Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သရဖူ
ရေး -ခင်နှင်းယု
ချမ်းသာတဲ့အသိုင်းအဝိုင်းရဲ့ ရှုပ်ထွေးလှတဲ့ ဇာတ်လမ်းတစ်ပုဒ်
မိဘကချမ်းသာလို့ အလိုလိုက်ခံထားရတဲ့ ရိုစီ
နယ်မှ ကောလိပ်တက်ဖို့ မြို့ကိုရောက်လာတဲ့ အေး
အေးက အိမ်ကို စာမှန်မှန်ရေးခဲ့တယ်
နောက်ပိုင်းမှာ အိမ်ကို အသိမပေးပဲ အမြတ်တော်ကြေးဝန်ထောက်မင်း ကိုစိုးအောင်ဆိုသူနဲ့လက်ထက်လိုက်တယ်
သူတို့အိမ်ရဲ့ရှုပ်ထွေးတဲ့ဇာတ်လမ်းကြားမှာ အေးဟာ
နယ်က မိဘမေတ္တာတွေကို ပိုသတိရလာတယ်
ကိုစိုးအောင်နှင့် ရိုစီနဲ့စေ့စပ်ထားတဲ့ ကိုသက်ထွန်းတို့က လန်ဒန်မှာ ပညာအတူသွားသင်ခဲ့တယ်
အဲဒီအချိန်မှာ အလိုလိုက်ခံထားရတဲ့ ရိုစီက ကပွဲတစ်ခုမှာ
ဘယ်သူနဲ့မှန်းမသိ ကိုယ်ဝန်ရခဲ့တယ်
အေးရဲ့ယောက္ခမ မေမေကြီးက ဒီဇာတ်လမ်းမှာ ဒါရိုက်တာ
မေမေကြီးက အမြတ်တော်ကြေးတွေကို လိမ်ထားတယ်
သူတို့အိမ်ရဲ့ ဇာတ်ရှုပ်ကို ပိပိရိရိလိမ်ထားခဲ့တယ်
ဇာတ်လမ်းအဆုံးမှာ
ရိုစီက ကလေးကို ဘယ်လိုမွေးခဲ့ရသလဲ
အေးက မေမေကြီးရဲ့ လှည့်ကွက်မှာ ဘယ်လိုကခဲ့ရသလဲ
ဒီဇာတ်လမ်းမှာ ရလိုက်တဲ့ သင်ခန်းစာတစ်ခု
အမှားကို ဘယ်လောက်ပဲဖုံးကွယ်ထားပေမဲ့
အမှန်တရားက အမြဲသရဖူဆောင်းခဲ့တယ်ဆိုတဲ့အကြောင်း
ဓမ္မနဲ့ အဓ္မ ယှဥ်ရင်လည်း ဓမ္မကသာနိုင်ကြောင်း
အဆုံးစာပိုဒ်
"အေး၏ဦးခေါင်းတွင်မူ တောပန်းရိုင်းတစ်ခွေသည်သာလျှင် သရဖူအဖြစ်ရှိခဲ့၏။ ပန်းပွင့်၏မေတ္တာရနံ့တို့သည် အသည်းနှလုံးကို အေးမြစေသည် မဟုတ်ပါလား "
မူရင်းစာအုပ်က အပြစ်ပြောစရာမရှိအောင်
ကောင်းပါသည်
အခု ကျွန်မ မကျွမ်းမကျင်နဲ့ရေးလိုက်တဲ့
စာအုပ်အညွှန်းကြောင့် စာအုပ်ရဲ့ရသ ယုတ်လျော့သွားခဲ့သည်ရှိသော် ကျွန်မရဲ့ အပြစ်သာဖြစ်ပါသည်
ချစ်ခင်လေးစားလျက်
စမ်းချောင်းဂွစျေး ရောက်ရင် ဒီ Street Food ဆိုင်လေးတွေက ကျော်သွားလို့ကို မရတာ…🔥
♨️ထားဝယ်မုန့်လက်သုပ်
ဒီဆိုင်ရောက်ရင် အရင်ဆုံး မီးသွေးဖိုပေါ် မီးအေးအေးနဲ့ကင်ထားတဲ့ ရှက်ကင်အရင်မှာ.. ပြီးရင် အရည်ကြည်လေးဆိုပေမယ့် ရှယ်စပ်တဲ့ ထားဝယ်မုန့်တီထဲ ကြက်သွန်နီပါးပါး၊ နံနံပင်၊ ငရုတ်သီးစိမ်းနဲ့ စာကလေးခွေ ချေထားတာကို နယ်ပြီးစားရင် ရှယ်ကြီးပဲ..🔥
♨️ချမ်းလေး မာလာအကင်သုပ်
သူက မုန့်လက်သုပ်ဆိုင်ရှေ့နားလေးတင်ပဲ။ အကင်ကတော့ ဘာစုံသလဲမမေးနဲ့။ sausage တွေဆို ဆိုဒ်စုံ၊ အသားလုံး၊ အသားပြားနဲ့ ကြက်မဲတွေကို စပိုင်စီဆော့စ်လေးနယ်ပြီး စပ်စပ်လေးသုပ်ပေးထားတော့ ရှူးရှူးရှဲရှဲပဲ..🥵
♨️ကာဆင်ဘိုင် ကြက်သားသုပ်
နှစ်ပေါင်း ၆၀ သက်တမ်းရှိတဲ့ ဒီကြက်သားသုပ်လေးဆို နူးအိနေတဲ့အသားများများနဲ့ ဂေါ်ဖီ၊ ရှောက်ရွက်၊ ငရုတ်သီး၊ သံပုရာချဉ်ခပ်ပါးပါးညှစ်ထည့်ပြီး ပဲနှစ်ပျစ်ပျစ်ရွဲရွဲနဲ့ စားလို့သိပ်ကောင်း..
♨️ကောင်းကောင်းလေး လမ်းသရဲမုန့်
ဒယ်အပြည့်ကြော်ထားတဲ့ မုန့်လင်မယား နဲ့ လမ်းသရဲမုန့်ဆို စားကောင်းသလောက် စျေးလဲတန်.. ၁ထောင်ဖိုးဆို ၁၀ ခုလောက်အေးဆေးရတယ်..
♨️အမဲအူတူတ်ထိုး/ ဝက်သားတုတ်ထိုး
မဝါရဲ့ အမဲအူဆိုင်ဆို အမဲနဲ့ပတ်သက်သမျှအစုံရ။ အမဲအူကြမ်း၊ အမဲလျှာ၊ အမဲလုံးစွပ်တို့ စားချင်ရင် ဒီဆိုင်သွား..
♨️သိန်းမြန်မာ ဒိန်ချဉ်
ဒီဆိုင်လည်း ဖွင့်တာနှစ်ချီရှိပြီ။ ဒိန်ချဉ်ကို မလိုင်နဲ့ ပျစ်ခဲနေတာမျိုး သောက်ချင်ရင် သူ့ဆီမှာရတယ်။ တခြားဆိုင်တွေမှာ ထိုင်သောက်ချင်လည်း ယူသွားလို့ရတယ်။ ခွက်လေးတော့ ပြန်ပေးခဲ့ပေါ့..🤪
♨️လှည်းလေးနဲ့ မု့န်ပြားသလပ်/ ဘိန်းမုန့်
♨️လှည်းလေးနဲ့ မတ်ပဲကြော်/ ဘယာကြော် အကြော်စုံ
♨️ခုံပုလေးနဲ့ လက်ဖက်ရည် ထိုင်သောက်ရတဲ့ ညနေခင်းလေး..
စမ်းချောင်း ဂွစျေးထဲရောက်ပြီဆိုတာနဲ့ တော်ရုံပြန်ထွက်လာလို့မရဖူး.. တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ဝင်စားနေရလို့..🫢 ယူတို့ရော ဘယ်ဆိုင်လေးတွေမှာ စားဖူးလဲ ပြောသွားကြည့်..🫶🏻
#streetfood #ဂွစျေး #စမ်းချောင်း #eatwithseng #foodreview #foodblog