ့ပြိုင်ပွဲများ ကျင်းပရေးနှင့်ပတ်သက်ပြီး ရိုးရာလက်ဝှေ့လောကသားများနှင့် ပြုလုပ်သည့် Seminar အခမ်းအနားကို စက်တင်ဘာ ၂၅ရက် နံနက် ၉နာရီက ရန်ကုန်မြို့ တာမွေ မြို့နယ်ရှိ Sky Star ဟို တယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာတင်အောင်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်အမှု ဆောင် ဦး၀ဏ္ဏက BKFC အဖွဲ့နှင့် ဆွေးနွေးသဘောတူညီချက်များ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက်မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဒုတိယဥက္ကဌ (နည်းစနစ်)ဦး၀င်းဇင်ဦးက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအားကစား မီဒီယာအဖွဲ့ချုပ်၊တိုင်းဒေသကြီးနှင့်ပြည်နယ်ရိုးရာ လက်ဝှေ့ဆပ်ကော်မတီဥက္ကဌများ၊အဖွဲ့ချုပ် ဒိုင်လူကြီးများနှင့် ပြည်နယ်တိုင်းခုံဒိုင်ချုပ်များ၊မှတ်ပုံတင်ကလပ်အသင်းပိုင်ရှင်များနှင့် နည်းပြများ၊လိုင်စင်ရ ပွဲစီစဉ်သူများ၊မြန်မာ့ရိုးရာ လက်ဝှေ့သမားဟောင်းကြီးများ၊ကျွမ်းကျင်ပညာရှင်များနှင့်ရိုးရာလက်ဝှေ့အားကစား ကလောင်ရှင်များ စသည့် တက်ရောက်လာသူများက ဆွေးနွေးခြင်းနှင့်အကြံပြုခြင်းများ တင်ပြခဲ့သည်။
BKFC သည် အမေရိကန်အခြေစိုက် ကိုယ်ခံပညာပြိုင်ပွဲများ ကျင်းပနေသည့် သက်တမ်း ဆယ်နှစ်ရှိ အဖွဲ့ချုပ်ဖြစ်ပြီး ယခင်က အင်္ဂလိပ်ဘောက်ဆင်ကို အခြေခံ၍ ပြိုင်ပွဲများကျင်းပခဲ့ကြောင်းသိရသည်။
သို့သော်ပိုမိုအောင်မြင်မှုရရှိစေရန် မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်နှင့်ပူးပေါင်း၍ BKFC ပြိုင်ပွဲများကျင်းပရန် ဆွေးနွေးလျက်ရှိကြောင်းသိရသည်။
ဓာတ်ပုံ-ရိုးရာလက်ဝှေ့အဖွဲ့ချုပ်
#ယနေ့ထုတ်သတင်းစာ_သတင်း

image
23 w - Translate

◼ စရပူရီပြည်နယ်တွင် ကားတစ်စီးပေါ်၌ ပုန်းအောင်း လိုက်ပါလာသည့် မြန်မာနိုင်ငံသားရှစ်ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ စရပူရီပြည်နယ်တွင် စက်တင်ဘာ ၂၅ရက်က ကားတစ်စီးပေါ်၌လိုက်ပါလာသည့် တရားမ၀င် ၀င်ရောက်လာသော မြန်မာ နိုင်ငံသားရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းထိုင်းအဝေးပြေးလမ်းမရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။
စရပူရီအဝေးပြေးလမ်းမရဲတပ်ဖွဲ့သည် ရာဇ၀တ်မှုများကိုတိုက်ဖျက်ရန် စစ်ဆေးရေးဂိတ်တစ်ခုဖွင့်လှစ်ခဲ့ပြီး သံသယဖြစ်ဖွယ် ကားတစ်စီးကိုရှာဖွေစဉ်အတွင်း ပတ်စ်ပို့နှင့် ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်းများ မပါရှိသည့်မြန်မာအလုပ်သမားရှစ်ဦးအား ပြွတ်သိပ်စီးနင်းလိုက်ပါလာသည်ကိုတွေ့ရှိခဲ့ကြောင်းသိရသည်။
ကားမောင်းသူအားစစ်ဆေးရာ အမည်မသိ ထိုင်းအမျိုးသားတစ်ဦးက အက်ပလီကေးရှင်းတစ်ခုမှ စ်ဆင့်ဆက်သွယ်ခဲ့ပြီး နခွန်ဆ၀မ် ပြည်နယ်မှမြန်မာ အလုပ်သမားရှစ်ဦးကိုသွားရောက်ခေါ်ဆောင်ရန်ပြောဆိုခဲ့ပြီး တစ်ဦးလျှင် ဘတ် ၁၀၀၀ ရရှိခဲ့သည်ဟု ၀န်ခံခဲ့ကြောင်းသိရသည်။
၎င်းတို့အားလုံးကိုထိန်းသိမ်းထားပြီး ဥပဒေအရဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း အဝေးပြေးလမ်းမရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ပုံ- ထိုင်းအဝေးပြေးလမ်းမရဲတပ်ဖွဲ့
#ယနေ့ထုတ်သတင်းစာ_သတင်း

image

မင်္ဂလာနံနက်ခင်းလေးပါ
ကျန်းမာခြင်း✨
ချမ်းသာကြွယ်ဝခြင်း ✨
ပျော်ရွှင်ခြင်း ✨
ချစ်သူခင်သူပေါများခြင်း✨
စိတ်နှလုံးချမ်းမြေ့ခြင်း ✨
ကြံစဉ်သမျှအောင်မြင်ခြင်း ✨
အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း✨
လာဘ်လာဘကြွယ်ဝခြင်း
ဘေးအန္တရာယ် ကင်းခြင်း
အားလုံး ပြည့်စုံကြပါစေ
🙏🙏🙏🙏🙏

image
23 w - Translate

မြန်မာနိုင်ငံသားများ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ဗီဇာမလိုဘဲ မလေးရှားနိုင်ငံသို့ ၁၄ ရက်သွားရောက်လည်ပတ်ခွင့်ပြု
ရန်ကုန်၊ စက်တင်ဘာ ၂၆
အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားများကို ဗီဇာမလိုဘဲ မလေးရှားနိုင်ငံသို့ ၁၄ ရက်သွားရောက်လည်ပတ်ခွင့်ပြုလိုက်ကြောင်း ရန်ကုန်အခြေစိုက် မလေးရှားသံရုံးက တရားဝင် သတင်းထုတ်ပြန် ကြေညာသည်။
လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံသားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် မလေးရှားနိုင်ငံသို့ ကာလတို လည်ပတ်မှုအတွက် ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ကြောင်း၊ အဆိုပါ ဗီဇာကင်းလွတ်ခွင့်တွင် မလေးရှားနိုင်ငံအတွင်း ရက်ပေါင်း ၁၄ ရက်နေထိုင်နိုင်ကြောင်း မလေးရှားသံရုံးက ဆိုသည်။
သို့ရာတွင် ဗီဇာကင်းလွတ် အစီအစဉ်သည် မလေးရှားနိုင်ငံအတွင်းသို့ သေချာပေါက် ဝင်ရောက်ခွင့် ရရှိမည်ဟု အာမခံခြင်းမဟုတ်ဘဲ မလေးရှားလူဝင်မှုကြီးကြပ်ရေးအရာရှိ၏ သဘောတူညီ ခွင့်ပြုချက်ပေါ် မူတည်နေကြောင်း သိရှိရသည်။
"အသွားအပြန် လေယာဉ်လက်မှတ်၊ ဟိုတယ်ဘိုကင်၊ Show Money ၊ မလေးရှားကို လာရောက်တဲ့ အကြောင်းအရာစတာတွေကို သေသေချာချသာ စိစစ်မယ့် အခြေအနေရှိပါတယ်။ မြန်မာနိုင်ငံသားတိုင်း ဗီဇာမလိုဘူးဆိုပေမယ့် သူတို့ဘက်ကတော့ သေချာကို စိစစ်မှာက သေချာပါတယ်။ တကယ်သွားလာမယ့်သူတွေကတော့ ခုနက ပြောတဲ့ လိုအပ်ချက်တွေကို သေချာ ပြင်ဆင်ပြီး သွားသင့်ပါတယ်" ဟု ရန်ကုန်အခြေစိုက် မလေးရှား၊ ထိုင်းနှင့် စင်ကာပူနိုင်ငံသို့ ခရီးသွားဝန်ဆောင်မှုပေးနေသော ခရီးသွား Tour ကုမ္ပဏီတစ်ခုက သုံးသပ်ပြောဆိုသည်။
မလေးရှားနိုင်ငံသည် လုပ်ခလစာ မြင့်မားခြင်းကြောင့် မြန်မာနိုင်ငံသားများ တရားဝင်နှင့် တရားမဝင်ပါ လမ်းကြောင်းအမျိုးမျိုးဖြင့် သွားရောက် အလုပ်လုပ်ကိုင်နေကြသော နိုင်ငံတစ်ခုလည်းဖြစ်သည်။

image
23 w - Translate

ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ အရေးပေါ်ရပ်တန့်သွားသဖြင့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များနှင့် မြို့နယ်၊ နေရာအချို့ ယာယီဓာတ်အား ပြတ်တောက်မည် +++++

image

ဘယ်မှာပဲနေနေ
ရတနာသုံးပါး မမေ့အောင်နေပါ ။
ဘယ်အချိန်ရောက်ရောက်
စိတ်မဖောက်အောင်နေထိုင်ပါ ။
ဘယ်ကိုပဲ သွားသွား
အမှားမကျန်ခဲ့အောင်ကြိုးစားပါ ။
ဘာအလုပ်ပဲ လုပ်ပေးလုပ်ပေး
အကျိုးလိုလားတဲ့ စိတ်နဲ့လုပ်ပေးပါ ။
ဘယ်သူနဲ့ပဲ ပြောပြော
ဒေါနဲ့မောနဲ့ လုံး၀မပြောပါနဲ့ ။
ဘယ်ဌာနမှာပဲ၀င်၀င်
အတ္တကိုတော့ ရှေ့တန်းမတင်ပါနဲ့ ။
ဘယ်လောက်ပဲရှုံးရှုံး
အပြုံးကတော့ မပျက်ပါစေနဲ့ ။
ဘယ်သူပဲ ကျန်ရစ် ကျန်ရစ်
ကိုယ့်တရားအဖော် မချန်ရစ်ခဲ့ပါနဲ့ ။
ဘယ်သူနဲ့ သူစိမ်းဖြစ်ဖြစ်
ကိုယ့်ကုသိုလ်နဲ့ သူစိမ်းမဖြစ်ပါနဲ့ ။
သာရ ဂ ဝေ သီ
🙏🙏🙏

image

အိုဗီဒိုအား နောက်က လိုက်ကစားကာ ဘာစီလိုနာတို့ အနိုင်ရတဲ့ပွဲတွင် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြန်တဲ့ မားကပ်စ်ရက်ဖို့ဒ်

စက်တင်ဘာ ၂၆

မားကပ်စ်ရက်ဖို့ဒ်ဟာ မနေ့ညတုန်းက အိုဗီဒိုအား နောက်ကလိုက်ကစားခဲ့ရတဲ့ပွဲတွင် ဘာစီလိုနာတို့ နိုင်ပွဲ ရရှိအောင် ဖန်တီးမှု ပြုလုပ်ပြီး ကူညီနိုင်ခဲ့ပါတယ်။

မနေ့ညက ပွဲတွင် ဘာစီလိုနာဟာ လာလီဂါမှာ ရုန်းကန်နေရတဲ့ အိုဗီဒိုအား ထင်မှတ်မထားဘဲ ဂိုးစတင်ပေးခဲ့ရပါတယ်။

ပွဲချိန် ၃၃ မိနစ်တွင် ဘာစီလိုနာဂိုးသမားဂျိုအန်ဂါစီယာ ရှေ့တက်ပြီး တိုက်စစ်ကို တားဆီးရာမှာ ဘောလုံးပေးပို့မှု အမှားပြုလုပ်ခဲ့ပါတယ်။

ယင်းမှ တဆင့် အယ်ဘာတိုရေနာ ရရှိသွားပြီး ဘာစီလိုနာကွင်းလယ်တစ်ဝက်လောက်ကနေ လှမ်းကန်သွင်းကာ အိုဗီဒိုအတွက် ဦးဆောင်ဂိုးရယူခဲ့ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာဟာ ဒုတိယပိုင်း ၅၆ မိနစ်တွင် အဲရစ်ဂါစီယာရဲ့ အနီးကပ်ပိတ်သွင်းမှုမှ တဆင့် ချေပဂိုးရရှိခဲ့ပါတယ်။

ပွဲချိန်မိနစ် ၇၀ မှာတော့ ဖရန်ကီဒီယွန်ရဲ့ ဖြတ်တင်ဘောကနေ လီဝန်ဒေါ့စကီးက ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

ယင်းနောက် ပွဲပြီးဖို့ ၂ မိနစ်အလိုမှာ မားကပ်စ်ရက်ဖို့ဒ်ရဲ့ ထောင့်ကန်ဘောကနေ အရူဂျိုက ခေါင်းတိုက်ပြီး ဘာစီလိုနာအတွက် တတိယဂိုးသွင်းယူခဲ့ပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာ လာလီဂါနောက်ဆုံး ၃ ပွဲတွင် ၃ ကြိမ်မြောက် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ ဘာစီလိုနာ နောက်ဆုံး ၄ ပွဲလုံးတွင် ဂိုးရရှိရာမှာ ပါဝင်ပတ်သက်ထားပါတယ်။

လာလီဂါတန်းတက်အိုဗီဒိုဟာ ဘာစီလိုနာရှုံးပွဲကြောင့် ပွဲစဉ် ၆ အပြီး ရမှတ် ၃ မှတ်ဖြင့် တန်းဆင်းဇုန်မှာ ဆက်လက် ရှိနေခဲ့ရပါတယ်။ အိုဗီဒိုအတွက် ဘာစီလိုနာပွဲစဉ်မှ ဂိုးက ယခုရာသီ ဒုတိယမြောက်ရဂိုးလည်း ဖြစ်ပါတယ်။

ဘာစီလိုနာကတော့ ထိပ်ဆုံးမှ ရီးရဲလ်မက်ဒရစ်ကို ၂ မှတ်အကွာနှင့် ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

imageimage

ထိုင်းရောက် အထောက်အထားမဲ့ မြန်မာလုပ်သားတွေအနေနဲ့ CI ကနေ PJ ပြောင်းပြီးပါကလည်း ပြည်ပထွက်ခွာခွင့်မရှိတော့

စက်တင်ဘာ ၂၆

ထိုင်းရောက် အထောက်အထားမဲ့မြန်မာလုပ်သားတွေကိုထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ CI စာအုပ်ကနေ Passport for Job (PJ ) ပြောင်းလဲသူတွေကို စာအုပ်မှာ Passport for only Thailand ထိုင်းနိုင်ငံအတွက်သာ သွားလာခွင့်ပြုကြောင်း စာသားကို တုံးထုရိုက်နှိပ်ပြီး ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

CI စာအုပ်အစိမ်းကနေ PJ စာအုပ်အနီ ပြောင်းလဲသူတွေကို ဒီနေ့စက်တင်ဘာ ၂၅ ရက်ကစပြီး ထိုင်းနိုင်ငံအတွင်းသာ သွားလာနိုင်တယ်ဆိုတဲ့စာသားကို ရိုက်နှိပ်ပေးနေတာဖြစ်ကြောင်း ၊ ခုလို နိုင်ငံကူးလက်မှတ်အပေါ် ကန့်သတ်လိုက်တာက နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကို ပိတ်ဆို့ကန့်သတ်မှုဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူကပြောပါတယ်။

" အခုက ထိုင်းနိုင်ငံဆိုင်မြန်မာသံရုံးက ထိုင်းနိုင်ငံအတွက်သာလို့ရေးပေးလိုက်တဲ့အတွက် အခြားနိုင်ငံတွေကိုသွားလို့လာလို့မရတော့ဘူးပေါ့။အဲဒီအခါကျ ကိုယ်ကထိုင်းကနေ မလေးရှားဖြစ်ဖြစ် စင်ကာပူဖြစ်ဖြစ်တခြားနိုင်ငံတွေကို ကူးသန်းသွားလာစရာရှိတယ်ထားအုံး။တချို့မရှိဘူးပဲထားအုံး ဘာပဲဖြစ်ဖြစ်နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကိုပိတ်ဆို့ကန့်သတ်လိုက်တဲ့ စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုကြီးတခုဖြစ်တယ်လို့သုံးသပ်လို့ရပါတယ်။" လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။

CI စာအုပ်ကနေ PJ ပြောင်းသူတွေကို ထိုင်းနိုင်ငံတခုအတွက်သာ သွားလာခွင့်ကန့်သတ်လိုက်တာကြောင့် ထိုင်းမှတဆင့် တတိယနိုင်ငံကို ထွက်ခွာမယ့်သူတွေအနေနဲ့ ထွက်ခွာခွင့်မရတော့ဘဲ CI နဲ့ PJ စာအုပ်အတူတူပုံစံဖြစ်သွားတယ်လို့သိရပါတယ်။

" ဟုတ်တယ်။မူလဘူတ PJ ဟာတတိယနိုင်ငံထွက်ခွာလို့ရပေမယ့် အခုလို For Thailand only ဆိုတဲ့ကန့်သတ်တားမြစ်ချက်တံဆိပ်တုံးကြောင့်ထိုင်းနိူင်ငံထဲမှာပဲနေရတော့မယ်။" လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ CI စာအုပ်အစိမ်းကနေ စာအုပ်အနီ PJ ပြောင်းတဲ့သူတွေကိုသာ စာအုပ်မှာ Thailand only ဆိုပြီး ရိုက်နှိပ်ကန့်သတ်နေတာဖြစ်ပြီး ယခင်PJ စာအုပ်သမားတွေတော့ လတ်တလောမှာ မပါဝင်သေးဘူးလို့သိရပါတယ်။

" ထိုင်းကိုရောက်ပြီး တတိယနိုင်ငံထပ်သွားသူ‌တွေများလာလို့ ခုလိုကန့်သတ်တဲ့သဘောလားပေါ့။ ခုလို့ကန့်သတ်လိုက်တော့ CI ကနေ PJ ပြောင်းတဲ့သူတွေက ထိုင်းနဲ့မြန်မာနိုင်ငံကိုပဲ သွားလို့ရမယ့်သဘောဖြစ်သွားတယ်။ CI ရဲ့သဘောက ထိုင်းနိုင်ငံတွင်းသာသွားလာခွင့်ပြုတာဆိုတော့ အဲဒီအတိုင်း CI ကနေ PJပြောင်းလည်း CI လိုပဲသွားခွင့်ကန့်သတ်တာထင်တယ်။အခြေအနေကစောင့်ကြည့်ရအုံးမှာပါ။အခုမဟာချိုင်ကအလုပ်သမားတွေစပြီးတုံးထုခံရ​တာပါ။ " ထိုင်းရောက်မြန်မာတယောက်ကပြောပါတယ်။

CI စာအုပ်ကတော့ ထိုင်းမှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့နိုင်ငံသားတွေကို ပြုလုပ်ပေးတာဖြစ်ပြီး CI စာအုပ်က လေးနှစ်သက်တမ်းရှိတယ်လို့သိရပါတယ်။CI စာအုပ်ကိုင်ဆောင်ထားသူဟာ သက်တမ်းနှစ်နှစ်ပြည့်ပါက CI ကနေ PJ ကိုပြောင်းခွင့်ရှိတာဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ - CJ

Credit - Voice of Myanmar News Agency

#centralnewsnaypyitaw

image