လ ကု- ၊ န် ရ၊ က် ဖြ- ၊ စ် သော်လည်း အ ကြွေ : ဆ- ၊ ပ် ပီ: တ ပြာ: မှ မကျ- န် တော့ သော အခါ :

image

Microsoft Word မှာ File/Folder တွေကို Password ခံပြီး သိမ်းနည်း။ 🔑
Microsoft Word မှာ သင့်ရဲ့စာရွက်စာတမ်းတွေကို password ခံပြီး လုံခြုံစွာ သိမ်းဆည်းနည်းကို အဆင့်ဆင့် ရှင်းပြပေးပါမယ်။
📄 စာရွက်စာတမ်း Password ခံသိမ်းနည်း။
Word 2016, 2019, 2021,2024 နှင့် Microsoft 365 အတွက်
1. File ကို နှိပ်ပါ။
2. Info ကို ရွေးပါ။
3. Protect Document ခလုတ်ကို နှိပ်ပါ။
4. Encrypt with Password ကို ရွေးပါ။
5. ပေါ်လာတဲ့ dialog box ထဲမှာ password ထည့်ပါ။
6. OK နှိပ်ပါ။
7. Password ကို နောက်တခါ ထပ်ထည့်ခိုင်းပါက ထပ်ထည့်ပါ။
8. Save လုပ်ပါ (Ctrl+S)
Word 2013 အတွက်
1. File > Info
2. Protect Document > Encrypt with Password
3. Password ထည့်ပြီး Confirm လုပ်ပါ။
4. Save လုပ်ပါ။
Word 2010 အတွက်
1. File > Info
2. Protect Document > Encrypt with Password
3. Password ထည့်ပြီး Confirm လုပ်ပါ။
4. Save လုပ်ပါ။
Password ဖျက်တဲ့အခါ
1. File > Info > Protect Document
2. Encrypt with Password ကို နှိပ်ပါ။
3. Password ဆီထဲက စာသားအားလုံးကို ဖျက်ပါ။
4. OK နှိပ်ပါ။
5. Save လုပ်ပါ။
📌အရေးကြီးအချက်များ⚠️
- Password မေ့သွားပါက စာရွက်စာတမ်းကို ပြန်ဖွင့်လို့ မရနိုင်တော့ပါ။
- Strong password (အက္ခရာ၊ ဂဏန်း၊ သင်္ကေတ ပေါင်းစပ်) သုံးပါ။
- Password ကို စိတ်ချရတဲ့နေရာမှာ သိမ်းထားပါ။

𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈

image
7 w - Translate

ဆေးလိပ်နဲ့ဆေးရွက်ကြီးထုတ်ကုန်တွေကိုသုံးစွဲလို့ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ်သေဆုံးသူ (၈) သန်းကျော်ရှိ
ဆေးလိပ်နဲ့ဆေးရွက်ကြီးထုတ်ကုန်တွေကိုသုံးစွဲလို့ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ်သေဆုံးသူ (၈) သန်းကျော်ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ်သေဆုံးသူ (၈) သန်းကျော်အနက် သေဆုံးသူ (၁.၂) သန်းကျော်က ကိုယ်တိုင်ဆေးလိပ်သောက်သုံးခြင်းမဟုတ်ဘဲ တဆင့်ခံဆေးလိပ်ငွေ့ကို ရှူရှိုက်မိခြင်းကြောင့် သေဆုံးရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဆေးလိပ်နဲ့ ဆေးရွက်ကြီးထုတ်ကုန်တွေကို သုံးစွဲတဲ့အတွက် နာမကျန်းဖြစ်ခြင်း၊ အရွယ်မတိုင်မီအသက်သေဆုံးခြင်းတွေအပြင် အခြားသောကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်ပွားနိုင်ပါတယ်။
ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနီးနီးကို ထိခိုက်ပျက်ဆီးစေတဲ့အပြင် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်ရောဂါနဲ့ ဆီးချိုရောဂါဖြစ်ပွားနိုင်ပါတယ်။
ဒါ့ပြင် အဆုတ်ကင်ဆာရောဂါဖြစ်ပွားမှုရဲ့ (၉၀) ရာခိုင်နှုန်းဟာ ဆေးလိပ်၊ဆေးရွက်ကြီး သောက်သုံးခြင်းကြောင့်ဖြစ်ပါတယ်။

image
7 w - Translate

ဆိုဘိုဆလိုင်းရဲ့ လှပသပ်ရပ်တဲ့ ဖရီးကစ်ဂိုးနဲ့ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ လီဗာပူး
အကြိတ်အနယ်ရှိခဲ့ပြီး (၂)သင်းလုံး အခွင့်အရေး များများစားစား မရခဲ့တဲ့ပွဲစဉ်မှာ ဆိုဘိုဆလိုင်းရဲ့ လှပတဲ့ ဖရီးကစ်ဂိုးနဲ့အတူ လီဗာပူးက အရေးပါတဲ့ အိမ်ကွင်းနိုင်ပွဲ ရရှိခဲ့ပါတယ်။ ရာသီစကတည်းက ပွဲချိန်နှောင်းပိုင်းသွင်းဂိုးတွေနဲ့ နိုင်ပွဲရနေခဲ့တဲ့ လီဗာပူးဟာ အခုပွဲမှာလည်း ပွဲချိန်(၈၃)မိနစ်မှာ ဂိုးရခဲ့တာဖြစ်ပြီး ဆိုဘိုဆလိုင်းရဲ့ဂိုးက ဒီပွဲရဲ့အဖြေ ဖြစ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် (၃)ပွဲ ကစားပြီးချိန်အထိ ရာနှုန်းပြည့် အနိုင်ရရှိထားတဲ့ လီဗာပူးဟာ ပွဲစဉ်(၃၇)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပွဲဆက်အများဆုံး ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကောင်းတစ်ရပ်ကိလည်း ရရှိခဲ့ပါတယ်။

image
7 w - Translate

ဆိုဘိုဆလိုင်းရဲ့ လှပသပ်ရပ်တဲ့ ဖရီးကစ်ဂိုးနဲ့ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ လီဗာပူး
အကြိတ်အနယ်ရှိခဲ့ပြီး (၂)သင်းလုံး အခွင့်အရေး များများစားစား မရခဲ့တဲ့ပွဲစဉ်မှာ ဆိုဘိုဆလိုင်းရဲ့ လှပတဲ့ ဖရီးကစ်ဂိုးနဲ့အတူ လီဗာပူးက အရေးပါတဲ့ အိမ်ကွင်းနိုင်ပွဲ ရရှိခဲ့ပါတယ်။ ရာသီစကတည်းက ပွဲချိန်နှောင်းပိုင်းသွင်းဂိုးတွေနဲ့ နိုင်ပွဲရနေခဲ့တဲ့ လီဗာပူးဟာ အခုပွဲမှာလည်း ပွဲချိန်(၈၃)မိနစ်မှာ ဂိုးရခဲ့တာဖြစ်ပြီး ဆိုဘိုဆလိုင်းရဲ့ဂိုးက ဒီပွဲရဲ့အဖြေ ဖြစ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် (၃)ပွဲ ကစားပြီးချိန်အထိ ရာနှုန်းပြည့် အနိုင်ရရှိထားတဲ့ လီဗာပူးဟာ ပွဲစဉ်(၃၇)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပွဲဆက်အများဆုံး ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကောင်းတစ်ရပ်ကိလည်း ရရှိခဲ့ပါတယ်။

image
7 w - Translate

ဆိုဘိုဆလိုင်းရဲ့ လှပသပ်ရပ်တဲ့ ဖရီးကစ်ဂိုးနဲ့ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ လီဗာပူး
အကြိတ်အနယ်ရှိခဲ့ပြီး (၂)သင်းလုံး အခွင့်အရေး များများစားစား မရခဲ့တဲ့ပွဲစဉ်မှာ ဆိုဘိုဆလိုင်းရဲ့ လှပတဲ့ ဖရီးကစ်ဂိုးနဲ့အတူ လီဗာပူးက အရေးပါတဲ့ အိမ်ကွင်းနိုင်ပွဲ ရရှိခဲ့ပါတယ်။ ရာသီစကတည်းက ပွဲချိန်နှောင်းပိုင်းသွင်းဂိုးတွေနဲ့ နိုင်ပွဲရနေခဲ့တဲ့ လီဗာပူးဟာ အခုပွဲမှာလည်း ပွဲချိန်(၈၃)မိနစ်မှာ ဂိုးရခဲ့တာဖြစ်ပြီး ဆိုဘိုဆလိုင်းရဲ့ဂိုးက ဒီပွဲရဲ့အဖြေ ဖြစ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် (၃)ပွဲ ကစားပြီးချိန်အထိ ရာနှုန်းပြည့် အနိုင်ရရှိထားတဲ့ လီဗာပူးဟာ ပွဲစဉ်(၃၇)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပွဲဆက်အများဆုံး ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကောင်းတစ်ရပ်ကိလည်း ရရှိခဲ့ပါတယ်။

imageimage
7 w - Translate

➡️ ခွေးလေးတွေကို အိမ်မှာတစ်ယောက်တည်း ထားခဲ့တဲ့အခါ သတိပြုရမယ့်အချက်များ
အလုပ်သွားတဲ့အခါ၊ ဈေးဝယ်ထွက်တဲ့အခါ ဒါမှမဟုတ် အပြင်ထွက်ရတဲ့အခါမျိုးမှာ ခွေးလေးတွေကိုအိမ်မှာ လုံခြုံစိတ်ချရအောင် ဘယ်လိုထားခဲ့မလဲ။
🐾 အန္တရာယ်ရှိသည့်ပစ္စည်းများ ဝေးရာတွင်ထားပါ။ (မီးဖို၊ ဓာတ်ကြိုး၊ အဆိပ်သင့်နိုင်သောအရာများ)
🐾 အလွယ်တကူပြုတ်ကျတတ်သောပစ္စည်းများကို သိမ်းဆည်းခဲ့ပါ။
🐾 စည်းကမ်းတကျ အိမ်သာတတ် တတ်အောင် သင်ကြားပေးထားပါ။
🐾 သန့်ရှင်းသောရေနဲ့ အစာခြောက်ကို လုံလောက်စွာထားခဲ့ပါ။
🐾 ကစားစရာများ ထားခဲ့ပေးပါ။
🐾 ၆-၈ နာရီထက်တော့ ပိုပြီးတစ်ကောင်တည်း မထားခဲ့ပါနဲ့။
🐾 လုံး၀ကြိုးချည်ပြီးမထားခဲ့ပါနဲ့။ ခြံတံခါးလုံအောင်ပိတ်ပြီး ကြိုးဖြည်ထားခဲ့ပါ။
မဖြစ်မနေ ထားခဲ့ရတဲ့အချိန် ဒီအချက်တွေကို လိုက်နာပေးပါခင်မျာ။ပြန်လာရင် တော့ သေချာ‌လေး ထွေးပွေ့ပေးဖို့ မမေ့ပါနဲ့ 🐕🤍

image

မနက်စာ ပဲတီပင်ပေါက်ကြော်နှင့်
မော်လမြိုင်အချဥ်ရည် စပ်နည်း
ပဲတီပင်ပေါက်ကို စျေးမှဝယ်ပြီး သန့်စင်ဆေးကာ ရေစစ်ထားပါ
အိုးသေးတစ်လုံးမှာ.....
ရွှေလိပ်ပြာအကြော်မှုန့်ကိုထည့်၊ စတီးဟင်းခတ်ဇွန်းဖြင့်
ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်ကို တစ်ဇွန်းစီ ထည့်ပါ။
ဂျင်း၊ ကြက်သွန်ဖြူ ထောင်းထားတာ ထည့်ပါ။
ဆား၊ အချိုမှုန့်၊ နနွင်းမှုန့်နနည်းထည့်ပြီး
ရေကိုနနည်းချင်း ထည့်ပါ။
ဇွန်းဖြင့်ဖိပြီး မုန့်နှစ်ကိုညက်လာအောင် မွှေပေးပါ။
မုန့်နှစ်ညက်ပြီး မပျစ်မကြဲရရင်
ပဲတီပင်ပေါက်ကို ပန်းကန်ပြားငယ်မှာထည့်ပြီး
အပေါ်ကမုန့်နှစ်ရည်ကို ဇွန်းဖြင့်ခပ်ပြီး လောင်းပါ။
ဒယ်အိုးတစ်လုံးမှာ ဆီများများထည့်ပြီး အလွန်ပူသည့်အခါ
ပဲပင်ပေါက်မုန့်နှစ်ရည်လောင်းထားတာကို
အသာလေးထည့် ကြော်ပါ။
ပဲပင်ပေါက်ကြော် အနီရောင်သန်းလာရင် တဖက်လှန်
ပြီးကြော်ပေးပါ။
အကျက်ညီရင် ဆီစစ်ပြီဆယ်ယူကာ ဆီစစ်ထားပါ။
ဒါဆိုရင် ပဲတီပင်ပေါက်ကြော်ရပြီ....။
မန်ကျည်းမှည့်အချဥ်ရည်လုပ်နည်းကတော့......
မန်ကျည်းမှည့်ကို ရေဆေးပြီး ထန်လျက်လုံးထည့်ကာ
ရေသင့်ရုံထည့်ပြီး ဆူအောင်တည်ပါ။
အအေးခံပြီး စကာဖြင့်အနှစ်တိုက်ပြီး
ပန်းကန်လုံးတခုမှာ ထည့်ပါ။ ငံပြာရည်နနည်းထည့်ပါ။
ကြက်သွန်ဖြူ ညက်ညက်ထောင်းထားတာထည့်ပါ။
နံနံပင်ပါးပါးလှီးထည့်ပြီး မွှေပေးပါ။
အရသာမြည်းကြည့်ပါ။
အနေတော်ဆို ဇောက်ပါပန်းကန်ပြား ငယ်တခုမှာခပ်ထည့်ပြီး
ဘေးမှာငရုတ်သီးအကျက်မှုန့်
ပဲမှုန့်အကျက်မှုန့် ထည့်ပေးပါ။ ဒါက မော်လမြိုင်အချဥ်ပါ။
ပဲတီပင်ပေါက်ကြော်နှင့် တွဲစားလို့ရပါပြီ.....😋
စားကောင်းကြပါစေ ကျေးဇူးပါနော်

image
7 w - Translate

ဟင်းမြည်းတဲ့သူဖြစ်ချင်တယ်အမေ ဘျင်ဂျီးလဲ ငမ်းလို့ရ အကောင်းစားတွေလဲစားရ … မျက်နှာကိုကြည့်ကွယ် 😄

image

မင်္ဂလာနံနက်ခင်းပါ
================
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းချက်
===============================================
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အခြေအနေ
၁။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ အနောက်တောင် မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့် အတင့်ရှိနိုင်ပါသည်။
မိုးအခြေအနေနှင့် မိုးရွာရက်
၂။ မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ် တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
၃။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
မြစ်ရေအခြေအနေ
၄။ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့ တို့တွင် ၁ ပေခွဲမှ ၄ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁ ပေမှ ၂ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါသည်။
၅။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့တို့တွင် ၂ ပေမှ ၃ ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ ၂ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
၆။ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၁ ပေမှ ၂ ပေခွဲခန့်၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ပေဝက်ခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၁ ပေခွဲခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၂ ပေခန့်၊ တိုးမြစ်ရေသည် မအူပင် မြို့တွင် ၁ ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၁ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၁ ပေခွဲခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၂ ပေမှ ၂ ပေခွဲခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ၂ ပေခန့်နှင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၁ ပေမှ ၁ ပေခွဲခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။