1 w - Translate

ဘရာဇီးလ်နိုင်ငံက Thaynara Marcondes အမည်ရအမျိုးသမီးတစ်ဦးဟာ သူမ အသက် ၂၂ နှစ်အရွယ် အရွယ်မှာ Gigantomastia လို့ခေါ်တဲ့ ရှားပါး ရောဂါတစ်ခုကို ခံစားခဲ့ရပါတယ် ဒီရောဂါကြောင့် သူမရဲ့ ရင်သားတွေဟာ ပုံမှန်ထက် အလွန်အမင်း ကြီးထွားလာခဲ့ပြီး ထိန်းချုပ်လို့ မရနိုင်တဲ့ အခြေအနေရောက်ခဲ့ပါတယ်
သူမရဲ့ ရင်သား အလေးချိန်ဟာ သူမခန္ဓာကိုယ်တစ်ခုလုံးအတွက် အချိန်ပြည့် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်လာခဲ့ပါတယ် မနက်တိုင်း နိုးထလာချိန်မှာ အဲဒီအလေးချိန်က ဖိအားပေးနေပြီး ခြေတစ်လှမ်းလှမ်းတိုင်းမှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားခဲ့ရပါတယ် မှန်ထဲ ကြည့်လိုက်တိုင်းလည်း သူမရဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်မဟုတ်ဘူးလို့ ခံစားရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်
အဲ့လိုနဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ သူမရဲ့ ဘဝတစ်လျှောက်လုံးကို ပြောင်းလဲစေမယ့် ခွဲစိတ်မှုကို ပြုလုပ်ခဲ့ပါတယ် ခွဲစိတ်ဆရာဝန်တွေဟာ သူမရဲ့ ရင်သားတစ်သျှူးတွေကို ဖယ်ရှားခဲ့ရာမှာ စုစုပေါင်း ၂၂ ပေါင် အလေးချိန်ရှိတဲ့ တစ်သျှူးတွေကို ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်
ဒီခွဲစိတ်မှုဟာ သူမကို ရုပ်ပိုင်းဆိုင်ရာ အတားအဆီးတွေ ကနေ လွတ်မြောက်စေခဲ့ပါတယ် သူမရဲ့ ခန္ဓာကိုယ် ပုံစံအနေအထားဟာ ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီး သက်သောင့်သက်သာရှိမှုနဲ့ သူမရဲ့ ဘဝတစ်ခုလုံးကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts

image