Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူတွေက အကြွေး တင်တာတို့
သူများဆီက ချေးငှား ရတာတို့ကို
ရှက်စရာလို့ မြင်တတ်ကြတယ်။
မပြေလည်တဲ့အချိန် ပြေလည်တဲ့လူဆီက
ချေးငှားရတာ ရှက်စရာတော့ မဟုတ်ဘူး။
" ငွေချေးတာ အကြွေးရှိတာက
ရှက်စရာ မဟုတ်ဘူး။
ပြန်မဆပ်တာကမှ ရှက်စရာပါ "
အကြွေးရှိရင် ဆပ်ဖြစ်အောင် ဆပ်ပါ။
ပြန် မပေးနိုင်သေးရင် တောင်းပန်ပါ။
အကြွေးရှိတာ ကို မရှက်နဲ့။
အကြွေးမဆပ်နိုင်မှာ ကိုပဲ ရှက်ပါ။
ဝက်နားရွက်သုပ်
ဆီချက်လေးနဲ့သုပ်ထားတာပါ။ ဝက်နားရွက်ကို အညှီနံသက်သာစေရန် သံပုရာသီးအနည်းငယ်ညှစ်ချပြီး နယ်ပါ။ ပြီးမှ ရေပြန်ဆေးချပြီး စပါးလင် ဂျင်း ထည့်ထားသော ရေနွေးဆူဆူမှာ နူးသည်အထိပြုတ်ပေးပါ။
ကြက်သွန်ဖြူကိုပါးပါးလှီးပြီး ဆနွင်းအနည်းငယ်ထည့်ကာ ဆီချက် ချက်ထားပါ။ ရှောက်ရွက် ကြက်သွန်နီ ခရမ်းချဥ်သီးပါးပါးလှီးထား ငရုတ်သီးစိမ်း သံပုရာသီးလှီးထားပါ။ ဝက်နားရွက်လည်းပါးပါးလှီးထားပေးပါ။
အပေါ်ကအစာပလာတွေအားလုံးကိုထည့် ငံပြာရည် အရသာမှုန့် (သို့) ပုဇွန်ခြောက်မှုန့် နဲ့ အရောင်အနည်းငယ်လှစေဖို့ ငရုတ်သီးမှုန့် ပါသည်ဆိုရုံလေးထည့်ပြီး သံပုရာရည်ညှစ်ပြီး သုပ်ထားပါတယ်။ အဆင်ပြေကြပါစေနော်။
Crd မူရင်း
ဟင်းချက်နည်းကောင်းများလေ့လာနိုင်ရန် pageကို like & follow လုပ်ထားပါ။
Former New York Mayor Rudy Giuliani sustained injuries in a vehicle accident Saturday evening, his security chief said in a statement released Sunday.
Read more: https://abcnews.visitlink.me/x3VBDk
ချဲလ်ဆီးဟာ ဆန်းဒါးလန်းဆီ အငှားချထားတဲ့ လူငယ်တိုက်စစ်မှူး Marc Guiuကို အငှားစာချုပ်ဖျက်သိမ်းပီးအသင်းထံပြန်လည်ခေါ်ယူလိုက်တယ်လို့သိရပါတယ်
ဖူဟမ်နဲ့ပွဲမှာ Delap ဒဏ်ရာရခဲ့ပီး 2လကျော်လောက်အနားယူရမှာဖြစ်လို့ တိုက်စစိမှူးသစ်ခေါ်ယူဖို့လဲ အလျင်စလိုလုပ်ဆောင်ရမှာမို့ ဘိုင်ယန်ဆီရောင်းချဖို့သဘောတူထယးတဲ့ Jackson ကိုမရောင်းချတော့ဘဲ အသင်းဆီပြန်ခေါ်အပြီးမှာ Marc Guiuကိုပါ ပြန်လည်ခေါ်ယူခဲ့တာပါ။
အမရပူရက စားသောက်ဆိုင်ကို ဆီဘောက်ဆာကားဝင်တိုက်လို့ ဆိုင်မီးလောင်ပြာကျခဲတဲ့အပြင် လူသုံးယောက်သေ၊ ဒဏ်ရာရသူတွေရှိနေ
စက်တင်ဘာ ၁ ၊ ၂၀၂၅
GG (VOM)
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊မြစ်ငယ်နဲ့ ကျောက်စိမ်းဘုရားလမ်းပေါ်က ကောင်းကောင်းနန်းတော် စားဥယျာဉ်ကို ဆီဘောက်ဆာကား ဝင်တိုက်ပြီး မီးလောင်မှုဖြစ်ပွားကာ လူသုံးယောက်သေဆုံးမှုရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။
ဖြစ်စဥ်မှာ ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့ မနက် ၆ နာရီ ၄၅ မိနစ်လောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း မနက်ခင်း လူစည်ကားချိန်ဖြစ်ပွားခဲ့တာဖြစ်လို့ ထိခိုက်ဒဏ်ရာရရှိသူ ရှစ်ယောက်လောက် ရှိနေတယ်လို့ ကနဦးသိရပါတယ်။
" လောလောဆယ် သိရတာ သေဆုံးသူသုံးဦးသိရတယ်။ ဒဏ်ရာရသူတွေ လည်းရှိတယ်။အထဲမှာတာဝန်ရှိသူတွေက စိစစ်ဆဲဆိုတော့ ကျွန်တော်တို့ဝင်လို့မရသေးဘူး သေချာမသိရသေးဘူး။ ပြောကြတာတော့ ဆီဘောက်ဆာကားကဝင်တိုက်တာလို့ပြောပါတယ်။" လို့ မြေပြင်ကူညီရေးရောက်ရှိနေတဲ့ မဏိစလ လူမှုကူညီရေးအသင်းဝင်ကပြောပါတယ်။
လက်ရှိမှာ မီးငြိမ်းသွားပြီးနောက် မီးလောင်မှုအခြေအနေနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရသူ ၊သေဆုံးသူတွေကို စိစစ်နေပြီး ရှင်းလင်းရေးလုပ်နေကြောင်း၊ မီးလောင်မှုကြောင့် ဆိုင်တဆိုင်လုံးမီးလောင်ကျွမ်းပြာကျသွားတယ်လို့သိရပါတယ်။
"ပထမနှစ်လောင်းတွေ့တယ်။ပြီးတော့တလောင်းထပ်တွေ့တယ်။ ဒဏ်ရာရသူလည်းများတယ်။မနက်ပိုင်းလူစည်ချိန်မှာဖြစ်သွားတော့ ထိခိုက်မှုပိုများသွားတယ်ထင်ပါတယ်။" လို့ ဒေသခံတယောက်ကပြောပါတယ်။
မန္တလေးမှာ ဩဂုတ် ၂၀ ရက်နေ့နဲ့ ၂၁ ရက်ကလည်း အမရပူရမြို့နယ်၊မြစ်ငယ် စာတိုးကျေးရွာအနီးက ရေနံချက်ဖို မီးလောင်မှုဖြစ်ပွားခဲ့သလို ၊ ပုသိမ်ကြီးမြို့နယ် ၊ထုံးဘို-မြစ်ငယ်ဖြတ်လမ်း အနီး ဆီဆိုင်ခြံဝန်းအတွင်း နေအိမ်မီးလောင်မှုဖြစ်စဥ်တွေရှိခဲ့ပါတယ်။
ဓာတ်ပုံ - than htay