#ဘရာဇီးစပျစ်
သူ သီးပုံက ပင်စည်မှာရောအကိုင်းမှာပါသီးတယ်
တအိမ် တပင်လောက်တော့စိုက်ထားလိုက်ရအောင်နော်
ဘရာဇီး စပျစ်လို့ခေါ်တဲ့ စပျစ်ပင်တစ်မျိုးက ဘရာဇီးနိုင်ငံ၊ ပါရာဂွေး၊ ဘိုလီဗီးယား၊ အာဂျင်တီးနား အစရှိတဲ့ နိုင်ငံများ ပေါက်ရောက်ကြီး ထွား ပါတယ်။
အရသာကလည်း စပျစ်နဲ့ သိပ်မကွာပါဘူး။ ခူးပြီးရင် ၂ ရက်၊ ၃ ရက်လောက် ပဲ ခံတဲ့ လတ်လတ်ဆတ်ဆတ်စားရတဲ့ အသီးများ ဖြစ်ပါတယ်။ ဝိုင်အနေနဲ့ လည်း ကျိုချက်၊ ကြိတ်၊ဖျော်လို့ သောက်သုံးပါတယ်။ ဘရာဇီး စပျစ်ခြောက် နဲ့ အခွံကိုလည်း ဆေးအနေနဲ့ အသုံးပြုပါသေးတယ်။
အပင်က အစေ့နဲ့စိုက်ရင် ၁၀ နှစ်လောက်နေမှ အသီးသီးပြီး ပျိုးပင်နဲ့ စိုက်ရင်တော့ ၅ နှစ်အတွင်း အသီးသီးပါတယ်။ ဒါကြောင့် ရှားပါး စပျစ် လည်း ဖြစ်ပါတယ်။ ယင်း ဘရာဇီး စပျစ်များကို Jabuticaba လို့လည်း ခေါ် ဆိုပါသေးတယ်။







