Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူတော်တွေယုတ်မာရင်
ကြောက်စရာအကောင်းဆုံးပဲ ..
အားလုံးကို ဖျက်ဆီးနိုင်တယ် ..
အားလုံးဟာ ပျက်စီးနိုင်တယ် ..
လူသားဆန်တဲ့
လူ့ဘောင်အဖွဲ့အစည်းအတွက်
တကယ်တမ်း လိုအပ်တာက
လူတော်တွေချည်း မဟုတ်ပါဘူး ..
လူကောင်း တွေလည်း ပိုလိုအပ်ပါတယ် .. ။
ဒီနိုင်ငံက
လူတော်တွေကိုမှ အထင်ကြီးတယ်
လူတော်တွေမှ ဦးစားပေးတယ်
စာတော်ရင် လူတော်ပဲ
ပညာတတ်တာနဲ့ စာတတ်တာ
မကွဲဆုံးနိုင်ငံကလည်း
ဒီနိုင်ငံပဲ ဖြစ်မယ်ထင်တယ် ။
တော်ဖို့ ထက်ဖို့ပဲ အလေးထားပြီး
လူကောင်းဖြစ်အောင်
မပျိုးထောင်နိုင်ကြတော့
လူစိတ်မရှိတဲ့
ပတ်ဝန်းကျင်ကြီးဖြစ်လာတယ် ။
ပိုကောင်းတဲ့ အနာဂတ်အတွက်ဆို
ကလေးတွေကို ပျိုးထောင်တဲ့အခါ
လူတော်ဖြစ်ဖို့ထက်
စာရိတ္တပိုင်း ဆိုတာ ၊ လူ့ကျင့်ဝတ်
ဆိုင်ရာမှာ ကောင်းမွန်တဲ့
လူတစ်ယောက်ဖြစ်လာဖို့အတွက်
ရည်ရွယ်ပြီး ပြုစုပျိုးထောင်
ပေးစေချင်ပါတယ် ။
လက်ဦးဆရာဟာ မိဘပဲမို့
ယုတ်မာဆိုးသွမ်းတဲ့လူတွေကိုမြင်ရင်
အဲဒီလူရဲ့ မိဘတွေကို မမြင်ဖူးသည့်တိုင်
သူ့မိဘတွေက အသုံးမကျလိုက်တာလို့
အလိုလို တွေးမိလာတယ် ။
မြင်နေရတဲ့ တချို့ တချို့တွေဟာ
ထမင်းစားနေကြပေမယ့်
လူစိတ်ပျောက်နေကြပြီကိုး .. ။
လူတော် လူယုတ်မာတွေလည်း
များသထက် များလာကြပြီလေ .. ။
#ဦးအောင်သင်း
#crd_to_owner_with_respect
#စာပေ
#လေးစားစွာဖြင့်crdပေးပါသည်
#ပြန်လည်မျှဝေပေးခြင်းဖြစ်သည်