ဆင့်ကဲသမိုင်းကရေးတဲ့ "အိုင်ဗာမက်တင်" သန်ချဆေး အသုံးဝင်ပုံ
-----
~ Kyaw Zwar Lynn
အိုင်ဗာမက်တင် (ivermectin) ဟာ သန်လုံးကောင် နဲ့ ကပ်ပါးပိုး ကပ်စွဲခြင်းမှာ သုံးတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ပဋိဇီဝဆေးတွေက ဘက်တီးရီးယားမှာပဲ သုံးလို့ရတယ်။ ဗိုင်းရပ်သတ်တဲ့ ဆေးတွေကလည်း ဗိုင်းရပ်ရောဂါတွေမှာပဲ သုံးတယ်။ မှိုရောဂါဆေးဆိုလည်း မှိုပဲ။ ဒါဖြင့်ရင် အိုင်ဗာမက်တင်ကို ဘာလို့ သန်လုံးကောင် နဲ့ ကပ်ပါးပိုးမွှားတွေအတွက်ပဲ သုံးတာလဲ။ ပလက်တီဟဲလမင့်သ် (Platyhelminth) လို့ ခေါ်တဲ့ တုတ်ပြားကောင် (Taenia, Schistosoma စသဖြင့်) တွေမှာ ဘာဖြစ်လို့ မသုံးလဲ။ အခု ပို့စ်က အဲဒါကို ဆွေးနွေးမှာပါ။
အိုင်ဗာမက်တင်ကို စထရက်ပတိုမိုင်းစီး (Streptomyces) ခေါ် ဘက်တီးရီးယား မျိုးစိတ်တခုကနေ ရခဲ့တာပါ။ တခြား ပဋိဇီဝဆေးတွေ (ဥပမာ streptomycin)၊ ကင်ဆာဆေးတွေ (ဥပမာ bleomycin) အများကြီးကလည်း အဲဒီ့ စထရက်ပတိုမိုင်းစီးကနေပဲ ရတာပါ။
ဆက်စပ်ဖတ်ရှုရန် - ပဋိဇီဝဆေးတွေရဲ့ မူလတာဝန်
https://www.facebook.com/quokk....a.lynn/posts/pfbid02
အိုင်ဗာမက်တင်က ဂလူးတမိတ်ကို အချက်ပေးပစ္စည်း အနေနဲ့ သုံးတဲ့ ကလိုရိုက် အိုင်းယွန်းပြွန်တွေ (glutamate-gated chloride channel) ကို ပစ်မှတ်ထားတယ်။ အဲဒီ့ ကလိုရိုက်ပြွန်က ကျောရိုးရှိသတ္တဝါတွေမှာ မရှိပါ။ ကပ်ပါး ပိုးမွှားတွေနဲ့ သန်လုံးကောင်တွေမှာကျတော့ ရှိတယ်ကိုး။
စဉ်းစားကြည့်ရင် ကပ်ပါးပိုးကောင်နဲ့ သန်လုံးကောင်က ဘာမှလည်း မဆိုင်သလိုပဲကိုး။ ကပ်ပါးပိုးမွှားဆိုတာ အာသရိုပေါ့တွေပါ။ လူမှာဆိုရင် အင်းဆက် ဖြစ်တဲ့ သန်းနဲ့ လှေး ရှိတယ်။ ပင့်ကူနဲ့ အမျိုးနွယ်တဲ့ မွှား (mite) တွေထဲမှာ dust mite (ဒီမိုဒက်ဇ် - Demodex) နဲ့ ဝဲရောဂါ (Scabies) ကို ဖြစ်စေတဲ့ ဆာကော့ပတီးစ် (Sarcoptes) ရှိတယ်။ အာသရိုပေါ့ ဖြစ်လို့ အဆစ်အပိုင်းတွေ ခွဲထားတဲ့ ခန္ဓာကိုယ်နဲ့ ခြေထောက်တွေ ရှိတယ်။ သန်လုံးကောင်ကျတော့ နီမတုတ် (Nematode) မျိုးနွယ်ဝင်တွေ ဖြစ်ပါတယ်။ နီမတုတ်တွေက မျက်စိမရှိ၊ ခြေလက်မရှိပါ။ ပုံစံတူအင်္ဂါတွေကို အကြိမ်ကြိမ်ပြန်ကျော့တဲ့ မီတာမာရစ်ဇင် (metamerism) လည်း မရှိပါ။ မီတာမာရစ်ဇင်က ကင်းခြေများနဲ့ ပိုးနားသန်ကောင်မှာ သိပ်ကို သိသာတယ် မဟုတ်လား။ အိုင်ဗာမက်တင်ကအဲဒီလို ရုပ်အားဖြင့် မဆီမဆိုင် သတ္တဝါ နှစ်မျိုးကို ဘာလို့ နိုင်ရပါသလဲ။
မြေတီကောင် (earthworm) ကို ကြည့်ပါ။ မီတာမာရစ်ဇင်ကို မြင်ရပါမယ်။ တီကောင်မှာ ကိုယ်အရစ်တွေ အများကြီး ရှိတယ်။ အရစ်တစ်ခုစီမှာ ကိုယ်ပိုင် ကျောက်ကပ်၊ သွေးလှည့်စနစ်ငယ်၊ ကြွက်သားနှစ်စုံ (ဘေးတိုက်/အလျားလိုက်) တွေ ရှိကြတယ်။ မြေတီကောင်တွေကျတော့ အန်းနလစ် (Annelid) ခေါ်တဲ့ မျိုးပေါင်းစုထဲမှာ ရှိပါတယ်။ အဲဒီ့ထဲမှာ မြေတီအပြင် အမွေးကြမ်းတီ (bristleworm သို့မဟုတ် ပိုလီခိ - polychaete)နဲ့ မျှော့/ကျွတ်တွေ ပါဝင်တယ်။
ကနဦးသတ္တဗေဒပညာရှင်တွေက မီတာမာရစ်ဇင် ရှိတဲ့ အာသရိုပေါ့ နဲ့ အန်းနလစ် မျိုးပေါင်းစုတွေကို အမျိုးမစပ်ဘဲ မနေနိုင်ပါဘူး။ သူတို့ဟာ မီတာမာရစ်ဇင်ကို တီထွင်ခဲ့တဲ့ ရှေးဦးမျိုးနွယ်တခုကနေ ဆင်းသက်တာဖြစ်မယ်လို့ ယူဆပြီး အာတီကူလိတ် (Articulate) မျိုးနွယ် (အဆစ်အပိုင်းရှိ သတ္တဝါများ) လို့ မျိုးခွဲသတ်မှတ်ခဲ့ကြတယ်။
ဒါပေမယ့် ဒီအန်အေ နဲ့ ပရိုတင်းအထိ လေ့လာနိုင်တဲ့ ခေတ်ကိုရောက်တော့ သတ္တဝါတွေရဲ့ မျိုးဗီဇကို နှိုင်းယှဉ်တဲ့အခါ အဲဒါမှားနေမှန်း သိကြရပါပြီ။ ယခုအခါမှာတော့ မြေတီကောင်ပါတဲ့ အန်းနလစ် မျိုးပေါင်းစုဟာ ဖဲပြားတီ (နီမာတီးယန်း - Nemertean) တို့၊ ဆီမီးခွက်ဂုံး (ဘရာခီယိုပေါ့ - Brachipod) တို့၊ခရု၊ကမာ၊ကင်းမွန် တွေပါတဲ့ မိုလက်စ်ခ် (Mollusc) တို့နဲ့ ပိုအမျိုးနီးတယ်လို့ တွေ့ရပါတယ်။ သူတို့အားလုံးက လိုဖိုထရိုခိုဇွာ (Lophotrochozoa) ခေါ် မျိုးနွယ်ကြီးထဲက ဖြစ်တယ်။ သူတို့မှာ လိုဖိုဖော (lophophore) လို့ခေါ်တဲ့ အစာရှာတဲ့ မျှင်ပွားအမောက် တခုရှိရင်ရှိ၊ နို့မို့ရင်လည်း သူတို့ရဲ့ သားလောင်းမှာ ထရိုခိုဖော (trochophore) လို့ခေါ်တဲ့ ခန္ဓာကိုယ်တပတ်လည် လှည်းဘီးပုံ တည်ရှိတဲ့ ဆဲလ်မျက်တောင်တွေ ရှိတယ်။
တဖန် အာသရိုပေါ့တွေကကျတော့ သန်လုံးကောင်၊ လိင်တံတီ (penis worm) နဲ့ ရွှံ့နဂါး (Kinorhynch) တွေဘက်ကို ပိုအမျိုးနွယ်တယ်လို့ ဖော်ထုတ်တွေ့ရှိရတယ်။ ဒီသတ္တဝါတွေက ခုနကပြောသလို အပြင်ပန်းရုပ်သွင်မှာ ဘာမှ မဆိုင်ဘူးလို့ ထင်ရပေမယ့် မျိုးဗီဇက သက်သေထူလိုက်တာပါ။ သေသေချာချာ ကြည့်ရင်တော့ သူတို့အားလုံးက ခိုက်တင် (chitin) နဲ့ ပြုလုပ်ထားတဲ့ အရေခွံရှိပြီး၊ အရေခွံလဲတဲ့ သတ္တဝါတွေလည်း ဖြစ်နေပါတယ်။ ဟုတ်ပါတယ်။ သန်လုံးကောင်တွေလည်း အရေခွံ လဲပါတယ်။ သူတို့ကိုတော့ အက်ဒီဆိုဇွာ (Ecdysozoa) မျိုးနွယ်လို့ သုတေသီတွေက သတ်မှတ်ကြတယ်။ ဆိုလိုတာကတော့ အက်ဒီဆိုဇွာရဲ့ ကမ္ဘာဦး ရှေ့ပြေးဟာ အရေခွံလဲတဲ့ သတ္တဝါတမျိုးဖြစ်ပြီး သူ့ရဲ့အဆက်အနွယ်တွေက ယနေ့ခေတ်ရဲ့ အာသရိုပေါ့၊ သန်လုံးကောင်နဲ့ လိင်တံတီ မျိုးဆက်တွေကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
အာသရိုပေါ့ ဖြစ်တဲ့ ကပ်ပါးပိုးတွေနဲ့ နီမတုတ် ဖြစ်တဲ့ သန်လုံးကောင်တွေဟာ မျိုးဗီဇ နီးစပ်တဲ့အတွက် သူတို့ အသုံးပြုတဲ့ ပရိုတင်းတွေကလည်း ဆင်တူပါတယ်။ ဒါကြောင့်လည်း သူတို့မှာ ဆင်တူတဲ့ ကလိုရိုက်ပြွန်တွေ ရှိနေပြီး၊ အိုင်ဗာမက်တင် ဆေးတခုတည်းနဲ့ အဲဒီ့ ပြွန်တွေကို နှောင့်ယှက်နိုင်တာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ၂၀၂၂ခုနှစ်တုန်းက စာတမ်းတခုကဆိုရင် အက်ဒီဆိုဇွာထဲမှာမှ အာသရိုပေါ့နဲ့ နီမတုတ်တွေက အမျိုးပိုနီးတယ်လို့ တွေ့ရှိလာပါပြီ။ သူတို့ရဲ့ မူလဇာစ်မြစ်က ကန်ဘရီယန်မတိုင်ခင်၊ အီဒီယာကရန်ယုဂ် အထိ ပြန်လိုက်လို့ရနိုင်တယ်လို့ သိရပါတယ်။ (အဲဒီ့မျိုးခွဲအုပ်စုအသစ်ကို "ခရစ်ပတိုဗားမီးစ် - Cryptovermes" လို့ နာမည်ပေးထားသတဲ့။) ဒီတွေ့ရှိချက် ကျွန်တော်တို့ ဆွေးနွေးနေတဲ့ အဆိုပြုချက်ကို ပိုမို ခိုင်မာစေပါတယ်။
ပြန်အနှစ်ချုပ်ရရင်တော့ အိုင်ဗာမက်တင်က ကပ်ပါးပိုးမွှားတွေနဲ့ သန်လုံးကောင်တွေကို နိုင်တာဟာ အဲဒီ့ သတ္တဝါတွေက ရှေ့ပြေးဇာစ်မြစ် တခုတည်း ကနေ ဆင်းသက်ခဲ့တဲ့ အက်ဒီဆိုဇွာ မျိုးနွယ်ဝင်တွေ ဖြစ်နေလို့ပါ။

image

imageimage
+5

စိတ်ဒဏ်ရာတွေကို ကုစားပေးဖို့ အကောင်းဆုံးဆေးဝါးဆိုတာ ရှိနိုင်မလား ?
အကြောင်းရင်းပေါင်းစုံနဲ့ နာကျင်ခံစားကြရတဲ့အခါ ဒီနာကျင်မှုတွေကို ပြေလည်သက်သာစေဖို့ ကုသလို့ရတဲ့ ဆေးက ရှားပါတယ် ။ ရောဂါကြောင့်ဖြစ်တာတွေကို ဆေးတွေက သက်သာလာနိုင်စေပေမယ့် စိတ်ကြောင့်ဖြစ်လာတာတွေကို ကိုယ့်စိတ်ကပဲ ပြန်လည်ကုစားနိုင်ဖို့ လုပ်ပေးနိုင်စွမ်းရှိတာပါ။
သိပ်အရေးမကြီးတဲ့ ကိစ္စမျိုးတွေဆိုရင် အိပ်ပျော်အောင်အိပ်လိုက်ရင် မနက်ကျရင် ဒီစိတ်ခံစားချက်က သက်သာသယောင်ဖြစ်သွားရတာတွေရှိပါတယ် ။
စိတ်ခံစားမှုအရမ်းများရတဲ့ ကိစ္စတွေဆိုရင်တော့ အိပ်ပျော်အောင်အိပ်ဖို့တောင် အတော်ကို ခက်ခဲလှပါတယ် ။ ဒီတော့ အိပ်လို့မပျော်ရင် မနက်ခင်းမလန်းမဆန်းဖြစ်ရတော့ ဒီစိတ်ခံစားမှုကြီးက မသက်သာတဲ့အပြင် ပိုတိုးသယောင်ဖြစ်စေပါတယ်။
ဒါပေမယ့်လည်း ဒီအတွေးတွေကို ထပ်တလဲလဲထိုင်တွေးနေမိရင် နာကျင်ရတဲ့စိတ်က မသက်သာလာတဲ့အပြင် ပိုပိုပြီး ဆိုးရွားလာပါလိမ့်မယ် ။ ဒီတော့ ဆက်မတွေးပဲ ဒီခံစားခဲ့ရတာကို စိတ်ထဲက လုပ်ပစ်ဖို့အပြင် ပြန်မတွေးမိအောင် ၊ ပြန်မခံစားမိအောင် နေကြည့်ဖို့ အရင်ဆုံးကြိုးစားကြည့်ရပါတယ်။
ပြီးရင် အသိပညာတိုးတက်စေတဲ့ အကြောင်းရာပါဝင်တဲ့ ဟောပြောပွဲမျိုးတွေ ၊ Healing ဖြစ်စေမယ့် တရားတွေနာကြည့်ပါ ။ စိတ်ခံစားမှုကြောင့် ရပ်တန့်ထားမိတဲ့ အလုပ်တွေကို ပြန်လုပ်ပါ။ ဖွထားတဲ့ ဗီဒိုရှင်းကြည့်ပါ။ အိမ်သန့်ရှင်းရေးလုပ်ကြည့်ပါ ။ ကိုယ့်ကိုယ်ကို ပြန်လည် လန်းဆန်းတက်ကြွဖို့ Activity တစ်ခုခုလုပ်ကြည့်ပါ ။ Healing song လေးဖွင့်ရင်း စာဖတ်ကြည့်ပါ။
ဒီလိုပဲ စိတ်ကိုကိုယ်လိုအပ်သလို ပုံသွင်းပြီး ကောင်းတဲ့ဘက်ကိုဦးတည်တွေးဖို့ သတိပေးရင်း ဆက်ထိန်းသွားရင်တော့ ကိုယ်ခံစားရတဲ့ အကြောင်းအရာတွေကနေ အမြန်ဆုံးလွတ်မြောက်နိုင်မှာဖြစ်ပါတယ် ။
—— မာရင်ရင်

image
7 w - Translate

Garfield: A Tail of Two Kitties (2006)

ဒီကားလေးကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Gerfield 1 ရဲ့အဆက်ဖြစ်တဲ့ Gerfield 2 ပဲဖြစ်ပါတယ်…
Gerfield 1 မှာတုန်းက သူဟာသူ့ရဲ့သူငယ်ချင်းအသစ်ဖြစ်တဲ့ ခွေးလေးအိုဒီနဲ့ တွေ့ဆုံခဲ့ပြီးတော့ သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်…အဲ့နောက်မှာခွေးလေးအိုဒီကို မကောင်းတဲ့လူတွေလက်ကနေပြန်လည်ကယ်တင်ရင်းကနေ သူ့ရဲ့စွန့်စားခန်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်…
အခုတင်ဆက်ပေးမယ့် အပိုင်းသစ် Gerfield 2 မှာတော့ ခွေးလေးအိုဒီအပြင် သူ့နဲ့ရုပ်ချင်းလုံးဝတူနေတဲ့ ကြောင်ဘုရင် Gerfield Prince နဲ့ထပ်မံတွေ့ဆုံရမှာပဲဖြစ်ပါတယ်…
သူတိုနှစ်ယောက်ဘယ်လိုတွေ့ဆုံပြီးတော့ ဘယ်လိုတွေစွန့်စားမှုတွေလုပ်ကြမလဲ…
ဘယ်လိုဟာသတွေထည့်သွင်းရိုက်ကူးထားလဲဆိုတာကတော့
အားလုံးစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်…အားလုံးကြည့်ပြီးကြတဲ့ကားဟောင်းလေးပေမယ့်
မကြည့်ရသေးတဲ့သူများကြည့်ရှုနိုင်ရန်အတွက်သာဖြစ်ပါတယ်…

🌙💫ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

💫🌙ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1990

image
7 w - Translate

Miss Earth Myanmar 🇲🇲 2025
Khin Khin Hlaing
အမရာရွှန်းလဲ့လို
Miss Earth မှာ
Placement ယူနိုင်တဲ့သူ
ဖြစ်လာမလား 🫦👑

image