13 w - Translate

iOS 26 Update ထွက်ပြီ ၊ တင်ရမလား ၊ မတင်ရမလား ဖြစ်နေပြီလား? 🤯(အရင်ဆုံး ကိုယ့်ရဲ့ iPhone တင်လို့ရလားဆိုတာကို ပုံထဲမှာကြည့်နိုင်ပါတယ်)
အသစ်အဆန်းကိုမှ သုံးဖို့ စောင့်နေသူတွေကတော့ Update တင်လိုက်ပါ
Bug ပါမှာကြောက်ရင်တော့ တစ်ပတ်လောက်စောင့်ပြီးမှ တင်ပေါ့
ရိုးရိုးရှင်းရှင်းပါပဲ
ဆိုတော့ ဘာတွေ ပြသနာကြုံရနိုင်လဲ
1. ဖုန်းပူတာပါ - Update က Major Update ဖြစ်တာမလို့ ဖုန်းနဲ့အသားကျအောင် Update တင်ပြီး အချိန်အနည်းငယ် ကြာအထိ ပူတာမျိုးတွေရှိတတ်ပါတယ်
2. Bug ပါလာတာ - အများအားဖြင့် အားကုန်မြန်တာမျိူး ၊ ဖုန်းပူနေတာမျိူးပါ ၊ ပထမဆုံး iOS 26 Update ဖြစ်တာမလို့ Bug ကြောက်ရင် တစ်ပတ်လောက်စောင့်လို့ပြောတာဖြစ်ပါတယ်
3. Update တင်ရင်း Apple Logo Stuck တာ - Update ကို install နေတုန်း Apple Logo မှာရပ်သွားရင် Restore ပြန်လုပ်ရတာများပါတယ် ဖြစ်တတ်လား ဆို ဖြစ်တတ်တယ် ၊ ဒါကြောင့်ပဲ Update မတင်ခင် ဖုန်းကို သေချာ Backup လုပ်ထားမျိုး လုပ်သင့်ပါတယ်
Beta တင်ထားရင် Official Version ဘယ်လိုပြောင်းမလဲ?
လွယ်ပါတယ် Setting > General > Software Update > Beta Update > Off ရုံပါပဲ
ဒါဆိုရင်တော့ iOS 26 ရဲ့ Official Update တွေ နောက်ပိုင်းကျရင် ပေါ်လာမှာပါ Beta RC အသစ်ထပ်မထွက်ရင်တော့ တင်စရာတောင် မလိုတဲ့ အခြေအနေပါပဲ
ကိုယ့်ရဲ့ iPhone Model ပါရဲ့လားဆိုတာကို အောက်က ပုံတွေမှာ ကြည့်နိုင်ပါတယ်
တင်ထားပြီးတဲ့သူတွေလဲ အခြေအနေလေးတွေ မျှဝေခဲ့ကြပါဦးခဗျ

image
image
image
image

ရိုးသားလျှင် မျှတမှုရှိလာတယ် ။ မနက် မိုးလင်းပြီဆိုရင် လုပ်ငန်းရှိတဲ့နေရာကို သူ သွားတယ် ။ အဲဒီမှာ လုပ်ငန်း လုပ်ဖော်ကိုင်ဖက်တွေ စုပြီးတော့ အလုပ်အကိုင်ကိစ္စတွေ ပြောကြတယ် ။ အရင်တုန်းကဆိုရင် ကိုယ့်အတွက်
မတရား များများ လိုချင်တယ် ။ သူများအတွက်တော့ နည်းလေ ကောင်းလေလို့ ဒီလို တွေးထားတယ်နော် ။ အခု တရားအားထုတ်လာပြီးတဲ့ နောက်ပိုင်းမှာ ကိုယ့်ဖို့ သူ့ဖို့ မျှပြီးတော့ တွေးလာတယ် ။ ရိုးရိုးသားသားပဲ တွေးတယ် ။
မရိုးမသား တွေးတဲ့သူဟာ ခေါင်းပူအောင် စဉ်းစားရတယ် ။ “ ဘယ်လို လှည့်ရမလဲ ၊ ဘယ်လိုညာရမလဲ ၊ ကိုယ့်ဖို့ များများကျန်အောင် ဘယ်လို လုပ်ရမလဲ ၊ ”ဆိုတာ အများကြီး တွေးရတယ် ။ ရိုးရိုးသားသား တွေးတဲ့သူဟာ ဒီလောက်ခေါင်းပူအောင် တွေးဖို့လည်း မလိုတော့ဘူး ။ “သူ့အတွက်လည်း ကျန်ပါစေ ၊ ကိုယ့်အတွက်လည်း သင့်ရုံလောက် ရရင် တော်ပါပြီ ။ ” အဲဒီလို အရင်တုန်းကလောက် လောဘမကြီးတဲ့အခါမှာ အရင်လောက် စဉ်းစားဖို့ မလိုတော့ဘူး ။ အရင်လောက် စိတ်မပင်ပန်းတော့ဘူး ။
ရိုရိုးသားသား လုပ်ရင် စိတ်ပင်ပန်းမှု သက်သာတယ် ။ စိတ်ပင်ပန်းမှု နည်းတယ် ။ မရိုးမသားလုပ်ရင် စိတ်ပင်ပန်းမှုဟာ ပိုပြီးတော့ အားကြီးတယ် ။
#ဆရာတော်ဦးဇောတိက

image
13 w - Translate

Perfect Couple.. ဒါမျိုးလေးသာဆို "အိုရ် မောင်ကွာ မဆိုးနဲ့" ဆိုပြီး အပေါ်ယံစိတ်ကောက်ပြလိုက်ချင်ပါသေးရဲ့ 😞🤚🏻

image

တစ်ခါလွမ်းလို့
တစ်ပွင့် ပွင့်မယ်ဆိုရင်
တစ်လောကလုံး
ပန်းတွေနဲ့ဖုံးသွားလိမ့်မယ် ။

-မောင်စိန်ဝင်း(ပုတီးကုန်း)

image

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
===============================
(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
-------------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
-------------------------------------------------------------------------------------
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်။ လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၅ ပေမှ ၇ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
--------------------------------------------------------------------------------
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအ‌ခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၅ ပေမှ ၇ ပေခန့်။

When ငါပုံတင်*
ငါ့ အကို :

image
13 w - Translate

၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၈:၄၂ မှာ United Airlines Flight 93 ဟာ New Jersey ကနေ San Francisco ကို ပျံသန်းဖို့ အသင့်ဖြစ်နေပါပြီ လေယာဉ်ပေါ်မှာ ခရီးသည် ၃၇ ဦးနဲ့ လေယာဉ်အမှုထမ်း ၇ ဦးလိုက်ပါသွားပြီး စုစုပေါင်း ၄၄ ဦးပါဝင်ပါတယ် ပျံသန်းနေစဉ်မှာဘဲ အကြမ်းဖက်သမား ၄ ဦးက လေယာဉ်ကို သိမ်းပိုက်ခဲ့ပြီး တခြားအကြမ်းဖက်သမားတွေကလည်း လေယာဉ် ၃ စီးကို ပြန်ပေးဆွဲကာ နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (World Trade Center) နဲ့ ဝါရှင်တန်မြို့က ပင်တဂွန် (Pentagon) အဆောက်အအုံကို ဝင်တိုက်ခဲ့ပြီးဖြစ်ပါတယ်
လေယာဉ်ပြန်ပေးဆွဲခံထားရတဲ့ Flight 93 ပေါ်က ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေဟာ ဖုန်းတွေကနေတစ်ဆင့် မြေပြင်ပေါ်က သူတို့ရဲ့မိသားစုဝင်တွေနဲ့ အဆက်အသွယ်လုပ်ခဲ့ပါတယ် သူတို့ပြောတဲ့စကားတွေကနေတဆင့် သူတို့ဟာ တခြားလေယာဉ်သုံးစီးဟာ အဆောက်အအုံတွေကို ဝင်တိုက်ခဲ့ပြီးဖြစ်တဲ့အပြင် သူတို့စီးနင်းလာတဲ့လေယာဉ်ဟာလည်း အမေရိကန်နိုင်ငံရဲ့ မြို့တော် ဒါမှမဟုတ် အိမ်ဖြူတော်ကို ပစ်မှတ်ထားနေပြီဖြစ်ကြောင်းကို သိရှိခဲ့ကြပါတယ်
အဲဒီလိုအခြေအနေမျိုးမှာ ခရီးသည်တွေဟာ ထိုင်နေပြီး ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ် Todd Beamer နဲ့ Tom Burnett တို့လို ခရီးသည်အချို့ရဲ့ ဦးဆောင်မှုနဲ့ လေယာဉ်ပေါ်က လူတွေဟာ အကြမ်းဖက်သမားတွေကို ပြန်တိုက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် သူတို့ရဲ့ ဆုံးဖြတ်ချက်ကတော့ လေယာဉ်ဟာ ရည်ရွယ်ထားတဲ့ ပစ်မှတ်ကို မရောက်ရှိအောင်တားဆီးဖို့ဘဲဖြစ်ပါတယ်
Todd Beamer ဟာ ဆက်သွယ်ရေးကုမ္ပဏီဝန်ထမ်းတစ်ဦးနဲ့ ဖုန်းပြောနေစဉ်မှာဘဲ ခရီးသည်တွေက လေယာဉ်မှူးခန်းထဲကို ဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပါပြီ သူဟာ သူ့ရဲ့အသက်ကိုစွန့်ပြီး တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေကြောင်းကို "မင်းတို့အဆင်သင့်ဖြစ်ပြီလား သွားကြစို့ (Let's roll)" ဆိုတဲ့နာမည်ကျော် စကားကိုပြောခဲ့ပါတယ်
"Let's roll" ဆိုတဲ့စကားနောက်မှာ ခရီးသည်တွေဟာ လေယာဉ်မှူးခန်းထဲကို ဝင်ရောက်ခဲ့ပြီး အကြမ်းဖက်သမားတွေနဲ့ အပြင်းအထန် ရုန်းရင်းဆန်ခတ်တိုက်ခိုက်ခဲ့ကြပါတယ် လေယာဉ်ရဲ့ Black Box မှာပါရှိတဲ့ မှတ်တမ်းအသံတွေအရ လေယာဉ်မှူးခန်းထဲမှာ ရုန်းရင်းဆန်ခတ်အသံတွေ၊ အော်ဟစ်သံတွေနဲ့ တိုက်ခိုက်မှုတွေဟာ ဖြစ်ပွားနေခဲ့ပြီး နောက်ဆုံးမှာတော့ လေယာဉ်ဟာ ထိန်းချုပ်မှုဆုံးရှုံးသွားခဲ့ပါတယ်
ခရီးသည်တွေရဲ့ ရဲရင့်တဲ့ပြန်လည်တိုက်ခိုက်မှုကြောင့် လေယာဉ်ဟာ Pennsylvania ပြည်နယ်၊ Shanksville မြို့အနီးက လယ်ကွင်းထဲကို ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်မှာပါတဲ့သူတွေအားလုံး ေxသဆုံးခဲ့ရပါတယ် ဒါပေမဲ့လည်း သူတို့ရဲ့ အသက်ပေးဆပ်မှုဟာ ဝါရှင်တန်ဒီစီမှာရှိတဲ့လူတွေရဲ့ အသက်တွေကိုတော့ကယ်တင်နိုင်ခဲ့ပါတယ် ဒါကြောင့် Flight 93 ကိုတော့ လူသားချင်းစာနာမှု၊ သူရဲကောင်းဆန်မှုနဲ့ အသက်ပေးဆပ်မှုရဲ့ သမိုင်းဝင်အမှတ်အသားတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image

>> ရင်ကိုအေးစေတဲ့ ထန်းသီးနုနုလေးတွေကနေ **
>> ကျန်းမာရေးကောင်းကျိုးများကို မျှဝေပါတယ် **
-ရာသီစာဖြစ်တဲ့ ထန်းသီးနုနု ချိုချိုမွှေးမွှေးလေး စားရတာ ကြိုက်နှစ်သက်ပါသလား။ ထန်းသီးဟာ အာဟာရဓာတ်ပြည့်ဝပြီး ပုံစံမျိုးစုံနဲ့ ပြုလုပ်စားသုံးနိုင်တဲ့ အသီးအနှံဖြစ်ကာ ကျန်းမာရေး အကျိုးကျေးဇူးများကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
-ထန်းသီးဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှမှာ ပေါက်ရောက်တဲ့ မူရင်းသီးနှံဖြစ်ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာ့နေရာအနှံ့ ပျံ့နှံ့သွားခဲ့တာ ​ဖြစ်ပါတယ်။ ထန်သီးမှာ မရှိမဖြစ်လိုအပ်သော ဗီတာမင်ဓာတ်​နဲ့ သတ္တုဓာတ်များ ပါဝင်နေတဲ့အပြင် ၎င်းဟာ ကိုယ်အလေးချိန် လျှော့ချရာမှာလည်း အထောက်အကူဖြစ်စေနိုင်တဲ့ အဖိုးတန်ဖြည့်စွက်စာတစ်ခု ဖြစ်ပါတယ်။
-ထို့ကြောင့် ယခုဆောင်းပါးမှာတော့ ထန်းသီးစားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
>> ပါဝင်သော အာဟာရဓာတ်များ <<
-ထန်းသီးမှာ ရေဓာတ်အများဆုံး ပါဝင်နေတာဖြစ်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေတာဖြစ်ပါတယ်။ ထို့အပြင် ထန်းသီးဟာ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများရဲ့ အကောင်းဆုံး အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ထန်းသီးမှာပါဝင်တဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ် (omega-3 fatty acids) ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်းအားဖြင့် ဆီးချိုရောဂါကို ထိန်းညှိရာမှာ အကျိုးပြုနိုင်တာ ဖြစ်ပါတယ်။
-ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝခြင်း
ထန်းသီးဟာ ဗီတာမင် အေ၊ ဘီ၊ စီ၊ အီး နဲ့ အိုင်းယွန်း (သံဓာတ်)၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စဖရပ်စ်ကဲ့သို့ သတ္တုဓာတ်များပါဝင်သော အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ၎င်းဓာတ်များဟာ ခန္ဓာကိုယ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များဖြစ်ပြီး ကောင်းမွန်တဲ့ ဖြည့်စွက်စာတစ်မျိုးလည်း ဖြစ်ပါတယ်။
-အရေပြားအတွက် ကောင်းမွန်စေခြင်း
ထန်းသီးဟာ နွေရာသီလိုအချိန်မျိုးမှာ အပူဒဏ်အတွက် အကောင်းဆုံး အိမ်တွင်းဆေးတစ်လက်ဖြစ်ပါတယ်။ ထန်းသီးအလွှာခပ်ပါးပါးကို အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ယားယံတဲ့နေရာမှာ အုံပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ထို့အပြင် ထန်းသီးဟာ ပြင်းထန်သော အပူရှိန်ကြောင့် အရေပြား ရောင်ရမ်းခြင်းကဲ့သို့သော ပြဿနာများကို ကုသရာမှာလည်း အကျိုးပြုနိုင်ပါတယ်။ အသားအရေထိခိုက်လွယ်သော မျက်နှာ နီမြန်းခြင်း၊ အဖုများထွက်ခြင်း၊ ရောင်ရမ်းခြင်းများကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။
-အမျှင်ဓာတ်ပါဝင်မှု မြင့်မားခြင်း
ထန်းသီးဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး ထန်းသီး ခွက်တစ်ခွက်စာမှာဆိုရင် အမျှင်ဓာတ် ၈.၉ ဂရမ် ပါဝင်ပါတယ်။ အဆိုပါ အမျှင်ဓာတ်များဟာ အစာခြေလမ်းကြောင်းကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပြီး ကိုလက်စထရောပမာဏကို လျှော့ချဖို့နဲ့ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ဖို့ရာ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။
-ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ခြင်း
ထန်းသီးဟာ အလွန်ကောင်းမွန်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အရင်းအမြစ်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်မှာ ပတ်ဝန်းကျင်ရဲ့ အဆိပ်အတောက်များကြောင့် ဖြစ်တတ်သော free radical များ ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။
-နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေခြင်း
ထန်းသီးမှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် မကောင်းတဲ့ ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်ပြီး နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ၎င်းဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။
-အစာခြေစနစ်ကို ပံ့ပိုးပေးခြင်း
ထန်းသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ ကျန်းမာသော အစာခြေစနစ်ကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်ပြီး အလွန်ကောင်းမွန်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားခြင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စွာလည်ပတ်စေရန် ကူညီပေးပြီး ဝမ်းချုပ်ခြင်းနဲ့ အခြားသော အစာခြေလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုများကို တားဆီးပေးနိုင်တာ ဖြစ်ပါတယ်။
-ကိုယ်ခံအားစနစ်ကို အားကောင်းစေခြင်း
ထန်းသီးဟာ ဗီတာမင်စီနဲ့ သတ္တုဓာတ်များ ကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။ ဗီတာမင်စီဓာတ်ဟာ သွေးဖြူဥဆဲလ်များ ထုတ်လုပ်မှုကို နှိုးဆွပေးခြင်းဖြင့် ခန္ဓာကိုယ်အား ရောဂါပိုးမွှားများ ဝင်ရောက်ခြင်းနဲ့ ရောဂါဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။
ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

image
13 w - Translate

🧴အိတ်ဆောင်ရေမွှေးထည့်ပုလင်း ✈️5ml Travel Mini Refillable Perfume Atomizer Bottle🌸
စျေးနုန်း ၁၀၀၀၀ကျပ်။
💧 5ml စွမ်းဆောင်ရည် – တစ်ပုလင်းလျှင် 70 ချက်ခန့်ဖျန်းနိုင်ပါတယ်
🔍 ထဲကရေမွှေးအနည်းအများကိုမြင်နိုင်တဲ့ transparent vial
✈️ လေယာဉ်ခရီးစဉ်တွင်လည်း ယူသွားနိုင်တဲ့ carry-on approved design
💪 အလူမီနီယမ်အပြင်အထုပ် + မကြဲလွယ်တဲ့ glass inner container
🔄 ရေမွှေးကိုအလွယ်တကူပြန်ဖြည့်နိုင်တဲ့ bottom refill system

ခရီးသွားချင်သူတွေအတွက် အထူးသင့်လျော်တဲ့အရွယ်အစား
ရေမွှေးကိုအမြဲသုံးချင်သူတွေအတွက် အဆင်ပြေတဲ့ဖန်တီးမှု
အလှအပကိုအမြဲနဲ့အတူရှိချင်သူတွေအတွက် Must-Have Item!

📌 သတိပြုရန်
ပုလင်းတွင်ရေမွှေးမပါဝင်ပါ
ရေမွှေးဖြည့်ချင်လျှင် အောက်ခြေမှဖိပြီးဖြည့်ပါ
ပုလင်းအပြည့်မဖြည့်ပါနှင့် – air-hole မှတဆင့်ယိုနိုင်ပါတယ်
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho

#perfumeatomizer #travelperfumebottle #miniperfumesprayer #အိတ်ဆောင်ရေမွှေးပုလင်း #အလှအပ #travelessentials #refillableperfume #အမျိုးသမီးအတွက် #အလှအပပစ္စည်း #အလှအပချစ်သူများ

image
13 w - Translate

🧴အိတ်ဆောင်ရေမွှေးထည့်ပုလင်း ✈️5ml Travel Mini Refillable Perfume Atomizer Bottle🌸
စျေးနုန်း ၁၀၀၀၀ကျပ်။
💧 5ml စွမ်းဆောင်ရည် – တစ်ပုလင်းလျှင် 70 ချက်ခန့်ဖျန်းနိုင်ပါတယ်
🔍 ထဲကရေမွှေးအနည်းအများကိုမြင်နိုင်တဲ့ transparent vial
✈️ လေယာဉ်ခရီးစဉ်တွင်လည်း ယူသွားနိုင်တဲ့ carry-on approved design
💪 အလူမီနီယမ်အပြင်အထုပ် + မကြဲလွယ်တဲ့ glass inner container
🔄 ရေမွှေးကိုအလွယ်တကူပြန်ဖြည့်နိုင်တဲ့ bottom refill system

ခရီးသွားချင်သူတွေအတွက် အထူးသင့်လျော်တဲ့အရွယ်အစား
ရေမွှေးကိုအမြဲသုံးချင်သူတွေအတွက် အဆင်ပြေတဲ့ဖန်တီးမှု
အလှအပကိုအမြဲနဲ့အတူရှိချင်သူတွေအတွက် Must-Have Item!

📌 သတိပြုရန်
ပုလင်းတွင်ရေမွှေးမပါဝင်ပါ
ရေမွှေးဖြည့်ချင်လျှင် အောက်ခြေမှဖိပြီးဖြည့်ပါ
ပုလင်းအပြည့်မဖြည့်ပါနှင့် – air-hole မှတဆင့်ယိုနိုင်ပါတယ်
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho

#perfumeatomizer #travelperfumebottle #miniperfumesprayer #အိတ်ဆောင်ရေမွှေးပုလင်း #အလှအပ #travelessentials #refillableperfume #အမျိုးသမီးအတွက် #အလှအပပစ္စည်း #အလှအပချစ်သူများ

image