အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီလို ဗင်နီဇွဲလားပြော
ထပ်တလဲလဲ ရန်စမှုများရှိနေချိန် ဗင်နီဇွဲလားနှင့် အမေရိကန်နိုင်ငံတို့ကြား ဆက်ဆံရေးလမ်းကြောင်းများကို အမေရိကန်ဘက်က ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို က စက်တင်ဘာ ၁၅ ရက် ၌ ပြောကြားခဲ့သည်။

“အမေရိကန်အစိုးရနဲ့ ဆက်ဆံမှုတွေကို သူတို့ဘက်က ဖြတ်တောက်လိုက်ပြီဆိုတာကို ဒီကနေ့အသိပေး ကြေညာလိုက်ပါတယ်” ဟု ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကာရာကက်စ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မာဒူရို က ပြောကြားခဲ့သည်။

ထိုသို့ဆက်ဆံရေးပြိုကွဲခဲ့ခြင်းမှာ အမေရိကန်၏ ခြိမ်းခြောက်မှုနှင့် အကျပ်ကိုင်မှုများကြောင့် ဖြစ်ကြောင်း မာဒူရို က အပြစ်တင်ခဲ့သည်။အမေရိကန်ဘက်က ရန်စမှုများရှိနေသော်လည်း ဗင်နီဇွဲလားအနေဖြင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ခဲ့သည် ဟုလည်း မာဒူရို က အလေးအနက်ပြောကြားခဲ့သည်။

ဗင်နီဇွဲလားအနေဖြင့် လွန်ခဲ့သော သီတင်းပတ်ငါးပတ်တိုင်တိုင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသလို တစ်ချိန်တည်းတွင် တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်လည်း ကြိုးပမ်းလုပ်ဆောင်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံအနေဖြင့် နိုင်ငံရေး၊ သံတမန်ရေးနှင့် ဖြစ်နိုင်ဖွယ်ရှိသော စစ်ရေးအရ ကျူးကျော်ရန်စမှုများကို ကာကွယ်ရန် မိမိတို့၏ တရားဝင် အခွင့်အရေးများအား ကျင့်သုံးလျက်ရှိသည်ဟု မာဒူရို က ဖြည့်စွက်ပြောကြားခဲ့သည်။

image

နီပေါကြားဖြတ်အစိုးရ ဝန်ကြီး ၃ ဦး ကြမ်းကြိမ်
နီပေါနိုင်ငံသမ္မတ ရမ်ချန်ဒရာပူဒယ် သည် အသစ်ဖွဲ့စည်းခဲ့သည့် ကြားဖြတ်အစိုးရ ပထမဆုံးဝန်ကြီးသုံးဦးကို စက်တင်ဘာ ၁၄ ရက်က ကျမ်းသစ္စာကျိန်ဆိုမှုပြုလုပ်ခန့်အပ်ခဲ့သည်။အဆိုပါအခမ်းအနားကို ခတ္တမန္ဒူမြို့ရှိ သမ္မတရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး ရုပ်သံထုတ်လွှင့်ခဲ့ကြောင်းသိရသည်။

ဘဏ္ဍာရေးဌာန အတွင်းရေးမှူးဟောင်း Rameshore Prasad Khanal သည် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နီပေါလျှပ်စစ်အာဏာပိုင်အဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း Kulman Ghising က စွမ်းအင်၊ ရေအရင်းအမြစ်နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနများ၏ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

မြို့တော်ဝန်၏ ဥပဒေအကြံပေးအဖြစ် ရှေ့နေတစ်ဦးဖြစ်သူ Om Prakash Aryal က ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာနှင့်လွှတ်တော်ဆိုင်ရာကိစ္စရပ်များဝန်ကြီးဌာနများကို ဦးဆောင်မည် ဖြစ်သည်။

ခတ္တမန္ဒူနှင့် နိုင်ငံ၏အခြားဒေသများတွင် စက်တင်ဘာလ ၉ ရက်က ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ကေပီရှာ မားအိုလီ က ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် တရားသူကြီးချုပ်ဟောင်း စူရှီလာကာကီ သည် ကြားဖြတ် အစိုးရ၏ ဝန်ကြီးချုပ်အဖြစ် စက်တင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် တာဝန်ယူခဲ့သည်။

နီပေါနိုင်ငံ၏အထွေထွေရွေးကောက်ပွဲသစ်ကို ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်တွင် ကျင်းပရန်စီစဥ်ထားကြောင်း သိရသည်။

image
13 ပတ် - ဘာသာပြန်ပါ။

◾️ရွေးကောက်ပွဲဆိုင်ရာစည်းမျဉ်းများ တင်းကျပ်လွန်းဟု နိုင်ငံရေးပါတီတချို့ညည်းတွား
လာမည့်ရွေးကောက်ပွဲတွင်အသုံးပြုမည့် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်(PR)နှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ၏ စည်းမျဉ်းစည်းကမ်းများ တင်းကျပ်လွန်းသဖြင့် အခက်တွေ့ရကြောင်း တစ်နိုင်ငံလုံးရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီတချို့က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။
“ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်ကမိတ်ဆက်ပေးထားတဲ့ PR စနစ်အကြောင်းစာအုပ်လည်းရှိတယ်။ နိုင်ငံတကာ PR စနစ်အကြောင်း ကျွန်တော်တို့လေ့လာထားတာတွေလည်းရှိတယ်။ အဲဒါတွေနဲ့မတူဘဲ နဲ့ လုပ်ထားတဲ့ကိစ္စပေါ့။ PR အတွက် ရှစ်ယောက်ရှိရင် ရှစ်ယောက်စလုံးပြည့်မှ FPTP မှာလက်ခံမယ်ဆိုတဲ့ကိစ္စမျိုးက အရမ်းကို စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်လွန်းအားကြီးတယ်” ဟု ပြည်သူ့ပါတီအတွင်းရေးမှူးဦးမာကီးကပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိညွှန်ကြားချက်များအရ သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ် အလိုက် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေး ပါတီများအနေဖြင့် PR မဲဆန္ဒနယ်အားလုံးအတွက်ပါ ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းရကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။
“ရှမ်းမြောက်မှာ ရွေးကောက်ပွဲလုပ်နိုင်တာ နှစ်မြို့နယ်ပဲရှိတယ်။ မူဆယ်နဲ့လားရှိုးပဲ။ ၁၄ ယောက်လုံး တင်ခိုင်းတော့ အရမ်းခက်ခဲတယ်။ ဒါပေမဲ့ ခက်ခဲလည်းပြည့်အောင်ထည့်လိုက်တယ်” ဟု ရှမ်းနှင့်တိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP) ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောဆိုထားသည်။
ပြည်သူ့ပါတီသည် ယခုစက်တင်ဘာလ ၁၃ ရက်နေ့စွဲဖြင့် UEC ထံပေးပို့သောအကြံပြုစာတွင် PR စနစ်သည် ပါတီငယ်များအတွက် အခွင့်အရေးပိုရနိုင်သည်ဟု ယူဆကြသော်လည်း လက်တွေ့တွင် FPTP စနစ်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကိုပါရုပ်သိမ်းခံရသည့် သဘောဖြစ်နေသည်ဟု အဆိုပါအကြုံ ပြုစာတွင်ဖော်ပြထားသည်။
“လက်တွေ့နိုင်ငံရေးအခြေအနေ၊ မြေပြင်အခြေအနေတွေနဲ့ကဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ ဥပဒေ စည်းမျဉ်းစည်းကမ်းပြဌာန်းတဲ့သူတွေအနေနဲ့ စဉ်းစားချင့်ချိန်ပြီးတော့ လုပ်စေချင်တယ်” ဟု ပြည်သူ့ပါတီအတွင်းရေးမှူးဦးမာကီးကပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အတွက် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) တစ်ဦးဝင်နိုင်ရန် PR ကို ၁၇ မြို့နယ်မှ ကိုယ်စားလှယ်လောင်း ၁၇ ဦးဝင်ရမည်ဟုညွှန်ကြားထားသဖြင့် ဘဏ္ဍာရေး၊ လုံခြုံရေး၊ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကြုံနေရကြောင်း ပြည်သူ့ပါတီကဆိုသည်။
“အခုလည်း တက်သုတ်ရိုက်ပြီးတော့ ကသောင်းကနင်းနဲ့လုပ်နေရတာပေါ့။ ဥပမာ တချို့နေရာမှာ ခရီးသွားဖို့ခက်ခဲတာတွေရှိတယ်။ စရိတ်စကကြီးတာတွေရှိတယ်။ ရက်တွေကကပ်နေတာ၊ အရေအတွက်က အများကြီးတောင်းဆိုထားတာတွေနဲ့ဆိုတော့ အကုန်လုံးကသောင်းကနင်းတွေ ဖြစ်ကြတာပေါ့” ဟုဦးမာကီးကပြောသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများပါဝင်နေသည့် တိုင်းနှင့်ပြည်နယ်များတွင် အမျိုးသားလွှတ်တော်၊ တိုင်းနှင့်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ဒေသခံတိုင်းရင်းသားများဖြစ်ရန် ပြင်ဆင် ပြဌာန်းထားခြင်းကြောင့် ကိုယ်စားလှယ်လောင်းရှာဖွေရခက်ခဲသကဲ့သို့ သန်းခေါင်စာရင်းပြောင်းရွှေ့ဝင် ရောက်မရနိုင်သည့်အခက်အခဲကြုံတွေ့ရကြောင်း UEC ထံပေးပို့သောပြည်သူ့ပါတီ၏အကြုံပြုစာတွင် ဆက်လက်ဖော်ပြထားသည်။
လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ယှဉ်ပြိုင်ရန်ပြင်ဆင်နေသည့် SNDP ပါတီ ဥက္ကဌဦးစိုက်အိုက်ပေါင်းကလည်း ၎င်းတို့ပါတီအနေဖြင့် ကရင်နှင့်မွန်ပြည်နယ်တို့တွင် ကိုယ်စားလှယ် လောင်းရှာရခက်ခဲနေကြောင်းပြောဆိုသည်။
ယခုစက်တင်ဘာလပထမပတ်အတွင်း နိုင်ငံရေးပါတီတချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံ ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းရသည့်ကာလ ရက်တိုးမြှင့်ပေးရန်အပါအဝင် သတ်မှတ်ချက် တချို့ ဖြေလျှော့ပေးရန် စာပေးပို့တောင်းဆိုမှုများရှိခဲ့သည်။
ကော်မရှင်ကမူ ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းရမည့်နောက်ဆုံးရက်ကို မူလက စက်တင်ဘာ ၁၇ ရက်ဟုသတ်မှတ်ထားရာမှ ငါးရက်ထပ်တိုးကာ စက်တင်ဘာ ၂၂ ရက်သို့ ပြောင်းလဲပေးသည့် ဖြေလျှော့မှုကိုသာ ပြုလုပ်ပေးထားသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း

image

" ကိုကိုက ဘယ်တော့မှ baby စိတ်ကို နားမလည်ဘူး "
သူ့စိတ် :

image
13 ပတ် - ဘာသာပြန်ပါ။

အချိန်က မရပ်မနား သွားနေသလို
အရွယ်ကလည်း မနားဘူးနော်။
ဒါကြောင့် ...
ခင်ဗျားတို့ နားနေလို့ မရဘူး။
ခုကတည်းက စိတ်ကို
သတိ အစာ မပြတ်ကျွေးပြီး
လက်ကျန် အချိန်လေး ရှိတုန်း
ဆောင်ရွက်သင့်သည်များကို
ကြိုတင် လုပ်ဆောင်ထားကြပါ။
ကျေးဇူးတော်ရှင်
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏
Credit

image
13 ပတ် - ဘာသာပြန်ပါ။

19 Street ( Yangon China Town )
၁၉ လမ်း ( သို့မဟုတ် ) ရန်ကုန်သာ:တို့ရဲ့ ဘဝနိဗ္ဗာန်❤️
၁၉လမ်း အမှတ်တရတွေ ရှိခဲ့ရင် ၁၉လမ်းမှာပဲ ပြန်ဆုံကြရအောင်
#popular Paoh Stars
ဓာတ်ပုံခရစ်ဒစ်ပေးပါတယ်

image
13 ပတ် - ဘာသာပြန်ပါ။

19 Street ( Yangon China Town )
၁၉ လမ်း ( သို့မဟုတ် ) ရန်ကုန်သာ:တို့ရဲ့ ဘဝနိဗ္ဗာန်❤️
၁၉လမ်း အမှတ်တရတွေ ရှိခဲ့ရင် ၁၉လမ်းမှာပဲ ပြန်ဆုံကြရအောင်
#popular Paoh Stars
ဓာတ်ပုံခရစ်ဒစ်ပေးပါတယ်

image
13 ပတ် - ဘာသာပြန်ပါ။

19 Street ( Yangon China Town )
၁၉ လမ်း ( သို့မဟုတ် ) ရန်ကုန်သာ:တို့ရဲ့ ဘဝနိဗ္ဗာန်❤️
၁၉လမ်း အမှတ်တရတွေ ရှိခဲ့ရင် ၁၉လမ်းမှာပဲ ပြန်ဆုံကြရအောင်
#popular Paoh Stars
ဓာတ်ပုံခရစ်ဒစ်ပေးပါတယ်

image
13 ပတ် - ဘာသာပြန်ပါ။

19 Street ( Yangon China Town )
၁၉ လမ်း ( သို့မဟုတ် ) ရန်ကုန်သာ:တို့ရဲ့ ဘဝနိဗ္ဗာန်❤️
၁၉လမ်း အမှတ်တရတွေ ရှိခဲ့ရင် ၁၉လမ်းမှာပဲ ပြန်ဆုံကြရအောင်
#popular Paoh Stars
ဓာတ်ပုံခရစ်ဒစ်ပေးပါတယ်

image
13 ပတ် - ဘာသာပြန်ပါ။

19 Street ( Yangon China Town )
၁၉ လမ်း ( သို့မဟုတ် ) ရန်ကုန်သာ:တို့ရဲ့ ဘဝနိဗ္ဗာန်❤️
၁၉လမ်း အမှတ်တရတွေ ရှိခဲ့ရင် ၁၉လမ်းမှာပဲ ပြန်ဆုံကြရအောင်
#popular Paoh Stars
ဓာတ်ပုံခရစ်ဒစ်ပေးပါတယ်

image