ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်ပူဇော်

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်ပူဇော်ပွဲကို အောက်တိုဘာ ၃၁ ရက်ညနေ ၄ နာရီခွဲက ကျားပျံမကောက်ဓမ္မာရုံတွင်ကျင်းပရာ သြဝါဒါစရိယဆရာတော်ကြီးများ၊ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများမှ မြတ်စွယ်တော်တိုက်၌ တစ်နှစ်တာကိန်းဝပ်တော်မူသောဗုဒ္ဓမြတ်စွယ်တော်ကို ဂန္ဓကုဋီတိုက်အတွင်းမှ ကျားပျံမကောက်ဓမ္မာရုံသို့ပင့်ဆောင်ပူဇော်ခဲ့ကြသည်။

အဆိုပါ ဗုဒ္ဓမြတ်စွယ်တော်အား မြတ်စွယ်တော်တိုက် မှန်ကျောင်းဆောင်သို့ ည ၆ နာရီတွင်ပြန်လည်ပင့်ဆောင်၍ အများပြည်သူဖူးမျှော်နိုင်ရန်အပူ​ဇော်ခံထားသည်။

image
image
image