5 w - Translate

Rescue workers are searching for six people still missing after an explosion at a chemical plant in eastern China shook nearby buildings, killing at least five people and injuring 19.
https://abcnews.go.com/Interna....tional/wireStory/sea

image
5 w - Translate

Hundreds of Ukrainian drones crossed into Russia overnight into Wednesday morning, dozens of which targeted Moscow and again caused disruption to flights in and out of the capital, according to officials there.
Read more: https://abcnews.visitlink.me/vSVUeX

image

ဒေါ်နယ်ထရန့်ရဲ့ ရွှေကွန်ချာ ဒုံးကျည်အစီအစဉ် အာကာသမှာ နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်ကြောင်း မြောက်ကိုရီးယား သတိပေး
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ရွှေ့ကွန်ချာ ဒုံးကျည်အစီအစဉ်ဟာ အာကာသအတွင်း နျူကလီးယားစစ်ပွဲ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတခုဖြစ်ကြောင်း မြောက်ကိုရီးယားက မေ ၂၇ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။
ဒါဟာ နျူကလီးယားပိုင်ဆို်ငတဲ့နိုင်ငံတွေရဲ့ မဟာဗျူဟာမြောက်လုံခြုံရေးကို ထိခိုက်လာနိုင်တဲ့ အလွန်အန္တရာယ်များတဲ့ လုပ်ရပ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။
ဒီလိုနိုင်ငံတွေရဲ့ စိုးရိမ်မှုနဲ့ အာကာသမှာ အလားအလာရှိတဲ့နျူကလီးယားစစ်မြေပြင်ဖြစ်လာရေး နှိုးဆွမယ့် ဒီအစီအစဉ်ဟာ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားနဲ့ အာကာသလက်နက် အားပြိုင်ပွဲဖြစ်ပွားလာစေတဲ့ ရေသောက်မြစ်ဖြစ်လာမယ်လို့ ပြောပါတယ်။
ရွှေကွန်ချာ ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် အသေးစိတ်အချက်အလက်တွေနဲ့ ကနဦးရန်ပုံငွေကို ဒေါ်နယ်ထရန့်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ အောင်မြင်မှုနဲ့ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးကြီးတယ်လို့ ပြောပါတယ်။
ဒီစနစ်အတွက် ကနဦးရန်ပုံငွေ ဒေါ်လာ ၂၅ ဘီလီယံရှိပြီး စုစုပေါင်းကုန်ကျစရိတ် ဒေါ်လာ ၁၇၅ ဘီလီယံထိရှိလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အကဲခတ်တွေကတော့ ဒီထက် သုံးဆ ကုန်နိုင်တယ်လို့ သုံးသပ်ပါတယ်။
စနစ်ဟာ မြေပြင်၊ ရေပြင်နဲ့ အာကာသတို့ကို ချိတ်ဆက်နိုင်တဲ့ မျိုးဆက်သစ်ကွန်ရက်စနစ်တွေ ပါဝင်ပြီး နည်းပညာနဲ့ နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်ရနိုင်တယ်လို့ စောင့်ကြည့်လေ့လာသူတွေကပြောပါတယ်။

image
5 w - Translate

တစ်ပတ်အတွင်း ကိုဗစ်လူနာသစ် ၆ ဦး ထပ်မံတွေ့ရှိ
*********************
(ကျန်းမာရေး) မေလ ၂၈
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေလ ၂၇ ရက် မနက် ၈ နာရီ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့မေလ ၁၈ ရက်ကနေ ၂၅ ရက်အထိ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၆ ယောက် ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရပါတယ်။

တစ်ပတ်အတွင်း ဓာတ်ခွဲနမူနာ ၂,၇၅၄ ခုကို စစ်ဆေးခဲ့တာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းက ၀ ဒသမ ၂၂ ရာခိုင်နှုန်းနဲ့ သေဆုံးသူမရှိဘူးလို့ သိရပါတယ်။

အခုတွေ့ရှိတဲ့ ကိုဗစ်လူနာသစ် ၆ ယောက်စလုံးမှာ ရန်ကုန်တိုင်း ဒေသကြီးမှဖြစ်ပြီး ဒဂုံမြို့နယ်က ၂ ယောက်၊ အင်းစိန်မြို့နယ်က ၁ ယောက်၊ သာကေတမြို့နယ်က ၁ ယောက်၊ ကော့မှူးမြို့နယ်က ၁ ယောက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်က ၁ ယောက်ဖြစ်တယ်လို့ သိရပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာသလို မြန်မာနိုင်ငံမှာလည်း အခုမေလကစလို့ ကိုဗစ် အတည်ပြုလူနာတွေ ပြန်လည်တွေ့ရှိ လာရပါတယ်။

လက်ရှိအချိန်မှာဒေသတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာပေမဲ့ အခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲတွေဟာ XBB နဲ့ JN.1တို့က မျိုးဗီဇပြောင်းလာတဲ့ ရောဂါပိုးတွေဖြစ်ပြီး ရောဂါပိုမိုပြင်းထန်မှုနဲ့ ပိုမိုသေဆုံးမှုမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က မေလ ၂၃ ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားထားပါတယ်။

လက်ရှိထိုးနှံပေးနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေ ထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနဲ့ သေဆုံးနိုင် ခြေကို ထိရောက်စွာ လျှော့ချနိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

image
5 w - Translate

စက်သုံးဆီအတွက် ဒေါ်လာသန်း ၃၀ ဗဟိုဘဏ် ရောင်းပေးမည်
ရန်ကုန်၊ မေ ၂၈
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) ကနေ အမေရိကန်ဒေါ်လာသန်း ၃၀ ရောင်းချပေးမယ်လို့ ကြေညာပါတယ်။
အဆိုပါ နိုင်ငံခြားငွေတွေကို စက်သုံးဆီလုပ်ငန်းရှင်တွေထံ ရောင်းချပေးမှာဖြစ်ပြီး သတ်မှတ်ငွေလဲနှုန်းကိုတော့ သီးခြားဖော်ပြထားခြင်းမရှိပါ။
မေလ ၂၇ ရက်နေ့၊ FX Trading Platform မှာတော့ ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်းကို ၃,၆၀၈ ကျပ် သတ်မှတ်ခဲ့ပါတယ်။

image

Wait for it…

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြောက်ကိုရီးယား လုံခြုံရေးဝန်ကြီး ရုရှားရောက်ရှိနေ
မြောက်ကိုရီးယား လုံခြုံရေးဝန်ကြီး ရီချန်ဒေးသည် ရုရှားတွင်ကျင်းပမည့်နိုင်ငံတကာညီလာခံသို့ တက်ရောက်ရန် မော်စကိုသို့ သွားရောက်ခဲ့ကြောင်း မြောက်ကိုရီးယား အာဏာရပါတီသတင်း ဌာနက မေ ၂၇ ရက်တွင်ပြောသည်။
၎င်းသည် မေ ၂၆ ရက်တွင် ပြုံယမ်းမှထွက်ခွာခဲ့ပြီး မော်စကိုသို့ ရောက်ရှိစဉ်တွင် ရုရှားလုံခြုံရေးကောင်စီ အကြီးအကဲ ဆာဂေးရှိုဂူးနှင့် တွေ့ဆုံဆွေးနွေးဖွယ်ရှိကြောင်း အာဏာရပါတီ၏ ရိုဒေါင် ဆင်မွန်သတင်းစာက ရေးသားဖော်ပြထားသည်။
ထို့ပြင် ရုရှားတွင်ရောက်ရှိနေသော မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များနှင့်ပတ်သက်၍လည်း ဆွေးနွေးဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။ မြောက်ကိုရီးယားနှင့် ရုရှားတို့အကြား အဆင့်မြင့် အရာရှိအဆင့်တွေ့ဆုံမှုများမကြာခဏ လုပ်ဆောင်လျက်ရှိသည်။
မြောက်ကိုရီးယားလုံခြုံရေးဝန်ကြီး၏ ရုရှားခရီးစဉ်သည် ရုရှားနှင့် မြောက်ကိုရီးယားတို့အကြား ပြီးခဲ့သည့်နှစ်ဇွန်လကရရှိခဲ့သော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ် တစ်နှစ်ပြည့် နှစ်ပတ်လည်မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်းသဘောတူစာချုပ် ရယူပြီးနောက်ရုရှားနှင့် မြောက်ကိုရီးယားတို့အကြား စစ်ရေးနှင့်သံတမန်ဆက်ဆံရေးများ အားကောင်းလာခဲ့ပြီးမြောက်ကိုရီးယားက ရုရှားသို့တပ်ဖွဲ့ဝင်များစေလွှတ်ခြင်းနှင့်လက်နက်ခဲယမ်းထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ရာ ယင်းကိစ္စအပေါ် နိုင်ငံတကာ ဝေဖန်မှုများမြင့်တက်နေသည်။
အင်န်အိတ်ချ်ကေ

image
5 w - Translate

#ပြည်တွင်းသတင်း
◼ချမ်းအေးသာစံ၌မီးလောင်၊ အမျိုးသမီးလေးဦးသေဆုံး
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ Cowboy Live Music Bar ၌ ယနေ့(မေ ၂၈ ရက်) နံနက် ၉ နာရီ ၄၈ မိနစ်တွင်မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီးလေးဦးသေဆုံးကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှသိရသည်။
အဆိုပါ Bar မှာ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စဏမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၃×၃၄ လမ်းကြားရှိ အမှတ်(၆၃၄) တွင်ဖွင့်လှစ်ထားသည့် ၄၅ ပေ၊ ၂၅ ပေ Steel Structure တစ်ထပ်၊ အုတ်ခင်း၊ အုတ်ကာအဆာက်အဦဖြစ်ပြီး ငလျင်ကြောင့်ပြိုကျပျက်စီးခဲ့သည့်ပျက်စီးမှုများအား အကြီးစားပြင်ဆင်မှုပြုလုပ်နေစဉ်အဆောက်အဦသံတိုင်များအားဝရိန်ဆော်ရာမှ ဂဟေပုံးသို့သွယ်တန်းထားသည့် ပလပ်ခုံရှော့ဖြစ်ပြီး အနီးရှိအသံလုံဖော့ပြားများ၊ ထိုင်ခုံဆိုဖာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာန၏တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
မီးလောင်ရာသို့သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းတစ်ခုမှတာဝန်ရှိသူတစ်ဦးက “လေးလောင်းထွက်ပါတယ်။ ဆိုင်ကဝန်ထမ်းတွေပဲ။ သူတို့ဆိုင်ကပြင်နေတာ။ ဝရိန်ဆော်ရာကနေလောင်တာလို့ ကနဦးသိရတယ်” ဟု ပြောသည်။
ယင်းမီးလောင်မှုကြောင့် အမျိုးသမီးအိပ်ဆောင်အတွင်းရှိ အသက်(၃၀) အရွယ်ရှိ မန်နေဂျာမသူဇာလင်း၊ အသက်(၂၁) နှစ်အရွယ်ရှိ ဧည့်ကြိုဝန်ထမ်း မဆောင်းနှင်းဖြူ၊ အသက်(၂၆) နှစ်အရွယ်ရှိ အကင်ဝန်ထမ်း မသဲစုလှိုင်နှင့် အသက်(၂၃) နှစ်အရွယ်ရှိ အကင်ဝန်ထမ်းမခက်ခက်ခိုင်တို့သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှသိရသည်။
မီးလောင်မှုကြောင့် ထိုင်ခုံဆိုဖာများ၊ အသံလုံဖော့များနှင့် ဆိုင်သုံးပစ္စည်း မီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အသက်(၃၈) နှစ်အရွယ်ရှိ ဂဟေဆော်သည့် အဖွဲ့ခေါင်းဆောင် ဦးတင့်နိုင်ထွန်းအား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)မြို့မရဲစခန်းမှ (ပ- ၈၈/၂၀၂၅) ပုဒ်မ(၂၈၅ /၃၀၄ (က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
သတင်း - အင်ကြင်း