36 ပတ် - ဘာသာပြန်ပါ။

KSA Health and Fitness Services Market Outlook 2032: Trends, Opportunities & Challenges - The Report Cube
KSA Health and Fitness Services Market Overview:
Market Size (2024): USD 650 Million
Market Size (2032): USD xx Billion
CAGR (2023–2032): 4.6%
Top Companies in KSA Health and Fitness Services Market: Leejam, Inc., Al Manahil Entertainment Co., NuYu Fitness, ARENA, Gold’s Gym Club Holdings, LLC, 9Round Franchising, LLC, Kinetico, Landmark Fitness Limited, Studio55, Kun Sports, and Others.
Request a Free Sample PDF of This Report https://www.thereportcubes.com..../request-sample/ksa-

Request Sample -KSA Health and Fitness Services Market Share, Size & Report

Request Sample -Explore the KSA Health and Fitness Services Market, forecasted to grow at a CAGR of 4.6% (2024-32), driven by health awareness and government initiatives. Market size valued at USD 650 million, with rising demand for fitness centers,

image
36 ပတ် - ဘာသာပြန်ပါ။

သီတင်းကျွတ်လပြည့်ည၊ ပြည်သူ့ရင်ပြင်မြင်ကွင်း

အောက်တိုဘာ ၆

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ​ပြုလုပ်လျက်ရှိသော သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲမြင်ကွင်းအချို့ကို ဖော်ပြအပ်ပါသည်။

#centralnewsnaypyitaw

imageimage
+8

သီတင်းကျွတ်လပြည့်ည စည်ကားစွာ မြင်တွေ့ရတဲ့ ရန်ကုန်ရဲ့အထင်ကရ ရေကျော်ပွဲစျေး

အောက်တိုဘာ ၆

ရန်ကုန်မြို့ရဲ့ အစည်ကားဆုံးပွဲတော်တွေထဲက တစ်ခုဖြစ်သလို ဝါလကင်းလွတ်သီတင်းကျွတ်မှာ ကျင်းပလေ့ရှိတဲ့ ရေကျော်ပွဲစျေးကြီးကို အောက်တိုဘာ ၁ ရက်ကနေ ၇ ရက်နေ့အထိ စုစုပေါင်း ၇ ရက်တိတိ ကျင်းပနေပြီး ဒီနေ့ သီတင်းကျွတ်လပြည့်မှာတော့ ပိုလို့စည်ကားနေတာ တွေ့ရပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအကျပ်အတည်းနောက်မှာ ပြည်သူတွေပျော်ရွှင်ရင် လှောင်ပြောင်တိုက်ခိုက်ချင်သူတွေကြောင့် မနှစ်ကမှ ပြန်လည်ကျင်းပနိုင်ခဲ့တဲ့ ရေကျော်စျေးပွဲတော်ဟာ မနှစ်ကလည်း တိုးမပေါက်အောင်စည်ကားခဲ့သလို ဒီနှစ်မှာလည်း ကြက်ပျံမကျ စည်ကားခဲ့ပြီး ဒီနေ့မှာတော့ ပိုလို့ပိုလို့ စည်ကားနေတာပါ။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+7
36 ပတ် - ဘာသာပြန်ပါ။

အသင်းဟောင်းပီအက်စ်ဂျီနှင့်ပွဲတွင် လိုင်လီအတွက် နောက်ကျချေပဂိုးသွင်းလာတဲ့ ဘက်ပေးရဲ့ ညီ အီသန်

အောက်တိုဘာ ၆

အီသန်ဘက်ပေးဟာ အသင်းဟောင်း ပီအက်စ်ဂျီနှင့် ၁ ဂိုးစီသရေကျတဲ့ လီဂူး ၁ ပွဲစဉ်မှာ လိုင်လီအတွက် နောက်ကျချေပဂိုး သွင်းယူလာပါတယ်။

အသက် ၁၈ နှစ်ရှိ အီသန်ဟာ ၂၀၂၄ ခုနှစ် နွေရာသီတွင် အစ်ကိုဖြစ်သူ ကိုင်လီယန်ဘက်ပေးနှင့်အတူ ပီအက်စ်ဂျီမှ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။

အစ်ကိုဖြစ်သူ ဘက်ပေးမှာ ပီအက်စ်ဂျီအတွက် ၃၀၈ ပွဲကစားခဲ့ရာမှာ ၂၅၆ ဂိုးသွင်းယူပေးခဲ့ပြီး ကလပ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေပါတယ်။ ညီဖြစ်သူ အီသန်ကတော့ ပီအက်စ်ဂျီအတွက် ၅ ပွဲကစားခွင့် ရရှိရာမှာ တစ်ဂိုးမျှ မသွင်းနိုင်ခဲ့ပါဘူး။

မနေ့ညက ပွဲစဉ်မှာ ပီအက်စ်ဂျီဟာ ပွဲချိန် ၆၆ မိနစ်မှာ နူနိုမန်ဒက်စ်ရဲ့ ၂၅ ကိုက်အကွာမှ ဖရီးကစ်ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် အီသန်က လူစားဝင်ရောက်လာပြီး ၄ မိနစ်အကြာ ပွဲချိန် ၈၅ မိနစ်မှာ ၁၆ ကိုက်အကွာမှ ချေပဂိုး သွင်းယူခဲ့ပါတယ်။

ဒီဂိုးက အီသန်အတွက် ကစားသမားဘဝ ဒုတိယမြောက်ဂိုး ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့လ တူးလော့စ်နှင့်ပွဲမှာလည်း နောက်ကျဂိုးသွင်းခဲ့ပါသေးတယ်။

အီသန်ဟာ ဂိုးသွင်းယူပြီးနောက် အစ်ကိုဖြစ်သူရဲ့ လက်နှစ်ဖက် ကြက်ခြေခတ်ပုံဖြင့် အောင်ပွဲခံခဲ့ပါတယ်။

အခုပွဲကို အစ်ကိုဖြစ်သူ ကိုင်လီယန်ဘက်ပေး လာရောက် ကြည့်ရှုခဲ့ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

❝စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ်ကျဆင်း❞

အောက်တိုဘာ ၆

ယခုတစ်ပတ်တာကာလဖြစ်သည့် ယနေ့ အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၅၈၅ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၃ ရက်တွင် ငွေကျပ် ၆၁၃၀ ရှိခဲ့သည့် အဆိုပါ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများသည် စက်တင်ဘာ ၁ ရက်တွင် ၆၄၁၀ ကျပ်သို့ မြင့်တက်ခဲ့ရာမှ ယမန်နေ့ အောက်တိုဘာ ၅ ရက်တွင် ၆၆၁၀ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့ပြီးနောက် ယနေ့ အောက်တိုဘာ ၆ ရက်တွင် ၆၅၈၅ ကျပ်သို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

#သတင်းဟင်းလေးအိုးကြီး

image
36 ပတ် - ဘာသာပြန်ပါ။

❝DEMUအမြန်ရထားတစ်စင်းတည်းနဲ့ ပြေးဆွဲနေတဲ့ ရန်ကုန်- နေပြည်တော် ခရီးစဥ်အတွက် နောက်ထပ်တစ်စင်း တိုးချဲ့ပြေးဆွဲမယ်❞

အောက်တိုဘာ ၆

ယခင်က DEMUအမြန်ရထားတစ်စင်းတည်းနဲ့ ပြေးဆွဲနေတဲ့ ရန်ကုန်- နေပြည်တော် ခရီးစဥ်အတွက် နောက်ထပ် DEMUအမြန်ရထားတစ်စင်းကို အောက်တိုဘာ ၉ ရက်နေ့ကစတင်ပြီး တိုးချဲ့ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။

အဲဒီ DEMUအမြန်ရထားဟာ နေ့စဥ် ရန်ကုန်ဘူတာကြီးကနေ နေ့လယ် ၁၂ နာရီမှာ စတင်ထွက်ခွာပြီး ညနေ ၅ နာရီခွဲမှာ နေပြည်တော်ဘူတာကြီးကို ရောက်ရှိမှာဖြစ်သလို နေပြည်တော်ဘူတာကြီးကနေ မနက် ၆ နာရီမှာ စတင်ထွက်ခွာမယ့်ရထားကတော့ ရန်ကုန်ဘူတာကြီးကို မနက် ၁၁ နာရီခွဲမှာ ရောက်ရှိမယ်လို့ ဆိုပါတယ်။

ယခုလို ရထား တိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်လို့ ရန်ကုန်ဘူတာကြီးကနေ နေပြည်တော်ကိုထွက်ခွာမယ့် အဆန်ရထားရထားက (၃၁) အဆန်နဲ့ (၇) အဆန်ရထား ၂ စင်းဖြစ်လာမှာဖြစ်ပြီး မနက် ၆ နာရီနဲ့ နေ့လည် ၁၂ နာရီအချိန်တို့မှာ ပြေးဆွဲကြမှာပါ။

အလားတူ နေပြည်တော်ဘူတာကြီးကနေလည်း မနက် ၆ နာရီမှာ DEMU ရထား အမှတ် (၃၂) အစုန်နဲ့ နေ့လယ် ၁၂ နာရီမှာ DEMU ရထား အမှတ် (၈) အစုန်ရထားတွေနဲ့ ရန်ကုန်ဘူတာကြီးအထိ ပြေးဆွဲကြတော့မှာဖြစ်ပြီး လက်မှတ်တွေခနှုန်းထားတွေကတော့ ယခင်ကအတိုင် ပြောင်းလဲမှုမရှိဘဲ ပထမတန်း ၁၉၀၀၀ ကျပ်နဲ့ အထက်တန်း ၂၈၀၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image
36 ပတ် - ဘာသာပြန်ပါ။

၁၂၃ ရက်တည်းသာ ကိုင်တွယ်ရပြီးနောက် ရိန်းဂျားသမိုင်းတွင် သက်တမ်းအတိုဆုံးနည်းပြအဖြစ် ရပ်ဆဲလ်မာတင် ထုတ်ပယ်ခြင်းခံလာရ

အောက်တိုဘာ ၆

ရပ်ဆဲလ်မာတင်ဟာ ရိန်းဂျားနည်းပြအဖြစ်မှ ထုတ်ပယ်ခြင်းခံလာရပြီ ဖြစ်ပါတယ်။ ရိန်းဂျားတာဝန်ရှိသူများဟာ ဖယ်ကတ်နှင့် တစ်ဂိုးစီသရေကျပြီး အရေးပေါ်အစည်းအဝေး ပြုလုပ်ပြီးနောက် ရပ်ဆဲလ်မာတင်ကို ထုတ်ပယ်လိုက်တာလည်း ဖြစ်ပါတယ်။

အသက် ၃၉ နှစ်ရှိ ရပ်ဆဲလ်မာတင်ဟာ ရိန်းဂျားကို ၁၂၃ ရက်တည်းသာ ကိုင်တွယ်ရပြီးနောက် ထုတ်ပယ်ခြင်းခံလာရတာပါ။

ရပ်ဆဲလ်မာတင်နှင့်အတူ သူ့နည်းပြအဖွဲ့ဝင်များလည်း ရိန်းဂျားက ထွက်ခွာလာရပါမယ်။

ရိန်းဂျားဥက္ကဌအင်ဒရူးကာဗီနက်ချ်ဟာ ပရိသတ်များရဲ့ တောင်းဆိုမှုအား တောင့်ခံကာ ရပ်ဆဲလ်မာတင်အား ဆက်လက် ယုံကြည်ပေးခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ရပြီလည်း ဖြစ်ပါတယ်။

မာတင်ဟာ နွေရာသီကမှ ရိန်းဂျားနည်းပြအဖြစ် ၃ နှစ်စာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပြီး ကလပ်သမိုင်းတွင် သက်တမ်းအတိုဆုံး အမြဲတမ်းနည်းပြအဖြစ် အထုတ်ခံလာရတာပါ။

ရိန်းဂျားဟာ နိုင်ငံတကာပွဲများကြောင့် လိဂ်ရပ်နားထားစဉ်အတွင်း နည်းပြသစ် ခန့်အပ်ရေး ရှာဖွေသွားမည် ဖြစ်ပြီး နည်းပြဟောင်းစတီဗင်ဂျရတ်မှာ နည်းပြဖြစ်လာနိုင်တဲ့ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေပါတယ်။

Credit - Playmaker News Agency

#ဘောလုံးသတင်းစုံ

image

MRTV - 4 ရုပ်သံလိုင်းမှ ခင်ပျိုမဒီ အစီအစဥ် ပရိုဂျူဆာသေဆုံးခဲ့ရရှာသည့် ကားတိုက်မှုဖြစ်စဥ်မှ ယာဥ်မောင်းကို အမှုဖွင့်အရေးယူထား

အောက်တိုဘာ ၆

MRTV - 4 ရုပ်သံလိုင်းက ခင်ပျိုမဒီ အစီအစဥ် တင်ဆက်ထုတ်လုပ်သူ ပရိုဂျူဆာ မနန်းမေမွန်မောင် (ခ) မမွှေးမွှေးဟာ အောက်တိုဘာ ၂ ရက်က ကားတိုက်ခံရပြီး ကွယ်လွန်ဆုံးပါးသွားခဲ့မှုမှာယာဥ်မောင်းကို အမှုဖွင့်အရေးယူထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရပါတယ်။

Forever Group ရဲ့ MRTV - 4 ရုပ်သံလိုင်းက ခင်ပျိုမဒီ အစီအစဥ်ထုတ်လုပ်သူ ပရိုဂျူဆာ နန်းမေမွန်မောင် (ခ) မွှေးမွှေးဟာ အောက်တိုဘာ ၂ ရက်ညက ကားလမ်းဖြတ်ကူးချိန် ကားဝင်တိုက်မိ သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ရာမှာ အောက်တိုဘာ ၂ ရက် ည ၁၀ နာရီအချိန် ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ချော်တွင်းကုန်းမှတ်တိုင်အနီးယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သင်္ဃန်ကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်နေ သက်ထွန်းနောင် (၄၂)နှစ် မောင်းနှင်လာသော BGO-27 7S-XXXX GAC TOYOTA BZ4X EV အဖြူရောင်ယာဉ်သည် ကမ္ဘာအေးဘုရားလမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာစဉ် ချော်တွင်း ကုန်း မှတ်တိုင်အနီးအရောက် လမ်းဖြတ်ကူးသည့် မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်နေ မနန်းမေမွန် မောင် (၃၈)နှစ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် မနန်းမေမွန်မောင်မှာ ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့သောကြောင့် သက်ထွန်းနောင်အား ရန်ကင်းမြို့မရဲစခန်းက ယာဉ်(ပ) ၈/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၂၇၉ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဖော်ပြထားပါတယ်။

ကွယ်လွန်သူ မနန်းမေမွန်မောင် (မွှေးမွှေး) ကို ပြီးခဲ့တဲ့ မနေ့က အောက်တိုဘာ ၄ ရက် ညနေပိုင်းအချိန်က ရေ​ဝေးသုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပြီဖြစ်သလို ရက်လည်ကိုတော့ အောက်တိုဘာ ၈ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

မမွှေးမွှေး ကားတိုက်ခံရတဲ့ဖြစ်စဥ်အပေါ် MRTV - 4 ရဲ့ နာမည်ကျော် အစီအစဥ်တင်ဆက်သူ သဇင်နွယ်ဝင်းက မနန်းမေမွန်မောင် အကောင့်ကို Tag တွဲပြီး ဝမ်းနည်းစကားဆိုထားသလို "စည်းမရှိကမ်းမရှိ အထိန်းအကွပ်မရှိ ပရမ်းပတာ မူးရူး သောက်စားပျော်ပါးရမ်းကားကြတဲ့ ညဉ့်လူတွေ..တန်ဖိုးရှိတဲ့ဘဝကိုယ်စီနဲ့ နိစ္စဒူဝ ရုန်းကန်နေကြတဲ့ လမ်းသွားလမ်းလာတွေရဲ့အသက်တွေကို ကားပေါ်တက်မောင်းပြီး လိုက်ဒုက္ခမပေးကြပါနဲ့လား… အသက်တစ်ချောင်းဆုံးရှုံးရင် ထွက်သွားတဲ့သူနဲ့ ကျန်ရစ်ခဲ့တဲ့သူတွေ ဘယ်လောက်ထိ ရင်ကွဲနာကျရလဲဆိုတာ မိသားစုမောင်နှသားချင်းကိုယ်ချင်းစာပေးပါ …" လို့လည်း ထပ်မံရေးသားထားပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+4
36 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်မြို့လည်ခေါင်ရှိ Beauty Land Hotelတွင် အပိုင်းပိုင်းခုတ်ထစ်ကာ စွန့်ပစ်ခံရသော အမျိုးသမီးအလောင်းတွေ့

အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်ရှိ Beauty Land Hotelတွင် အပိုင်းပိုင်းခုတ်ထစ်ကာစွန့်ပစ်ခံရသော အမျိုးသမီး အလောင်းတွေ့ရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ အမျိုးသမီး၏ရုပ်အလောင်းကို ယနေ့(အောက်တိုဘာ ၆ရက်)၊ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က ပန်းဘဲတန်းမြိုနယ် ၊ အမှတ်(၁၁) ရပ်ကွက်၊ ၃၂လမ်း (အထက်)၊ Beauty Land Hotel ၌တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုပ်အလောင်းမှာ အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခံထားရခြင်းဖြစ်ပြီး အလောင်းကို အမှိုက်အိတ်အပြာဖြင့်ထည့်ကာ အထက်ပါ ဟိုတယ်ရှိ အခန်းအမှတ် (၅၀၂) ၏ အခန်းအပြင်ဘက် လေအေးပေးစက်တပ်ဆင်ထားသော စင်ပေါ်တွင် စွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သတ်ဖြတ်ခံရသူ၏ ရုပ်အလောင်းအား စစ်ဆေး အတည်ပြုရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ကျူးလွန် သူအား စုံစမ်းလျက်ရှိကြောင်း သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image